← Chapters

ချင်းနဲ့ညို ထွက်ပြေးခြင်း (၂)

Vol. 39 Ch. 589

ချင်းနဲ့ညို ထွက်ပြေးခြင်း (၂)

Vol. 39 Ch. 589

ဤသည်ကား ကာကွယ်ခြင်းကို ကိုယ်စားပြုသော ယောင်မိသားစု၏စာလုံးသင်္ကေတ ဖြစ်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် မည်းမှောင်သော အမူအရာနှင့် ကြည့်သည်။

ရှန်ဟယ်နှင့် တခြားသူများ၏အမူအရာများက အရုပ်ဆိုးသွားသည်။ သူတို့သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြပြီး သန့်စင်ရေလှိုင်းမျိုးနွယ်ယာဉ်တန်းကို လျစ်လျူရှုကာ ရွှီချင်းနှင့် ခေါင်းဆောင် ပြေးထွက်သွားသော အရပ်မျက်နှာသို့ ဆက်လက် ထွက်ခွာသွားကြသည်။

လိုက်ဖမ်းနေချိန်တွင် သူတို့သုံးဦးစလုံးသည် အချင်းချင်း အလိုလို ကြည့်လိုက်မိကြပြီး တစ်ဦးချင်း မျက်လုံးများထဲမှ သံသယများနှင့် ထိတ်လန့်မှုများကို မြင်လိုက်ကြရသည်။

သူတို့အမြင်တွင် ချန်အားညို၏တိုက်ခိုက်မှုသည် သာမန်သာဖြစ်သည်ဟု ယူဆနိုင်သေးသည်။ သို့သော် ရွှီချင်း.. သူတို့ကို အမှန် ထိတ်လန့်သွားစေသည်။

ရွှီချင်း၏တိုက်ခိုက်မှုနှစ်ခုသည် ကောင်းကင်နက်မျိုးနွယ်၏နည်းစနစ် အစစ်အမှန် ဖြစ်သည်သာမက ကြောက်မက်ဖွယ်လည်း ကောင်းလှသည်။ ၎င်းတိုက်ခိုက်ချက်များက သူသည် သာမာန် ကောင်းကင်နက်မျိုးနွယ်ဝင် တစ်ဦး မဟုတ်ဟူသော ခံစားချက်ကို ပေးနေသည်။

အချက်အလက်အားဖြင့် ရွှီချင်းသာ နှလုံးသား စစ်ဆေးအကဲဖြတ်ခြင်းတွင် ပေ ၁သိန်းအလင်းရရှိခဲ့ပြီး သူတို့ရှေ့တွင် အသွင်ပြောင်းလဲသွားသည့် အချက်များသာ မရှိပါက တဖက်လူသည် ကောင်းကင်နက်မျိုးနွယ်အစစ်အမှန် ဖြစ်သည်ဟု ထင်မိကြမည်သာ ဖြစ်သည်။

ထို့အပြင် ရှန်ဟယ်သည် သူ့ခန္ဓာကိုယ် ထိန်းချုပ်ခြင်း ခံလိုက်ရသည်ဟုသာ ထင်ရသော်လည်း ရှန်ဟယ်၏ ဦးနှောက်အပေါ်ပင် သက်ရောက်သွားကြောင်း ညဝိညာဉ်နှင့် ဝမ်ချန်တို့က ကောင်းကောင်း အာရုံခံမိသည်။

သန့်စင်မျိုးနွယ်ဝင်များပင် ခန္ဓာကိုယ်ရော စိတ်ပါ ထိန်းချုပ်ခံလိုက်ရသည်။

အသေးစိတ်အနေနှင့် သူတို့၏‌ကောင်းကင်နက်မျိုးနွယ်အပေါ် နားလည်မှုသည် အကန့်အသတ်ရှိသောကြောင့် မသေချာနေသော်လည်း သူတို့က အလိုလို ကြောက်ရွံ့သွားကြသည်။

“ဒါက သရုပ်ဆောင်မှု တစ်ခုဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ဘာလို့ ငါက အစစ်အမှန်လို ခံစားနေရတာတုန်း…”

ရှန်ဟယ် ခါးသက်စွာ ပြုံးရင်း သက်ပြင်း ချလိုက်သည်။

ဝမ်ချန်နှင့် ညဝိညာဉ်တို့သည်လည်း ခါးသက်စွာ ပြုံးလိုက်ကြသည်။ သူတို့ဆက်၍ လိုက်ဖမ်းသောအခါ ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ များမကြာခင် ခုံရှန်းလုံ ရောက်ရှိလာပြီး ဆက်လက် ရှာဖွေကြရန် မည်းမှောင်သော အမူအရာဖြင့် အမိန့်ပေးသွားသည်။

