အထူးအချက်ပြမှု....
Vol. 39 Ch. 544
မိုးကြိုးတောင်တန်းပေါ်၌ တိုက်ပွဲများ ပြင်းထန်လာသည်။
အဘက်ဘက်မှ တိုက်ခိုက်နေသော လျှပ်စီးနွယ်ပင်များကြောင့် အားလုံးသတိမပြတ်ရဲဘဲ အသည်းအသန်ခုခံနေရသည်။
၎င်းတို့ထဲမှ အများစုကို မင်းသမီးနှင့် အခြားသော ကောင်းကင်ပုလဲအဆင့်ကျွမ်းကျင်သူများက ခုခံပေးနေရသည်။
ကျန်းချင်းအာနှင့်အခြားကြယ်သုံးပွင့် ခန်းမ ကျောင်းသားနှစ်ယောက်က သူတို့ကို ကူညီ ပေးခဲ့ကြပြ အောက်မှလာသော လျှပ်စီးစပျစ်နွယ်ပင်များကို သုတ်သင်ရှင်းလင်းရန် တာဝန်ယူနေကြသည်။
လီလော့၊ လုမင်နှင့် အောင်းပိုင်တို့သည် မိမိတို့၏ သေးငယ်သော စည်းဝိုင်းအတွင်း စုဝေးကြပြီး တိုက်ခိုက်မှုမှန်သမျှကို ရှောင်ရှားရန် ကြိုးစားနေကြသည်။ လီလော့ သည် အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာကာ တိုက်ပွဲအတွင်းပြန်လည်ပါဝင်နိုင်နေပြီဖြစ်သည်။
"နင် သက်သာရဲ့လား?"
လုမင်က မေးသည်။
လီလော့သည် ခပ်အေးအေးနေတတ်သော မိန်းကလေး၏ စိုးရိမ်သောကဖြင့်မေးသံကို အသိအမှတ်ပြုသည့်အနေဖြင့်ခေါင်းညိတ်လိုက်သည်။
လီလော့မည်းမှောင်နေသော မျက်နှာနှင့် ရှုပ်ပွနေသောဆံနွယ်များသည် ရယ်စရာကောင်းသလို သနားစရာ ကောင်းသော်လည်း သူမကို ကယ်တင်ထားသောကြောင့် မရယ်နိုင်ရှာခဲ့ပေ။
"ဒါဆို နင့်ကိုယ်နင် ဂရုစိုက်ပါ.... မြေကြီးထဲကထွက်လာတဲ့ လျှပ်စီးစပျစ်နွယ်ပင်တွေက ပိုများလာပြီ....."
လီလော့က ခေါင်းညိတ်ပြပြီး မြေပြင်ကို သတိထားကာ ငုံ့ကြည့်နေသည်။
ဒီထူးခြားတဲ့အချက်ပြမှု..... သူ စိတ်ကူးယဉ်နေတာများလား.....တကယ်သာဆို ဘာကိုအချက်ပြချင်တာလဲ.....
လီလော့ အတော်လေး သိချင်နေမိသည်။ အရေးကြီးသော သတင်းစကားတစ်ခု ဖြစ်နိုင်သည်ဟုလည်းခံစားမိသည်။
အစစ်အမှန်ဆိုလျှင် အဘယ်ကြောင့် သူသည် ၎င်းကို ခံစားသိရှိသူ တစ်ဦးတည်း ဖြစ်နေရ
သနည်း။
မင်းသမီး၊ ကျန်းချင်းအာနဲ့ တခြားသူတွေဟာ အသီးအသီး နွယ်ပင်ဒါဇင်ပေါင်းများစွာကို ခုတ်လှဲခဲ့ကြသည်။ သို့သော်လည်း သတင်းစကားပေးပို့ထားကြောင်း ၎င်းတို့အနက်မှဘယ်သူမှ သတိမထားမိခဲ့ပေ။
လီလော့ အချိန်ယူတွေးတောချင်နေခဲ့သည်။ သူသည် အခြားတိုက်ခိုက်ရေးသမားများကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ရောင်စုံ ပဲ့တင်ထပ်သံစွမ်းအားများ ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရသည် ..
. “အရောင် !
“ရင်းနှီးကျွမ်းဝင်နေတဲ့ ပဲ့တင်ထပ်သံ...."
"သစ်သားပဲ့တင်သံ!"
