← Chapters

ယွီအင်တာနက်ကဖေး ဒုတိယအဆင့်ကိုရောက်သွားပြီ

Vol. 18 Ch. 259

ယွီအင်တာနက်ကဖေး ဒုတိယအဆင့်ကိုရောက်သွားပြီ

Vol. 18 Ch. 259

ဖေးချမ့် ခေတ္တစဥ်းစားလိုက်ပြီး ကျန်းယွမ်ကို ကြည့်လိုက်သည်။ "အင်တာနက်ကဖေးတွေရဲ့ ဘဏ္ဍာရေး အခြေအနေ ဘယ်လိုရှိလဲ။"

ကျန်းယွမ်က ချက်ချင်းပဲ ဂုဏ်ယူဝံ့ကြွားစွာ ဖြင့် ပြန်ဖြေလိုက်ပါသည်။ "တော်တော်လေး အဆင်ပြေနေပါတယ်။"

"ပင်မဆိုင်က တစ်လကို ဝင်ငွေ ၇၀၀,၀၀၀ လောက်ရနေပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်တွေကို နုတ်လိုက်ရင် တစ်လကို ယွမ် ၂၀၀,၀၀၀ - ၃၀၀,၀၀၀ လောက် အမြတ်ရနေပါတယ်။ တခြား ဆိုင်တွေက သူ့လောက် အဆင်မပြေပေမယ့် အနည်းနဲ့ အများတော့ ဟန်ချက်ညီနေကြပါပြီ။"

"အရင်တုန်းက ကျွန်တော်တို့ မင်ယွမ်ဗီလာ ဆိုင်ခွဲက ဆိုင်ခွဲတွေထဲမှာ အရှုံးအပေါ်ဆုံးပဲ။ ဒါပေမယ့် မကြာသေးခင်ကမှ ဝင်ငွေတွေ တက်လာတယ်။ ကျွန်တော်တို့ မကြာခင် အမြတ်ရနိုင်တော့မယ် ထင်တာပဲ" ထိုစကားကိုကြားသောအခါ ဖေးချမ့် နှလုံးသား သွေးထွက်သွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း ဒါက သူ့အတွေးများကို အတည်ပြုပေးလိုက်သလိုပင်။

"ငါတို့ လုပ်ငန်းကို ချဲ့ထွင်မှဖြစ်မယ်။ ဆိုင်ငှားခ စျေးအကြီးဆုံး နေရာတစ်ခုမှာ ဆိုင်ခွဲသစ်တစ်ခု ထပ်ဖွင့်ကြမယ်။"

မာယန်၏ လုပ်ငန်းတိုးချဲ့ဖို့ အကြံပြုချက်က ဖေးချမ့်အား တစ်ခုခု သတိရသွားစေသည်။

ဖေးချမ့်က ယွီအင်တာနက်ကဖေးလို မအောင်မြင်တော့သော ပရောဂျက်တစ်ခုအတွက် ငွေပုံပေးချင်စိတ် မရှိတော့ပါ။ ယခု ပင်မဆိုင်ကော မင်ယွမ်ဗီလာဆိုင်ခွဲကော ရေပန်းစားလာကြပြီဖြစ်သည်။ ချွမ်မင် Review မှာလည်း ယွီအင်တာနက်ကဖေးက အဆင့်သတ်မှတ်ချက် ကောင်းကောင်း ရထားကြသည်။ ယခု ကျင်းကျိုးမြို့တွင် အင်တာနက်ကဖေးများကို အလွန်ရေပန်းစားနေသည်ဟု သတ်မှတ်နိုင်ပါသည်။

ကတ်စတမ်မာများက ဒီလို အဆင့်မြင့် ဘရန်းများကို သဘောကျသွားကြတာနဲ့ ထာဝရ မြဲသွားကြလိမ့်မည်။ ဘော့စ်ဖေး ဆိုင်ခွဲသစ် တစ်ခု ဖွင့်ရင်တောင် သူတို့ရောက်လာကြနိုင်ပါသည်။

