မိန်းမလှလေးများ Vs သားရဲကြီး......
Vol. 39 Ch. 538
ဝုန်းးးးးး
ဧရာမ အစိမ်းရင့်ရောင် နဂါးကြီးများသည် စကေးထုတ်ထားသော ဘွန်ဘာရန်းများကဲ့သို့ ပျံသန်းကာ အဆောက်အဦများကို နှစ်ပိုင်းခွဲကာ ရှင်းလင်းလိုက်ကြသည်။
[TN/ boomerang...သြစတြေးလျနိုင်ငံရှိ ပြည်နယ်သားတို့သုံးသော သစ်သားကောက်..... ပစ်လိုက်လျှင် ပစ်ကွင်းကိုမှန်ပြီးသည့်နောက် ပစ်သူထံသို့ပြန်လာသော လက်နက်တစ်မျိုး...]
သူတို့၏အားလုံး၏ဉီးတည်ရာမှာ ခြေလေးချောင်းနတ်ဆိုးမြွေဆီသို့ပင်.....
၎င်းသည် အန္တရာယ်ကို ခံစားသိရှိခဲ့သော်လည်း စွမ်းအားထုတ်မသုံးနိုင်သဖြင့်ကူကယ်ရာမဲ့နေသည်။
ကျန်းချင်းအာ၏ အလင်းကမ္ဘာသည် ၎င်း၏ ညစ်ညမ်းသောစွမ်းအင်များကို ကန့်သတ်တားဆီးထားသည်။
ခြေထောက်လေးချောင်း နတ်ဆိုးမျက်လုံးမြွေ၏ အနီရောင်မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပိုမိုပြူးကျယ်လာသည်။
အစိမ်းရင့်ရောင် နဂါးကြီးတွေ ရောက်လာပြီ......
နတ်ဆိုးမြွေ၏နီရဲနေသော မျက်လုံးများမှ အလင်းတန်းများသည် မတူညီသော အပိုင်းနှစ်ပိုင်းအဖြစ် ကွဲသွားကာ တစ်ခုစီက နဂါးတစ်ကောင်ကို မျက်နှာမူထားသည်။
အစိမ်းရင့်ရောင်နဂါးတိုက်ခိုက်မှုကို လျော့ပါးစေရန် ရည်ရွယ်၍ အနီရောင်စွမ်းအင်မျာယကို အားနည်းသောခုခံမှုအဖြစ် ပစ်လွှတ်ခဲ့သည်။
နောက်ဆုံးအခိုက်အတန့်တွင် နတ်ဆိုးမြွေသည် ထွက်ပြေးရန်ပင် စီမံထားသောကြောင့် မင်းသမီး၏ တိုက်ခိုက်မှုသည် စီစဉ်ထားသည့်အတိုင်း ခေါင်းဖြတ်ရန် မစွမ်းသာနိုင်ခဲ့ပေ။
တိုက်ခိုက်မှုက နတ်ဆိုးမြွေ၏ ခန္ဓာကိုယ် ညာဘက်ခြမ်းကို ဖြတ်လိုက်ရုံမျှသာ ဖြစ်သည်။
ရွှစ်........
လေခွင်းသံနှင့်အတူ နတ်ဆိုးမြွေ၏ ညာဘက်အောက်တစ်ခြမ်းက သန့်ရှင်းစွာတိကျစွာလှီးဖြတ်ခံလိုက်ရသည်။ ခြေလက်နှစ်ချောင်းက ကြမ်းပြင်ပေါ် ပြုတ်ကျပြီး သွေးမည်းများ မြေပြင်သို့ ယိုစိမ့်သွားသည်။
နတ်ဆိုးမြွေကတော့ နာကျင်စွာ တွန့်လိမ်နေသည်။
နတ်ဆိုးမြွေ၏ မြွေအမြီးသည် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ပြိုကျပျက်စီးစေသည်အထိ ပြင်းထန်စွာလွှဲယမ်းနေသည်။ ၎င်း၏မျက်လုံးသည် နာကျင်မှု၊ ဒေါသနှင့် ကြောက်ရွံ့မှုတို့ဖြင့် ရူးသွပ်သွားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အရည်များသည် ဆိုးသွမ်းသောစွမ်းအင်အသစ်တစ်ခုဖြင့် ရုတ်တရက်လောင်ကျွမ်းလာသည်။
ထိုအခါ ၎င်း၏ခန္ဓာကိုယ်သည် စွမ်းအားအသစ်များဖြင့် ဖောင်းကားလာသည်။
"ချင်းအာ....သတိထား.....အခု သူ့မှာရှိသမျှနဲ့ တိုက်ပွဲဝင်နေတယ်!"
