← Chapters

မိုးကြိုးသစ်သီး...

Vol. 39 Ch. 542

မိုးကြိုးသစ်သီး...

Vol. 39 Ch. 542

ချီတက်နေသောတပ်များအထက်တွင် မိုးခြိမ်းသံသည် သိသိသာသာ ကျယ်လောင်လာပြီး ဘက်ပေါင်းစုံတွင် ပဲ့တင်ထပ်သွားသည်။

မိုးကြိုးတောင်တန်းတွင် အကျင့်ပျက်ခြစားမှုများသည် များစွာ အားနည်းသော်လည်း အဖွဲ့သုံးဖွဲ့စလုံး သတိမပြတ်ရဲကျပေ။ ယင်းအစား၊ ၎င်းတို့သည် ပျောက်ဆုံးနေသောအဖွဲ့ကို ရှာဖွေရာတွင် ယခင်ကထက် ပို၍သတိထားခဲ့ကြသည်။ ဤနေရာအထိရောက်လာနိုင်သော ကျောင်းသားများက အားနည်းကြမည်မဟုတ်ပေ။

၎င်းတို့သည် တိုက်ပွဲများနှင့် အခြားအန္တရာယ်များစွာကို ကျော်ဖြတ်ကာ ၎င်းတို့၏ စွမ်းရည်များကို မြှင့်တင်ပေးခဲ့ကြသည့် ၎င်းတို့၏ ကျောင်းများတွင် အကောင်းဆုံး၊ အထက်တန်းစား ကျောင်းသားများဖြစ်သည်။

အဖွဲ့တစ်ဖွဲ့ ပျောက်ကွယ်သွားသည့်အချက်မှာ သူတို့အားလုံးအတွက် ကြီးမားသောစိုးရိမ်မှုတစ်ခုဖြစ်သည်။

ကောင်းကင်ပုလဲအဆင့် ခေါင်းဆောင် သုံးဦးသည် အဖွဲ့တစ်ခုလုံးကို စောင့်ကြပ်ပေးခဲ့သည်။ မင်းသမီးက အချက်ပြပြီး ရှေ့တန်းကနေ သူတို့အတွက် လမ်းဖွင့်ပေးကာ ချင်ယွဲ့ သည် အလယ်တွင် ကျန်နေခဲ့ပြီး ကျောက်ပိုင်လီသည် နောက်တန်းမှ အကာအကွယ်ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် အမြင့်ဆုံး ဘေးကင်းမှုပုံစံဖြင့် ရွှေ့ပြောင်းခဲ့ကြသည်။

သူတို့သည် တောင်တန်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ခရီးဆက်ခဲ့ကြသော်လည်း ကမ္ဘာခြားသက်ရှိများ၏ အရိပ်အယောင် လုံးဝမတွေ့ရပေ။

မိုးကြိုးတောင်တန်းသည် ရွံနီ ပြည်နယ်တစ်ခုလုံးတွင် အသန့်ရှင်းဆုံးဒေသဖြစ်နိုင်သည်။

……

တောင်တန်းရဲ့ မှောင်မိုက်နေတဲ့ ထောင့်တစ်နေရာမှာ........

မြစ်စောင့်မြို့ ထက်တောင် ဒီနေရာက အညစ်အကြေးတွေပိုထူထပ်နေသည်။

အမှောင်ထဲက ကျောက်တုံးကြီးပေါ်တွင်.....

