← Chapters

ငါတို့ အတည်ပေါက် အကြီးကြီး တစ်ခု လုပ်ရအောင်

Vol. 39 Ch. 587

ငါတို့ အတည်ပေါက် အကြီးကြီး တစ်ခု လုပ်ရအောင်

Vol. 39 Ch. 587

နေ့လယ်ခင်းအချိန်အခါ ဖြစ်သည်။

ဆောင်းရာသီ၏နေသည် တိမ်ကင်းစင်သော ကောင်းကင်တွင် ထွန်းလင်းတောက်ပနေပြီး အဝေးမှ မင်စွန်းတောင်တန်းကို အလင်းပေးနေသည်။

မင်စွန်းတောင်တန်းဟူသော အမည်ကို သဘာဝပေါက်ပင်များ ကင်းမဲ့နေပြီး လုံးဝ ခြားနားနေသည့် အဖြူ အနက် မြေမျက်နှာသွင်ပြင်ကို အစွဲပြု၍ ရရှိခဲ့ခြင်းဖြစ်သည်။ ဤလွင်တီးခေါင်ပြင်ဒေသ၏ တစ်ခုထဲသော သက်ရှိမှာ မင်စွန်းမြွေအုပ်စုများ ဖြစ်ကြသည်။

တောင်တန်းတွင် အရောင်မတူသော ကျောက်တုံးနှစ်ခုသည် ထူးခြားသော ပုံစံဖြင့် တစ်ခုနှင့်တစ်ခု ထပ်နေပြီး အဝေးမှကြည့်လျှင် မြေမျက်နှာသွင်ပြင် တစ်လျှောက် မင်ဖြင့် ခြယ်ထားသကဲ့သို့ပင်။

လူခြောက်ဦးသည် ၎င်းမင်ခြယ်ထားသော တောင်ထွတ်တစ်ခုပေါ်တွင် ထိုင်လျက် ရှိကြသည်။

၎င်းခြောက်ယောက်အုပ်စုသည် နေရာအသီးသီးတွင် ထိုင်နေကြပြီး၊ တစ်ဦးက တစ်ယောက်ထဲထိုင်သည်။ တခြားတစ်ယောက်သည် အလယ်၊ ကျန်လေးဦးသည် နောက်တွင် ထိုင်နေကြသည်။

ခေါင်းဆောင်သည် တစ်ဦးထဲ ထိုင်နေပြီး အမြင့်ဆုံးနေရာတွင် ရှိနေကာ ဝင့်ကြွားသော အမူအရာနှင့် ဖြစ်သည်။ သူသည် ခြေချိတ်ထိုင်လျက်ရှိပြီး ရွှီချင်းကို ကျော်ကြည့်လိုက်ကာ သူ့မျက်လုံးများက ရွှီချင်းနောက်ရှိ လေးဦးပေါ်တွင် ရှိနေသည်။

နောက်မှ လူလေးဦးမှာ ခုံရှန်းလုံ၊ ရှန်ဟယ်၊ ဝမ်ချန်နှင့် ညဝိညာဉ်တို့ ဖြစ်ကြသည်။ သူတို့သည် ခေါင်းဆောင်ကို လျစ်လျူရှုလိုက်ကြပြီး အလယ်တွင် ထိုင်နေသော ရွှီချင်းကိုသာ သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်လိုက်ကြသည်။

ဤနေရာက ရွှီချင်းနှင့် ခုံရှန်းလုံ ချိန်းထားသော နေရာ ဖြစ်သည်။ နောက်ပိုင်းတွင် ရွှီချင်းနှင့် ပူးပေါင်း၍ အယောင်ပြပွဲ တစ်ခု ဆင်နွဲမည် ဖြစ်သည်။

“ဒါဆို ငါတို့ စကြမလား”

ခုံရှန်းလုံနှင့် တခြားသူများ၏စောင့်မျှော်မှုအောက်တွင် ခေါင်းဆောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရွှီချင်း ခေါင်းညိတ်သည်။

ခေါင်းဆောင်သည် မေး မော့လိုက်ပြီး ဂရုမထားသော ပုံစံနှင့် ဖြစ်သည်။ သူက ဆေးပုလင်း ၂လုံး ထုတ်ယူလိုက်ပြီး ရွှီချင်းဆီ တစ်ပုလင်း ပစ်ပေးလိုက်သည်။

“ဆေးပုလင်းတစ်လုံးစီမှာ ထူးဆန်းကောင်းကင်လမိစ္ဆာဆေးလုံး တစ်လုံး ရှိတယ်။ ဒီဆေးလုံးက ငါ့တို့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ပြောင်းလဲစေပြီး ငါတို့ အသွေးအသားတွေက အစစ်အမှန် အပြောင်းအလဲတွေ ဖြစ်သွားမှာ။ ဒီနည်းနဲ့ ငါတို့က ကောင်းကင်နက်မျိုးနွယ်ပုံစံ ပြောင်းပြီး အစစ်အမှန်လို ဟန်ဆောင်နိုင်ကြလိမ့်မယ်”

