← Chapters

အမှတ်အများဆုံး...

Vol. 39 Ch. 539

အမှတ်အများဆုံး...

Vol. 39 Ch. 539

မြစ်စောင့်မြို့ကို အောင်မြင်စွာ သုတ်သင်ရှင်းလင်းခြင်းအတွက် အမှတ် 50,000 ရခဲ့ပြီး၊ ဒါက မဖြစ်မနေလုပ်ရယ့် မစ်ရှင် ဖြစ်တာကြောင့် နောက်ထပ်အမှတ် 40,000 ရတယ်.... အဆင့်နိမ့် ကောင်းကင်ကပ်ဘေးအဆင့်အတွက် အမှတ် 50,000 ပေးထားသေးတယ်... အရင်က ရှိခဲ့တဲ့ အမှတ်တွေနဲ့ပေါင်းလိုက်ရင် စုစုပေါင်း အမှတ် 200,000 လောက်ရှိတယ်...."

လီလော့ ယသည် စိတ်ဝိညာဉ်မှန်ကို စစ်ဆေး

ရင်း ပါးစပ်ကနားရွက်ချိတ်လုမတတ်ပြုံးနေသည်။ ၎င်းတို့သည် ဉာဏ်အလင်းကောလိပ်၏ လန်လန်တို့အဖွဲ့ကိုပင် ဖုန်မှုန့်ထဲတွင် ချန်ထားခဲ့နိုင်ပြီဖြစ်သည်။

" ဒါဆို ငါတို့က အဖွဲ့ချုပ်ရဲ့ အဓိကတာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်တဲ့ ပထမဆုံးအဖွဲ့ပေါ့" ဟု ကျန်းချင်းအာက မှတ်ချက်ပြုသည်။

လီလော့ ခေါင်းညိတ်လိုက်သည်။ အဓိကမစ်ရှင်များသည် ခက်ခဲသော အလုပ်များဖြစ်သည်။ အခြားအသင်းများက ၎င်းတို့အား ရှင်းလင်းသောအခါတွင် အလားတူအခက်အခဲမျိုးနှင့် တွေ့ကြုံရနိုင်ကာ အမှတ်ပိုထွက်စေမည့် အပိုဆုများကိုလည်း ချီးမြှင့်ခံရဖွယ်ရှိသည်။

"သိပ်မကြာခင်အမှီလိုက်လာကြလိမ့်မယ်....လန်လန်လိုလူစားမျိုးအတွက် ကောင်းကင်ဘုံကပ်ဘေးအဆင့်ကိုဖြေရှင်းဖို့ကသိပ်ခက်မှာမဟုတ်ဘူး....."

လီလော့က မင်းသမီး၏သုံးသပ်ချက်ကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သည်။ လန်လန်သည် မယုံနိုင်လောက်အောင် သန်မာပြီး သူ့အဖွဲ့ကိုလည်း လက်ရွေးစင်များနှင့် ဖွဲ့စည်းထားသည်။ထို့ကြောင့် သူ့ကို လျှော့တွက်လို့ မရပေ။

"မှန်တယ်"

ကျန်းချင်းအာ ရုတ်တရက် ပြောလိုက်သည်။

"လီလော့ ခုနက သန့်စင်ရေးအတားအဆီးကို ပြင်ဆင်နေချိန်မှာ၊ သူ့ကို မြေနတ်ဆိုးခန္ဓာအဆင့် အနက်ရောင်သူရဲကောင်းတစ်ယောက်က ခြုံခိုတိုက်ခိုက်ခဲ့သေးတယ်....."

"အနက်ရောင်သူရဲကောင်း... ကမ္ဘာခြားသက်ရှိမဟုတ်ဘူးလား?"

မင်းသမီး လန့်ဖြန့်သွားသည်။

"ကမ္ဘာခြားသက်ရှိမဟုတ်ဘူး"

လီလော့က ခေါင်းကိုခါလိုက်သည်။

"လူသားစစ်စစ်"

မင်းသမီးက တစ်ခုခုကိုတွေးတောနေဟန်ဖြင့်.....

"ဒါဆို အကြီးအကဲလင်းယုရဲ့သတိပေးချက်က မျက်ကန်းထင်ကြေးပေးရုံမဟုတ်ဘဲမဟူရာလေပြင်း အင်ပါယာပြိုလဲရခြင်းရဒ့နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရှိနေတာသေချာပြီ......"

ဒီလိုမှမဟုတ်ရင် လီလော့ကို တားဖို့ အနက်ရောင်သူရဲကောင်းရောက်လာခြင်းအတွက် တခြားအကြောင်းပြချက် မရှိနိုင်ပေ။

"ဒါပေမယ့် မြေနတ်ဆိုးခန္ဓာကျွမ်းကျင်သူ တိုက်ခိုက်တာကို ခံရတာတောင် သန့်စင်ရေးအတားအဆီးကို နင် တကယ် လုပ်နိုင်ခဲ့တာလား... ဒါက အထင်ကြီးစရာပဲ"

အကယ်၍ တိုက်ခိုက်သူသည် လီလော့ကို ရပ်တန့်နိုင်ခဲ့ပါက သန့်စင်ရေးအတားအဆီးသည် ပေါ်မလာတော့ဘဲ ယနေ့တွင် ပျော်ရွှင်ဖွယ်အဆုံးသတ်ဖြင့် ပြီးဆုံးသွားမည်မဟုတ်ပေ။

သူတို့ အသတ်မခံရနိုင်ပေမယ့် မစ်ရှင် ကျရှုံးသွားနိုင်သည်။

သူတို့အောင်မြင်ခဲ့တာ လီလော့ရဲ့ကျေးဇူးကြောင့်ပါ.....

လီလော့အပေါ် မင်းသမီး၏ လေးစားမှုများ တစ်ဖန် တိုးပွားလာခဲ့သည်။

အနက်ရောင်သူရဲကောင်းသည် လီလော့ကို အတိအကျ ခြုံခိုတိုက်ခိုက်ခဲ့သော်လည်း သန့်ရှင်းခြင်းအတားအဆီးကို ဆွဲထုတ်ရန် အံ့အားသင့်စရာအချက်နှင့် စွမ်းအားကွာခြားချက်နှစ်ခုလုံးကို ကျော်လွှားနိုင်ခဲ့သည်။ သူသည် သာမာန် ဆရာသခင်အဆင့် မဟုတ်သည်မှာ သေချာပါသည်။

"ပြိုင်ဘက်ဘက်က ပေါ့လျော့ခဲ့လို့ပါ"

လီလော့က သူ့ကို ချီးကျူးတဲ့အခါ ကျိုးနွံစွာနှင့် ခပ်အေးအေးပြန်ဖြေလိုက်သည်။

မင်းသမီးက ဘာမှထပ်မပြောဘဲပြုံးရုံသာပြုံးနေခဲ့သည်။ ပေါ့လျော့မှုသက်သက်နှင့် မြေနတ်ဆိုးခန္ဓာအဆင့်ကို ကျော်ဖြတ်ဖို့ မလုံလောက်ပေ။ လီလော့သည် အမှန်တကယ်ပင် ထူးခြားသူဖြစ်သည်။ သူသည် ပဲ့တင်ထပ်သံ ဆရာသခင်အဆင့်သာဖြစ်သော်လည်း၊ ဝှက်ဖဲများစွာကိုင်ဆောင်ထားသူဖြစ်သည်။

"မြို့ကို အခုပဲ စစ်ဆေးခဲ့သေးတယ်....အနက်ရောင်သူရဲကောင်းရဲ့ အရိပ်အယောင် မတွေ့ရဘူး "ဟု ကျန်းချင်းအာက ပြောလိုက်သည်။

"လွတ်သွားပြီထင်တယ်.... အထူးသဖြင့် ငါတို့ကခြေထောက်လေးချောင်း နတ်ဆိုးမျက်လုံးမြွေကို ဖယ်ရှားနိုင်တယ်ဆိုတော့ သူဒီမှာဘယ်နေရဲတော့မှာလဲ....."

မင်းသမီးကို ကျန်းချင်းအာက ခေါင်းညိတ်ပြ

လိုက်ပြီး မြို့ဘက်ကိုပြန်လှည့်လိုက်သည်။

"မြွေတွေ နိုးလာပြီ....."