ထို့ကြောင့် ဆိုင်ခွဲသစ်တစ်ခုဖွင့်ခြင်းက ဘော့စ်ဖေးအတွက် အားနည်းချက် ဖြစ်သွားလိမ့်မည်။

အရှုံးမပေါ်နိုင်မှတော့ ဘာလို့ ဆိုင်ခွဲသစ်တွေ ဆက်ဖွင့်ရတော့မှာလဲ။

သို့သော်လည်း ထပ်မံစဥ်းစားပြီးနောက် ဖေးချမ့် နောက်ထပ် ပြဿနာတစ်ခုကို စဥ်းစားမိသွားပြန်သည်။

လုပ်ငန်းအားလုံးထဲတွင် လေဆန်ပို့ဆောင်ရေးက ငွေအရှုံးပေါ်ရာ၌ အကောင်းဆုံး ဖြစ်နိုင်သည်။

သို့သော်လည်း မာယန်က ယွီအင်တာနက်ကဖေး၏ စီအီးအိုဖြစ်သည်။ ယခု ယွီအင်တာနက်ကဖေးက နာမည်ကလည်းရ၊ အမြတ်လည်း ရကာ အဆင်ပြေလာလေပြီ။ သူတို့ အခု ဘာလို့ ရပ်တန့်လိုက်ကြရမှာလဲ။

မာယန်ကို ဖေးချမ့် ဘယ်လိုရှင်းပြရမလဲ။

အမှန်ပင်။ ဘော့စ်ဖေးက ဘယ်သူ့ကိုမှ ဘာမှ ရှင်းပြဖို့ မလိုအပ်ပေ။ ယွီအင်တာနက်ကဖေးကို ဘေးဖယ်ထားချင်လျှင် ဖယ်ထားနိုင်သည်။ ဘာပဲဖြစ်ဖြစ် တစ်လကို ယွမ် သိန်းဂဏန်းလောက် ဝင်ခြင်းက ဘော့စ်ဖေး ထမ်းနိုင်သော ဝန်ထုပ်ဝန်ပိုးငယ်လေးသာ ဖြစ်သညသ်။

သို့သော်လည်း လူတွေ သံသယဖြစ်မလာနိုင်ဘူးလား။

တစ်ခုခုတော့ လွဲနေလိမ့်မည်။

ထို့ကြောင့် ဖေးချမ့် နောက်ထပ် အကြံတစ်ခု ထုတ်မိ၏။

ယခု အမြတ်ရဖို့က ပြဿနာ မဟုတ်တော့ပေ။ ငွေစာရင်းရှင်းချိန်ရောက်ဖို့ ၁ လကျော်လည်း ကျန်သေးသည်။ ပိုက်ဆံအားလုံးကို လေဆန်ပို့ဆောင်ရေးနဲ့ ယွီအင်တာနက်ကဖေးဆိုင်ခွဲတို့အတွက် သုံးလိုက်လို့ ရတယ် မဟုတ်လား။

ယွီအင်တာနက်ကဖေးဆိုင်ခွဲအားလုံး အမြတ်ရနေရင်တောင် ဆိုင်ခွဲက ပိုက်ဆံ မဝင်ရင် ပြီးတာပဲ မဟုတ်လား။ ဒီယွီအင်တာနက်ကဖေးဆိုင်ခွဲနှစ်ခု အမြတ်ရနေခြင်းမှာ အဓိက အကြောင်းအရင်း ၂ ချက်ကြောင့် ဖြစ်ပါသည်။

ပထမဆုံး ဝင်ငွေအများစုက အရက်ရောင်းအားနဲ့ အဆိုတော်အတွက် ကတ်စတမ်မာများက ဘောက်ဆူးပေးခြင်းကြောင့်ဖြစ်သည်။ လောလောဆယ် ကတ်စတမ်မာ အများစုက ယွီအင်တာနက်ကဖေးကို ကော်ဖီဆိုင် သို့မဟုတ် ဘားတစ်ခုအဖြစ်သာ သဘောထားပြီး အင်တာနက်သုံးဖို့နေရာဟု မမြင်ကြပေ။