ခေါင်းဆောင် ပြောပြီးပြီးချင်း ခုံရှန်းလုံက မျက်ခုံးများ မြင့်တက်ကာ အံ့အားသင့်သွားသည်။ သူ့ဘေးရှိ ရှန်ဟယ်သည်လည်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းမိသွားသည်။

“ထူးဆန်းကောင်းကင်လမိစ္ဆာဆေးလုံးလား။ ဒါက ဝတ်ရုံမျိုးနွယ်ရဲ့ ထိပ်တန်းလျှို့ဝှက်ဆေးလုံးပဲ။ ဈေးကြီးပြီး အရမ်းရှားတယ်။ ငါ ကြားဖူးတာက ဆေးလုံးတိုင်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက အသွင်ပြောင်းပြီးတဲ့ သူတို့မျိုးနွယ်ဝင်တွေဆီက ရတယ်လို့ ပြောတယ်”

ဝမ်ချန်နှင့် ညဝိညာဉ်တို့သည် ချန်အားညိုကို ငေးနေကြပြီး အံအားသင့်မှုများက သူတို့မျက်နှာပေါ်တွင် အတိုင်းသား ပေါ်နေသည်။ ခေါင်းဆောင်က ၎င်းသည် ထုတ်ပြောရန်ပင် မထိုက်တန်သည့် အမှုမဲ့ အမှတ်မဲ့ ပုံစံဖြင့် ပြောလိုက်သည်။

“ဒီဆေးလုံးက သာမန်ပါပဲ။ အစက ဒီ့ထက်ပိုကောင်းတဲ့ ရွေးချယ်စရာ ရှိခဲ့ပေမဲ့ ဝတ်ရုံမျိုးနွယ်က ကျုပ်ကို အကြွေးတင်ထားတယ်လေ။ ကျုပ်က ဒီလိုမျိုး လိုအပ်နေတာ သိ‌တော့ သူတို့က ပြည်နယ်အဆင့်ဆင့် ဖြတ်ပြီးတော့ ဒီဆေးလုံးတွေကို ‌ဒေသငယ်မြို့တော်ဆီ ကျုပ်အတွက် ပို့လိုက်တာ။ သူတို့က ခုနစ်ရက် ခုနစ်ည ဒူးထောက်ပြီး ကျုပ်ကို တောင်းပန်ခဲ့တာဆိုတော့။ ဟူး.. ဒီလိုမျိုး ရက်ရောမှုမျိုးက ငြင်းပယ်ရခက်တာမို့ ကျုပ်က လက်ခံဖို့ပဲ တတ်နိုင်တော့တယ်”

ရွှီချင်း အမူအရာက ထူးဆန်းသွားသည်။ သူက ဆေးပုလင်းကို ယူပြီး မျက်မှောင်ကြုတ်နေသော ခုံရှန်းလုံနှင့် တခြားသူများကို မကြည့်မီ ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သိသာစွာပင် မည်သူမှ ခေါင်းဆောင်၏စကားများကို မယုံပေ။

ခေါင်းဆောင်က ခေါင်းယမ်းလျက် သက်ပြင်းချလိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ ဆက်မပြောလိုသော ပုံစံ ဖမ်းလိုက်သည်။ ထို့နောက် သူသည် ဆေးပုလင်းထဲမှ ဆေးလုံးကို ထုတ်ယူလိုက်သည်။

ဆေးလုံးသည် အပြင်သို့ ရောက်လာသည်နှင့် အနီရောင် လက်သွားပြီး ထူးဆန်းသော ရနံ့တစ်ခု ပျံ့နှံသွားသည်။ ရွှီချင်း တစ်ချက် ရှူလိုက်မိသည်တွင် သူ၏အသွေးအသားများက မသက်မသာ ခံစားလိုက်ရသည်။

လူတိုင်း ရှေ့တွင် ခေါင်းဆောင်သည် ဆေးလုံးကို မျိုချလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် တုန်ရီလာပြီး ဝတ်ရုံစတစ်ခုသည် သူ့ခန္ဓာကိုယ်ပြင်ပတွင် ဖြစ်ပေါ်လာသည်ကို မြင်နိုင်ပေသည်။ ၎င်းအဝတ်စသည် လုံးဝ မီးခိုးရောင်ဖြစ်ပြီး ခေါင်းဆောင်၏ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်လက် ဖုံးလွှမ်းသွားသည်။

