ငွေသစ်ပင်အမြူတေ...
Vol. 39 Ch. 546
လုမင်ထံမှ နောက်ဆုံး သဘောတူညီမှုရသည့်အခါ လီလော့ပြုံးလိုက်မိသည်။ သူမကို အန္တရာယ်ထဲ အတင်းတွန်းပို့ဖို့ မကြိုးစားပေမယ့် ဘာမှမသိနိုင်တဲ့အခြေအနေမှာ ဘေးကင်းဖို့ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးနိုင်ကြသည်။ လူတစ်ယောက်တွင် ဆိုးရွားမှုတစ်စုံတစ်ရာဖြစ်ခဲ့လျှင် အခြားတစ်ယောက်က သူတို့၏ဝိညာဉ်မှန်ကို အလျင်အမြန်ချိုးဖျက်ပြီး ၎င်းတို့နှစ်ယောက်ကို ကယ်ထုတ်နိုင်သည်။
ဝိညာဉ်ကြေးမုံတွေက ကိန်းဂဏန်းတွေက ပိုအားကောင်းသည်။
သို့တိုင် သူတို့မသွားမီ ကျန်းချင်းအာနှင့် အခြားများကိုလည်း အစီအစဉ်အကြောင်းပြောပြရဉီးမည်။
လီလော့က ကျန်းချင်းအာကို လက်ဟန်ပြပြီး အနားကိုလာဖို့ခေါ်လိုက်သည်။
လီလော့က သူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို သူမကို ရှင်းပြပေးခဲ့သည်။
"သိပြီ..... ဒါကြောင့် နင်က ပြဿနာရဲ့ အရင်းမြစ်ဆီကိုသွားချင်တာလား... ဒါက အန္တရာယ်များတယ်"
ကျန်းချင်းအာက စိုးရိမ်စိတ်ဖြင့် ရှင်းလင်းစွာ ပြောလိုက်သည်။ ကမ္ဘာခြားသက်ရှိများထူထပ်စွာရှိနေသောနေရာကို ဆရာသခင်အဆင့်နှစ်ယောက်တည်းလွတ်လိုက်လို့ဖြစ်ပါ့မလား........
"ကောင်းပြီ၊ ငါတို့က ကမ္ဘာခြားသက်ရှိတွေနဲ့ တိုက်ရိုက်ဆက်ဆံမှာ မဟုတ်ဘူး"
လီလော့က သူမကို စိတ်ချစေဖို့ ထပ်မံရှင်းပြပေးနေသည်။
"ငါတို့က မိုးကြိုးသစ်ပင်ကို သူ့ကိုယ်သူ သန့်စင်ပေးနိုင်အောင် ကူညီပေးရုံပဲ....."
ကျန်းချင်းအာက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး....
" ကြိုးစားရကျိုးနပ်တယ်လို့ နငိထင်ရင် ဆက်သွားလိုက်ပါ.... ငါတို့ ဒီမှာ ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေပြီဖို့ ငါတို့ရဲ့ ပြိုင်ဘက်မှာ အကန့်အသတ်မရှိ စွမ်းအင်တွေ ရှိတယ်..ငါတို့အချိန်ကြာကြာထိန်းထားနိုင်မှာမဟုတ်ဘူး...."
လီလော့ ၏လုံခြုံရေးအတွက် သူမစိုးရိမ်နေသော်လည်း ဝိညာဉ်မှန်များကို ယုံကြည်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
သူမက လည်ပင်းတွင်ဆွဲထားသော ငွေကြိုးတစ်ချောင်းကို ဖြုတ်ချလိုက်သည်။ အလယ်တွင် မျက်ရည်စက်ပုံသဏ္ဍာန်ရှိတဲ့နို့နှစ်ရောင် ကျောက်တုံးတစ်တုံးပါရှိပြီး သူမက လီလော့ ကို လွှဲပေးလိုက်သည်ယ
"ဒါက ငါ့ကိုယ်ပိုင် အလင်းစွမ်းအင်နဲ့လုပ်ထားတဲ့ အလင်းရတနာတစ်ခု..... နင် တိုက်စားခံရတာ ဒါမှမဟုတ် ထိန်းချုပ်ခံရတာတွေဖြစ်လာရင် ဒီရတနာက ဝိညာဉ်မှန်ကို ချိုးဖျက်ဖို့ ခဏတာ ရှင်းလင်းမှု ပေးလိမ့်မယ်...."
လီလော့သည် သူမ၏ ခန္ဓာကိုယ် အပူရှိန်ကြောင့် နွေးထွေးနေဆဲ လည်ဆွဲကို ယူလိုက်သည်။ သူမသည် ထိုလည်ဆွဲကို အချိန်တိုင်း ဝတ်ထားသည်မှာ ထင်ရှားသည်။
လီလော့က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး လည်ဆွဲကို သူ့လက်ကောက်ဝတ်တွင် ပတ်လိုက်သည်။
"ဒီနေရာက လျှပ်စီးစပျစ်နွယ်ပင်တွေကို ငါရှင်းပြီး မိုးကြိုးသစ်ပင်ခြေရင်းကို လိုက်ပို့ပေးမယ်.... အဆင်သင့်ပြင်ထား....."