သန့်စင်ခြင်းအတားအဆီးသည် ၎င်းတို့အား ထာဝစဉ် ထိန်းထားမည်မဟုတ်ပေ။ မြေကမ္ဘာကပ်ဘေးအဆင့် ကမ္ဘာခြားသက်ရှိများ မကြာမီ တိုက်ခိုက်တော့မည်ဖြစ်သည်။ သို့တိုင် သူတို့ခေါင်းဆောင် ဖြုတ်ချခံရထားရသဖြင့် ပြဿနာ သိပ်မရှိလှပေ။

"ဒီနေရာကို ရှင်းကြစို့...... အပိုအမှတ်တွေ ထပ်ယူကြတာပေါ့...." ဟုမင်းသမီးက လောဆော်လိုက်သည်။

"အင်း.... ငါနဲ့မင်းသမီးက မြွေသတ္တဝါတွေကို သုတ်သင်လိုက်မယ်.... လီလော့....နင်ကတော် တိုက်စားသူအဆင့်တွေကို ရှင်းလိုက် ..နောက်တစ်ကြိမ် ခြုံခိုတိုက်ခိုက်တာမခံချင်ရင် ငါတို့နဲ့ ဝေးဝေးမသွားနဲ့...."

လီလော့ ခေါင်းညိတ်လိုက်သည်။ အမြဲတမ်းကာကွယ်ခံရတာ နည်းနည်းရှက်စရာကောင်းပေမယ့် ဘယ်အချိန်ထွက်လာမယ်မှန်းမသိသည့်ခြုံခိုတိုက်ခိုက်သူနှင့်ရင်ဆိုင်ရတာထက်တော့ပိုကောင်းပါသည်။

သုံးယောက်သား နယ်မြေတွေခွဲပြီး ရှင်းလင်းရေးစတင်ခဲ့ကြသည်။

ခြေထောက်လေးခုနတ်ဆိုးမျက်လုံးမြွေသည် ဖောက်ပြန်ပျက်စီးမှုကို ပျံ့နှံ့စေသော်လည်း ရန်သူများအပေါ် သြဇာလွှမ်းမိုးမှု အားနည်းစေသည့် သန့်စင်ရေးအတားအဆီးကြောင့် နေ့တစ်ဝက်အတွင်း တစ်မြို့လုံးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ညစ်ညမ်းသော အခိုးအငွေ့များ မှေးမှိန်သွားကာ လေထုသည်လည်း တဖန်သန့်ရှင်းတောက်ပလာပြန်သည်။

နေရောင် တောင်စွယ်ပေါ်မေးတင်နေသည့်ပချိန်တွင်......

အလုပ်ကိစ္စပြီးသောအခါ သုံးယောက်သား ပေါ့ပေါ့ပါးပါး ထမင်းစားရန် ထိုင်နေကြသည်။

"နောက်ထပ် အမှတ် 60,000"

လီလော့က ရွှင်မြူးစွာ တင်ပြလိုက်သည်။

များပြားလွန်းလှသော မြေကမ္ဘာကပ်ဘေးအဆင့်များကြောင့် အမှတ်များစွာထပ်မံရရှိခဲ့သည်။

"လန်လန်နဲ့ တခြားသူတွေ မှီလာကြပြီ ..."

ကျန်းချင်းအာက အမှတ်စာရင်းကိုကြည့်ကာ ပြောလိုက်သည်။ အခြားအသင်းသည် ရမှတ် 230,000 သို့ရောက်ရှိခဲ့ပြီး ၎င်းတို့နှင့် ရမှတ် 30,000 သာကွာတော့သည်။

တစ်ချိန်တည်းမှာပင်၊ ကုန်းရှန်ကျွင်းတို့အဖွဲ့ကို စတုတ္ထနေရာ၌ တွေ့ခဲ့ရသည်။

"ဒါဆို အမှတ် 200,000 ကျော်ရထားတာငါးဖွဲ့တောင်ရှိနေပြီပေါ့.......ငါးဖွဲ့စလုံး အဓိကမစ်ရှင်တွေအောင်မြင်ပြီးပြီထင်တယ်..."

အဓိကမစအရှင်သည် အမှတ်များစွာရရှိနိုင်သောမစ်ရှင်ဖြစ်သည်။သို့တိုင် အောင်နိုင်ခဲ့သော အဖွဲ့ငါးဖွဲ့သာ ရှိသေးသည်။ ၎င်းသည် လီလော့ မျှော်မှန်းထားသည်ထက် များစွာနည်းပါးနေသည်။

နောက်တဖန် သူ့အဖွဲ့တွင် ကျန်းချင်းအာနှင့် မင်းသမီးတို့ရှိသည်။ အနှီမိန်းကလေးနှစ်ဦးသည် ခြေထောက်လေးခုနတ်ဆိုးမျက်လုံးမြွေကို အလွန်လျင်မြန်စွာ ဖယ်ရှားနိုင်ခဲ့သည်။ အခြားအသင်းများစွာတွင် ထိုသို့သော စွမ်းအားမျိုးမရှိပေ။မင်းသမီးနှင်ကျန်းချင်းအာတို့အတွဲသည်ရောနှောအဆင့်ပြိုင်ပွဲတစ်ခုလုံးတွင် အသန်မာဆုံးအတွဲဖြစ်ကောင်းဖြစ်နိုင်သည်။

သူ(လီလော့.)ကတော့ အရံလူသာသာမျှပင်......