ထို့နောက် ၎င်းက ရုတ်တရက် ကြုံ့သွားသည်။ ခေါင်းဆောင်ခန္ဓာကိုယ်သည် ဝတ်ရုံစ၏သက်ရောက်မှုအောက်တွင် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ခြေလက်များသည် သေးသွယ်သွားပြီး သူ၏ခန္ဓာကိုယ်သည် သေးငယ်ပိန်ပါးသွားသည်။ သို့သော် သူ့ခေါင်းက အနည်းငယ် ကြီးလာသည်။ သူ၏မျက်တောင်များသည် ပျောက်ကွယ်သွားပြီး မျက်လုံးများ ကြီးလာသည်။

သူ၏ဆံပင်သည်လည်း ဝတ်ရုံစ၏လွှမ်းခြုံမှုအောက်တွင် ပြောင်းလဲသွားပြီး ဖြူဆူးကဲ့သို့ ထက်ရှပြီး ချွန်ထက်လာသည်။

ထိုသို့နှင့် အားလုံးရှေ့တွင် ကောင်းကင်နက်မျိုးနွယ်ဝင်တစ်ဦး ပေါ်လာသည်။

၎င်းအံ့ဖွယ်မြင်ကွင်းသည် ခုံရှန်းလုံနှင့် တခြားသူများကို ထူးဆန်းသော အကြည့်များ ထွက်ပေါ်လာစေသည်။ သူတို့အများစုသည် ဝတ်ရုံမျိုးနွယ်တွင် ထိုကဲ့သို့ အံ့အားသင့်ဖွယ် ဆေးလုံးရှိသည်ဟု ကြားဖူးသော်လည်း ယ‌နေ့ မျက်မြင်ကိုယ်တွေ့  မြင်ရသည်တွင် ၎င်းက မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်နေဆဲပင်။

ခေါင်းဆောင်၏အသွင်ပြောင်းမှု ပြီးမြောက်သွားသည်ကို မြင်သည်တွင် ရွှီချင်းသည် ဆေးလုံး မျိုချရန် တွန့်ဆုတ် မနေတော့ပေ။ ဆေးလုံး မျိုချပြီးနောက် သူ၏အသွေးအသားများ လျင်မြန်စွာ ပြောင်းလဲလာပြီး သူ၏သွေးနှင့် အသားစ တစ်ခုသည် ခန္ဓာကိုယ်ပြင်ပ ထွက်လာသကဲ့သို့ ဖြစ်လာပြီး ကောင်းကင်နက်မျိုးနွယ်များနှင့် တူသော အသားအရေများ ဖြစ်တည်လာသည်။

ခဏအတွင်း ခုံရှန်းလုံနှင့် တခြားသူများ မျက်လုံးထဲတွင် ရွှီချင်း၏အသွင်သဏ္ဍာန်သည် ပြောင်းလဲသွားပြီး ကောင်းကင်နက်မျိုးနွယ်ဝင် တစ်ဦး ဖြစ်သွားသည်။

သူ့တွင် မီးခိုးရောင် အသားအရေ၊ သေးငယ်ပိန်လှီသော ခန္ဓာကိုယ်၊ ကြီးမားသော ခေါင်းနှင့် တစ်ခေါင်းလုံး ပြည့်နေသော ဆူးကဲ့သို့ ဆံပင်များ ရှိနေသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် အဝတ်များသည်လည်း ဖြစ်တည်လာသည်။

ထိုဝတ်ရုံသည် တာအိုဝတ်စုံ မဟုတ်ဘဲ အနက်ရင့်ရောင် သံချပ် ဖြစ်ကာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။

“ကောင်းကင်မျိုးနွယ်ရဲ့သွေးက အနက်ရောင်ပဲ။ မင်းတို့ရဲ့အငွေ့အသက်တွေမှာ ပြစ်ချက် မရှိပေမဲ့ ဘာသာစကား၊ အပြုအမူနဲ့ ကောင်းကင်နက်မျိုးနွယ်ရဲ့ မှော်စွမ်းရည်က ငါတို့လူသားတွေနဲ့ ကွဲပြားတယ်”

ရွှီချင်းနှင့် ချန်အားညိုတို့ကို ကြည့်ရင်း ခုံရှန်းလုံသည် သူလည်း ပါဝင်ချင်နေသော စိတ်ဆန္ဒကို ထိန်းချုပ်ကာ သတိပေးလိုက်သည်။

“ဒီကိစ္စက ငါရဲ့ပြင်ဆင်မှုတွေထဲမှာ အလိုလိုပါပြီးသားပဲ”

ခေါင်းဆောင်က ဝင့်ကြွားစွာ ပြုံးလိုက်ပြီး ရွှီချင်းဆီသို့ အနက်ရောင် ကျောက်တုံး တစ်တုံး ပစ်ပေးလိုက်သည်။

