မိန်းကလေးများ၏စွမ်းအား.....
Vol. 39 Ch. 537
အနက်ရောင် သူရဲကောင်းအပေါ်တွင် ကျောက်တုံးကြီးများ ဖုံးလွှမ်းနေသည်မှာ ကျောက်သား သင်္ချိုင်းတစ်ခုလိုနှယ်.....
ကျန်းချင်းအာ၏တိုက်ခိုက်မှုက နတ်ဘုရားဆန်လွန်းလှပြီး နတ်ဆိုးခန္ဓာအဆင့် အနက်ရောင်သူရဲကောင်း လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။
သူမ၏ ပဲ့တင်ထပ်သော စွမ်းအားများ ပျောက်ကွယ်သွားကာ စိုးရိမ်စိတ်ဖြင့် လီလော့ကို လှည့်ကြည့်လိုက်သည်။
"အဆင်ပြေရဲ့လား?"
လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဘယ်လိုလုပ်အဆင်ပြေမှာလဲ....ဒီလူ အန္တာရာယ်အရမ်းများတယ်....သေချာအကွက်ချပြီးဒီမှာလာစောင့်နေတဲ့ပုံပဲ...."
"ငါတို့ သတိလက်လွတ်ဖြစ်ခဲ့တယ်။ မြို့ထဲမှာ တခြားလူသားတွေ ရှိ၊ မရှိ မစစ်ဆေးခဲ့မိဘူး....."
"နင်တကယ်တော်တယ်....နတ်ဆိုးခန္ဓာအဆင့်အဆင့်ကျွမ်းကျင်သူကို တိုက်ခိုက်ရင်း သန့်စင်ရေးအစီအရင်ကို တကယ်လုပ်နိုင်ခဲ့တယ်"
တိုက်ပွဲ၏ နောက်ပိုင်းတစ်ဝက်ကို သူမ တွေ့မြင်ခဲ့သဖြင့် အခုလိုချီးကျူးလိုက်ခြင်းပင်.....
လီလော့သည် လွတ်မြောက်ရန် မကြိုးစားသော်လည်း ပြဿနာကို ထိပ်တိုက်ရင်ဆိုင်ကာ နောက်ဆုံး သန့်စင်သော နှင်းရည်တစ်စက်ကို နေရာချရန် ပြိုင်ဘက်ကိုအပြည့်အဝ လှည့်စားနိုင်ခဲ့သည်။
လီလော့က ကျေးဇူးတင်ကြောင်း ပြုံးပြပြီး အပျက်အစီးပုံတွေကို ကြည့်လိုက်ကာ.....
"ဒီကောင် ဘယ်သူ့အတွက်အလုပ်လုပ်ပေးနေတာလဲ.... ဘာလို့ ငါ့ကိုတားဖို့ကြိုးစားရတာလဲ...."
ကျန်းချင်းအာလည်း ခေါင်းညိတ်လိုက်သည်။ဤသည်မှာ အသေချာစဉ်းစားသင့်သောအချက်ပင်......
သူမသည် ကျောက်တုံးများကို လွှင့်ပစ်ရန် အလင်းပဲ့တင်ထပ်သံစွမ်းအင်ကို အသုံးပြုကာ လက်ဟန်အချို့ပြုလုပ်သဖြင့် နှစ်ယောက်စလုံး ပင့်သက် ရှိုက်လိုက်ကြသည်။
အပျက်အစီးပုံအောက်တွင် အနက်ရောင် ချပ်ဝတ်တန်ဆာရှိနေသော်လည်း ဝတ်ထားတဲ့ အမျိုးသားကတော့ လုံးဝ ပျောက်ကွယ်သွားပါပြီ.....
"ပိုးမွှားလိုကောင်ပဲ....."