ထိုသို့နှင့် အချိန်က ကုန်ဆုံးသွားပြီး များမကြာမီ ညအချိန်သို့ ကျရောက်သွားတော့သည်။

မင်စွန်းတောင်တန်း၏လျှို့ဝှက်လိုဏ်ဂူ တစ်ခုထဲတွင် ရွှီချင်းသည် တင်ပျဉ်ခွေကာ တရားထိုင်နေသည်။ တစ်ကြိမ်ပြီး တစ်ကြိမ် သူသည် အနက်ရောင် သွေးများကို ထွေးထုတ်ကာ ဒဏ်ရာများကို တတ်စွမ်းသလောက် ကုသနေသည်။

ဘေးတွင် ထိုင်နေသော ခေါင်းဆောင်သည် မည်းမှောင်နေသော အမူအရာနှင့် ရှိနေပြီး စကားတစ်လုံးမှ မပြောပေ။

အချိန်အကြာကြီး ကြာပြီးနောက် အနက်ရောင် အကြည့်တစ်ချက် ရွှီချင်းမျက်လုံးများထဲ လက်လာသည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြီး ညအမှောင်ထဲမှ လကို ကြည့်လိုက်ရင်း လေသံနိမ့်နိမ့်ဖြင့် ပြောသည်။

“သန့်စင်ရေလှိုင်းဒေသကြီးရဲ့ လက အသက်ဝိညာဉ် ကင်းမဲ့နေတာပဲ”

ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူသည်လည်း အပြင်ဘက်မှ လကို ကြည့်လျက် တိုးညင်းစွာ သက်ပြင်းချလိုက်သည်။

“အရှင် ကျွန်တော်လည်းပဲ အိမ်ကို လွမ်းတယ်”

ရွှီချင်း ခေါင်းဆောင်ကို ကြည့်လိုက်သည်။ အရှင် ဟူသော အသုံးအနှုန်းက သူတို့ ယခင် အစီအစဉ်တွင် မပါဝင်ပေ။ သို့သော် သူက သဘာဝမကျသော အမူအရာ တစ်ခုမျှ ထုတ်မပြဘဲ တည်ငြိမ်စွာ ပြောသည်။

“မင်း ဝတ်ရုံမျိုးနွယ်ကို ဆက်သွယ်တာက ဘယ်လိုလဲ။ ငါတို့က ထူးဆန်းကောင်းကင်လမိစ္ဆာဆေးလုံးကို ဝယ်ပြီး တတ်နိုင်သမျှ မြန်မြန် လူသားပုံစံ ပြောင်းရမယ်”

“ဝတ်ရုံမျိုးနွယ်လား.. ဟမ်”

ခေါင်းဆောင် ပြောနေစဉ်တွင် သူ၏အမူအရာက ရုတ်တရက် ပြောင်းသွားသည်။ သူသည် ဂူဝင်ပေါက်သို့ အေးစက်စွာကြည့်လိုက်သည်။ သူ၏အကြည့်အောက်တွင် ခပ်သဲ့သဲ့ အသံတစ်ခု ဂူပြင်မှ ထွက်လာသည်။

ထို့နောက် စိတ်ရှုပ်ဖွယ်စကားသံတစ်ခု အပြင်မှ ထွက်ပေါ်လာသည်။

“ကျွန်တော်က သန့်စင်‌ရေလှိုင်းမျိုးနွယ် ထွဋ်ခေါင်နိုင်ငံက ကျင့်ကြံသူလေးပါ။ အထက်တန်းမျိုးနွယ်အရှင်နှစ်ဦးကို တွေ့ခွင့်တောင်းပါတယ်။

အေးစက်စက် အကြည့်တစ်ချက် ခေါင်းဆောင်မျက်လုံးများတွင် လက်လာသည်။ သူက တိုက်ခိုက်လုနီးတွင် ရွှီချင်းသည် သူ့ညာလက်ကို မသိမသာ မြှောက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဝင်ခဲ့”