“ဒါက သွေးမဟူရာကျောက်တုံးပဲ။ ဒါကို စားပြီးရင် မင်းခန္ဓာကိုယ်ထဲက သွေးရောင်က အချိန်တစ်ခုကြာအောင် ပြောင်းလဲသွားလိမ့်မယ်”

ပြောပြီးသည်နှင့် ခေါင်းဆောင်သည် ၎င်းကျောက်တုံးကို တစ်ခါထဲ မြိုချလိုက်ပြီး သူ့အသားသူ ကိုက်လိုက်သည်။ အနက်ရောင်သွေးများသည် ပေါက်သွားသော အသားနေရာမှ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ အငွေ့အသက်များနှင့် တွဲဖက်လိုက်လျှင် ၎င်းသည် ကောင်းကင်နက်မျိုးနွယ်နှင့် လုံးဝ တူညီသည်။

“မှော်စွမ်းရည်တွေ အတွက်ကတော့..”

နက်မှောင်သော အကြည့်တစ်ချက် ခေါင်းဆောင်၏မျက်လုံးနက်များတွင် လက်သွားသည်။ သူ့ရှေ့ လေဟာနယ်သည် တွန့်လိမ်သွားပြီး ခပ်ဝါးဝါး လှံတံတစ်ခု လျင်မြန်စွာ ဖြစ်တည်လာသည်။

ထို့နောက် သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ချက်ချင်း သူ၏ခန္ဓာကိုယ်က တုန်ရီသွားသည်။ ခဏအကြာတွင် မရေတွက်နိုင်သော ၎င်းတောင်ပေါ်ရှိ မင်စွန်းမြွေများသည် နေရာအနှံအပြားမှ ထွက်လာ၍ စုရုံးလာကြပြီး ခေါင်းဆောင်ဆီသို့ ခေါင်းများ ထောင်လျက် ရှိကြကာ ခေါင်းဆောင်အမိန့်ကို နာခံကြမည့်ပုံပင်။

ထိုမြင်ကွင်းသည် ရှန်ဟယ်ကို ရုတ်တရက် ထရပ်မိစေသည်။ ဝမ်ချန်နှင့် ညဝိညာဉ်တို့သည်လည်း ပင့်သက်ရှိုက်မိကာ မယုံကြည်နိုင်သော အကြည့်များနှင့် ဖြစ်သည်။ ခုံရှန်းလုံမျက်လုံးများ တောက်ပသွားသည်။

အရာအားလုံးသည် သူတို့မှတ်ဉာဏ်ထဲရှိ ကောင်းကင်နက်မျိုးနွယ်နှင့် လုံးဝ တစ်ထပ်ထဲ ကျနေသည်။ သူတို့သည် မျိုးနွယ်အားလုံးကို ကျွန်ပြုနိုင်ပြီး ဘာမျှမရှိသော အရာမှ တစ်စုံတစ်ခုကို ဖန်တီးနိုင်ကြသည်။

အချက်အလက်အားဖြင့် တဖက်လူ၏ အသွင်ပြောင်းမှုကို ကိုယ်တိုင်သာ မမြင်ခဲ့ပါက သူတို့သည် ချန်အားညိုကို ကောင်းကင်နက်မျိုးနွယ်ဝင် တစ်ဦးဟုသာ ထင်မိမည် ဖြစ်သည်။

ရွှီချင်းသည်လည်း ထိတ်လန့်သွားသည်။

အားလုံး၏တုံပြန်မှုများကို ကြည့်ရင်း ခေါင်းဆောင်က ဆန်းကြယ်စွာ ပြုံးလိုက်သည်။ သူ၏လက်တစ်ချက် အဝှေ့တွင် မြွေများသည် ပြန်လည် ထွက်ခွာသွားကြပြီး လှံတံသည် ပျောက်ကွယ်သွားသည်။ ထို့နောက် သူက လေးနက်စွာ ပြောသည်။

“ဂျူနီယာ ညီလေး၊ ဒီတစ်ကြိမ်မှာ စီနီယာ အစ်ကိုကြီးက မင်းကို သေချာပေါက် ကိစ္စကြီးတစ်ခု လုပ်ဖို့ ခေါ်သွားမယ်။ အနာဂတ်မှာ တခြားလူတွေနဲ့ ကြုံရာကျပမ်း တာဝန်တွေ လျှောက်လက်မခံနဲ့။ ရတဲ့ စစ်ရေးအကျိုးပြုမှတ်က မဖြစ်စလောက်လေးရယ်။ အဖွဲ့ကို ဘယ်သူ ဦးဆောင်တယ်ဆိုတာ မူတည်ပြီး တာဝန်တွေကို လက်ခံပါ”