ကျန်းချင်းအာသည် ချပ်ဝတ်တန်ဆာကို ဓားဖျားဖြင့် မချီကာ စစ်ဆေးကြည့်သည်။ ၎င်းပေါ်တွင် ထူးဆန်းပြီး ဆိုးရွားသော မှော်စာလုံးများရှိနေသည်။
"သူသွားပြီ...... ဒီချပ်ဝတ်ထဲမှာ အားကောင်းတဲ့စွမ်းအားအချို့ ကျန်နေသေးတာမို့ အပျက်အစီးတွေ မကြေမွခင်မှာ သူ ချက်ချင်း လွတ်မြောက်သွားခဲ့တာ ဖြစ်မယ်.... ဒါပေမယ့် သူ အဝေးကို မရောက်နိုင်တော့ဘူး" ဟုပြောရင်း သူမက သတိရှိစွာ လှည့်ပတ်ကြည့်နေသည်။
"ထားလိုက်တော့..."
လီလော့က သူမ ပခုံးပေါ် လက်တင်လိုက်ပြီး....
"သူ့ကိုလိုက်ရှာဖို့ ငါတို့မှာ အချိန်မရှိဘူး.... မစ်ရှင်ကပိုအရေးကြီးတယ်...."
ဤနေရာတွင် အရေးကြီးဆုံးအရာမှာ ခြေလေးချောင်းနတ်ဆိုးမျက်လုံးမြွေဖြစ်နေဆဲဖြစ်သည်။
ကျန်းချင်းအာက မကျေနပ်သော်လည်း ခေါင်းညိတ်လိုက်သည်။ သန့်စင်ခြင်းအတားအဆီးသည် ကမ္ဘာခြားသက်ရှိများကို အချိန်အကန့်အသတ်ဖြင့်သာ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လက်အောင်ငယ်သားတွေဆီက စစ်ကူမရနိုင်ခင်ခြေလေးချောင်းရှိနတ်ဆိုးမျက်လုံးမြွေကို တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားဖို့ လိုသည်။
အနက်ရောင်သူရဲကောင်းအတွက်မူ.... သူလွတ်မြောက်နိုင်သော်လည်း ကျန်းချင်းအာ၏လှံချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားဖွယ်ရှိသည်။ နောက်တစ်ကြိမ်ပြန်မပေါ်လာခင်မှာ နှစ်ကြိမ်လောက်တွေးပြီး ကြောက်လန့်နေမည်ဟုသာ မျှော်လင့်ရသည်။
သူတို့ ရှေ့ဆက်သွားပြီးနောက် သန့်စင်ရေးအတားအဆီးကို ချိုးဖျက်ရန် အနက်ရောင်သူရဲကောင်းဘက်က ကြိုးစားနိုင်သော်လည်း ၎င်းအတွက် စိတ်ပူစရာမလိုပေ။ လွယ်လွယ်နဲ့ ကျိုးပျက်နိုင်မည်ဟု သူတို့ထင်ရင် ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို လျှော့တွက်ရာကြပေလိမ့်မည်။
"မင်းသမီးကို ငါကူညီမယ်.... နင့်ကိုယ်နင်ဂရုစိုက်ပါ"
ကျန်းချင်းအာက နောက်ပြန်လှည့်မကြည့်ဘဲ ကောင်းကင်ကိုဖြတ်ကာ အလင်းတန်းတစ်ခုလို ပျံသန်းသွားလေ၏။
လီလော့သည် ပတ်ဝန်းကျင်ကို သတိထားပြီး စောင့်ကြည့်ရင်း အထပ်မြင့်မျှော်စင်ပေါ်သိို့တက်လိုက်သည်။ သူလည်း တိုက်ပွဲကို ကြည့်ချင်သည်။
မင်းသမီးနဲ့ကျန်းချင်းအာတို့၏ ရှားပါးသောပူးပေါင်းမှု.....
၎င်းတို့သည် လက်ရှိတွင် ကြယ်တာယာခရီးရှည်ကောလိပ်၏ အထူးချွန်ဆုံး အမျိုးသမီး နှစ်ဦး ဖြစ်နိုင်သည်။
ကျန်းချင်းအာ တိုက်ပွဲအတွင်း
ဝင်ရောက်လာသည်နှင့်အမျှ၊ ခြေလေးချောင်း နတ်ဆိုးမျက်လုံးမြွေသည် ၎င်း၏အနေအထားပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး ကြောက်လန့်တကြားလှည့်ထွက်ပြေးဖို့ကြံရွယ်နေ၏။
"ချင်းအာ, နင်ရောက်လာပြီလား !"