ဖေးချမ့်က ဘာမှ ပြောစရာမရှိပါ။

သူ့မူလ ရည်ရွယ်ချက်က ဟိုမရောက် ဒီမရောက်ဆိုင်ကို ဖန်တီးဖို့ပဲ ဖြစ်သည်။ အင်တာနက်ကဖေး နာမည်ကြီးလာမည့် အန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် ယွီအင်တာနက်ကဖေးက ဘယ်လိုဆိုင်ဆိုတာကို အားလုံးဇဝေဇဝါ ဖြစ်သွားစေချင်သည်။

ဘားနဲ့ ကော်ဖီနေရာတို့က အင်တာနက်ကဖေး နေရာထက် ပိုပြီး ရေပန်းစားလာလိမ့်မည်ဟု ထင်ထားမိမည် မဟုတ်ပေ။

'လူ့အကြံ နတ်မလိုက်နိုင်' ဟုသာ ပြောနိုင်တော့သည်။

ထို့အပြင် ယွီအင်တာနက်ကဖေး ဆိုင်ခွဲတချို့က လူသူကင်းမဲ့သော နေရာများတွင် ငှားရမ်းထားခြင်းဖြစ်သဖြင့် ဆိုင်ငှားခက စျေးပေါသည်။

ထိုနေရာများကို ဖေးချမ့် ရွေးချယ်ခဲ့ရခြင်းမှာ အင်တာနက်ကဖေးကို ပျောက်ကွယ်ကာ လူဝင်လူထွက်နည်းစေဖို့ ဖြစ်ပါသည်။ ယွီအင်တာနက်ကဖေး အကြောင်း သတင်းတွေလည်း မပြန့်ကာ သူဌေးကတ်စတမ်မာတွေလည်း အားရကျေနပ်မှုမရှိဖို့ မျှော်လင့်ထားခဲ့သည်။ ဒီလိုသာဆို သူတို့နေ့စဥ် ကုန်ကျစရိတ်ကို ပြန်ကာမိမှာ မဟုတ်တာ သေချာပါသည်။

သို့သော်လည်း အခုတော့ အခြေအနေက လုံးတ ခြားနားသွားလေပြီ။ ယွီအင်တာနက်ကဖေးက နာမည်ကျော်လာပြီဖြစ်သဖြင့် ဆိုင်ခွဲများကို မထင်ရှားသော နေရာများမှာ ထားဖို့ မလိုတော့ပေ။ ဖေးချမ့်က လူများပြီး ဆိုင်ငှားခ စျေးကြီးသည့် နေရာကိုသာ ရှာတာ ပိုကောင်းပါလိမ့်မည်။

ဖေးချမ့်အတွက်တော့ ဒီပြဿနာ နှစ်ခုစလုံးကို ဖြေရှင်းနိုင်မည်ဆိုပါက ယွီအင်တာနက်ကဖေး အရှုံးဆက်ပေါ်နေပါလိမ့်မည်။

အဲ့တာကြောင့် လူတွေ ပြောင်းပြန်စဥ်းစားဖို့ အရေးကြီးတာပေါ့။

အဆိုတော်တွေက ငွေရှာပေးနေတာလား။ သူတို့ကို ထုတ်ပစ်လိုက်။

ဆိုင်ငှားခက စျေးပေါလွန်းနေလား။ ပိုစျေးကြီးတဲ့ နေရာကို ရှာလိုက်။

ဖေးချမ့် ခေတ္တ စဥ်းစားလိုက်ပြီး ပြီးပြည့်စုံသည့် ဖြေရှင်းချက်တစ်ခုကို ချက်ချင်း ဆုံးဖြတ်လိုက်ပါသည်။