ခုံရှန်းလုံက အေးစက်စွာ နှာခေါင်း ရှုံ့သည်။

ရွှီချင်းက ခါးသက်စွာ ပြုံးလိုက်ပြီး သူ့လက်ထဲရှိ ကျောက်တုံးနက်ကို မြိုချလိုက်သည်။ သူ့သွေးများ ပြောင်းလဲသွားပြီးနောက် သူက ခေါင်းဆောင် မည်ကဲ့သို့ ကောင်းကင်နက်မျိုးနွယ် မှော်စွမ်းရည် ထုတ်ဖော်လိုက်သည်ကိုလည်း သိချင်သွားသည်။ သို့သော် ခေါင်းဆောင်၏ဆန်းကြယ်မှုကို သူတွေးမိသည်တွင် ထိုအရာက သိပ်မထူးဆန်းတော့ပုံပင်။

“ငါလည်းပဲ ဒီလို လုပ်လို့ ရနိုင်တယ်”

ရွှီချင်း အတွေးနက်သွားပြီး သုံးရက်ကြာအောင် သူလေ့လာခဲ့သော ကောင်းကင်နက်မျိုးနွယ်၏မျက်လုံးကို ပြန်စဉ်းစားလိုက်သည်။

“ဒီတော့ ဂျူနီယာ ညီလေး ပုံမှန် စည်းမျဉ်းတွေပဲလား”

ခေါင်းဆောင်က ခုံရှန်းလုံနှင့် တခြားသူများကို အကြည့်လွှဲလိုက်ပြီး ရွှီချင်းကို ကြည့်ကာ နှုတ်ခမ်း သပ်လိုက်သည်။

ရွှီချင်း ချက်ချင်း နားလည်လိုက်သည်။ တွန့်ဆုတ်သော အရိပ်အယောင်များ သူ၏ကြီးမားသော မျက်လုံးများတွင် ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။

ခုံရှန်းလုံနှင့် တခြားသူများသည် ထိုစကား ကြားသောအခါ အံ့အားသင့်နေကြသည်။ သူတို့က ထိုနှစ်ဦးဆိုလိုသော ပုံမှန် စည်းမျဉ်းများကို မသိကြပေ။

သူတို့ စဉ်းစားနေစဉ်မှာပင် ခေါင်း‌ဆောင်သည် ရှေ့တစ်လှမ်း တိုးလိုက်သည်။ သူက ညာဘက်လက်ကို မြှောက်လိုက်သည်တွင် ရေခဲလှံတစ်ခု ပေါ်လာပြီး ရွှီချင်းရင်ဘတ်ကို ထိုးစိုက်လိုက်သည်။ စိုက်ဝင်သွားပြီးနောက် ‌ရေခဲလှံက ပေါက်ကွဲသွားပြီး မရေတွက်နိုင်သော ရေခဲဓားသွားများအဖြစ် ပြောင်းလဲသွားကာ ရွှီချင်းခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက် ပေါက်ကွဲသွားကြသည်။

ထိုခဏတွင် ရွှီချင်း တစ်ကိုယ်လုံးသည် အနက်ရောင်သွေးများနှင့် လွှမ်းသွားသော်လည်း ခေါင်းဆောင်က မပြီးပြတ်သေးချေ။ သူ၏ညာဘက်လက်သီးကို ဆုပ်လိုက်ပြီး ရွှီးချင်းညာလက်မောင်းကို ထိုးချလိုက်သည်။ အရိုးကျိုးသံနှင့်အတူ ညာလက်မောင်းကို ချိုးပြီးနောက် ရွှီချင်း အသက်ရှူလိုက်ချိန်တွင် ခေါင်းဆောင်သည် သွက်လက်စွာ ရောက်ရှိလာပြီး ပါးစပ်ဟကာ ရွှီချင်းကို ကိုက်‌တော့မည့် ပုံပင်။

ရွှီချင်း စူးစူးဝါးဝါး ကြည့်ပြီး သူ့စကားကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။

…

“ငါ့အလှည့်”

“ဟာဟ.. ထုံးစံ.. ထုံးစံမို့ပါ။ စိတ်ပါလို့ မဟုတ်ဘူး။ မင်းအလှည့်”

ခေါင်းဆောင် အနည်းငယ် ရှက်ရွံသွားသည်။

ရွှီချင်းသည် နာကျင်မှုကို ကြိတ်ခံလိုက်ပြီး သူ့အကြည့်က ရန်လိုနေသည်။ သူက ချက်ချင်း ကပ်သွားလိုက်သည်။ သူ့လက်ထဲတွင် အနက်ရောင် ဓားမြောင် တစ်ချောင်း ပေါ်လာပြီး ခေါင်းဆောင်၏ဗိုက်ကို ထိုးလိုက်သည်။