ပုံရိပ်တစ်ခုသည် သွက်လက်စွာနှင့် ဂူဝင်ပေါက်မှ ဂရုတစိုက် လျှောက်လာသည်။ ထိုသူကား သန့်စင်ရေလှိုင်းမျိုးနွယ် ယာဉ်တန်းမှ တိုက်ခိုက်‌ရေးစွမ်းအား နန်းတော်ခြောက်ခုနှင့် လူငယ်မှတစ်ပါး အခြားမဟုတ်ပေ။

ခေါင်းဆောင်မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး ရွှီချင်းအနားသို့ တိုးကပ်သွားကာ ရွှီချင်းနှင့် လူငယ်ကြားရပ်လိုက်သည်။

သန့်စင်ရေလှိုင်းမျိုးနွယ်မှ လူငယ်သည် လျှောက်လာသည်။ ရွှီချင်းနှင့် ချန်အားညိုတို့ကို မြင်သောအခါ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရိုသေလေးစားသော အမူအရာနှင့် ချက်ချင်း ဒူးထောက်လိုက်သည်။

“အထက်တန်းမျိုးနွယ်ကို နှုတ်ဆက်ပါတယ်”

“ငါတို့ကို ဘယ်လို ရှာတွေ့တာလဲ”

ခေါင်းဆောင်၏မျက်လုံးနက်ကြီးများသည် အေးစက်သော အကြည့်များ ထုတ်ဖော်နေသည်။

“အထက်တန်းမျိုးနွယ်ကို တင်ပြပါတယ်။ ကျွန်တော့်မှာ သွေး အငွေ့အသက်ကို ခြေရာခံနိုင်တဲ့ ရှားပါးတဲ့ အိမ်မွေးဝိညာဉ်သားရဲ တစ်ကောင် ရှိပါတယ်။ အထက်တန်းမျိုးနွယ်ဝင်နှစ်ဦးကို ဒီနေ့ တွေ့အပြီးမှာ ဒီကို မလာခင် ကျွန်တော် လမ်းပေါ်က သွေးတွေကို တိတ်တဆိတ် ရှာခဲ့ပါတယ်”

သန့်စင်ရေလှိုင်းမျိုးနွယ်မှ လူငယ်က လေသံတိုးတိုးနှင့် ပြောသည်။

ရွှီချင်းက ဘာမှ မပြောတော့ဘဲ တည်ကြည်စွာ ကြည့်သည်။

“မင်း ဒီကို ဘာလာလုပ်တာလဲ”

ခေါင်းဆောင်က လေသံ နိမ့်နိမ့်နှင့် ပြောသည်။

“အရှင်တို့.. ဓားကိုင်တွေက အပြင်ဘက်မှာ ရှာဖွေနေကြပါတယ်။ အရှင်တို့မှာ ဘယ်လို အစီအစဉ်ပဲရှိရှိ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ကျွန်တော်နဲ့အတူ အရင်ဆုံး သန့်စင်ရေလှိုင်းမျိုးနွယ်ကို လိုက်ခဲ့ပါလား”

“အထက်တန်းမျိုးနွယ် ဘာပဲလိုလို ကျွန်တော်တို့ရဲ့ ထွဋ်ခေါင်နိုင်ငံက အကောင်းဆုံး ဖြည့်ဆည်းပေးပါ့မယ်”

“အရှင်တို့ စိတ်ကျေနပ်သွားတဲ့ အခါမှသာ ကျွန်တော့်ကို ကောင်းကင်နက်မျိုးနွယ်ရဲ့ ကောင်းချီးကို ချီးမြှင့်ပေးဖို့ မျှော်လင့်ပါတယ်”

လူငယ်သည် သူ့ခေါင်းကို မော့လိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်နေစဉ် သူ့မျက်လုံးများက ရိုသေကိုင်းရှိုင်းမှုများ ထုတ်ဖော်နေသည်။

ညက တိတ်ဆိတ်သွားသည်။

…

နောက်တစ်နေ့နံနက်တွင် မင်စွန်းတောင်တန်းအပြင်ဘက် သန့်စင်ရေလှိုင်းမျိုးနွယ်များ စီးနင်းလိုက်ပါလာသည့် ရာနှင့်ချီသော အနီရောင် ခြေလေးချောင်း သားရဲကြီးများသည် ရှေ့သို့ ပုံမှန်အတိုင်း ရွေ့လျားနေသည်။ မြေပြင်သည် တုန်ဟီးနေပြီး သူတို့သည် အဝေးသို့ အရှိန်ပြင်းစွာ နှင်နေကြသည်။

