အနက်ရောင်သူရဲကောင်း....
Vol. 39 Ch. 535
လီလော့သည် လျှပ်စီးကြောင်းကဲ့သို့ မြို့ပြင်ကျယ်ကြီးကို ဖြတ်ကျော်သွားသည်။
သူ့နောက်မှာတော့ ကြီးမားတဲ့ စွမ်းအင်ဖလှယ်မှုတွေနဲ့ တုန်ခါနေသည်ကို ခံစားနေရသည်။
ခြေထောက်လေးခုနတ်ဆိုးမျက်လုံးမြွေကို ဆန့်ကျင်တိုက်ခိုက်နေသည့်မင်းသမီး.......
ပြင်းထန်မှုအရ၊ ထိုအတွဲသည် အင်အား အညီအမျှ လိုက်ဖက်နေပုံရသည်။ မင်းသမီးသည် သူမ၏ပြိုင်ဘက်ကို အချိန်တိုအတွင်း အနိုင်မယူနိုင်ဖို့မလွယ်ပေ။
ကိစ္စတွေကို ဖြေရှင်းဖ်ို့ ကျန်းချင်းအာကမင်းသမီးကို ကူညီရလိမ့်ရမည်။
ဒါပေမယ့် လွတ်လွတ်လပ်လပ် ကူညီနိုင်မလားဆိုသည်မှာတော့ လီလော့အပေါ်မှာပဲမူတည်နေသည်။
လီလော့သည် အလင်းကွင်းများအတွင်း ပိတ်မိနေသော မြေကမ္ဘာကပ်ဘေးအဆင် မြွေသတ္တဝါများကိုအရှိန်ပြင်းပြင်းဖြင့် ဖြတ်ကျော်သွားခဲ့သည်။
ကျန်းချင်းအာနှင့် နီးကပ်လာသည်နှင့်အမျှ အလင်း၏ကမ္ဘာသည် ကမ္ဘာခြားသက်ရှိတော်တော်များများကို ချေမှုန်းပစ်လိုက်ပြီး လီလော့၏ လုပ်ငန်းစဉ်ကိုအဆင်ပြေချောမွေ့စေခဲ့သည်။
သူသည် အချိန်တိုအတွင်း ပထမဆုံး သတ်မှတ်ထားသော နေရာသို့ ရောက်ရှိခဲ့သည်။
သန့်စင်သော နှင်းရည်တစ်စက်ကို ထုတ်ယူပြီး ပဲ့တင်ထပ်သံ စွမ်းအားသုံး၍ ၎င်းကို အဆောက်အအုံတစ်ခု၏ ထိပ်တွင် တင်ထားခဲ့သည်။
အလုပ်ပြီးသွားတော့ နောက်တစ်နေရာကို အချိန်မဆိုင်းဘဲ ဆက်သွားခဲ့သည်။
မင်းသမီးနှင့်ကျန်းချင်းအာတို့ သူ့အတွက်အချိန်ဆွဲထားပေးသည်ကို အပြည့်အဝအသုံးချရန်လိုသည်။
နောက် 10 မိနစ်အကြာမှာတွင်....
လီလော့သည် သန့်စင်နှင်းရည်စက်ကို နေရာချဖို့ နေရာအနှံ့ဆီအပြေးအလွှားသွားနေရသည်။
မြို့တော်၏ နေရာများစွာတွင် အလင်းရောင်
လင်းလက်လာပြီး အစီအရင်အပြည့်အဝရူပ်လုံး ပေါ်လာရန် နီးကပ်နေပြီဖြစ်သည်။
သို့ပေမယ့် ကျန်းချင်းအာနှင့်ပိုဝေးလေ အလင်းကမ္ဘာ၏ သက်ရောက်မှုက အားနည်းလေလေပင်.... မကြာမီတွင်၊ သူသည် ခရီးလမ်းကိုနှောင့်နှေးစေမည့် အနီရောင်တိုက်စားသူများနှင့် ရင်ဆိုင်နေရသည်။
တစ်ခါတစ်ရံတွင် သူသည် ၎င်းတို့အား ရှောင်တိမ်းခဲ့သော်လည်း အခြားအချိန်များတွင်မူ ရပ်တန့်ကာ တိုက်ခိုက်နေရပြန်သည်။
ကံကောင်းစွာဖြင့် သူက အခု ပိုသန်မာလာပြီဖြစ်သည်။ပုံသဏ္ဍန်ပြောင်းလဲခြင်း တတိယအဆင့်ဖြင့်၊ သူသည် တိုက်စားသူများ ကို လုံးဝကြောက်ရွံ့ခြင်းမရှိပေ။ ဓားချက် တစ်ချက်နှင့်ပင်အကုန်လုံးကိုချေမှုန်းနိုင်ခဲ့သည်။
သန့်စင်ရေး နှင်းစက်များ ပိုများလာခဲ့သည်။
မြို့တော်သည် ယခင်ကထက် ပိုမိုတောက်ပလာပြီး မိုးကုပ်စက်ဝိုင်းတွင် အောင်မြင်မှုကိုမြင်နေရပြီ........