အနက်ရောင်သူရဲကောင်းတစ်ဉီးသည် ဆိုးသွမ်းသောအငွေ့အသက်ဖြင့် လောင်ကျွမ်းနေသော နံ့သာတိုင်တစ်ချောင်းကို ထွန်းညှိနေသည်။

မီးခိုးတွေ တက်လာပြီး မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည့်အခါအနက်ရောင် သူရဲကောင်းသည် ကြမ်းပြင်ပေါ်တွင် ဝပ်တွားလိုက်သည်။

“ကြီးမြတ်သောအရှင်.... နောက်ထပ် အဖွဲ့တွေ မိုးကြိုးတောင်ကို ရောက်လာကြပြီ” ဟု အနက်ရောင်သူရဲကောင်း ရိုသေကျိုးနွံစွာဖြင့်

ပြောလိုက်သည်။

မီးခိုးငွေ့အတွင်းမှ အနီရဲရဲ အရိပ်အယောင်က ရယ်မောလိုက်သည်။

"အသက်ရှင်ချင်စိတ်မရှိတဲ့ ဗဟိုကျောင်းသားသမဂ္ဂရဲ့နောက်လိုက်လေးတွေမလား.... သူတို့အားလုံးကို ရှင်းပစ်လိုက်.... သူတို့တွေက ကျောင်းအားလုံးရဲ့ လက်ရွေးစင် ကျောင်းသားအသစ်တွေမို့ ဒီကျောင်းသားတွေသေဆုံးတဲ့အခါ ဗဟိုကျောင်းသားသမဂ္ဂဘက်က ထိခိုက်နာကျင်စရာတွေဖြစ်လိမ့်မယ်....."

"အိမ်နီးချင်းနိုင်ငံတွေဆီကနေ အကူအညီမယူဘဲ ဘာလို့ ရှန့်ပိန်းတွေ့ဆုံပွဲကို ဒီနေရာမှာကျင်းပရတာလဲ....... ကြည့်ရတာ ထင်ထားသလောက် ရိုးရှင်းမနေဘူး.... "

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်၊ ငါက ရွှံနီ ပြည်နယ်ရဲ့ တာဝန်ခံမို့ ဒီမှာ သူတို့ဆန္ဒအတိုင်း လုပ်ခွင့်မပေးနိုင်ဘူး.... မိုးကြိုးတောင်တန်းက ငါ့အတွက် အရေးကြီးတဲ့ အနေအထားဖြစ်ပြီး အညစ်အကြေးကင်းစင်နေရမယ်။ မင်း မြစ်စောင့်မြို့ကို လုံခြုံအောင် မထိန်းသိမ်းနိုင်ခဲ့ဘူး၊ မိုးကြိုးတောင်တန်းမှာ တစ်ခုခုဖြစ်သွားရင် အကျိုးဆက်ကို မင်းသိမှာပါ......"

အနက်ရောင်သူရဲကောင်းသည် မြေပြင်နှင့်တသားတည်းဖြစ်လုမတတ် ဝပ်တွားနေပြီး.....

"စိတ်မပူပါနဲ့ ကြီးမြတ်သောအရှင်....

မိုးကြိုးတောင်တန်းကို အရှင်ကိုယ်တိုင် အထူးရွေးချယ်ပြီး ပြင်ဆင်ထားတာမို့ မတော်တဆမှုတွေ ဖြစ်မလာစေရပါဘူး..!"

အနီရောင်အရိပ်သည် ခေါင်းညိတ်ပြီးနောက် မီးခိုးများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

…….....

"အင်း၊ ဒါက မိုးကြိုးတောင်တန်းပဲ..."

တပ်ဖွဲ့သုံးစုသည် အခြားတောင်များထက် မြင့်သော တောင်တစ်လုံးရှေ့တွင် ရပ်တန့်သွားကြသည်။ သူတို့သည် ယခု တောင်တန်း၏ အလယ်ဗဟိုတွင် ရှိနေသည်။

"ခရီးလမ်းတစ်လျှောက်လုံး တိတ်ဆိတ်လွန်းတယ်"

မင်းသမီးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

တခြားသူတွေကလည်း ခေါင်းညိတ်လိုက်ကြသည်။ကမ္ဘာခြားသက်ရှိများနှင့်ကြုံတွေ့ခဲ့ကြသဖြင့် အခုလို အေးချမ်းသာယာသောလမ်းခရီးကြောင့် အလွန်စိတ်မသက်မသာဖြစ်နေရသည်။