"အဲ့တာဆို ငါတို့ ယွီအင်တာနက်ကဖေး အစီအစဥ်ရဲ့ ဒုတိယအဆင့်ကို သွားလို့ရပြီပေါ့" ဖေးချမ့်က တည်တံ့သော လေသံဖြင့် ပြောလိုက်ပါသည်။

မာယန်နဲ့ ကျန်းယွမ်တို့ ချက်ချင်း စိတ်အား ထက်သန်သွားကြပြီး အနီးကပ်နားထောင်လိုက်ပါသည်။

ဒုတိယအဆင့်တဲ့ ကြည့်ရတာ ယွီအင်တာနက်ကဖေးမှာ ငါတို့ကြိုးစားခဲ့သမျှ အရာထင်လာပြီ ထင်တယ်။ ဘော့စ်ဖေးက ငါတို့ကို ထောက်ခံပေးနေတာပဲ။

ဖေးချမ့်က ဆက်ပြောလိုက်ပါသည်။ "ငါတို့ ဒုတိယ အဆင့်ကိုရောက်တာနဲ့ ယွီအင်တာနက်ကဖေးရဲ့ ဂုဏ်သတင်းကို မြှင့်တင်ကြမယ်။ တစ်ချိန်တည်းမှာပဲ လုပ်ငန်းရဲ့ သဘာဝ အစစ်အမှန်ကို အလေးပေးဖို့ တတ်နိုင်သမျှ ကြိုးစားရမယ်။ အင်တာနက်ကဖေးကိုပေါ့"

မာယန် ဇဝေဇဝါဖြစ်သွားသည်။ ကျန်းယွမ်လည်း မှင်သက်သွားပါသည်။ အင်တာနက်ကဖေး နေရာက လုပ်ငန်းရဲ့ သဘာဝအစစ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကွဲပြားမှုက ယွီအင်တာနက်ကဖေးရဲ့ အားသာချက်ပဲ မဟုတ်ဘူးလား။

သူတို့က ယခု ကော်ဖီနဲ့ အရက်တို့ရောင်းရမှုမှ ဝင်ငွေအများဆုံး ရရှိနေကြခြင်းဖြစ်သည်။

ကျန်းယွမ်က သူ့ခေါင်းထဲမှာ မေးခွန်းများစွာ ရှိနေသော်လည်း ဖေးချမ့်ပြောစကားကို ဆက်နားထောင်လိုက်ပါသည်။

ဖေးချမ့်က သူ့ဖုန်းကို ဆွဲထုတ်ပြီး ဖုန်းထဲက မြေပုံ App ကို ဖွင့်လိုက်သည်။ ခေတ္တ စစ်ကြည့်ပြီးနောက် ကျင်းကျိုးမြို့တွင်းရှိ ရှော့ပင်းစင်တာကြီးများကို အာရုံစိုက်လိုက်ပါသည်။

"ဒုတိယ အဆင့်မှာ ငါတို့ ရှေ့ပြေး စမ်းသပ်တဲ့အနေနဲ့ ဆိုင်ခွဲတစ်ခု ဖွင့်ကြည့်ကြမယ်။ တည်နေရာကတော့... ဒီရှော့ပင်းစင်တာကြီးတွေထဲက နေရာတစ်ခု ရွေးကြမယ်။"

"ငါတို့ အခုလောက် နေရာကျယ်ကျယ်ရနိုင်မှာ မဟုတ်လို့ အရက်နဲ့ ကော်ဖီရောင်းဖို့ကို မေ့လိုက်ကြတော့။ ငါတို့ နေရာအကုန်လုံးကို ကွန်ပျူတာတွေအတွက်ပဲ သုံးကြမယ်။"