"မြစ်စောင့်မြို့မစ်ရှင် ပြီးပြီမို့ ငါတို့တွေကြိုက်တဲ့လမ်းကြောင်းရွေးလို့ရပြီ....အကြံပေးစရာများရှိသေးလား....."

မင်းသမီးက မြေပုံကိုကြည့်ပြီးမေးလိုက်သည်။

လီလော့ ခေါင်းယမ်းလိုက်သော်လည်း ကျန်းချင်းအာက တွေးတွေးဆဆဖြင့်......

"ငါတို့ မိုးကြိုး တောင်ကို သွားနိုင်မယ်ထင်တယ်....ဒါက ရွှံနီ ပြည်နယ်ရဲ့ အဓိက ဧရိယာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်...

ပြီးတော့ မိုးကြိုးသစ်သီးတွေကိုလည်း ငါ အရမ်းသိချင်တယ်....."

"မိုးကြိုးတောင်တန်း...ဟုတ်တယ်...အဲ့တာကမြစ်စောင့်မြို့နဲ့ တော်တော်နီးတယ်...မိုးကြိုးနတ်ဘုရားကမင်းမျိုးမင်းနွယ်အတွက်သီးသန့်ဖြစ်ဆိုတော့ ဒါက တော်တော်ရှားပါးတဲ့အခွင့်အရေးပဲ။ ငါသဘောတူတယ်...ဒီအခွင့်အရေးကိုလက်လွတ်ခံလို့မဖြစ်ဘူး...."

မင်းသမီးက တက်ကြွစွာထောက်ခံနေသည်။

"အိုး၊ မင်းမျိုးမင်းနွယ်တွေက အကောင်းဆုံးအရာတွေကို ဘယ်လိုယူရမယ်ဆိုတာ တကယ်သိသားပဲ....."

လီလော့ကလည်း စကားဝိုင်းအတွင်း ဝင်ရောက်လာခဲ့သည်။

မင်းသမီးက ချောင်းဟန့်လိုက်ပြီး....

" ဂျူနီယာ လီလော့....နင့်ကိုကြည့်ရတာ..မင်းမျိုးမင်းနွယ်တွေအပေါ် နာကြည်းမှု တစ်ခုခု ရှိနေပုံပဲ?"

လီလော့၏ အပြုံးသည် အေးခဲသွားသည်။

"အာ...ကျွန်တော်က မဟူရာလေပြင်းအင်ပါယာက မင်းမျိုးမင်းနွယ်တွေကိုပြောတာပါ....မင်းသမီးက ပြည်သူပြည်သားတွေကိုဘယ်လောက်ချစ်မှန်း ရှပြည်ထောင်စုတစ်ခုလုံးအသိပဲကို......"

"ကောင်းပါပြီ...ကန့်ကွက်စရာမရှိရင် မိုးကြိုး တောင်ကို သွားကြရအောင်....."

ကျန်းချင်းအာသည် သူမ စားပြီးသားပေါင်မုန့်တစ်ဝက်ကို ကြည့်ပြီး လီလော့ ၏ပါးစပ်ထဲသို့ ထိုးသွပ်လိုက်သည်။ထ်ို့နောက် မတ်တပ်ထရပ်လိုက်ချိန်တွင် သူမ၏အကြည့်များကလေးနက်နေသည်။

"ဒါပေမယ့် ငါတို့ မသွားခင် ဥယျာဉ်ထဲကလူတွေကို လွှတ်ပေးသင့်တယ်"

မင်းသမီးနှင့် လီလော့ တို့လည်း ငြိမ်သက်စွာ ခေါင်းညိတ်ပြကြသည်။

သူတို့ ဒီတာဝန်ကနေ ရှောင်ပြေးလို့ မရဘူးပဲ.......

All Chapters