"တကယ်လို့ ဒီနေရာက အရမ်းလုံခြုံရင် ပျောက်နေတဲ့အဖွဲ့က ဘယ်ရောက်သွားတာလဲ"

ချင်ယွဲ့ က စိတ်တိုတိုနှင့်ပြောလိုက်သည်။

တပ်ဖွဲ့များသည် တစ်ယောက်ကိုတစ်ယောက် လှည့်ပတ်ကြည့်ရှုပြီးနောက် ၎င်းတို့၏ ပဲ့တင်ထပ်သံစွမ်းအားများကို တိတ်တဆိတ် စတင်စုဆောင်းနေကြသည်။

“တောင်ပေါ်တက်ပြီး ကြည့်လိုက်ရအောင်”

မင်းသမီးက ဆုံးဖြတ်လိုက်တယ်။

ကန့်ကွက်သူမရှိခဲ့ဘဲ နောက်နှစ်နာရီအကြာတွင် သူတို့သည် ကြီးကျယ်ခမ်းနားသော မိုးကြိုးသစ်ပင်ကို မျှော်ကြည့်နေကြသည်။

ငွေရောင်ပင်စည်သည် သတ္တုဖြင့်ပြုလုပ်ထားပုံရပြီး ၎င်း၏အကိုင်းအခက်များနှင့်ကြီးမားသော အရွက်များကအလွန်ထူးဆန်းဖွယ်ကောင်းလှသည်။

ရှန်းလိသစ်ပင်နှင့် ရင်းနှီးကျသောကြယ်တာယာခရီးရှည်ကောလိပ် ကျောင်းသားများအတွက်ပင် ယင်းကို အနီးကပ်မြင်ရသည်မှာ ရင်သပ်ရှုမောစရာပင်......

"ဘာမှထူဆန်းတာမတွေ့သေးဘူး..."

ကျောက်ပိုင်လီက သူတို့ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

ကမ္ဘာခြားသက်ရှိများး အရိပ်အယောင် မတွေ့ရသေးပေ။

ကျန်းချင်းအာက သစ်ပင်ကို သေသေချာချာ စစ်ဆေးနေသည်။ အထူးသဖြင့် အကိုင်းအခက်တစ်ခုပေါ်တွင် ငွေသီးနှစ်လုံးတွဲချိတ်ထားသည့်ကို အထူးသဖြင့် ကြည့်နေသည်။ လျှပ်စီးကြောင်းများသည် အသီးအနှံများကို ဖုံးလွှမ်းသွားကာ ၎င်းတို့အပေါ်တွင် အက်ကွဲရာများဖြစ်ပေါ်စေသည်။

"ဒါတွေက မိုးကြိုးသစ်သီး တွေလား?"

တခြားသူတွေက သူ့စကားကြားတော့ အားလုံးက အသီးအနှံတွေကို စိတ်ဝင်တစား ကြည့်နေကြသည်။

ဟုတ်ပေသည်။ သူတို့အားလုံးဟာ မိုးကြိုးသစ်သီးတွေရဲ့ သွေးဆောင်မှုကြောင့် မိုးကြိုးတောင်ကို ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ၎င်းသည် အနည်းဆုံး ခန္ဓာကိုယ်ကို အားကောင်းစေမည်ဖြစ်ပြီး လုံလောက်သော အရည်အချင်းရှိပါက၊ ၎င်းတို့အား မှန်ကန်သော သန့်စင်မှုဖြင့် မိုးကြိုးနတ်ဘုရားကိုပင် ဖန်တီးနိုင်မည်ဖြစ်သည်။

မင်းသမီးလို ကြွယ်ဝချမ်းသာသူပင် ဒီအလားအလာကို စိတ်ဝင်စားခဲ့သည်မဟုတ်လော......