ဤနေရာတွင် အခြားမည်သူမျှ သစ်သားပဲ့တင်ထပ်သံ မရှိကြပေ။
သစ်သားပဲ့တင်ထပ်သံစွမ်းအားက သူ့ကို ကမ္ဘာပေါ်ကရှိသမျှသောအပင်တိုင်းနှင့် တမူထူးခြားစွာ အာရုံခံနိုင်စွမ်းကို ပေးစွမ်းနိုင်သည်။၎င်းတို့ထဲတွင်... မိုးကြိုးသစ်ပင်လည်းပါဝင်နေသည်။
ဤသည်မှာ အခြားသူများမခံစားရသောအရာကို ခံစားနေရခြင်းအတွက် ကျိုးကြောင်းဆီလျော်သောရှင်းပြချက်ဖြစ်ကောင်းဖြစ်နိုင်သည်။
အဲဒီလိုဆိုရင်၊ သူတို့ရှေ့က မိုးကြိုးသစ်ပင်က အော်ဟစ်အကူအညီတောင်းခံနေတာလား.....
သူကတော့ ဒါဟာ ဖြစ်နိုင်ချေရှိတဲ့ ယူဆချက်တစ်ခုလို့ ထင်သည်။ မိုးကြိုးသစ်ပင် သည် ကမ္ဘာ့အံ့ဖွယ်တစ်ခုပင်.... ၎င်းတွင် အဆက်မပြတ် ဖြည့်စွမ်းနိုင်သော ကြီးမားသော စွမ်းအင်သိုလှောင်ကန်တစ်ခု ရှိသည်။ထို့ကြောင့် ကိုယ်ပိုင်အသိစိတ်လည်းအတိုင်းအတာတစ်ခုအထိတော့ ရှိကောင်းရှိနိုင်သည်။
ဒါ့ကြောင့်သူ့ကို အကူအညီတောင်းခဲ့တာလား......
"လီလော့...နင်ဘာတွေတွေးနေတာလဲ....
ဒဏ်ရာတွေ ပိုဆိုးလာလို့လား"
လုမင်သည် လီလော့၏ မျက်နှာပေါ်တွင် အိပ်မက်ဆန်သော အရိပ်အယောင်တစ်ခု ရှိနေသည်ကို မြင်လိုက်ရပြီး စိုးရိမ်စိတ်ဖြင့် သတိလှမ်းပေးလိုက်သည်။
လီလော့ ခေါင်းယမ်းလိုက်သည်။
"ငါအဆင်ပြေပါတယ်... လုမင် နင် ငါ့ကို တစ်ခုလောက်ကူညီပေးနိုင်မလား...."
သူမ သူ့ကို ထူးဆန်းစွာ ကြည့်နေပြီး....
"ဒီအချိန်မှာ ဘယ်လိုကူညီပေးရမှာလဲ "
လီလော့က တုံ့ဆိုင်းသွားပြီး
"ငါ့ကို တိုက်ခိုက်ဖို့ လျှပ်စီးစပျစ်နွယ်ပင်ကို လမ်ကြောင်းလွှဲပေး.... ဒါပေမယ့်လျှပ်စီးတွေက ငါ့တစ်ယောက်တည်း ကိုယ်တွယ်ဖို့ ပြင်းလွန်းတယ်။ တိုက်ခိုက်တာကို သက်သာအောင် ကူညီပေးဖို့ ငါမင်းကို လိုအပ်တယ်...."
လုမင်က သူ့ကို နားမလည်နိုင်သည့်အကြည့်မျိုးဖြင့် စိုက်ကြည့်နေသည်။
"နင့်ကိုတိုက်ခိုက်ဖို့ လျှပ်စီးစပျစ်နွယ်ပင်တွေကိုလမ်းလွှဲပေးရမယ်... နင် ရူးနေပြီလား.... ပထမတစ်ခေါက်က သေလုနီးပါးဖြစ်သွားတာမမှတ်သေးဘူးလား... "
လုမင် ကိုယ်တိုင်လည်း ပုံရိပ်ယောင်နှင့် လျှပ်စီး ပဲ့တင်ထပ်သံ နှစ်ခုရှိသောကြောင့် သူမသည် ပြိုင်ဘက်များ မကြာခဏ ခံရလေ့ရှိသော နာကျင်မှုနှင့် အာရုံလွဲမှားခြင်း၏ ထူးခြားသော အတွေ့အကြုံများနှင့် ရင်းနှီးခဲ့သည်။ တခါတရံမှာ ဝေဒနာကို ခံစားရတဲ့ ထူးဆန်းသူတွေ ရှိခဲ့ဖူးသည်။
" ငါမရူးပါဘူး.... အခြေအနေကို ပြောင်းလဲပေးနိုင်တဲ့ အသိဥာဏ်တစ်ချို့ ရှိသေးပါတယ်!"
"သေချာလား."
လုမင်က သံသယစိတ်ဖြင့် မေးလိုက်သည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ရလေသည်။
"နင် ငါ့ကိုမယုံဘူးပဲ....."