တစ်ချိန်တည်းမှာပင်၊ မင်းသမီးသည် နောက်ထပ် နဂါးနှစ်ကောင်ကို ပြင်ဆင်ကာ ရန်သူ့ဆီသို့ ပစ်လွှတ်လိုက်ပြန်သည်။
ဒီတစ်ခါတော့ မြွေ၏ ခြေလက်များပေါ်တွင် ယခင်ထက်ပို၍ မာကျောသော အလွှာအသစ်တစ်ခု ဖန်တီးထားသဖြင့် တိုက်ခိုက်မှုကမထိရောက်ခဲ့ပြန်ပေ။
ရွှတ်.........
အရိုးများကို မြင်နိုင်လောက်အောင် နက်ရှိုင်းစွာ ပေါက်ထွက်သွားသော်လည်း ခြေလက်များကိုအရင်တစ်ခါကလိုမဖြတ်တောက်နိုင်ခဲ့ပေ။
လောင်ကျွမ်းသွားသော မကောင်းဆိုးဝါးစွမ်းအင်က ၎င်းကို ပိုမိုအားကောင်းစေခဲ့သည်မှာ ထင်ရှားသည်။
နတ်ဆိုးမြွေက ဒေါသတကြီး သူတို့ကို လှည့်ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို အမြန်လှည့်ကာ တမဟုတ်ချင်း မင်းသမီးရှေ့သို့ရွေ့လျားသွားခဲ့သည်။
သူမ အဆင်သင့်ဖြစ်နေပြီး ကျောက်စိမ်းလှံတံကို မြှောက်ကာ ပြိုင်ဘက်ကို ဟန့်တားရန် အားပြင်းသောမုန်တိုင်းများနှင့် အစိမ်းရောင်ဒိုင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။
၎င်းတို့နှစ်ဦးသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ခဲ့ကြပြီး ၎င်းတို့၏ တိုက်ခိုက်မှုများက ကောင်းကင်ယံအထိ မြင့်တက်သွားခဲ့သည်။
တိုက်ခိုက်မှုအရှိန်ကြောင့် မင်းသမီးကို မီတာရာဂဏန်းအကွာအဝေးသို့ ပျံသန်းစေခဲ့ပြီး သူမ၏အစိမ်းရောင်ဒိုင်းကာသည်လည်း ကွဲအက်သွားသည်။ မကောင်းဆိုးဝါး အနီရောင် စွမ်းအင်အချို့က သူမခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့ရောက်ရှိသွားသော်လည်း အနည်းငယ်ပျက်စီးသွားသော သူမ၏အစိမ်းရောင်တိုက်ပွဲဝင်သံချပ်ကာကြောင့် ရပ်တန့်သွားခဲ့သည်။
"ဘယ်လိုတောင် ယုတ်မာလိုက်သလဲ!"
မင်းသမီးသည် နတ်ဆိုးမြွေ၏နောက်ဆုံးရုန်းကန်မှု မည်မျှပြင်းထန်သည်ကို အံ့အားသင့်သွားသည်။
သို့တိုင်၊ ခြေလေးချောင်းနတ်ဆိုးမျက်လုံးမြွေသည် ထိုသို့သောစွမ်းအားမျိုးကိုထပ်မံအသုံးမပြုနိုင်တော့ကြောင်း သူမနားလည်ခဲ့သည်။ နတ်ဆိုးမြွေကို အချိန်ဆွဲတိုက်ခိုက်နိုင်ပါက သူ့အလိုလိုအားကုန်ပြီး ဇာတ်သိမ်းသွားလိမ့်မည်။
"ချင်းအာ........"