လီလော့နှင့် လုမင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူမ၏ဓားကိုဆွဲထုတ်ရင်း၊ လျှပ်စီးစပျစ်နွယ်ပင်များကိုဖြတ်တောက်ကာ လီလော့တို့အတွက် လမ်းထွင်ပေးနေသည်။
စပျစ်နွယ်ပင်များသည် ဒေါသထွက်နေသော မြွေဟောက်ကဲ့သို့ ပေါက်ထွက်သွားသော်လည်း ကျန်းချင်းအာရှိနေသောကြောင့် မည်သို့မျှ မချဉ်းကပ်နိုင်ပေ။
"စီနီယာကျန်းက တကယ့်ကို ယုံကြည်စိတ်ချရတဲ့ ကျောက်ဆောင်ကြီးလိုပဲ... လီလော့...နင် အလုပ်ကြိုးစားရမယ်နော်..." ဟု လုမင်က ချီးကျူးစကားဆိုသည်။
လီလော့က နှုတ်ကသာဘာမှပြန်မပြောသော်လည်း စိတ်ထဲတွင်တော့....
ဟိုက နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်လေ..ငါကအခုမှ ဆရာသခင်အဆင့်ပဲရှိသေးတာ... တူမလား.....
သိပ်မကြာခင်မှာပဲ သုံးယောက်သား သူတို့လက်မောင်းလုံးထက် ပိုကြီးတဲ့ သစ်မြစ်များကိုလှမ်းမြင်လိုက်ရသည်။
သစ်ခေါက်များသည် ငွေရောင်အလင်းရောင်ဖြင့် တောက်ပနေသည်။
လီလော့ တုံ့ဆိုင်းမနေဘဲ ရှေ့တိုးကာ ကြမ်းတမ်းသောသစ်ခေါက်ပေါ်တွင် သူ့လက်ဖဝါးကို တင်လိုက်သည်။
သစ်ပင်က သူ့ရောက်ရှိနေတာကို သတိပြုမိပြီး သူ့အား ဖုံးအုပ်စေသည့် သေးငယ်သော
ငွေရောင် စွမ်းအင်အချို့ကို ထုတ်လွှတ်လာသည်။
လီလော့သည် လုမင်ထံသို့ လက်ကိုဆန့်ထုတ်လိုက်ပြီး သူမ တခဏတာ တုံ့ဆိုင်းသွားပြီးနောက် လက်ကို လှမ်းကိုင်လိုက်သည်။
ထိုအခါ ငွေရောင်အလင်းတန်းက သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံသွားသည်။
တခဏအကြာတွင် နှစ်ယောက်သားထိုနေရာမှပျောက်ကွယ်သွားလေ၏။
ကျန်းချင်းအာက ခဏလောက် စောင့်ကြည့်ပြီးနောက် လျှပ်စီးစပျစ်နွယ်ပင်များနှင့် ဆန့်ကျင်ဘက်သို့ ပြန်လှည့်သွားသည်။
ထိုအချိန်တွင် လီလော့တို့ နေရာကူးပြောင်းခဲလိုက်ရပြီး နားထဲတွင် မိုးခြိမ်းသံများဆူညံစွာကြားနေရသည်။
သိပ်မကြာခင်မှာပဲ အမြင်အာရုံပြန်ရလာချိန်တွင် ရုတ်တရက်တိတ်ဆိတ်သွားသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြေအောက်ဧရိယာတွင်ရောက်နေသည်ကို တွေ့လိုက်ရပြီး သူနဲ့ လုမင်တို့ဟာ လက်ရှိမှာ ထူထပ်တဲ့ အမြစ်ပေါ်တွင်ရပ်နေကြခြင်းဖြစ်သည်။ ဤနေရာ၌ အမြစ်များသည် ငွေရောင်တောက်နေသေးသည်၊ ဆိုလိုသည်မှာ မပျက်စီးသေးသည့်အဓိပ္ပါယ်ပင်....
အပေါ်ကို လှမ်းကြည့်သည့်အခါ ဤအမြစ်များသည် ပြင်ပအားတစ်ခုဖြင့်ချဲ့ထွင်ခံထားရသလိုဖြစ်နေပြီး ကမ္ဘာခြားသက်ရှိများကလည်းအမြစ်ကနေတဆင့်အထက်မှ ခုန်ဆင်းလာကြသည်။
"လီလော့၊ အဲဒါတွေက ကမ္ဘာခြားသက်ရှိတွေ
လား?" လုမင်က အလွန်အကျည်းတန်သော ရုပ်ပုံများကို ကြည့်ပြီးမေးလိုက်သည်။
"ကမ္ဘာခြားသက်ရှိတွေ ရောက်လာတာနဲ့ အန္တရာယ်များကုန်လိမ့်မယ်...... သူတို့ကြိကြည့်ရတာ ပြတ်သားတဲ့ ရည်ရွယ်ချက်တစ်ခုခုနဲ့ လှုပ်ရှားနေကြပုံပဲ...."