ခေါင်းဆောင် အော်ဟစ်လိုက်သည်။

သွေးများ ထွက်လာသော်လည်း ရွှီချင်း မရပ်တန့်ပေ။ သူက အပေါ်သို့ ထိုးမွှေလိုက်ပြီး ဓားမြောင်ကို ပြန်ဆွဲထုတ်သည်။ ထို့နောက် နေရာအနှံ့ ထိုးစိုက်တော့သည်။

ရှစ်ချက်မျှ တစ်ဆက်ထဲ ခုတ်ထစ်ပြီးနောက် ခေါင်းဆောင်က ဒဏ်ရာများနှင့် ပြည့်နေပေပြီ။

ရွှီချင်းက အလိုလို ခေါင်းဆောင်လည်ပင်းကို ခုတ်မိသွားသည်။

ထိုခုတ်ချက်ကြောင့် ခေါင်းဆောင်က ခေါင်း ပြတ်လုနီးပင်။

‌ခေါင်းဆောင်မျက်လုံး ပြူးကျယ်သွားပြီး မသေချာသော လေသံနှင့် ပြောရင်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

“ဓားကိုင်တွေက ငါတို့က အချိန်အကြာကြီး လိုက်ဖမ်းနေတာ ဖြစ်တာကြောင့် ငါတို့မှာ ဓားဒဏ်ရာတွေ ရှိရမယ်”

ပြောပြီးသည်နှင့် သူက အမိန့်တော်ဓားကို ထုတ်ယူကာ ရွှီချင်းကို ခုနစ်ချက် ရှစ်ချက် ထိုးလိုက်သည်။

ရွှီချင်းသည် နာကျင်မှုကို တောင့်ခံလိုက်ပြီး သွေးများ ပိုထွက်လာသည်တွင် လေသံပျော့ပျော့နှင့် ပြောသည်။

“ငါတို့က အချိန်အကြာကြီး လိုက်ဖမ်းခံနေရတာကြောင့် နားဖို့ အချိန်မရှိဘူး။ ငါတို့ဒဏ်ရာတွေက စပြီး ပုတ်လာပြီ”

ပြောပြီးသည်နှင့် သူက အဆိပ် စသုံးသည်။ ခဏအကြာတွင် ခေါင်းဆောင်သည် နာကျင်မှုအပြည့်နှင့် အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက ပုပ်လာသည်။

“ငါတို့က နေရာတိုင်းမှာ ပုန်းနေရတယ်။ ဒီနေရာမှာ ရှိတဲ့ ဝိညာဉ်စွမ်းအင်က မလုံလောက်တာမို့ ငါတို့က အရမ်းအားနည်းတဲ့ အခြေအနေမှာ ရှိနေတယ်”

ခေါင်းဆောင်က ဆက်တိုက်ခိုက်သည်။

…

“ကောင်းကင်နက်မျိုးနွယ်က နေရောင် မကြိုက်ဘူး။ အချိန်အကြာကြီး ကြာပြီးတဲ့နောက် သူတို့ခန္ဓာကိုယ်က ပုတ်ပွ ယိုယွင်းလာလိမ့်မယ်”

ရွှီချင်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ တိုက်ခိုက်ပြန်သည်။

ထိုသို့နှင့် သူတို့နှစ်ဦးသည် တစ်ဦးနှင့် တစ်ဦး ထိုးနှက်ကြသည်။ ထိုမြင်ကွင်းက ခုံရှန်းလုံနှင့် တခြားသူများကို အလွန် အံ့အားသင့်သွားစေသည်။ ခဏကြာပြီးနောက် သူတို့ထဲလေးဦးသည် ပင့်သက်ရှိုက်လိုက်ကြပြီး တစ်ဦးနှင့် တစ်ဦး အလိုလို ကြည့်မိသွားကြသည်။

“တကယ်ကြီးလား”

“သူနဲ့ သူ့ရဲ့စီနီယာ အစ်ကိုကြီးက သေရေး ရှင်ရေး အခြေအနေ အများကြီး အတွေ့အကြုံရှိဖူးတယ်လို့ တစ်ခါက ရွှီချင်း ပြောဖူးတယ်”

ရှန်ဟယ်က လေသံနိမ့်နိမ့်နှင့် ပြောသည်။

အားလုံးက လေးလေးနက်နက် သဘောတူလိုက်သည်။

အချိန်များစွာ ကြာပြီးနောက် ခေါင်းဆောင်သည် ရွှီချင်း ထိုးစိုက်ထားသော ဓါးမြောင်ကို ဆွဲနှုတ်ပြီးနောက် အားနည်းစွာ ပြောသည်။

“ချင်းလေး ငါတို့.. တော်သင့်ပြီ။ ဆက်ချရင် ငါတို့ တကယ် ထိကုန်တော့မယ်”

ရွှီချင်း အသက် မြန်မြန် ရှူနေရသည်။ သူ၏လက်တစ်ဖက်က ခေါင်းဆောင် ထိုးစိုက်ထားသော ရေခဲဓားကို ဖိချလိုက်သည်။

