← Chapters

အရေးပေါ်မစ်ရှင်....

Vol. 39 Ch. 540

အရေးပေါ်မစ်ရှင်....

Vol. 39 Ch. 540

မြစ်စောင့်မြို့အတွင်းရှိ ပန်းခြံကြီးတစ်ခုတွင်.....

လီလော့၊ကျန်းချင်းအာနှင့်မင်းသမီးတို့သည် မြင့်မားသောနံရံတစ်ခုပေါ်တွင် ရပ်ကာ သူတို့ရှေ့တွင် လဲလျောင်းနေသော လူ့ခန္ဓာကိုယ်အမြောက်အမြားကို ငုံ့ကြည့်နေကြသည်။ မြို့တော်အတွင်း အကျင့်ပျက်ခြစားမှုအဆင့် ကျဆင်းလာသည်နှင့်အမျှ ဤလူများသည် ဆင်ခြင်တုံတရားအချို့ပြန်လည်ရရှိလာကြသည်။

ဒါပေမယ့် အသိစိတ်ပြန်ဝင်လာချိန်တွင် ပျော်ရွှင်ရမည့်အစား အားလုံးကို နာကျင်စွာအော်ဟစ်ငိုကြွေးနေကြသည်။

သူတို့သည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေသော်လည်း ငိုကြွေးခြင်းကိုမရပ်တန့်နိုင်ကြရှာပေ။

သူတို့သည် အချိန်အကြာအကြီး အရက်စက်ဆုံး ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားခဲ့ကြရရှာသည်။

ခြေထောက်လေးချောင်းနတ်ဆိုးမျက်လုံးမြွေ စားသောက်ဖို့အတွက် သူတို့ရဲ့အသွေးအသားကိုရင်းနှီးပြီး သွေးမြွေတွေ တသုတ်ပြီး တသုတ်ပေါက်ဖွားခဲ့သည်ကို သိနေကြသည်။သူတို့၏ခန္ဓာကိုယ်အတွင်းပိုင်း အရည်ပျော်သွားကာ လူသားအိတ်တစ်လုံးထက်မပိုတော့သည့် ထိုမှတ်ဉာဏ်သည် သူတို့၏ စိတ်ထဲမှာ ထာဝစဉ်နစ် မြုပ်သွားလိမ့်မည်။

အခုချိန်တွင် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိကောင်းရှိနိုင်ပေမယ့် ဆိုးရွားလှသည့် အတိတ်ဆိုးများထဲမှ ဘယ်သောအခါမှ ရုန်းထွက်နိုင်ကြမည်မဟုတ်ပေ။

လီလော့တို့ ပေးစွမ်းနိုင်သည့် နှစ်သိမ့်မှု များစွာမရှိခဲ့ပေ။

တချို့ဒဏ်ရာတွေက ကုစားဖို့ အချိန်လိုသည်........

“ကမ္ဘာခြားသက်ရှိတွေက ငါတို့ရဲ့ အကြီးကျယ်ဆုံး ရန်သူပဲ မဟုတ်လား”

လီလော့က ဝမ်းနည်းစွာ မေးလိုက်သည်။

ဤသည်မှာ ယနေ့အထိ သူမြင်ဖူးသမျှ အရက်စက်ဆုံး မြင်ကွင်းပင်။ အရိပ်လှိုဏ်ဂူရှိ ကမ္ဘာခြားသက်ရှိများက ဆိုးယုတ်သော်လည်း အားနည်းသောလူသားများကို သားကောင်အဖြစ်အသုံးမချခဲ့ပေ။ ရက်စက်မှုသည် အားနည်းသူများအပေါ် ဆိုးရွားစွာဖိစီးစေနိုင်သည်။

မြင့်မြတ်သောစစ်တလင်းသို့သွားရန်အတွက် ဘုရင်အဆင့်များနှင့် မြို့စားအင့်အများအပြားကို မဲနှိုက်ရွေးချယ်ခဲ့ရသည်မှာ အံ့သြစရာမဟုတ်ပေ။

သူတို့သည် ကမ္ဘာခြားသက်ရှိများ ၎င်းတို့၏ ကမ္ဘာသို့ မရောက်စေရန် တားမြစ်ပေးနေရသည်။

ဤသည်မှာ လူသားမျိုးနွယ်တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ရန် မွန်မြတ်သောတာဝန်တစ်ရပ်ဖြစ်သည်။ ဒါမှမဟုတ် တချို့က သူတို့မိသားစုအတွက်ပဲ လုပ်နေတာလာ်းဖြစ်ကောင်းဖြစ်နိုင်သည်။

ကြောက်မက်ဖွယ်ကောင်းသော အရပ်တွင် စစ်ပွဲဆင်နွှဲနေသူအပေါင်းကို ရိုသေလေးစားထိုက်ပေသည်။