ကျန်းချင်းအာက ခေါင်းညိတ်လိုက်သည်။
"သူ့ကိုထိန်းထားဖို့ ကူညီနိုင်ပေမယ့် ကျန်တာကိုမင်းသမီးပဲဆက်လုပ်ရမှာပါ....."
မင်းသမီး၏ မျက်နှာက ရွှင်မြူးနေ၏။
"နင်က တကယ်ကို ထူးခြားတယ်....."
ကျန်းချင်းအာသည် မြေနတ်ဆိုးခန္ဓာအဆင့် မျှသာဖြစ်ပြီး သီအိုရီအရဆို မင်းသမီးနှင့် ခြေထောက်လေးချောင်းနတ်ဆိုးမျက်လုံးမြွေတို့ထက် အလွန်အားနည်းသော်လည်း၊ သူမသည် ၎င်းတို့၏ပြိုင်ဘက်ကို ဟန့်တားရန် လုံလောက်သော ကြံ့ခိုင်မှုရှိသည်။ အကယ်၍ ကျန်းချင်းအာအကြောင်းကို ယခင်ကတည်းက မသိခဲ့ပါက သူမ ကြွားဝါသည်ဟုထင်ခဲ့ပေလိမ့်မည်။
ကျန်းချင်းအာက ပြုံးပြီး တံဆိပ်ခတ်ဖို့ လက်နှစ်ဖက်ကို ပူးကပ်ကာ.....
"အလင်းကမ္ဘာ!"
ယခုတစ်ကြိမ်တွင် အလင်းကမ္ဘာ၏ စွမ်းရည်သည် လွှမ်းခြုံမှုထက် ခွန်အားကို ဦးစားပေးခဲ့သည်။ ထွက်ပေါ်လာသော အစီအရင်က သေးငယ်ပြီး လျင်မြန်စွာ ကျုံ့သွားသည်။
ခဏအကြာတွင် မီတာရာနှင့်ချီမှ မီတာဆယ်ဂဏန်းအထိ ကျုံ့သွားသည်။
အဝေးမှကြည့်လျှင် အပေါ်စီးမှ ဆင်းသက်လာသော အလင်းတန်းတစ်ခုလိုပင်.....
အစီအရင်၏အလယ်တွင် ခြေလေးချောင်း နတ်ဆိုးမျက်လုံးမြွေကြီးရှိနေသည်။
အလင်းစွမ်းအင်များသည် အဝန်းအဝိုင်းအတွင်း ဆက်လက်စုစည်းနေကာ အလွန်သိပ်သည်းသဖြင့် အတွင်းဘက်တွင် မိုးရွာချသလို အလင်းစက်များ တဖွဲဖွဲကျဆင်းနေသည်။
အစီအရင်ထဲတွင် ဖမ်းမိသွားတဲ့ ခြေထောက်လေးချောင်းနတ်ဆိုးမျက်လုံးမြွေက ဒေါသနဲ့ နာကျင်စွာအော်ဟစ်နေ၏။ အလင်းစက်လေးတွေက ပွက်ပွက်ဆူနေတဲ့ဆီလို မြွေအရေခွံကို လောင်ကျွမ်းသွားစေသည်။
"ဘယ်လောက် အစွမ်းထက်တဲ့ အလင်းကမ္ဘာလဲ"
လီလော့ကြည့်နေရင်း အံ့ဩသွားသည်။
အလင်းကမ္ဘာသည် အလယ်အလတ်တန်းစား နဂါးအဆင့် ပညာတစ်ခုဖြစ်သော်လည်း ၎င်းကို အတန်းမြင့်သည့်အရာဟု ကောင်းစွာအထထင်မှားနိုင်သည်။
လီလော့၏မိဘများ ကျန်းချင်းအာ အတွက် ထိုပညာရပ်ကို ရှာဖွေရန် အချိန်များစွာကုန်လွန်ခဲ့ရသည်ကို သတိရမိသည်။ နဂါးအဆင့်
ပညာသည် စျေးပေါသောအရာမဟုတ်ပေ။ အထူးသဖြင့် အရည်အသွေးမြင့်ပြီး ရှားပါးအဖိုးထိုက်တန်လှသော အရာများဖြစ်သည်။