“ဒါက တော်သင့်ပြီ”

သူတို့နှစ်ဦးစလုံးသည် တစ်ချိန်ထဲတွင် ရပ်တန့်လိုက်ကြသည်။ ခေါင်းဆောင် ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

ဆည်းဆာချိန် ရောက်လာသောကြောင့် ကောင်းကင်တစ်ခုလုံးက အနီရောင်တို့နှင့် လွှမ်းနေပြီး သွေးများ စွန်းနေသည်နှင့် ဆင်တူသည်။ အဝေးတွင်မူ ဖုန်များသည် လေထဲတွင် တထောင်းထောင်း ထနေပြီး သားရဲကောင်ကြီးများ အော်သံကြောင့် မြေပြင်က တုန်ခါလျက် ရှိသည်။

“ပစ်မှတ် ယာဉ်တန်းက ရောက်လာပြီ။ ဂျူနီယာညီလေး ငါတို့ သရုပ်ဆောင်ရမယ့် အလှည့် ‌ရောက်ပြီ။ ငါတို့မှာ အစီအစဉ် ရှိပေမဲ့ မီးစင် ကြည့်ကဖို့တော့ လိုနေတုန်းပဲ”

ပြောပြီးသည်နှင့် ခေါင်းဆောင် မတ်တပ်ရပ်လိုက်ပြီး သူ့ဗိုက်ကို အုပ်လျက် လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

ရွှီချင်းအမူအရာက တည်ငြိမ်သွားပြီး ခုံရှန်းလုံနှင့် တခြားသူများကို ကြည့်လိုက်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်ပြီးနောက် ကောင်းကင်ဆီသို့ ပျံထွက် သွားတော့သည်။

ခုံရှန်းလုံနှင့် တခြားသူများမှာ စိတ်အားထက်သန်နေကြသည်။ ရွှီချင်းနှင့် ချန်အားညိုတို့၏ လုပ်ဆောင်မှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်ပြီးနောက် သူတို့အမူအရာများက ပြောင်းလဲသွားပြီး မဆုံးနိုင်သော အထင်ကြီးလေးစားမှုများသည် သူတို့ရင်တွင်း မြင့်တက်လာခဲ့သည်။

ထိုနှစ်ဦးက တစ်ဦးနှင့် တစ်ဦး အလွယ်တကူ ထိခိုက်အောင် ပြင်းပြင်းထန်ထန် ကြိုးစားနေကြသောကြောင့် သူတို့က ပို၍ပင် ထိတ်လန့်နေကြသည်။ ရွှီချင်းနှင့် ချန်အားညိုတို့က လေးနက်သည်ဟု ခံစားရသောကြောင့် သူတို့သည်လည်း လေးနက်လာကြသည်။

သူတို့သည် ရန်လို ရက်စက်သော အမူအရာများ ထုတ်ဖော်လိုက်ကြပြီး လေပေါ် ခုန်တက်လိုက်ကြကာ ရွှီချင်းနှင့် ခေါင်းဆောင်ကို လိုက်ဖမ်းကြတော့သည်။

“ငါတို့ လူသားနယ်မြေကနေ မင်းတို့ လွတ်နိုင်မလား ကြည့်ကြသေးတာပေါ့”

“သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာမို့ အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး”

“အားလုံးပဲ ဂရုစိုက်ကြ။ ကောင်းကင်နက်မျိုးနွယ်က ကျွန်ဖြစ်အောင် သိမ်းသွင်းတာမှာ ကျွမ်းကျင်တယ်။ ဒီဘက်ကို ထွက်ပြေးသွားရတဲ့ အကြောင်းအရင်း ရှိမှာပဲ”

ပို၍ သဘာဝကျစေရန် ညဝိညာဉ်သည် ကျောက်စိမ်းပြား တစ်ခုကို ချေမွလိုက်သည်။ ခဏအတွင်း ရောင်ခြည်တန်းကြီးတစ်ခုသည် ကောင်းကင်သို့ မြင့်တက်သွားပြီး ပေါက်ကွဲသွားကာ ဓားတစ်ချောင်းပုံ ဖြစ်ပေါ်လာသည်။

ဤသည်က ဓားကိုင်တို့၏ သင်္ကေတ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ယာဉ်တန်းတစ်ခုသည် ကီလိုမီတာ ငါးဆယ်အကွာတွင် ခန့်ညားစွာ ရွေ့လျားနေသည်။