ဖေးချမ့်၏ တွေးပုံခေါ်ပုံက အတော်လေး ရှင်းလင်းပါသည်။

ယခု ဘဏ္ဍာရေး အရဆို ဆိုင်ခွဲများစွာက မွဲနေဆဲ ဖြစ်သည်။ ဝင်ငွေအများဆုံး ရနေသည့် ပင်မဆိုင်ကတောင် တစ်လကို ယွမ် ၂၀၀,၀၀၀ - ၃၀၀,၀၀၀ သာ ရပါသည်။

ဆိုင်ငှားခအတွက် နောက်ထပ် ယွမ် ၃၀၀,၀၀၀ - ၄၀၀,၀၀၀ လောက် သုံးလိုက်မယ် ဆိုရင်ကော။ အမြတ်ကို အရှုံးဖြစ်အောင် ပြန်ပြောင်းနိုင်မှာပဲ မဟုတ်လား။

ထို့အပြင် ယွီအင်တာနက်ကဖေးက အရက်နဲ့ ကော်ဖီရောင်းအားတို့နှင့် အဆိုတော်ကို ပေးသည့် ဘောက်ဆူးတို့မှ ဝင်ငွေအဓိက ရရှိနေခြင်း ဖြစ်သည်။ ဆိုင်ခွဲသစ်မှာ အဆိုတော်တွေကို ဖယ်ရှားလိုက်ခြင်းဖြင့် ကတ်စတမ်မာတွေက ဘောက်ဆူး ပေးနိုင်တော့မှာ မဟုတ်ပေ။ ဆိုလိုရင်းက အင်တာနက်ကဖေးလည်း ဘောက်ဆူးကြောင့် အမြတ်ရနိုင်မှာ မဟုတ်ပေ။

အမှန်ပင်။ ရှိနေပြီးသား ဆိုင်ခွဲ ၅ ခုကိုတော့ ပြောင်းလဲစရာမလိုပါ။ ဒီတိုင်းပဲ ထားလိုက်မည်ဖြစ်သည်။

ရှော့ပင်းစင်တာထဲက ဆိုင်ခွဲသစ်ကသာ အင်တာနက်ကဖေးစစ်စစ် ဖြစ်လိမ့်မည်။

ကျန်းယွမ်က မြေပုံကို ကြည့်လိုက်ပြီး စိတ်ရှုပ်သွားပါသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ ဒီမှာ တကယ်ဆိုင်ခွဲဖွင့်မှာလား"

ရှောပေးစင်တာမှာ ဆိုင်ခွဲဖွင့်လိုက်ခြင်းက လူဝင်လူထွက် သေချာပေါက် များပြားနိုင်သော်လည်း ဆိုင်ငှားခက စျေးကြီးလွန်းပါသည်။

ယခုသူတို့က ယွီအင်တာနက်ကဖေးဆိုင်ခွဲ အများစုအတွက် ၁ စတုရန်းမီတာကို ၃ - ၄ ယွမ်လောက်ပေးနေရသည်။ ၃,၀၀၀ စတုရန်း မီတာ ရှိသည့် နေရာတစ်ခုကို တစ်လ ယွမ် ၃၀၀,၀၀၀ လောက် ကုန်ကျနိုင်ပါသည်။

သို့သော်လည်း ဒီလို ရှော့ပင်းစင်တာကြီးထဲက ဆိုင်ငှားခကတော့ ဒီလောက် စျေးပေါနိုင်မှာ မဟုတ်ပေ။ ၁ စတုရန်းမီတာကို ၇ - ၈ ယွမ်လောက် အနည်းဆုံး ကုန်ကျနိုင်ပါသည်။ ဆိုင်ငှားခက ဒီလို ၂ ဆ တက်သွားနိုင်ပါသည်။

ထိုရှော့ပင်းစင်တာများတွင် အများအားဖြင့် အင်တာနေရှင်နယ် အဝတ်အစားဆိုင်များ၊ ကျောက်မျက်ရတနာဆိုင်များ၊ လက်ကိုင်အိတ်ဆိုင်များ၊ ကော့စ်မတ်တစ် ဘရန်းဆိုင်များသာ ရှိတတ်သည်။ သာမန် လုပ်ငန်းများကတော့ ဒီလောက်မြင့်မားသည့် ဆိုင်ငှားခကို တတ်နိုင်မှာ မဟုတ်ပါ။