လုမင် မျက်မှောင်ကြုတ်လိုက်သည်။
"နင် ဆိုလိုတာက... သူတို့ ထိန်းချုပ်ခံထားရတာလား..."
လီလော့ အံ့သြစွာမေးလိုက်သည်။
"ကမ္ဘာခြားသက်ရှိတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားက ဘယ်သူဆီမှာရှိမှာလဲ၊ သူတို့က လေ့ကျင့်သင်ကြားနိုင်တဲ့ တိရစ္ဆာန်မဟုတ်ဘူး...."
"မလွယ်ဘူး...ဒါပေမယ့် သူတို့ကို ခြယ်လှယ်ဖို့ ဒါမှမဟုတ် လုပ်ဆောင်ချက်အချို့ကို ဦးဆောင်ဖို့တော့ ဖြစ်နိုင်တယ်...."
လီလော့သည် မြစ်စောင့်မြို့ရှိ အနက်ရောင် သူရဲကောင်းကို သတိရလိုက်မိသည်။ သူလည်း ဒီနောက်ကွယ်မှာ ရှိနေနိုင်မလား.....
ဒါပေမယ့် ဒီအချိန်ဟာ အဓိပ္ပါယ်မဲ့ ထင်ကြေးပေးရမယ့် အချိန်မဟုတ်ပေ။
"လာ.."
လီလော့က လုမင်ကို လက်ပြလိုက်သည်။
သူရောက်လာသည့်အချိန်မှစပြီး ထူးဆန်းသောဆွဲငင်အားကို စတင်ခံစားရပြီး ၎င်းသည် သူနှင့်ဆက်သွယ်နေသည့် မိုးကြိုးသစ်ပင်၏ကျန်ရှိသောခံစားချက်ဖြစ်သည်။
သူသည် တံတားများဖြစ်လောက်အောင် ထူထပ်သော အမြစ်များကို ကျော်ဖြတ်ကာ လုမင်ဆီသို့ ဦးတည်သွားခဲ့သည်။
အမြစ်အဆုံးအထိ မိနစ်အနည်းငယ်ကြာအောင် ဆက်သွားခဲ့ပြီး အလင်းတံခါးတစ်ခုကို မြင်လိုက်ရသည်။
သူတို့သည် တံခါးရှေ့တွင် ရပ်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းတို့၏ ပဲ့တင်ထပ်သံ စွမ်းအားများကို ပို့လွှတ်ကာ အတူတူ ခုန်ဝင်လိုက်ကြသည်။
အလင်းရောင် ခဏလောက် မှိန်ဖျော့သွားပြီးနောက် သူတို့ရှေ့က မြင်ကွင်းက ကြည်လင်လာပြန်သည်။
နှစ်ယောက်လုံး အံ့ဩသွားကြသည်။
သူတို့ရှေ့မှာ ကြီးမားပြီး ငွေရောင်နှလုံးသားတစ်ခုက ညင်သာစွာ ခုန်လှုပ်နေ၏။
ထိုနှလုံးသားမှအကိုင်းအခက်များစွာ ထွက်လာပြီး အခြားအပင်၏ အစိတ်အပိုင်းများသို့ ပြန့်ကျဲသွားသည်။
၎င်းသည် မိုးကြိုးသစ်ပင်၏ အူတိုင်ဖြစ်သည်။
သို့သော် လက်ရှိတွင် လှပသောနှလုံးသားသည် ၎င်း၏အတွင်းတွင် နစ်ဝင်နေသော အနက်ရောင်ဆူးများကြောင့် ညှိုးရော်ညစ်နွမ်းနေသည်။
ဤအနက်ရောင်ဆူးများသည် နှလုံးသားထဲသို့ အနက်ရောင်တိုက်းစားခြင်းများထုတ်လွှတ်ပေးနေသည်။
သူတို့ကြောင့် ငွေရောင်အကိုင်းအခက်တွေတောင် တဖြည်းဖြည်း မည်းနက်လာပြီ....
လီလော့သည် ဤအနက်ရောင်ဆူးများသည် အဆိပ်၏ရင်းမြစ်ဖြစ်ကြောင်း သေချာနေခဲ့သည်။ မိုးကြိုးသစ်ပင်၏ နှလုံးသားသည် ဤအရာများကြောင့် အားနည်းနေပြီး ကမ္ဘာခြားသက်ရှိများကိုမတားဆီးနိုင်တော့ပေ။
လီလော့သည် မိုးကြိုးသစ်ပင်က သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာရခြင်းအကြောင်း နားလည်ခဲ့ပြီဖြစ်သည်။
သစ်ပင်၏အမြူတေက သူတို့ကို အဆိပ်ဖြေဖို့ ကူညီပေးစေချင်ခဲ့တာ.....