လုမင်ကိုသွေးဆောင်ခြင်း....
Vol. 39 Ch. 545
သတင်းအချက်အလက်တွေ သူ့စိတ်ထဲ ဖျတ်ခနဲ လင်းလက်သွားပြီး လီလော့ရဲ့ မျက်လုံးတွေ ပွင့်လာကာ လက်တွေ့လောကသို့ပြန်ရောက်လာခဲ့သည်။
"လီလော့ နင် အဆင်ပြေရဲ့လား"
လုမင်က စိုးရိမ်တကြီး မေးလိုက်သည်။
လီလော့က သူမ စိတ်ချမ်းသာအောင် ခေါင်းညိတ်လိုက်ပြီး နွယ်ပင်ကို လွှင့်ပစ်လိုက်သည်။
"အဲဒါဘာကြီးလဲ"
"ငါ...ပြောပြမယ်....- ငါတို့ဒီအခြေအနေကနေလွတ်မြောက်ဖို့လမ်းစတွေ့ပြီ..."
လီလော့ ပြုံးလိုက်သည်။
"ဟမ်....... နင်...နင်တွေ့ပြီလား?"
"အင်း.... မိုးကြိုးသစ်ပင်က ငါတို့ကို ဘာ့ကြောင့် တိုက်ခိုက်နေတယ်ဆိုတာလည်း သိခဲ့ရပြီ...."
သူမ သူ့ကို စိုက်ကြည့်နေသည်။ လီလော့ကိုကြည့်ရသည်မှာ လုံးဝအလေးအနက်ထားနေပုံရသဖြင့် သံသယစိတ်ကိုမျိုသိပ်ထားဖို့ဆုံးဖြတ်လိုက်သည်။
"ဒါဆို ငါတို့ကို ဘာလို့ တိုက်ခိုက်နေတာလဲ"
“ဘာလို့လဲဆိုတော့ တိုက်စားခံထားရလို့ပေါ့... ”
မိုးကြိုးသစ်သီးထဲတွင် အကျင့်ပျက်ခြစားမှုမျိုးစေ့များရှိနေသည်မှာ မထူးဆန်းတော့ပေ။
ဤနေရာတွင် အကျင့်ပျက်ခြစားမှု အားနည်းနေပြီး ကမ္ဘာခြားသက်ရှိများ၏ အရိပ်အယောင်လည်းမရှိပေ။ ထို့အပြင်၊ မိုးကြိုးသစ်ပင်သည် မယုံနိုင်လောက်အောင် စွမ်းအင်များဖြင့် အံ့ဖွယ်နည်းဖြင့် တည်ရှိနေခဲ့သည်။ ဤမျှ အလွယ်တကူ ဖောက်ပြန်ပျက်စီးသွားနိုင်ပါသလား......
"ဒီမှာ အဂတိလိုက်စားမှု အားနည်းရတဲ့ အကြောင်းရင်း မရှိတာ မဟုတ်ဘဲ အားလုံးက တောင်ခြေမှာ စုစည်းနေတာကြောင့်ပါ..." ဟု လီလော့က တောင်ခြေရင်းကို လက်ညှိုးထိုးပြကာ စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်။
သူ့စိတ်ထဲတွင် မြင်လိုက်ရသည့် ပုံရိပ်အရ ကမ္ဘာခြားသက်ရှိများအားလုံး မိုးကြိုးသစ်ပင်၏ အမြစ်တွင် စုရုံးကာ ထိုနေရာမှ မကောင်းမှုများကိုစုပ်ယူထားပုံရသည်။
လုမင်က သူ့စကားတွေကို စဉ်းစားနေပြီးယုတ္တိတန်သည်ဟု နားလည်လိုက်သည်။
"နငိ ဘာလုပ်ဖို့ စိတ်ကူးထားလဲ၊ သစ်ပင်က ယိုယွင်းနေပြီး ငါတို့ကို တိုက်ခိုက်နေတယ် ဆိုတာ ငါတို့သိပြီ... ဒါပေမယ့် အမှန်အတိုင်းပြောရရင် ဒီပြင်းအားကို သန့်စင်ဖို့ ငါတို့မှာ လုံလောက်တဲ့ စွမ်းအားမရှိဘူး..."
မိုးကြိုးသစ်ပင်သည် ကောင်းကင်ပုလဲအဆင့်သုံးယောက်ကိုအသာအယာဖိနှိပ်နိုင်သည့်အတွက် ၎င်းကိုဖိနှိပ်ချင်ပါက မြို့စားအဆင့်စွမ်းအားမျိုးရှိရန်လိုပေလိမ့်မည်။
"ဖြစ်နိုင်တယ်....သစ်ပင်ရဲ့လက်ကျန်အသိစိတ်က ဆုပ်ကိုင်ထားတဲ့ ခံစားချက်တွေ ကျန်နေသေးတဲ့ အရိပ်အယောင်တွေကနေ အချက်ပြမှုတွေထွက်လာတာဆိုတော့ သစ်ပင် လုံးဝပျက်စီးမသွားဘူးဆိုတာ သက်သေပြနေတယ်.... ဒါကို ကူညီနိုင်ရင် သူ့အလိုလို သန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိလာနိူင်တယ်.... သစ်ပင်အိုကြီးတွေကို လျှော့မတွက်နဲ့...."
