သန်မာလွန်းတယ်.....
Vol. 39 Ch. 536
လီလော့သည် အနက်ရောင် သူရဲကောင်းက သူ့အား ဆက်လက်တိုက်ခိုက်ရန်ပြင်နေသဖြင့် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် လမ်းဘေးနှစ်ဖက်စလုံးကို ဖြိုခွဲပစ်နိုင်မည့် စွမ်းအင်များကို မြှင့်တင်လိုက်သည်။
ထိုလူ၏ခွန်အားကြောက့် လီလော့တုန်လှုပ်ချောက်ချားသွားခဲ့သည်။
မြေနတ်ဆိုးခန္ဓာ စစ်သူကြီးအဆင့်.........
သူတို့ကြားက ခြားနားချက်က လွန်စွာကြီးမားလှသည်။
လီလော့သည် ကျန်းစဲ့ယွီရှန်းဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး ရှေ့သို့တက်သွားကာ ထောင့်ဖြတ်ခုတ်ပိုင်းလိုက်သည်။
ဝုန်းးးးးးးး
လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားသည် ရန်သူဆီသို့ ပြင်းထန်သော ရေလှိုင်းတစ်ခုသဖွယ်ရောက်ရှိသွားလေ၏။
လီလော့၏ဓားချက်က စစ်သူကြီးအဆင့်ကျွမ်းကျင်သူအဖို့ ကလေးကစားနေသည့်နှယ်........
တိုက်ခိုက်မှုကို တွန်းလှန်ရန် ပြင်ဆင်နေချိန်တွင် အနက်ရောင်သူရဲကောင်း၏ မျက်လုံးများတွင် ရွှင်မြူးမှု အရိပ်အယောင်များ ရှိနေသည်။
အလင်းပဲ့တင်ထပ်သံမိန်းကလေးကိုသာ မကြောက်ရရင် လီလော့ကို အစောကြီးကတည်းက ချေမှုန်းနိုင်ပါလိမ့်မည်။
သိပ်တော့လည်း အရေးမကြီးလှပေ။ ဒီကလေးသာ ဇာတ်သိမ်းသွားလျှင် အစီအစဥ် တစ်ခုလုံး ပျက်စီးသွားလိမ့်မည်။အခြားသော မြွေသတ္တဝါများ နိုးလာသောအခါ မိန်းကလေး နှစ်ဦးမှာလည်း သေကြေပျက်စီးရပေလိမ့်မည်။
သူ၏လှံသည် ပိုးစုန်းကြူးတစ်ကောင်ကို တွန်းလှန်လိုက်သကဲ့သို့ လီလော့၏ တိုက်ခိုက်မှုကိုခုခံလိုက်သည်။
“ပဲ့တင်ထပ်သံဆရာသခင်အဆင့်ပဲ…”
သို့သော် ရုတ်တရက် ရေစက်များက သူ့မျက်လုံးရှေ့တွင် မီးရှူးမီးပန်းတစ်ခုလို ပေါက်ကွဲသွားကာ သူကိုယ်တိုင်လည်း ယိမ်းထိုးသွားခဲ့သည်။ ထို့နောက် အလင်းတန်းများက သူ့မျက်လုံးများထဲသို့ တည့်တည့်တိုးဝင်ကာ အမြင်အာရုံပြတ်တောက်သွားလေ၏။
ဒီလိုပြင်းထန်တဲ့ အလင်းတိုက်ခိုက်မှုတွေကို မမျှော်လင့်ထားခဲ့ပေ။
ဒီကလေးက အားနည်းပေမယ့် ဉာဏ်ကောင်းသားပဲ... ဒါပေမယ့်လည်း အသုံးမဝင်ဘူး.....
တိုက်ခိုက်ရေးသမားတစ်ဦးအနေဖြင့်၊ အနက်ရောင်သူရဲကောင်းသည် အမြင်အာရုံချို့ယွင်းနေသော်လည်း အရှိန်အဟုန်မပျက်ဘဲ ဆက်လက်တိုက်ခိုက်နိုင်သေးသည်။
ကောင်လေးကို အပိုင်းပိုင်း ခုတ်ပိုင်းပြီးတာနဲ့ သူ့တာဝန် ပြီးသွားလိမ့်မယ်......