ယွီအင်တာနက်ကဖေးက လောလောဆယ် ဝင်ငွေ အများကြီး မရှိသေးပေ။ သူတို့ ယခု ဆိုင်ငှားခအတွက် ငွေတွေ အများကြီး သုံးလိုက်လျှင် အရှုံးပေါ်မှာ သေချာပါသည်။

ထို့အပြင် ယွီအင်တာနက်ကဖေး ဆိုင်ခွဲသစ်က လက်ရှိ ရှိပြီးသား ဆိုင်တွေနဲ့ လမ်းကြောင်းကွဲသွားမည် ဖြစ်သည်။ ၎င်းတို့၏ လက်ရှိ ဆိုင်ခွဲများက ပုံစံကွဲပြားသည်။ ဆိုင်တစ်ဆိုင်စီမှာ အင်တာနက်ကဖေးတစ်ခု၊ ကော်ဖီဆိုင်တစ်ဆိုင်နဲ့ ဘားတစ်ခုတို့ ပါဝင်ကြသည်။

ဆိုင်ခွဲအသစ်က ဒီလမ်းကြောင်းအတိုင်း လိုက်မည်ဆိုလျှင် အနည်းဆုံးတော့ ရှော့ပင်းစင်တာထဲက အရက်နဲ့ သောက်စရာ ရောင်းအားတို့ကြောင့် ဝင်ငွေရနိုင်ပါသေးသည်။

သို့သော်လည်း ဘော့စ်ဖေးက ယွီအင်တာနက်ကဖေးအစီအစဥ်၏ ဒုတိယအဆင့်ကို မိတ်ဆက်ပေးလိုက်သည်။ သူက လုပ်ငန်း၏ သဘာဝအစစ်ဖြစ်သော အင်တာနက်ကဖေးကို အသားပေးချင်နေသည်။ ဆိုလိုရှင်းက အသစ်ဖွင့်မည့် ဆိုင်ခွဲတွင် လူတွေ အင်တာနက်သာ သုံးနိုင်ပါလိမ့်မည်။

မဖြစ်နိုင်ပါ။

ဘယ်သူက အင်တာနက်ကဖေးမှာ ဂိမ်းကစားဖို့လောာက်နဲ့ ကျင်းကျိုးမြို့ထဲက အဆင့်မြင့် ရှော့ပင်းစင်တာကြီအထိ ရောက်လာကြမှာလဲ။

အဲ့တာ ငွေတွေကို လွှင့်ပစ်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား

အမှန်ပင်။ တချို့ လူတွေက ရှော့ပင်းစင်တာထဲ စျေးဝယ်ထွက်နေတုန်း စိတ်ရှုပ်တတ်ကြမှန်း ကျန်းယွမ် သိပါသည်။ ဂိမ်းကစားခြင်းဖြင့် စိတ်ရှုပ်မှုများကို ဖယ်ရှားနိုင်ပါသည်။ သို့သော်လည်း လောလောဆယ် ဒါက စံနှုန်းတစ်ခုလို သတ်မှတ်လို့ မရသေးပါ။

သူတို့ ကောင်မလေးတွေက သဘောကောင်းပြီး ရှော့ပင်ထွက်နေတုန်း ကောင်လေးတွေကို ဂိမ်းကစားခိုင်းရင်တောင် ဘယ်လောက်ကြာကြာ ကစားနိုင်ကြမှာလဲ။

မနက်ခင်း ၁ နာရီလောက် ကစားပြီး နေ့လည်စာ စားချိန်ရောက်သွားလိမ့်မည်။ နေ့လည်ခင်း ရုပ်ရှင်ကြည့်ပြီး စျေးဝယ်ထပ်ထွက်ပါက သူတို့ အများဆုံး ၁ နာရီလောက်သာ ကစားနိုင်ပြီး အိမ်ပြန် ညစာစားရလိမ့်မည်။