လုမင်က သူပြောခဲ့တာတွေက အမှန်ဖြစ်ပါစေဟုသာ မျှော်လင့်နေသည်။
"နောက်ထပ်ပြဿနာတစ်ခုက.... အဲဒါကိုကူညီချင်ရင် ဘယ်ကနေစရမှာလဲ......"
အချက်ပြမှုကပေးပို့တဲ့ပုံရိပ်တွေကဘယ်လိုလုပ်ရမယ်ဆိုတာပြပေးထားတယ်...ဒါပေမယ့်... လွယ်မှာမဟုတ်ဘူး...."
"နင်....နင် အောက်အထိ ဆင်းသွားတာလား ၊ အမြစ်ထဲထိ ဆင်းသွားတာလား "
လီလော့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
လုမင်၏ နှလုံးသား နစ်မြုပ်သွားသည်။ အကျင့်ပျက်ခြစားမှုတွေနဲ့ ကမ္ဘာခြားသက်ရှိတွေ ပေါများနေတဲ့ မိုးကြိုးတောင်ခြေရင်းက အလွန်အန္တရာယ်များလှသည်။
"ဒီလိုမစ်ရှင်မျိုးက ကြယ်သုံးပွင့်နဲ့ ကြယ်လေးပွင့်ခန်းမကြီးတွေကို အပ်ထားရမှာ မဟုတ်လား...ငါတို့မှာ အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိသေးဘူး.... "
"သူတို့ မသွားနိုင်ဘူး..."
လီလော့ သက်ပြင်းချလိုက်သည်။
"ဘာလို့မဖြစ်နိုင်တယလဲ?"
လီလော့က လက်မြှောက်လိုက်ပြီး....
"ပထမအချက်....မိုးကြိုးသစ်ပင်ရဲ့ ကျန်ရှိနေတဲ့အသိစိတ်က လုပ်ဆောင်ချက် ဒါမဟုတ် ခွန်အားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး... ဒါ့ကြောင့် အကျင့်ပျက်ခြစားမှုက ကငါတို့ကို တိုက်ခိုက်ဖို့ သစ်ပင်ကို တွန်းအားပေးနိုင်တယ်... ငါတို့က သူရဲ့အလိုတော်အတိုင်း တိုက်စားခံထားရတဲ့နွယ်ပင်တွေကို အာရုံပြောင်းဖို့ မင်းသမီးနဲ့ အခြားသူတွေကိုလိုအပ်တယ်...."
"ဒုတိယအနေနဲ့၊ ငါတို့က သစ်ပင်ရဲ့အကျဉ်းထောင်ထဲမှာ ပိတ်မိနေပြီ။ ဒီထောင်ချောက်ထဲကနေ ရုန်းထွက်ပြီး မတူညီတဲ့နေရာကနေ ပြန်ဝင်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.... ဆိုလိုချင်တာက မိုးကြိုးသစ်ပင်ပေးပို့တဲ့အချက်ပြမှုက အကန့်အသတ်ရှိတာမို့ဒါကို ဆရာသခင်အဆင့်တွေပဲလုပ်နိုင်တယ်....."
"ဒီလိုအကြောင်းပြချက်တွေကြောင့်ပဲ.....ငါတို့လို ထမင်းချိုးဟင်းချ်ိုးလေးတွေသာဒီလုပ်ကိုလုပ်နိုင်မှာ......"
လုမင် ခဏမျှ တိတ်ဆိတ်သွားသည်။
"ကောင်းပြီ ....လီလော့၊ နင့်မှာ သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းရသွားပြီ.. ငါဒီမှာပဲနေပြီး နင့်ရဲ့အောင်မြင်မှုအတွက် ဆုတောင်းပေးမယ်.... ကံကောင်းပါစေ.....!"
"ဆရာသခင်အဆင့်က ငါတစ်ယောက်တည်းမှမဟုတ်တာ......"
လီလော့က အဓိပ္ပါယ်ပါပါပြောလိုက်သည်။
လုမင် မျက်လုံးပြူးသွားသည်။
"လီလော့၊ နင်ဘာသာ သူရဲကောင်းလုပ်ချင်လုပ်....ငါဒါတွေစိတ်မဝင်စားဘူး....."
သူမသည် ဆုလာဘ်များနှင့် စိန်ခေါ်မှုကို ဆန့်ကျင်သည့် သူမ၏စွမ်းအားကို ချိန်ဆကာ ဆင်ခြင်တုံတရားရှိသူဖြစ်သည်။ သူတို့ ခွန်အားသည် မည်သို့မျှ အသုံးမဝင်ကြောင်း သူမ သိနားလည်ထားသည်။
သူတို့သည် ဝိညာဉ်မှန်ကို ချိုးဖျက်၍ အသက်ကို ကယ်တင်နိုင်သော်လည်း ယင်းမှာ အာမခံချက်မရှိပေ။ မည်သို့ပင်ဆိုစေ ရှေ့ကအဖွဲ့တစ်ဖွဲ့လည်း ဤသို့ဖြင့်ပျောက်ဆုံးသွားခဲ့သည်မဟုတ်လော.....