မင်းသမီးက သူတို့နှစ်ယောက်လောက် စိတ်မထိခိုက်ခဲ့ပေ။ ရှပြည်ထောင်စု၏ မင်းသမီးတစ်ပါးအနေဖြင့် သူမသည် ထိုသို့သော ကြောက်မက်ဖွယ်ရာများအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်ခဲ့သည်။

"ရွှံနီ ပြည်နယ်မှာ သန့်စင်ရေးအစီအရင်တွေ အားလုံး နေရာချထားပြီးပြီမို့ အိမ်နီးချင်းနိုင်ငံတွေက အကူအညီတွေထပ်ရောက်လာရင် ဒီထက့်ပိုအဆင်ပြေလာမှာပါ....."

မင်းသမီးက လီလော့ စိတ်မကောင်းဖြစ်နေမှန်းသိသဖြင့် နှစ်သိမ့်စကားဆိုလိုက်သည်။

"ဟုတ်ပြီ.... သွားကြရအောင်.."

လီလော့ ခေါင်းညိတ်လိုက်သည်။ သူသည် တိုက်ပွဲဝင်ဖို့ အသင့်ရှိနေနိုင်စေရန် ဝမ်းနည်းပူဆွေးမှုကို အလျင်အမြန် ဖယ်ရှားပစ်ရမည်ဖြစ်သည်။

ကျန်းချင်းအာနှင့် မင်းသမီးတို့က ငရဲဥယျာဉ်ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းတို့၏အငယ်ဆုံးအဖွဲ့ဝင်နောက်သို့ လှည့်သွားခဲ့ကြသည်။

၎င်းတို့သုံးဦးသည် မိုးကြိုးတောင်တန်းဆီသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြသည်။

မိုးကြိုးတောင်တန်းသည် မြစ်စောင့်မြို့ မှ ကီလိုမီတာ ရာဂဏန်းအကွာတွင်ရှိပြီး ၎င်းတို့ဆီသို့ရောက်ရန် အချိန် နှစ်နာရီမှ လေးနာရီခန့်သာကြာမြင့်နိုင်သည်။ သို့သော် ရွှံနီ ပြည်နယ်တွင် ကမ္ဘာခြားသက်ရှိများ၏ အကျင့်ပျက်ခြစားမှုနှင့် ကူးစက်မှုများကြောင့် သတိဝရီယမပြတ်ဘဲ ဂရုတစိုက်ခရီးနှင်ခဲ့ကြသည်။

မိုးကြိုးတောင်တန်းအနီးသို့ ရောက်သောအခါ၊ နောက်တစ်နေ့ပင်ကူးနေခဲ့ပြီ.....

သုံးယောက်သား တောင်ပေါ်ကို အတားအဆီးကင်းမဲ့စွာ ရှုမြင်နိုင်တဲ့ တောင်စောင်းတစ်ခုပေါ်မှာ ရပ်နေကြသည်။

၎င်းတို့သည် နယ်မြေသစ်တစ်ခုတွင် စွန့်စားရမည့်အလားအလာ၊ ၎င်းတို့၏ ငယ်ရွယ်နုပျိုသော အကောင်းမြင်စိတ်ကြောင့် သူ့အလိုလို တက်ကြွနေကြသည်။

တောင်တန်းရှိ V ပုံသဏ္ဍာန် ကွာဟမှုမှတဆင့် ၎င်းတို့၏ ဦးတည်ရာကို မြင်နိုင်ပြီး တောင်ထပ်တွင်မိုးကြိုးများယှက်သန်းလျှက်ရှိသည်။

ထိုတောင်ထွတ်အနီးတွင် ကြီးမားသောသစ်ပင်ကြီးတစ်ပင်ရှိပြီး ငွေရောင်သစ်သီးများနှင့်ပြည့်နှက်နေသည်။ ၎င်းတို့နှင့် ဝေးကွာသော်လည်းသစ်ပင်၏အခက်အလက်များက တောင်ထွတ်ကိုဖုံးအုပ်ထားနိုင်လောက်အောင် ကျယ်ပြန့်သည်ကို တွေ့နိုင်ပေသည်။

တိမ်များထဲမှ မိုးကြိုးများကို သစ်ပင်မှ စုပ်ယူနေသည်မှာ ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်သည်။

"ဒါက မိုးကြိုးသစ်ပင်လား.... ငါတို့ကျောင်းက ရှန်းလိသစ်ပင်လိုပဲ ပိုက်ဆံများများရဗာပေးနိုင်မယ်ထင်တယ်.... "

လီလော့ အံ့ဩသွားသည်။

“မဟူရာလေပြင် အင်ပါယာမင်းမျိုးမင်းနွယ်တွေ ဒီသစ်ပင်ကို သူတို့အတွက် သိမ်းထားတာ အံ့သြစရာမတော့ဘူး....”