ကျန်းချင်းအာသည် ၎င်းကို ပြီးပြည့်စုံစေရန် မဆုတ်မနစ် ကြိုးစားခဲ့ပြီး ယခု သူမသည် အလွန်မြင့်မားသော ကျွမ်းကျင်မှုအဆင့်တွင်ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူမ၏ အဆင့်ကိုးအလင်းဝိဉာဉ်ကိုယ်ပွားဖြင့် မြှင့်တင်ထားသည့် ခွန်အားသည် အမှန်တကယ် အံ့သြဖွယ်ကောင်းလှသည်။
ထို့ကြောင့် သူမသည်သာ နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်နှင့် ကောင်းကင်ဘုံအဆင့်အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့သည်။
လီလော့တစ်ယောက်တည်းသာ သူမ၏စွမ်းဆောင်မှုကို သဘောကျနေခြင်းမဟုတ်ဘဒ မင်းသမီး၏ ဖီးနစ်မျက်လုံးများကလည်း တောက်ပနေသည်။ ကျန်းချင်းအာ၏ နှိပ်ကွပ်မှုသည် သူမထင်ထားသည်ထက် ပိုမိုထိရောက်ခဲ့ပြီး သူမ၏ လှုပ်ရှားမှုကို မြင်တွေ့ပြီးနောက်တွင်လေးစားမှု ပိုမိုကြီးထွားလာခဲ့သည်။
"ကျေးဇူးပဲ၊ ချင်းအာ၊ ကျန်တာကို ငါ့နဲ့ထားခဲ့တော့..."
သူမသည် ခြေထောက်လေးချောင်း နတ်ဆိုးမျက်လုံးမြွေနှင့် တန်းတူဖြစ်ပြီး ယခုအခါ ၎င်းသည် ပြင်းထန်စွာ အားပျော့သွားသည့်အတွက် သူမအတွက် လွယ်ကူသော အနိုင်ယူမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
သူမသည် ကောင်းကင်ပုလဲခုနစ်သွယ်ကို ဆင့်ခေါ်ကာ ၎င်းတို့ထဲသို့ သဘာဝစွမ်းအင်များ စီးဆင်းစေပြီး ကောင်းကင်ပုလဲများမှတဆင့် သူမ၏ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်။
စွမ်းအင်စုစည်းမှုသည် မြစ်စောင့်မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေလောက်အောင် ပြင်းထန်လှသည်။
ကျန်းချင်းအာ၏ ဖျော်ဖြေမှုကို မြင်ပြီးနောက် မင်းသမီးသည် အပြင်ထွက်ရန် လှုံ့ဆော်ခံခဲ့ရသည်။
သူမသည် လက်တစ်ဖက်နှင့် တံဆိပ်ခတ်ပြီး ကျောက်စိမ်းလှံတံကို အခြားတစ်ဖက်နှင့် ဆုပ်ကိုင်ထားသည်။ထို့နောက် ၎င်းကို စုတ်တံကဲ့သို့ အသုံးပြု၍ လေထဲတွင် ရုပ်ပုံတစ်ခုရေးဆွဲနေသည်။
စွမ်းအင်များ ပြည့်ဝစွာသွန်းလောင်းခံထားရသောရုပ်ပုံကြောင့် ကောင်းကင်တွင် စိမ်းစိုနေသော အလင်းတန်းလေးနှစ်ခုကနေ လေထုထဲတွင် ကူးခတ်နေသောအလင်းတန်းများအဖြစ် ပွားများလာသည်။
ထိုစဉ် နဂါးဟိန်းသံသဲ့သဲ့ကိုပါကြားနေရသည်။
"အဆင့်မြင့်နဂါးပညာရပ်....ကြေးခွံစိမ်းနဂါး......"
အစိမ်းရောင်နဂါးများစွာသည် ခြေလေးချောင်းနတ်ဆိုးမြွေမျက်လုံးရှိရာဆီ တဟုန်ထိုး ကူးခတ်လာနေပြီ.......