သူတို့သည် မိုးကြိုးသစ်ပင်၏ထောင်ချောက်တွင် ပိတ်မိနေသော်လည်း ထိတ်လန့်ခြင်းမရှိကြသေးပေ။ သူတို့မှာ တခြားရွေးချယ်စရာမရှိသည့်အခါ၌ပင် အသက်ကိုလောင်းကြေးထပ်ရမည့်အရာများကို ရူးမိုက်စွာရွေးချယ်မည်မဟုတ်ပေ။
"အင်း....."
လီလော့ သက်ပြင်းချလိုက်ပြီး....
"ငါ နင့်ကို အပြစ်မပြောပါဘူး.... လုမင်က အကြောက်တရားကင်းမဲ့တဲ့ အမေဇုန်သူရဲကောင်းစစ်သည်တော်တစ်ယောက်လို့ ငါထင်ခဲ့တာ ငါမှားနေပြီထင်တယ်...."
[TN/ အမေဇုန်စစ်သည်...ကြောက်ရွံ့ခြင်း ကင်းမဲ့သောအမျိုးသမီးများဖြင့်သာဖွဲ့စည်းထားသောစစ်တပ်.....]
“ဒီလို ကဲ့ရဲ့နေလို့လဲ အလုပ်မဖြစ်ဘူး”
လီလော့က မေးစေ့ကို ပွတ်သပ်လိုက်ပြီး....
"တကယ်တော့ ငါလည်း တခြားအရာတစ်ခုကို စဉ်းစားမိတယ်.....မိုးကြိုးသစ်ပင်က အလွန်ကြီးမားတဲ့ ရတနာတစ်ခုဆိုတော့ ငါသာ ကူညီပေးရင် အကြွေးတင်သွားမှာပဲ... ဟုတ်တယ်ဟုတ်.....မိုးကြိုးသစ်သီးတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးမယ်ဆို လွယ်လွယ်နဲ့ မိုးကြိုးနတ်ဘုရားဖန်တီးလို့ရပြီပေါ့...."
"ဒါပေမယ့် ဒါကို တောင့်တတဲ့ သူတွေအားလုံးထဲမှာ နင်က အလိုချင်ဆုံးသူဖြစ်ကောင်းဖြစ်နိုင်တယ်... ဟုတ်တယ်မလား... ငါဆိုလိုတာက နင့်မှာ လျှပ်စီးပဲ့တင်ထပ်သံရှိတယ်လေ.... ဒါကြောင့် နင်သာ မိုးကြိုးနတ်ဘုရားကို အကောင်းဆုံးအသုံးချနိုင်မှာ...ဟုတ်တယ်မလား....."
လုမင် တွေဝေနေပြီ. သူမ၏ အကြံပြုချက်ကြောင့် ၎င်းတို့၏ အဖွဲ့သည် ကြီးမားသော မိုးကြိုးတောင်တန်းသို့ ရောက်ရှိခဲ့သည်။ သေချာပါတယ်၊ သူမဟာ မိုးကြိုးသစ်သီး အတွက် ဒီကိုလာချင်ခဲ့တာပါ.... ပထမ အသီးနှစ်လုံး ပျက်စီးသွားကြောင်း သူတို့ သိလိုက်သောအခါ သူမအတော် စိတ်ထိခိုက်ခဲ့ရသည်။
အခုလည်း လီလော့က သစ်ပင်ကို ကူညီပေးရင် အသီးကောင်းတွေ ရနိုင်တုန်းပဲလို့ အကြံပြုနေသည်...........
စိတ်ဓာတ်ကျနေသောသစ်ပင်သည် ၎င်း၏အကြွေးများကို သစ်သီးများဖြင့် သေချာပေါက် ပေးချေမည်ဖြစ်သည်။
လုမင် အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ပြီး....
"သေနာလေး.... နင် ငါ့ကိုသွေးဆောင်ဖြာယောင်းဖို့ကြိုးစားနေတာမလား..."
"တကယ်တော့ စိုးရိမ်စရာ မရှိပါဘူး.....တခြားအဖွဲ့တွေ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းကတော့ ပျက်ယွင်းနေတဲ့ မိုးကြိုးသစ်သီးတွေကို စားပြီး ဝိဉာဉ်မှန်တွေကို အချိန်မီ မချိုးနိုင်တာက ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းတစ်ခုလို့ ထင်တယ်.... ဝိညာဉ်မှန်တွေရှိနေသ၍ ငါတို့ရဲ့ဘေးကင်းမှုကို အာမခံနိုင်တယ်...." ဟု လီလော့က သူမကို တွန်းအားပေးခဲ့သည်။
လုမင် အံကြိတ်ကာ သူ့ကို စိုက်ကြည့်နေသည်။
"ကောင်းပြီ.......ငါ နင်နဲ့လိုက်ခဲ့မယ်!"