လီလော့ တစ်ဝက်တပျက် ရေရွတ်လိုက်သည်။ သူသည် ဂျုံခင်းတစ်ခုလိုများပြားလှသည့် လျှပ်စီးစပျစ်နွယ်ပင်များကို စူးစူးဝါးဝါး စိုက်ကြည့်နေသော ကျန်းချင်းအာကို ကြည့်လိုက်သည်။ သူမသည် စပျစ်နွယ်ပင်အမြောက်အများကို စွဲဆောင်နေပြီဖြစ်သည်။
"ချင်းအာ... အားနည်းတဲ့ စပျစ်နွယ်ပင်တွေကို ငါ့ဆီ ပို့ပေး....."
နှစ်ယောက်ကြားက ယုံကြည်မှုက နက်ရှိုင်းလွန်းပြီး သူ့ရဲ့ထူးဆန်းတဲ့တောင်းဆိုမှုကို မေးခွန်းမထုတ်ဘဲ ယုံကြည်သည်အထိ နက်ရှိုင်းခဲ့ပါသည်။
သူ့အော်သံကိုကြားတော့ ကျန်းချင်းအာသည် သူမဓားမှ အလင်းစွမ်းအင်ကို တစ်စက္ကန့်မျှ ဖယ်ထုတ်ကာ ကျွမ်းကျင်စွာဖြင့် စပျစ်နွယ်ပင်များနှင့် ရင်ဆိုင်ရသည်။ ကြီးမားလှသော လွှဲအားဖြင့် လီလော့ဆီသို့ နွယ်ပင်များကို ပို့ပေးနိုင်ခဲ့သည်။
လျှပ်စီးစပျစ်နွယ်ပင်သည် မည်သည့်နေရာတွင် ရှိနေသည်ကို ဂရုမစိုက်ဘဲ ရူးသွပ်စွာ ပြေးလွှားနေသည်။ မကြာမီမှာပင် လီလော့ ၏ မျက်နှာရှေ့တွင် အက်ကွဲနေပြီး လျှပ်စီးလက်သွားသည်။
၎င်းသည် နဂါးတစ်ကောင်ကဲ့သို့ တုန်ခါကာ အက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ လေထုကိုပင် လောင်ကျွမ်းစေသည်။
ကျန်းချင်းအာဘက်က စပျစ်နွယ်ပင်ကို ပို့လွှတ်လိုက်သောအခါ လုမင် အလန့်တကြား အော်ဟစ်လိုက်မိသည်။ ကြယ်သုံးပွင့်ခန်းမမိန်းကလေးသည် ယင်းကို အလွယ်တကူကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း ၎င်းတို့နှစ်ဦးမှာ ဆရာသခင်အဆင့်မျှသာရှိသေးသည်မဟုတ်လော.......
သူမ မပေါ့ဆဝံ့တော့ဘဲ သူမ၏ သေးသွယ်သောလက်များက သားကို ဆုပ်ကိုင်ထားပြီး သူမ၏ စွမ်းအားနှစ်ခု၏ အပြည့်အဝထုတ်ဖော်လိုက်လေသည်။
ဝုန်းးးးဝုန်းးးးး
ပါးလျသောဓားသွားသည် ၎င်း၏ ကိုယ်ပိုင်လျှပ်စီးကြောင်းကို ဖန်တီးထားသည်။၎င်းသည် အခြားစွမ်းအားများနှင့်မတူဘဲ၊ သူမ၏လျှပ်စီးကြောင်းသည် ပေါက်ကွဲမှုမဖြစ်စေဘဲ လျှပ်စီးစပျစ်နွယ်ပင်ပေါ်သို့ ကျရောက်နိုင်သည်။
စပျစ်နွယ်ပင်အောက်ရှိ မြေပြင်သည် လျှပ်စီးဓာတ်ပြောင်းပြန်စီးဆင်းမှုကြောင့် မည်းနက်သွားခဲ့သည်။
လုမင်၏ ဓားစွမ်းအင်များ ကုန်ဆုံးသွားပြီး မကြာမီတွင် နွယ်ပင်များ လှုပ်ရှားလာပြန်သည်။ သူမ ခြေလှမ်းတစ်ဒါဇင်ခန့်နောက်ဆုတ်လိုက်ရပြီး သူမ၏ ဓားသည်လည်း ယခု တိုက်ခိုက်မှုကြောင့် ပူလောင်နေသည်။
"လီလော့ သတိထားပါ!"