တစ်ချိန်တည်းမှာပင်၊ အနက်ရောင်သူရဲကောင်းသည် သူ၏အမြင်အာရုံကို ပြန်လည်ကောင်းမွန်လာစေရန် ပဲ့တင်ထပ်သံစွမ်းအားကို စတင်အသုံးပြုခဲ့သည်။
သူပြန်မြင်လာသောအခါတွင်၊ လီလော့ကညငွေရောင်လေးတစ်လက်ကိုဆွဲထုတ်ပြီး လေးညှို့တင်နေပြီ.....
ဝှစ်......
မြှားတစ်စင်း လွင့်ထွက်သွားပြီး လေထုထဲတွင် မတူညီသော အရိပ်ငါးခုအဖြစ် ကွဲထွက်သွားသည်။
“ဒီကလေးမှာ လှည့်ကွက်တွေပေါသားပဲ...."
အနက်ရောသ်သူရဲကောင်းက မျက်မှောင်ကြုတ်လိုက်သည်။ လီလော့ ၏ အပေါ့စား ရေကျည်ဆန်များ ထိမှန်ပြီးနောက် အနည်းငယ် သတိထားလာခဲ့သည်။ ထို့ကြောင့် သူ့ထံပျံဝဲလာသောမျှားတံများကိုလှံဖြင့် ရိုက်ချိုးလိုက်သည်။
သူလျစ်လျူရှုထားသည့်အရာတစ်ခုရှိနေသေးသည်။ အကြောင်းမှာ မထင်မရှားမျှားတံတစ်ခုက သူ့ဘေးဘက်သို့ မီတာအနည်းငယ်အကွာကနေ အန္တရာယ်ကင်းစွာဖြတ်သန်းသွားသောကြောင့်ဖြစ်သည်။
အနက်ရောင် သူရဲကောင်းသည် လီလော့၏ ပါးစပ်ထောင့်စွန်း လှုပ်ယမ်းသွားသည်ကို မြင်လိုက်ရသည်။
သံသယစိတ်ဖြင့် မျှားတံ၏ဉီးတည်ရာကိုလှည့်ကြည့်လိုက်တော့ ထိုမြှား၏ထိပ်ဖျားတွင် သန့်စင်သောနှင်းရည်တစ်စက် ပါရှိပြီး မျှော်စင်ထိပ်သို့ တည့်တည့် ပျံသန်းနေသည်။
ဒါပေမယ့် အရင်က သန့်စင်တဲ့ နှင်းရည်စက်ကို သူဘာလို့ မတွေ့ခဲ့တာလဲ.....
မဟုတ်ဘူး၊ သူ သေသေချာချာ ကြည့်ခဲ့တယ်.....ဒါပေမယ့် သူ့ပြိုင်ဘက်က အဲဒီအပေါ်မှာ ဖုံးကွယ်ထားတဲ့ လှည့်ကွက်မျိုး သုံးခဲ့တာ ဖြစ်မယ်.... အဆင့်နိမ့်တဲ့ပညာရပ်ဖြစ်သော်လည်း သူ့ကိုတစ်ချက်ကြည့်ရုံဖြင့် လှည့်စားနိုင်လောက်အောင်အစွမ်းထက်လှသည်။
အလင်းမြှားသည် အရှိန်အဟုန်ဖြင့် ရွေ့လျားခဲ့ပြီး မျှော်စင်နံရံပေါ်တွင်စိုက်ဝင်သွားလေ၏။
ဝုန်းးးးးး
နောက်ဆုံး သန့်စင်သော နှင်းရည်များ ကျဆင်းလာသောအခါ တစ်မြို့လုံး ချက်ချင်း တောက်ပလာခဲ့သည်။ အလင်းတန်းများ ကောင်းကင်သို့ လွင့်ပျံလာကယ အတားအဆီးတစ်ခုအဖြစ် ပေါင်းစပ်သွားကြသည်။
အားကောင်းသော သုတ်သင်ရေး တပ်ဖွဲ့တစ်ခုသည် မီးပုံးတစ်ခုကဲ့သို့ အသက်ဝင်လာပြီး မြို့အနှံ့ ပေါက်ကွဲသွားသည်။
ဆရာသခင်အဆင့်၏ လှည့်စားခြင်းကိုခံရသည့်အတွက် အနက်ရောင် သူရဲကောင်းဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ့မျက်စိရှေ့မှာတင် သန့်ရှင်းရေးလုပ်ငန်းစဉ်ကို အမှန်တကယ် ပြီးမြောက်စေခဲ့ပြီ......