အလွန်ဆုံး ထိုယောက်ျားလေးတွေက ၂ နာရီလောက်သာ ဂိမ်းကစားနိုင်လိမ့်မည်။ ဒါတောင် သူတို့ ကောင်မလေးတွေက သဘောကောင်းဖို့ လိုပါသေးသည်။

ဒီလိုလူတွေက ဂိမ်းရသလည်း အပြည့်အဝ ခံစားရတော့မှာ မဟုတ်ပါ။ ထို့အပြင် အင်တာနက်ကဖေးက သူတို့ဆီမှ ငွေများများစားစား ရနိုင်မှာ မဟုတ်ပါ။ ထိုအချက်များကြောင့် အင်တာနက်ကဖေး အရင်းပြန်ရဖို့ အခြေအနေက မဖြစ်နိုင်သလောက် ရှိပါသည်။

သို့သော်... စျေးနှုန်းကို မြှင့်လိုက်ရင်တော့ ဒီလိုမဖြစ်နိုင်တော့ပေ။ ကျန်းယွမ်က အမြန်မေးလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ ဆိုင်ခွဲရဲ့ စျေးနှုန်းတွေကိုလည်း မြှင့်လိုက်ကြမလား။ ကျွန်တော်တို့ တစ်နာရီကို ယွမ် ၂၀ တောင်းလို့ ရတယ်။"

ဖေးချမ့်က ချက်ချင်း ခေါင်းခါလိုက်ပါသည်။ "မရဘူး။ ယွီအင်တာနက်ကဖေးရဲ့ တရားဝင်စျေးနှုန်းက ၁၀ ယွမ်ပဲ။ ငါတို့ စျေးကို မြှင့်ချင်တိုင်း မြှင့်လို့ မရဘူး။"

ကျန်းယွမ် "..."

မာယန်က တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ သို့သော်လည်း ယခုတော့ လက်မထောင်ပြလိုက်ပါသည်။ "ကောင်းတယ် ညီအစ်ကိုချမ့် အကြံကောင်းတယ်။ ယွီအင်တာနက်ကဖေးက နာမည်ရလာပြီဆိုတော့ ဒီလိုလူသူနည်းပါးတဲ့ နေရာတွေကိုပဲ ဆက်ငှားနေလို့ မဖြစ်ဘူး။ နာမည်ကြီးလာဖို့ဆိုရင် ဒီလိုရှော့ပင်းစင်တာကြီးတွေထဲကို ပြောင်းဖွင့်မှ ဖြစ်မှာပေါ့"

"အဲ့တာဆို ငါတို့ အင်တာနေရှင်နယ် ကော့စ်မတ်တစ်တွေေ၊ အဝတ်အစားတွေ၊ ကျောက်မျက်ရတနာ ဘရန်းတွေနဲ့ အတူတူ ရောသွားလိမ့်မယ်။ အာနိသင်က အရမ်း ကောင်းမှာပဲ"

ဖေးချမ့်နဲ့ မာယန်တို့ လက်ဝါးချင်း ရိုက်လိုက်ကြသည်။ "ဉာဏ်ကြီးရှင်တွေ အတွေးတူတယ်ဆိုတာ ဒါမျိုး"

ကျန်းယွမ် "..."