သူမ၏ ခွန်အားအပြည့်ဖြင့်တိုက်ခိုက်ခဲ့သည့်တို့ လျှပ်စီးစပျစ်နွယ်ပင်ကို အနည်းငယ်သာ အားပျော့စေခဲ့သည်။
လီလော့က ခေါင်းညိတ်လိုက်သည်။ စပျစ်နွယ်ပင် ချဉ်းကပ်လာသည်ကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် သူ့ကိုယ်ပိုင် ပဲ့တင်ထပ်သံ နှစ်ခုကို ထုတ်လွှင့်ပြီးနောက် နွယ်ပင်များကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ဖျစ်းးးးဖျစ်းးးးးး
လျှပ်စီးစွမ်းအင်များသည် လီလော့၏လက်မှတဆင့် တဟုန်းဟုန်းတောက်နေသော မြစ်တစ်ဆင်းကဲ့သို့တကိုယ်လုံးကို လွှမ်းမိုးသွားသည်။ ထုံကျင်နေသော စွမ်းအင်များက သူ့အား စုပ်ယူသွားသည်ကို ခံစားလိုက်ရပြီး အံကြိတ်ကာရင်ဆိုင်နေရသည်။
လျှပ်စီးများက လီလော့၏ လက်ဖဝါးပေါ်ရှိ အသားများကို ချက်ပြုတ်ပေးသည့် ပြင်းထန်သော စွမ်းအင်များ ထုတ်လွှတ်ကာ လွတ်မြောက်ရန် ရုန်းကန်နေသော စပါးအုံးမြွေကဲ့သို့ သူ့လက်ထဲတွင် လွန့်လူးနေသည်။
ဒါပေမယ့် အထူးအချက်ပြမှု အရိပ်အယောင်မတွေ့ရသေးပေ။
လီလော့၏ နှလုံးသား နစ်မြုပ်သွားသလိုခ့စားလိုက်ရသည်။
သူတကယ် စိတ်ကူးယဉ်ခဲ့တာလား......
သူ့လက်ပေါ်က အရေပြားတွေ နီလာပေမယ့်လည်း နွယ်ပင်မျာကို ဆက်ကိုင်ထားဆဲပင်....
လီလော့ ဆက်မထိန်းနိုင်တော့ဘူးလို့ ခံစားနေရချိန်တွင် အေးစက်တဲ့လက်တစ်စုံက သူ့လက်နှစ်ဖက်ပေါ်ကို ဖိလိုက်ကာ လျှပ်စီးကြောင်း တစ်စိတ်တစ်ပိုင်းကို လမ်းကြောင်းပြောင်းသွားစေသည့်အတွက် သက်သာရာရသွားခဲ့သည်။
"လီလော့ နင် ရူးနေလား?!"
လုမင်က လှမ်းအော်လိုက်ပြီး စပျစ်နွယ်ပင်ကိုကိုင်ကာ စွမ်းအင်စီးဆင်းမှုနဲ့ အပူအချို့ကို လွှဲဖယ်ဖို့အမြန်ပြေးလာနေသည်ကိုမြင်လိုက်ရသည်။
"ဟမ်...ဒါ..ဒါက..."
လီလော့ က လန့်သွားသည်။
"နည်းနည်းလောက် ကူညီပေးပါဉီး... .!"
လုမင် အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။
သူတို့ နှစ်ယောက်၏လက်ထဲကလျှပ်စီးစပျစ်နွယ်ပင်ကြီးစွမ်းအားကုန်ခမ်းသွားသည့်အခိုက်တွင် အချက်ပြမှုကို ထပ်မံခံစားလိုက်ရသည်။
ဒီတစ်ခါတော့ သူ့ခေါင်းထဲမှာ ထူးဆန်းတဲ့ ပုံရိပ်တို့နှင့်ပြည့်နှက်နေသည်။
ညစ်ညမ်းမှုနှင့်အတူ ပိန်းပိတ်အောင် မှောင်မည်းနေသောအမှောင်ထု.......
သစ်ပင်၏အသက်ကို စုတ်ယူထားသော ထူထဲသော ခရမ်းရောင်အညစ်အကြေးများကို ငွေရောင်သစ်မြစ်များက ဖုံးအုပ်ထားသည်။
လီလော့ သစ်ပင်အောက်မှ အော်ဟစ်သံများကို ကြားလိုက်ရသည်။
ခဏအကြာတွက်သူ့မျက်လုံးတွေ ပွင့်လာပြီး ပုံမှန်အတိုင်း ပြန်မြင်နိုင်ခဲ့သည်။
မိုးကြိုးတောင်တန်းတွင် ကမ္ဘာခြားသက်ရှိ တစ်ကောင်မျှ မတွေ့နိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ သူတို့အားလုံး သစ်ပင်ခြေရင်းတွင် မြုပ်နှံခံထားရပြီး ဆိုးယုတ်မှုမှန်သမျှကို သစ်မြစ်ကစုပ်ယူသွားသောကြောင့်ပင်.....