“နောက်ထပ် သုံးနေရာပဲကျန်တော့တယ်....…”
နောက်ထပ်သုံးနေရာပြီးလျှင် သန့်စင်ရေးအစအရင် ပြီးပြည့်စုံသွားပြီး အရာရာအဆင်ပြေချောမွေ့သွားပေတော့မည်......
သို့သော်လည်း လီလော့ သတိမပေါ့ဆရဲပဲအရင်ကထက်ပို၍ သတိထားနေခဲ့သည်။
ကမ္ဘာခြားသက်ရှိအချို့ကို အစုလိုက်အပြုံလိုက် ထပ်မံသုတ်သင်ပြီးချိန်တွင် နှင်းစက်များနေရာချရန် တစ်နေရာသာကျန်တော့သည်။
လီလော့သည် သူ၏နောက်ဆုံးမှတ်တိုင်ဖြစ်သည့် ကျောက်မျှော်စင်ဆီသို့ ဦးတည်သွားခဲ့သည်။ ဤအရာသည် အလင်းကမ္ဘာ၏အစွန်းတွင်ရှိနေပြီဖြစ်သော်လည်း အနီးတစ်ဝိုက်တွင် မြွေတစ်ကောင်မျှမရှိပေ။
လီလော့ မကြာမီ ကျောက်မျှော်စင်သို့ ရောက်သွားခဲ့သည်။ သူ့လက်ဖဝါးပေါ်တွင် သန့်စင်ထားသော နှင်းရည်တစ်စက်ကို ကိုင်ဆောင်ကာ အဆင့်သင့်အသက်သွင်းထားသည်။
ဒါပေမဲ့ သူ့တာဝန်မပြီးမြောက်ခင်မှာ တစ်ခုခုကြုံတွေ့ခဲ့ရလေသည်။
ဝုန်းးးးးး
လီလော့၏ညာဘက်ရှိ ဆိုင်ပြတင်းပေါက်မှ အားကောင်းသော ပေါက်ကွဲသံနှင့်အတူ သူ့ပတ်ဝန်းကျင်လေထုကလည်း အပူချိန်မြင့်တက်လာသည်။
ထိုသို့ရုတ်တရက် တိုက်ခိုက်ခံရချိန်တွင် လီလော့သည် နောက်ဆုံးသော နှင်းရည်တစ်စက်ကို နေရာချတော့မည်ဖြစ်သည်။
လီလော လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သန့်စင်သော နှင်းရည်ကို သိမ်းဆည်းကာ ရွှေအဌဂံဒိုင်းကို ဆွဲထုတ်လိုက်သည်။
ဝုန်းးး
ရွှေအဌဂံဒိုင်းကာသည် အဖြူရောင်မျက်လုံးအဆင့်ရတနာပစ္စည်းဖြစ်သောကြောင့် တိုက်ခိုက်မှုကို ခဏတာမျှသာ ကာကွယ်ပေးနိုင်ခဲ့သည်။
သို့ပေမယ့်လည်း လီလော့အတွက် အချိန်အလုံအလောက်ရစေခဲ့ပါသည်။
သူသည် နောက်ပြန်ရွေ့သွားပြီး ပဲ့တင်ထပ်သံ စွမ်းအားကို ကျန်းစဲ့ယွီရှန်းဓားမှတဆင့် ထုတ်လွှင့်လိုက်သည်။
"ကျားအဆင့်ပညာရပ်.... ရေတစ်ထောင်ဓားချက်....!"