ကျန်းယွမ်၏ ဇဝေဇဝါဖြစ်နေပုံကို သတိထားမိသဖြင့် မာယန်က ပြုံးပြလိုက်ပါသည်။

"ငါတို့ အချိန်တိုအတွင်း အရှုံးပေါ်နေတာ ကိစ္စမရှိဘူး။ ငါတို့ရဲ့ ရေရှည်ပန်းတိုင်က ငါတို့ဆိုင် နာမည်ရလာဖို့ပဲ"

"ယွီအင်တာနက်ကဖေးရဲ့ ပင်မဆိုင်ကို ကြည့်ပါဦး။ အစတုန်းက ငါတို့ အရှုံးတွေအများကြီး ပေါ်ခဲ့တာပဲ မဟုတ်ဘူးလား။ တဖြည်းဖြည်းနဲ့ ငါတို့ ဝင်ငွေတွေ ရလာပြီး အမြတ်ရခဲ့ကြတာပဲ မဟုတ်လား။ အခုတော့ အရမ်း အဆင်ပြေနေပြီပဲလေ"

"ချွမ်မင် Review မှာ ယွီအင်တာနက်ကဖေး အကြောင်း ရေးထားတဲ့ ကောမန့်တွေကို ဖတ်ကြည့်ပါဦး။ အကုန် အကောင်းချည်းပဲ။ ဒါကို ဘယ်လိုခေါ်မလဲ။ ငါတို့ ကြိုးစားအားထထုတ်မှုရဲ့ အသီးအပွင့်တွေပေါ့ကွာ။ ငါတို့ နာမည်ရဖို့အတွက်ပဲ တစိုက်မတ်မတ် လုပ်ခဲ့တော့ အကျိုးအမြတ်တွေကို ပြန်ခံစားနေရပြီပေါ့"

"နားလည်ရဲ့လား။"

ဖေးခချမ့် "..."

ဒီမာကြီးကတော့ ငါ့စကားတွေ အကုန်လုပြောသွားပြီ။

သို့သော်လည်း ပြန်စဥ်းစားကြည့်တော့လည်း ပုံမှန်ပဲဖြစ်သည်။ ဖေးချမ့်က မာကြီးကို ဒီစကားမျိုးတွေ ပြောခဲ့တာ ၄ - ၅ ခါလောက် ရှိပါပြီ။ ဒီလိုဆက်တိုက် ဦးနှောက်ကျင်းခဲ့သဖြင့် မာကြီးက ဘယ်လောက်ပဲ မေ့တတ်ပါစေ ထိုစကားလုံးများကို မှတ်မိနေပါလိမ့်မည်။

သူ့စကားများကို လုသွားပြီး အနာတွေ ပြန်ဖော်ခံရသော်လည်း ဖေးချမ့် စိတ်မဆိုးတော့ပါ။ နေလို့တောင် ကောင်းသွားပါသေးသည်။

မာကြီးက ငါ့အကြောင်း ပိုပိုပြီး နားလည်လာပြီ ငါ့ဝန်ထမ်းတွေအကုန်လုံးသာ မာကြီး ငါ့ကို နားလည်သလိုမျိုး နားလည်နိုင်ရင် ဘော့စ်ဖြစ်တဲ့ငါက ဒီလောက် စိုးရိမ် ပူပန်နေရမှာ မဟုတ်ဘူး။

ညွှန်ကြားချက်တချို့ ထပ်ပေးပြီးနောက် ဖေးချမ့်က ဆိုင်ခွဲသစ်ပြင်ဆင်မှုများကို မာယန့်လက်ထဲ ယုံယုံကြည်ကြည် အပ်နှံခဲ့သည်။

ဆိုင်ခွဲအသစ် အရှုံးပေါ်မည့် အစီအစဥ်ကို စဥ်းစားမိသောအခါ ဖေးချမ့် သိပ်ပြီး စိတ်မညစ်တော့ပေ။

မင်ယွမ်စားဖိုဆောင်က လွဲချော်သွားခဲ့ပြီ. သို့သော်လည်း ဖေးချမ့် အသစ်ဖွင့်ထားသည့် ယွီအင်တာနက်ကဖေးကြောင့် ငွေဆက်ဆုံးရှုံးပြီး လေဆန်ပို့ဆောင်ရေးရုံးများ ထပ်ဖွင့်ပါက အဆုံးသတ်ကျ အရှုံးပေါ်နိုင်ပါသေးသည်။ ပြဿနာ မရှိပါ။

All Chapters