ဤနည်းဗျူဟာအကြောင်း ကျန်းချင်းအာကို ပြောပြခါနီးတွင် ကျန်းချင်းအာက ရှေ့တက်လာပြီး လက်နှစ်ဖက်ကိုပူးကပ်ကာ တံဆိပ်တစ်ခုဖန်တီးလိုက်သဖြင့် သန့်စင်သောအလင်းစွမ်းအင်များ မြင့်တက်လာပြီး မီးတောက်နေသော အလင်းလက်သည်းငါးခူအဖြစ်သို့ ပြောင်းလဲသွားသည်။
အလယ်တန်းအဆင့် နဂါးပညာရပ်... နတ်ဆိုးလက်သည်း......
ဤပညာရပ်ကို အပြည့်အဝကျွမ်းကျင်သောအခါ၊ သားကောင်၏ ပဲ့တင်ထပ်သံစွမ်းအားကို ပြင်းထန်စွာ ထိခိုက်စေမည့် လက်သည်းခုနစ်ချောင်းကို ထုတ်ပေးနိုင်သည်။
ဤပညာရပ်နှင့် အလင်းကမ္ဘာပညာရပ်သည် ကျန်းချင်းအာ၏ အကောင်းဆုံး နဂါးအဆင့်ပညာများ ဖြစ်သည်။
ခံစစ်တစ်ခု၊ ထိုးစစ်တစ်ခု.....ပြီးပြည့်စုံသော နှစ်ယောက်သားပူးပေါင်းမှု....
ဝှစ်...ဝှစ်.......
ခြေလေးချောင်းနတ်ဆိုးမျက်လုံးမြွေ၏ အမြီးတွင် လက်သည်းငါးချောင်း နစ်မြုပ်နေသည်။
၎င်းတို့၏တောက်ပသောမီးတောက်များက နတ်ဆိုးမြွေကို တုန်ခါသွားစေသော်လည်း ၎င်း၏အမြီးသည် မြေပြင်တွင် ခိုင်မြဲစွာချည်နှောင်ခံထားသောကြောင့် ၎င်း၏အပေါ်ပိုင်းက ဟန်ချက်မညီတော့ဘဲ မြေပြင်ပေါ်လဲကျသွားလေ၏။
"ချင်းအာ... နင်...."
မင်းသမီးသည် စကားမပြောနိုင်အောင် အံ့အားသင့်သွားသည်။ ကျန်းချင်းအာသည် အခြားသူများနှင့် မတူသော တိုက်ပွဲပုံစံဖြင့် အမှန်တကယ် တိုက်ခိုက်ခဲ့သည်။
သူမသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်မျှသာဖြစ်သော်လည်း၊ ကောင်းကင်ဘုံကပ်ဘေးအဆင့်ကိုပင် မကြောက်ရွံ့ခဲ့ပေ။ တကယ်တော့ သူမဟာ မင်းသမီးကိုယ်တိုင်ထက်တောင် ပပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ခဲ့သည်။
နတ်ဆိုးမျက်လုံးမြွေက ပိုသန်မာတဲ့မိန်းကလေးကို အာရုံစိုက်နေသည့်အတွက် ကျန်းချင်းအာအခုလို အခွင့်ကောင်းရခဲ့ခြင်းပင်.....
ကျန်းချင်းအာက ကိစ္စတွေကို အမြန်အဆုံးသတ်ချင်ပြီး အချိန်အရမ်းကြာလာသည်နှင့်အမျှ မတ်ဆိုးမြွေ လွတ်မြောက်သွားမှာကို စိုးရိမ်နေကြောင်း မင်းသမီးနားလည်လိုက်သည်။ ဒီလိုဖြစ်တဲ့အခါ မျှော်စင်ပေါ်က သူတို့ရဲ့ချစ်လှစွာသော သားငယ်လေးလည်း မလွဲမသွေအန္တရာယ်ရှိလာနိုင်သည်မဟုတ်လော......