မင်းသမီးကလည်း အံ့ဩတကြီးရေရွတ်လိုက်သည်။

"ဘယ်လိုရတနာမျိုးလဲ...."

ကျန်းချင်းအာသည် စကားပြောရန်ပြင်လိုက်

သော်လည်း ရုတ်တရက် ရပ်လိုက်ပြီး သူမ၏ ဝိညာဉ်မှန်ကို ဆွဲထုတ်လိုက်သည်။

"ငါတို့အတွက် အရေးပေါ်မစ်ရှင်တစ်ခုကိုရောက်နေပြီ....."

လီလော့နှင့် မင်းသမီးတို့သည် သူတို့၏ စိတ်ဝိညာဉ်မှန်များကို စစ်ဆေးပြီး သူမပြောသည်ကို အတည်ပြုခဲ့သည်။

"အသင်းတစ်သင်း ဒီနားတစ်ဝိုက်မှာ ပျောက်နေတယ်.....အဲ့အတွက်. အမှတ် ၅၀,၀၀၀ပေးထားတယ်..."

လီလော့က ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။

"ငါတို့ ဒီကိုရောက်တဲ့ အချိန် မစ်ရှင်ရခဲ့တာဆိုတော့၊ ဒီနေရာကိုပိတ်ချလိုက်ပြီပေါ့...."

“ပျောက်နေတဲ့အဖွဲ့ …”

မင်းသမီးက သံသယဖြစ်ဖွယ်ပြောလိုက်သည်။

"ငါတို့အားလုံးမှာ ဝိညာဉ်မှန်တွေရှိတယ်..... သေစေနိုင်တဲ့အန္တရာယ်ရှိရင် တပ်ဖွဲ့တွေက မှန်ကိုရိုက်ခွဲပြီး လွတ်မြောက်သွားနိုင်တယ်.

.. အဖွဲ့တစ်ဖွဲ့ ဘာကြောင့် ပျောက်သွားရတာလဲ"

ကျန်းချင်းအာနှင့် လီလော့တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။

"မိုးကြိုးတောင်တန်း ငါတို့ထင်ထားတာထက် ပိုအန္တရာယ်များနေပုံပဲ"

လီလော့ တောင်တန်းကို မျှော်ကြည့်လိုက်ပြန်သည်။ ဤနေရာတွင် သဘာဝမိုးခြိမ်းသံနှင့် စွမ်းအင်များ အလွန်ထူထပ်သောကြောင့် အကျင့်ပျက်ခြစားမှုများသည် ဤဧရိယာအတွင်းသို့ မဝင်ရောက်နိုင်ပေ။ ထို့ကြောင့် သတိလက်လွတ်နေမိဖို့လွယ်ကူပေလိမ့်မည်။

ဒီတောင်တန်းကြီးက မြင်နေရသလိုမရိုးရှင်းဘူး......

"ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်ကြရအောင်"

လီလော့နှင့်ကျန်းချင်းအာ က ခေါင်းညိတ်လိုက်သည်။ သူတို့ ဒီကို ရောက်နေပြီမို့ ကြန်လှည့်ဖို့မဖြစ်နိုင်တော့ပေ။

အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့် နှင့် မတွေ့ဆုံသရွေ့ ၎င်းတို့သည် မည်သည့်အရာကိုမဆို ရင်ဆိုင်နိုင်မည်ဖြစ်သည်။

သူတို့သေချာဆုံးဖြတ်ပြီးနောက် ခရီးနှင်ခဲ့ကြသည်။

တောင်ပေါ်ကို ရောက်သွားတော့ မင်းသမီးနဲ့ ကျန်းချင်းအာ နှစ်ယောက်စလုံး ရုတ်တရက် ရပ်ပြီး ညာဘက်ကို လှည့်ကြည့်လိုက်သည်။

"ဒီမှာ တစ်ယောက်ယောက်ရှိနေတယ်...."

"အခြားအသင်းတွေ ဖြစ်နိုင်တယ်"

"ဒါဆို ငါတို့တဖွဲ့တည်း အရေးပေါ်မစ်ရှင်ရခဲ့တာ မဟုတ်ဘူး..."

လီလော့ ခေါင်းညိတ်လိုက်သည်။

ညာဘက်ကို မျှော်ကြည့်လိုက်တော့ သူတို့ဆီ လာနေတဲ့ လူတစ်စုကို တွေ့လိုက်ရသည်။

လူခြောက်ယောက်...အဖွဲ့ နှစ်ဖွဲ့.....

ထိုလူစုထဲတွင် ရင်နှီးနေသူတစ်ယောက်ကိုမြင်လိုက်ရသဖြင့် လီလော့ အံသြနေသည်။

" လုမင်...."

All Chapters