ခြေလေးချောင်းသားရဲကြီး ခုန်လိုက်သောကြောင့် ရထားလုံးတစ်ခု၏ နောက်မြီးပိုင်းက အနည်းငယ် ဆောင့်တက်သွားသည်။

သို့သော် အထဲရှိ မီကာကျောက်တုံး တစ်ခုမှ လိမ့်ဆင်းမလာပေ။

သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူ၏ နှာမှုတ်သံနှင့်အတူ သူ့လက်ထဲရှိ အထူးကြာပွတ်သည် ခြေလေးချောင်းသားရဲကြီးကို ရိုက်ခတ်လိုက်ပြီး နာကျင်မှုကြောင့် သားရဲကြီးက အရှိန်ပိုမြန် သွားသည်။

ယာဉ်တန်းသည် လျင်မြန်စွာနှင့် ဆက်လက် ရွေ့လျားနေပြီး မြေပြင်တစ်လျှောက် ဖုန်တလုံးလုံးနှင့် ဖြစ်နေကာ လေက ဖုန်လုံးများကို အဝေးသို့ တိုက်ခတ်သွားသည်။

အဝေးတွင် ဖုန်များသည် မုန်တိုင်းကဲ့သို့ ဆက်လက် မြင့်တက်နေသည်။

နေရောင် ကျရောက်လာပြီး ရွေ့လျားမုန်တိုင်းကြီးကို ထိုးဖောက်ရန် ကြိုးစားသော်လည်း အချည်းနှီးပင်။

သို့သော် များမကြာမီ ကြာပွတ်သံ တရွှမ်းရွှမ်းကြားတွင် ကြမ်းတမ်းသော သားရဲကြီးများ၏ဟိန်းသံသည် ခဏချင်း ပြင်းထန်လာသည်။ သူတို့ခြေလှမ်းများက ရပ်တန့်သွားကြပြီး သူတို့ခန္ဓာကိုယ်များက လည်ပင်း  အညှစ်ခံထားရသကဲ့သို့ပင်။

မုန်တိုင်း ရပ်တန့်သွားသည်။

ဖုန်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်တွင် ခြေလေးချောင်းသားရဲကြီးများ ရာဂဏန်းနှင့် ၎င်းတို့အပေါ်တွင် လိုက်ပါလာသော သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များသည် သတိအနေအထား ဖြစ်သွားကြသည်။

“ဓားကိုင်တွေ.. ဒါက ဘာသဘောလဲ”

ဒေါသအရိပ်အယောင်များပါနေသော လေသံနက်ကြီးက ကိုးကောင်မြောက် ခြေလေးခေါင်းသားရဲကြီး ဦးခေါင်းပေါ်မှ ထွက်ပေါ်လာသည်။

ချက်ချင်းပင် ထူးခြားသော သွေးမျိုးဆက်နှင့် လူငယ်သည် မတ်တပ်ရပ်လျက် စူးစိုက်ကြည့်လိုက်သည်။

သူကြည့်နေသော လေဟာနယ်သည် တွန့်လိမ်သွားပြီး ပုံရိပ်လေးခု ပေါ်ထွက်လာသည်။

…

ရှေ့ဆုံးမှ ပုဂ္ဂိုဟ်သည် တခြားမဟုတ် ခုန်ရှန်းလုံ ဖြစ်သည်။ သူ၏အမူအရာသည် အေးစက်နေပြီး သူ့မျက်လုံးများသည် ရက်စက်ခြင်းများနှင့် ပြည့်နေကာ ခြေလေးချောင်းသားရဲကြီးများအပေါ် အကြည့်များ ဖြတ်သန်းသွားသည်။ သူက တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ပင်။

သူ့ဘေးရှိ သုံးဦးကား ရှန်ဟယ်၊ ဝမ်ချန်နှင့် ညဝိညာဉ်တို့ ဖြစ်ကြသည်။ သူတို့သည် လူစုခွဲလိုက်ပြီး ခြေလေးချောင်း သားရဲကြီးများကို အာရုံစိုက်လိုက်ကြသည်။

“ငါတို့မှာ အမတ်ကြီးယောင်ရဲ့ ထောက်ခံစာ ပါတယ်”

သန့်စင်ရေလှိုင်းမျိုးနွယ်လူငယ်က အမူအရာ ပြောင်းသွားပြီး ထပ်ပြောသည်။

“နားငြီးတယ်”