ထိုယာဉ်တန်းတွင် ရထား ရာဂဏန်း အနည်းငယ်ထက်မနည်း ရှိနေပြီး ရထားတစ်ခုချင်းစီက ပေတစ်ထောင်ခန့် အရွယ်အစား ရှိသည်။ ၎င်းရထားတို့သည် အနက်ရောင် မိုးကာစနှင့် ကာရံထားပြီး အနီ‌ရောင်ရှိသော ခြေလေးချောင်း သားရဲကြီးများက ဆွဲနေကြသည်။

သားရဲကြီးတိုင်းပေါ်တွင် သန့်စင်ရေလှိုင်းမျိုးနွယ် ကျင့်ကြံသူတစ်ဦး ရှိနေသည်။ သူတို့ထဲတွင် ဝိညာဉ်သူငယ် ကျင့်ကြံဆင့်များ မပါရှိဘဲ အများစုသည် အခြေတည်ဆောက်ခြင်းအဆင့်တွင် ဖြစ်ကြသည်။ အမြုတေအဆင့်များကမူ ဆယ်ယောက်ခန့် ပါလာသည်။

သူတို့ထဲက အများစုသည် နန်းတော် နှစ်ခု၊ သုံးခုအဆင့် ရှိကြသည်။

သုံးယောက်တွင် နန်းတော် လေးခု ရှိသည်။ အသန်မာဆုံးသူသည် လူငယ်တစ်ဦးဖြစ်ပြီး သူက ချိတ်ပိုးထည် ဝတ်စုံ ဝတ်ထားကာ ထူးခြားသော အသွင်အပြင် ရှိနေသည်။ အထူးသဖြင့် သူ့မျက်ခုံးများကြား အနက်ရောင် အစင်းတန်းက ထင်ရှားနေသည်။ သိသာစွာပင် သူ၏သွေးမျိုးဆက်သည် သာမန် မဟုတ်ဘဲ နန်းတော်ခြောက်ခု တိုက်ခိုက်ရေး စွမ်းအား ပိုင်ဆိုင်ထားသည်။

သူတို့သည် သန့်စင်ရေလှိုင်းဒေသကြီး ဖုန်းဆိုးမြေအရှေ့ဘက်ဒေသငယ် အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခုနယ်မြေ ပတ်လည်ရှိ ၃၆ နိုင်ငံထဲမှ ထွဋ်ခေါင်နိုင်ငံ၏ ယာဉ်တန်း ဖြစ်ကြသည်။

သူတို့သည် ယောင်မိသားစုမှ ပေးထားသော ထောက်ခံချက်နှင့် မီကာကျောက်တုံးများ သယ်ယူရန် လာခဲ့ခြင်း ဖြစ်သည်။

၎င်းကျောက်တုံးများသည် အထူး တည်ရှိမှု ဖြစ်ပြီး သိုလှောင်အိတ်ထဲ ထည့်မရပေ။ ထို့ကြောင့် ကုန်သွယ်ယာဉ်တန်း လိုအပ်သည်။

ယောင်မိသားစု၏ထောက်ခံချက်သည် အခြေအနေတချို့အတွင်း ဖုန်ဟိုင်‌ဒေသငယ်တွင်း လွတ်လပ်စွာ ခရီးသွားလာနိုင်ရန်လည်း ခွင့်ပြုပေးသည်။ သို့သော် သူတို့သည် လူသားမျိုးနွယ်နှင့် ပဋိပက္ခကို သတိပြုရဆဲ ဖြစ်သောကြောင့် လာရောက်သောသူများ၏ ခွန်အား အလွန် ကြီးမားနေပါက အာရုံစိုက်မှုများစွာကို စွဲဆောင်မိမည် ဖြစ်သည်။

အခြားတဖက်တွင် အန္တရာယ်များများ မရှိသည်က ပိုကောင်းသည်။

အဆုံးတွင်တော့ သူတို့သည် သယ်ယူပို့ဆောင်ရေးအတွက် ဤနေရာတွင် ရှိနေသည်ဖြစ်ပြီး သတ်ဖြတ်ရန် မဟုတ်ပေ။ လက်ရှိတွင် သူတို့သည် မီကာကျောက်တုံးများ စုဆောင်းထားပြီး ဖြစ်ကာ ယာဉ်တန်းသည် လမ်းတစ်လျှောက်လုံး မရပ်တန့်ဘဲ နယ်စပ်တစ်လျှောက် လျင်မြန်စွာ ခရီးနှင်နေကြသည်။

သူတို့ မင်စွန်းတောင်တန်းသို့ ရောက်လုနီးတွင် ကောင်းကင်သည် တုန်ခါသွားပြီး ဓားကိုင်အချက်ပြ သင်္ကေတ ပေါ်လာသောကြောင့် ယာဉ်တန်းအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ထူးခြားသော သွင်ပြင်လက္ခဏာနှင့် လူငယ်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကောင်းကင်သို့ အေးစက်စွာ ကြည့်သည်။

“ဓားကိုင်တွေလား”

All Chapters