ဒေါသတကြီးအော်ဟစ်ပြီး သတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့် လှံကိုဝှေ့ယမ်းကာ လီလော့ကို တိုက်ခိုက်လိုက်သည်။
ဒီအရှိန်နဲ့ဆို ရှောင်ဖို့ လမ်းမရှိတော့ပေ။ လီလော့သည် သူ့လက်ကို တည်ငြိမ်စွာ မြှောက်လိုက်ပြီး အခြားလက်တစ်ဖက်ကို အနီရောင်လက်ကောက်ဆီသို့ ရွှေ့လိုက်သည်။
အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ၏ စွမ်းအားကို အသက်သွင်းခါနီးတွင် ရင်းနှီးသောရုပ်သွင်ကို အဝေးမှတွေ့လိုက်ရသဖြင့်စိတ်သက်သာရာရသွားခဲ့သည်။
ဝုန်းးးးးးး
လှံသည် နဂါးနက်၏ဟိန်းသံကို ထုတ်လွှတ်လိုက်သော်လည်း လီလော့နှင့် မီတာအနည်းငယ်အကွာတွင် ရှိနေသော အလင်းတန်းသည် ၎င်းတို့ကြားတွင်တောက်ပနေသော အတားအဆီးတစ်ခုအဖြစ်လှံကို ပိတ်ဆို့ထားလိုက်သည်။
ထိုအလင်းအတားအဆီးကို ကိုင်ဆောင်သူသည် မယုံနိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။
အနက်ရောင်သူရဲကောင်းး မျက်လုံးများ ပြူးကျယ်သွားကာ...
“အလင်းပဲ့တင်ထပ်သံရှိတဲ့မိန်းကလေး....ရောက်လာပြီ...."
အနက်ရောင်သူရဲကောင်းသည် အခြေနေမဟန်သဖြင့် ပြေးဖို့လမ်းစရှာနေသည်။
"ပြေးချင်တာလား...?"
အကျွမ်းတဝင်ရှိသော အသွင်အပြင်သည် သူမ၏ ရွှေရောင်မျက်လုံးများတွင် အေးစက်သော ဒေါသစိတ်ဖြင့် အနက်ရောင် သူရဲကောင်းကို ငုံ့ကြည့်နေသည်။
လီလော့ စတင်တိုက်ခိုက်သည့်အချိန်ကတည်းက တစ်ခုခုမှားနေပြီဟု ခံစားမိသော်လည်း ရုတ်တရက်မကူညီနိုင်ခဲ့ပေ။ သန့်စင်ရေးအစီအရင် စတင်အသက်ဝင်သောအခါတွင် အချိန်မဆိုင်းဘဲအခုလိုအပြေးလာခဲ့ခြင်းဖြစ်သည်။
ကျန်းချင်းအာသည် သူမ၏အလင်းအတားအဆီးတွင် နစ်မြှုပ်နေသော လှံကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည် ။ ပေါက်ကွဲသံနှင့်အတူ သူမသည် ၎င်းကို အနက်ရောင်မှ အဖြူရောင်သို့ ပြောင်းလဲစေကာ......
"ဒါကို ရှင်နဲ့အတူ ယူသွားလိုက်!"
ကျန်းချင်းအာ၏ပစ်ချက်က အုတ်နံရံအထပ်ထပ်ကိုပင် အလွယ်တကူပျက်စီးစေခဲ့သည်။
ပြေးနေသော အနက်ရောင်သူရဲကောင်းက အသဲအသန်ပြန်လှည့်သွားသော်လည်း လှံဖြူ၏စွမ်းအားကို မတွန်းလှန်နိုင်ခဲ့ပေ။
ဘုန်းးးးးးးး
အနက်ရောင်သူရဲကောင်း သူပိုင်ဆိုင်သောလှံဖြင့် ကျောက်နံရံတွင် သံမှိုဆွဲခံထားရပြီး ပြိုကျနေသော ကျောက်တုံးများအောက်တွင် မြုပ်သွားခဲ့သည်။
"သန်မာလွန်းတယ်!"
ကျောက်တုံးများအောက်တွင် နစ်မြှုပ်နေသော အနက်ရောင်သူရဲကောင်းက ထိုသို့သာရေရွတ်နိုင်ရှာတော့သည်။