ဘယ်လို အုပ်ထိန်းသူလဲဟု တွေးကာ မင်းသမီးသည် သူမ၏ ကောင်းကင်ပုလဲ ခုနစ်သွယ်ကို ထပ်မံ ဆင့်ခေါ်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် သူမသည် ယခင်ကထက် ပိုမိုပြင်းထန်လာစေရန် နဂါးစိမ်းများပေါ်တွင် ချွန်မြသောဓားသွားများကိုထပ်မံအားဖြည့်ပေးထားသည်။
သူမ လက်ဖျားမှ နဂါးစိမ်းများလွတ်ထွက်သွားသောအခါ ပတ်ဝန်းကျင်ရှိအဆောက်အဉီးများ တဝုန်းဝုန်းပြိုလဲကုနသည်။
နတ်ဆိုးမျက်လုံးမြွေသည် အသဲအသန် ရုန်းကန်နေသော်လည်း အစိမ်းရောင်စွမ်းအားများက ၎င်း၏လည်ပင်းကို သန့်ရှင်းတိကျစွာ ဖြတ်တောက်သွားခဲ့သည်။ ဦးခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျချိန်အထိ ခန္ဓာကိုယ်က တုန်ယင်နေသေးသည်။
ဖွီးးးးးးးး
ခေါင်းပြတ်ကြီးကနေ အနက်ရောင်သွေးများ ပန်းထွက်လာသည်။
၎င်း၏ခန္ဓာကိုယ်သည် အငွေ့များအဖြစ်စတင်လောင်ကျွမ်းပြီး သေးငယ်သော အနက်ရောင်မြွေအမြောက်အများအဖြစ်အသွင်ပြောင်းသွားသည်။
"ချင်းအာ! သူတို့လွတ်သွားလို့မဖြစ်ဘူး...."
မင်းသမီး သတိပေးလိုက်သည်နှင့် ကျန်းချင်းအာက ခေါင်းညိတ်ပြီးနောက် အလင်းကမ္ဘာ
ကိုထပ်မံအသုံးပြုခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်း၏ သြဇာလွှမ်းမိုးမှုအတွင်းရှိအဂတိလိုက်စားမှု အားလုံးကို ထပ်မံ သုတ်သင်ခဲ့သည်။
မကြာခင်မှာပင် မြေပြင်သည် ကြည်လင်သန့်ရှင်းလာကာ မြွေတစ်ကောင်မှ မတွေ့ရတော့ပေ။
ဤသို့ဖြင့်၊ မြစ်စောင့်မြို့ကို သိမ်းပိုက်ခဲ့သော ကြောက်ရွံ့မှုသည် နောက်ဆုံးတွင် ပြိုလဲသွားခဲ့သည်။
မင်းသမီးက သက်ပြင်းချကာ အောင်ပွဲခံတဲ့အပြုံးကဖြည်းဖြည်းချင်း သူ့မျက်နှာပေါ်မှာ ပျံ့နှံ့လာသည်။
ထိုအချိန်တွင်၊ ကြည့်ရှုသူ လီလော့သည် သတိကြီးကြီးဖြင့် ချဉ်းကပ်ကာ ၎င်း၏အသင်းဖော်နှစ်ဦးကို လက်မထောင်ပြလိုက်ပြီး.....
"ခက်ခဲတဲ့တိုက်ပွဲပဲ....ကျွန်တော်သာ ပန်းချီဆွဲတတ်ရင် ဒီမြင်ကွင်းကို ပန်းချီဆွဲထားပြီး အလှလေးနှစ်ယောက်နှင့်သားရဲကြီးဆိုပြီးနာမည်ပေးလိုက်မယ်....."
မင်းသမီးက ကျိုးကျနေသော ကျောက်တိုင်ပေါ်တွင် ထိုင်နေပြီး....
"အကျင့်ယုတ်တဲ့ကောင်...."ဟု ကျိန်ဆဲလိုက်သည်။
ကျန်းချင်းအာက သူ့ကို ပြုံးပြပြီး "အမှတ်တွေ အပြောင်းအလဲရှိလား"ဟုမေးလိုက်သည်။
ထိုအခါ လီလော့က စိတ်ဝိညာဉ်မှန်ကို ဆွဲထုတ်လိုက်ပြီး ရလဒ်ကို မြင်သောအခါ ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် မင်းတို့နှစ်ယောက်ကြောင့် ငါတို့တွေ ပထမနေရာရောက်နေပြီ......."