မင်းသမီးသည် အသီးနှစ်လုံးကို ခုတ်ထစ်ရန် အစိမ်းရောင်စွမ်းအင်များကို အသုံးပြု၍ လက်တစ်ဖက်ကို ဂရုတစိုက် မြှောက်လိုက်သည်။

အားလုံးက အနီးကပ်ကြည့်ရင်း သစ်သီးများထံမှမိုးခြိမ်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။

“ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ”

မင်းသမီးက အံ့ဩသွားသည်။

"ဒါပေမယ့် သစ်သီးကနှစ်လုံးပဲရှိတယ်.... ငါတို့က အများကြီးပဲ.....ဒါတွေကို ဘယ်လိုခွဲရမလဲ"

အထူးသဖြင့် ချင်ယွဲ့ နှင့် ကျောက်ပိုင်လီ တို့၏ မျက်လုံးများ တောက်ပလာခဲ့သည်။ ကောင်းကင်ပုလဲအဆင့် ပြုစုပျိုးထောင်သူများအနေဖြင့် ထိုသစ်သီးများအတွက် ယှဉ်ပြိုင်ရန် သူတို့တွင်အခွင့်အရေးရှိနိုင်သည်။

သို့သော်လည်း ထုတ်မပြောဝံ့ကြပေ။

မင်းသမီးက သူတို့ကို သိသိကြီးဖြင့်အကဲခန်ရင်း မျက်ခုံးပင့်လိုက်သည်။

"ဒါက စိတ်ဝင်စားစရာကောင်းမနေဘူးလား.... ငါတို့ကအဖွဲ့သုံးဖွဲ့.... အသီးကနှစ်လုံးတည်း... ဒါက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ ကြိုတင်ကြံစည်မှုလား...."

ချင်ယွဲ့ နှင့် ကျောက်ပိုင်လီတို့ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းသမီး.... တစ်စုံတစ်ဦးက အချင်းချင်း ရန်တိုက်ပေးဖို့အခုလိုကြံစည်ထားတယ်လို့ပြောချင်တာလား....."

ချင်ယွဲ့က မေးသည်။

“ဖြစ်ကောင်းဖြစ်နိုင်တယ်....”

ကျန်းချင်းအာက အသီးအနှံများကို အနီးကပ်ကြည့်နေပြီး....

"မင်းသမီး... ကျွန်မကို တစ်ချက်လောက်စမ်းသပ်ခွင့်ပြုပါ....."

မင်းသမီးက သစ်သီးတစ်လုံးကို ကျန်းချင်းအာထံကမ်းပေးလိုက်သည်။

အားလုံး၏အကြည့်အောက်တွင် ကျန်းချင်းအာက မိုးကြိုးသစ်သီးကို လက်နှစ်ဘက်နဲ့ ကိုင်လိုက်ပြီး ပြင်းထန်စွာ ဖိချေလိုက်သည်။

အတွင်းမှ လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာသည်။

ကျန်းချင်းအာ၏ လှုပ်ရှားမှုသည် ချင်ယွဲ့ နှင့် ကျောက်ပိုင်လီတို့ကို တပ်လှန့်လိုက်သလိုဖြစ်စေခဲ့သည်။

သစ်သီး အတွင်းမှ လျှပ်စီးကြောင်းသည် အနက်ရောင်ဖြစ်ပြီး အတွင်းတွင် ပုပ်သိုးနေသော အပုပ်နံ့များ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဤအသီးအနှံများသည် ဖောက်ပြန်ခြင်း၏ မျိုးစေ့ဖြစ်သည်။

သူတို့ရဲ့လောဘကြောင့် ဘာတွေဖြစ်လာနိုင်သည်ကိုတွေးရင်းအားလုံး ထိတ်လန့်ကုန်ကြသည်။

ဤနေရာနှင့်ပတ်သက်၍ ထူးဆန်းမှုတစ်ခုခုရှိခဲ့သည်မှာ သေချာနေပြီဖြစ်သည်။

All Chapters