ဓားသွားမှ အားကောင်းသော အလင်းတန်းများ ထွက်လာသည်။
ဝုန်းးးးးးး
ထိုဓားချက်သည် သူ၏ ပြင်းထန်သော လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်သည်။
လီလော့သည် ယခုအချိန်တွင် တိုက်ခိုက်ရာနေရာမှ ရုန်းထွက်ခဲ့ပြီးဖြစ်ပြီး၊ သူ့ရှေ့တွင် တိုက်ခိုက်မှု၏ အမှတ်အသားဖြစ်သော နက်နဲသော အက်ကြောင်းရာများရှိနေသည်။
လီလော့သည် စက္ကူအိမ်ကဲ့သို့ အတွင်းပိုင်းတစ်ခုလုံး ကြေမွနေသော သူ့ရှေ့မှ ဆိုင်ကို စိုက်ကြည့်နေသည်။ ဤသည်မှာ ဆရာသခင်အဆင့်ထက်ကျော်လွန်နေသောစွမ်းအားဖြစ်ပြီး ကမ္ဘာခြားသက်ရှိများ၏စွမ်းအားမဟုတ်ပေ။
"မင်း.ဘယ်သူလဲ၊....ဘာလို့ငါ့ကိုတိုက်ခိုက်နေတာလဲ"
လီလော့က တဖက်လူကြားအောင် ခပ်အုပ်အုပ်အော်လိုက်သည်။
ပြိုကျနေသောဆိုင်အတွင်းမှ မြေကြီးများကို ဖယ်လိုက်ပြီး အနက်ရောင်တိုက်ပွဲဝင်သံချပ်ကာ ၀တ်ဆင်ထားသည့် လူတစ်ဦး မတ်တပ်ရပ်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်ကနေ ထိုသူ၏ အေးစက်သော မျက်လုံးတစ်စုံကို သူမြင်လိုက်ရသည်။
ကမ္ဘာခြားသက်ရှိမဟုတ်ဘူးပေါ့.....
တုန်လှုပ်ချောက်ချားမှုတစ်ခု သူ့ဆီ ပြေးဝင်လာသည်။
ဒီမြို့မှာလူသားတွေရှိနေသေးတာလား.....ပြီးတော့ ဒီလူဟာ လူသားဆိုတာ ထင်ရှားတယ်....ဘာ့ကြောင့် နယ်မြေရှင်းလင်းရေးကိုတားမြစ်ချင်ရတာလဲ......
"မိတ်ဆွေ ငါတို့ရဲ့အလုပ်က ကမ္ဘာခြားသက်ရှိတွေ သန့်စင်ဖို့ပဲ....ငါတို့ကို တားလို့ဘာအကျိုးရှိနိုင်မှာလဲ"
လီလော့ ရှင်းရှင်းလင်းလင်း လှမ်းအော်လိုက်သည်။ ဤလူသည် မယုံနိုင်လောက်အောင်ပင် သန်မာပြီး နတ်ဆိုးခန္ဓာအဆင့် ဖြစ်နိုင်သည်။ လီလော့ ထိုသူကို အနိုင်ယူနိုင်မည်မဟုတ်ပေ။
ဘယ်အရာက သူ့ကို စိတ်ပျက်စေတာလဲ။ သူအောင်မြင်ခါနီးနေပြီ...ဒီလူက အရာအားလုံးကို ဖျက်ဆီးပစ်မှာလား.....
အနက်ရောင်သူရဲကောင်းက လီလော့ ၏အမေးကိုကြားပြီးသည့်တိုင် အရိပ်အယောင်မပြခဲ့ပေ။ သူသည် လေးလံသော အနက်ရောင် လှံတံကို ဆွဲကာ ရှေ့သို့ တိုးလာသည်။ မြေကြီးကွဲအက်သံနှင့်အတူ သူသည် မြင်းစီးသူရဲတပ်သားတစ်ဦးကဲ့သို့ လှံတံကို ရှေ့သို့ တိုးလိုက်သည်။
ပြင်းထန်သော စွမ်းအားက လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများ၏ ပြတင်းပေါက်များကို ဖြိုချပစ်လိုက်သည်။
ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လွန်းတယ်......
လီလော့ တုန်လှုပ်သွားသည်။ အနက်ရောင် သူရဲကောင်းသည်အချိန်အတော်ကြာအောင် ချောင်းမြောင်းနေပြီး ကျန်းချင်းအာ ၏အလင်းကမ္ဘာ အပြင်ဘက်တွင် ပြီးပြည့်စုံသော တည်နေရာကို ရွေးချယ်ထားသဖြင့် သူမ ဘာကိုမှ မတွေ့နိုင်ခဲ့ပေ။
ဘာကြောင့်လဲ....ကမ္ဘာခြားသက်ရှိတွေ
ကို ဖယ်ရှားပစ်ခြင်းက လူသားအားလုံးရဲ့ ပန်းတိုင်ပဲမဟုတ်ဘူးလား......
ဒီလူက အဲဒီပန်းတိုင်ကို မအောင်မြင်စေချင်ဘူးလား......
အကြီးအကဲလင်းယုပြောခဲ့သည့်အတိုင်း...မဟူရာလေပြင်းအင်ပါယာ၏ကပ်ဘေးသည် လူသားများ၏ဖန်တီးမှုဖြစ်နိုင်သည်။
ဤသူသည် အမည်မသိ ရန်သူများထဲမှ တဦးဖြစ်နေသလား......