ခုံရှန်းလုံက သူ့လက်ကို ဝေ့ယမ်းလိုက်သည်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်လူငယ် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ သူ့မျက်နှာ ညာဘက်ခြမ်းသည် ချက်ခြင်း ယောင်ကိုင်းသွားပြီး သူ့ခန္ဓာကိုယ်က ပေတစ်ထောင်လောက် ပျံသန်းသွားပြီး တောင်ကုန်းတစ်ခုနှင့် တိုက်မိသွားသည်။

“သေသေချာချာ ရှာကြ”

ခုံရှန်းလုံသည် သန့်စင်ရေလှိုင်းမျိုးနွယ် လူငယ်ကို တစ်ချက်မျှပင် မကြည့်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

ရှန်ဟယ်နှင့် တခြားသူများသည် ယာဉ်တန်းတွင်းသို့ ချက်ချင်း ပျံသန်း ဝင်ရောက်လိုက်ကြပြီး ရထားလုံးများကို တစ်ခုပြီး တစ်ခု ရှာဖွေ ကြတော့သည်။ သူတို့သည် ကျင့်ကြံသူတိုင်းကို စစ်ဆေးခဲ့ကြသော်လည်း ဘာမျှ ရှာမတွေ့ပေ။

ခုံရှန်းလုံသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထွက်ခွာသွားတော့သည်။ ရှန်ဟယ်နှင့် တခြားသူများသည်လည်း သူ့နောက်သို့ သွက်လက်စွာ လိုက်ပါသွားကြတော့သည်။

သူတို့အဝေးသို့ ထွက်ခွာသွားပြီးနောက် သန့်စင်ရေလှိုင်းမျိုးနွယ်မှ လူငယ်သည် ထရပ်လိုက်ပြီး ကိုးကောင်မြောက် သားရဲဆီ ပြန်လာခဲ့သည်။ သူသည် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး ဘာမျှ မဖြစ်ပျက်ခဲ့သလို ပြောလိုက်သည်။

“ခရီးဆက်ကြစို့”

များမကြာမီ မြေပြင်သည် တုန်ခါသွားပြီး ဖုန်များသည်လည်း ပြန်ထသွားသည်။ ယာဉ်တန်းသည် နယ်စပ်တစ်လျှောက် ဦးတည်သွားသည်။

နှစ်နာရီခန့်ကြာပြီးနောက် လူငယ်သည် ထရပ်လိုက်ပြီး သူ၏ညာလက်ဖြင့် လက်ဟန်အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျုံ့သွားပြီး မျက်စိတစ်မှိတ်အတွင် ပျောက်ကွယ်သွားပုံပေါ်ကာ အလွန်သေးငယ်သော အမှုန်လေးအဖြစ် ပြောင်းလဲသွားသည်။

ခြေလေးချောင်းသားရဲကြီး ခန္ဓာကိုယ်ပေါ်မှ နီရောင်သားရေသည်လည်း သူ့မျက်လုံးထဲတွင် အတိုင်းအဆမရှိ ကြီးမားလာပြီး အဆုံးမရှိသော အနီရောင် နယ်မြေတစ်ခု ဖြစ်လာသည်။

…

၎င်းသည် ကန့်လန့်ဖြတ် အက်ကွဲကြောင်းများစွာနှင့် ပြည့်နေပြီး ကြီးမားလှသော အလင်းဖောက် သားရေ ဖြစ်သည်။ ၎င်းတို့သည် သစ်ပင်များ ကျောက်တိုင်များနှင့် တူသော်လည်း အလွန် နူးညံ့သည်။

ထိုအခိုက်အတန့်တွင် နေရောင်ကို တားဆီးထားပြီး အရိပ်တစ်ခု ဖြစ်ပေါ်နေစေသော သားရေကြီးတစ်ခုအောက်တွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ခြေချိတ်၍ ကျင့်ကြံလျက် ရှိကြသည်။

“အရှင်တို့ အခု စိတ်ချလက်ချ နားလို့ရပါပြီ။ ဓားကိုင်တွေ ထွက်သွားပါပြီ”

သန့်စင်ရေလှိုင်းမျိုးနွယ်မှ လူငယ်သည် လျင်မြန်စွာ ရောက်ရှိလာပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို ဒူးတစ်ဖက်ထောက်လျက် ရှိနေပြီး သူ့မျက်လုံးများတွင် ရိုသေကိုင်းရှိုင်းမှုတစ်ခု ထွက်ပေါ်နေသည်။

All Chapters