Bloody Battle Song အတွက် ဘော့စ်ဖေး ပျော်မှာပါ
Vol. 18 Ch. 264
Bloody Battle Song ကလည်း ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် ဝင်လာမှန်း သိသာပါသည်။ မဟုတ်ပါက ထုတ်ထုတ်ပြီးချင်း ဘယ်လိုလုပ် ဒေါင်းလုတ်ပမာဏက ၃၅၀,၀၀၀ အထိ ရှိနိုင်မှာလဲ။
အားလုံး အံ့အားသင့်စွာဖြင့် တစ်ယောက်ကို တစ်ယောာက်ကြည့်လိုက်ကြသည်။
ဒါရိုက်တာလင်းက ဘယ်လောက် နောက်ကြောင်းကနေ လာခဲ့တာလဲ။
ရှန်းဟွာ App Store မှာ ထောက်ခံချက်နေရာတချို့ ယူပေးနိုင်သည်ဟု ဒါရိုက်တာလင်းက ပြောခဲ့ဖူးသည်။ ထို့ကြောင်း ဂိမ်းကို မိုဘိုင်းဗားရှင်းဖြစ်အောင် ပြောင်းလဲဖို့ အကြံပေးခဲ့ခြင်းဖြစ်၏။
ဒီတိုင်း အရေးမကြီးသည့် ထောက်ခံချက် နေရာများဖြစ်လိမ့်မည်ဟု အားလုံးထင်ခဲ့ကြသည်။ အလွန်ဆုံး ဂိမ်းကို ပင်မစာမျက်နှာတွင် တစ်ပတ်နှစ်ပတ်လောက် ပြသပေးလိမ့်မည်ဟု ထင်ခဲ့ကြ၏။
သို့သော်လည်း သူတို့အားလုံးမှားယွင်းသွားသည့်ပုံပင်။
ဝမ်ရှောင်းပင်က ဒါရိုက်တာလင်း၏ ရုံးခန်းဘက်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားသွားခဲ့သည်။ "ထန်းတာ့ရဲ့ ဝန်ထမ်းအားလုံးက ကြောက်စရာတွေပါလား..."
ဝမ်ရှောင်းပင် ရှန်းယန်ဂိမ်းမှာ အလုပ်လုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။
ကျင်းကျိုးမြို့လို မြို့ငယ်တစ်မြို့မှာ လူတစ်ယောက်၏ ကျော်ကြားမှုက အကန့်အသတ်ရှိသည်။
အကျိုးအမြတ်ရနိုင်သည့် ဝက်ဘ်ဆိုက်ဂိမ်းတစ်ခု၏ စနစ်ဒီဇိုင်နာချုပ်တစ်ယောက် ဖြစ်ရတာ လုံလောက်ပြီဟု ဝမ်ရှောင်းပင် ထင်ခဲ့သည်။
သို့သော်လည်း ထန်းတာ့ဂိမ်းမှ ရှန်းယန်ဂိမ်းကို ဝယ်ယူပြီးနောက် ဝမ်ရှောင်းပင်ထင်ထားသမျှ တစ်စစီ ပျက်စီးသွားရသည်။
သူတို့ ဂိမ်းဖန်တီးမှုအတွက် ယွမ် ၅ သန်းလောက် အလွယ်လေး သုံးလိုက်ပြီး ဂိမ်းကြော်ငြာဖို့အတွက် နောက်ထပ် ယွမ် သန်းဂဏန်းလောက်ကို ထပ်သုံးလိုက်ကြပြန်သည်။ ယခုလည်း ရှန်းဟွာ App Store တွင် ဒီလို အရေးပါသည့် ထောက်ခံချက်နေရာများကို ရခဲ့ပြန်ပြီ။
ဝမ်ရှောင်းပင် ဒီလိုအရာတွေကို စိတ်ကူးတောင် မယဥ်ရဲပါ။
'အံ့သြဖို့ကောင်းလွန်းသည်' ဆိုတာကလွဲပြီး ဝမ်ရှောင်းပင် ဒါကို ဖော်ပြဖို့ တခြားစကားလုံး မရှိတော့ပါ။
...
သိပ်မကြာခင် ဂိမ်မာများစွာက App Store ထဲက ဂိမ်း၏ အသေးစိတ်စာမျက်နှာထဲတါင် ကောမန့်များ စတင်ရေးသားကြသည်။ Forum များနဲ့ မိုဘိုင်းဂိမ်း၊ ဝက်ဘ်ဆိုက်ဂိမ်းများအတွက် Group များတွင်လည်း လူအမြောက်အများက ဂိမ်းအကြောင်းကို စတင်ဆွေးနွေးလာကြပသည်။
"အမ်။ အဲ့တာ ကျားကျုထျစ် ကြော်ငြာထားတဲ့ ဂိမ်းမဟုတ်လား"
"ကျားကျုထျစ်က ဘာလို့ မိုဘိုင်းဂိမ်းပါ ထုတ်လိုက်တာလဲ။ မိုက်လိုက်တာ။ မျက်စိကျစရာ နေရာကိုလည်း ရထားသေးတယ်။ ဒီကုမ္ပဏီက တော်တော်ချမ်းသာကြပါလား"
"အဲ့ဒီဂိမ်း ငွေတွေအများကြီးရထားတာ ပုံမှန်ပါပဲ။ ကြော်ငြာကိုလည်း ကြည့်ဦး။ ပြီးတော့ သာမန် ဝက်ဘ်ဆိုက်ဂိမ်းတစ်ခုတည်းကို"
"ငါတော့မထင်ဘူး။ အဲ့ဂိမ်းမှာ Paywall များများစားစား မရှိပါဘူး"
"Paywall မပါတဲ့ ဝက်ဘ်ဆိုက်ဂိမ်းပေါ့လေ။ လာနောက်နေတာလား"
"မသိဘူးလေ။ ငါလည်း သူများဆီက ကြားထားတာ။ mini-client က ကြီးလွန်းတယ်ထင်လို့ ငါဒေါင်းလုတ် မဆွဲခဲ့တာ"
"ဒါဆို ဆဲလ်ဖုန်းပေါ်မှာ ဒေါင်းလုတ်ဆွဲလို့ရတာပေါ့။ အလုပ်သွားတဲ့လမ်းမှာလည်း ဘာမှ လုပ်စရာ မရှိဘူးလေ"
ရှန်းဟွာ App Store တွင် ဂိမ်းကို တင်ပြီးနောက် လူများစွာက Bloody Battle Song ကို စတင်ပြီး ဒေါင်းလုတ်ဆွဲလာကြသည်။
တစ်ဖက်မှာတော့ ဂိမ်းကို ဝက်ဘ်ဆိိုက်ဂိမ်းတစ်ခုမှ မိုဘိုင်းဂိမ်းတစ်ခုအဖြစ် ပြောင်းလဲထားခြင်းကြောင့် ဖြစ်သည်။ စျေးကွက်တစ်ခုလုံးက ပြောင်းလဲသွားသည်။ နောက်တစ်ဖက်မှာတော့ ရေရှည် ကြော်ငြာများက ၎င်းတို့ကို ရေပန်းစားမှုများ ဆက်လက်ရရှိစေနေလိမ့်မည်။ နောက်ဆုံးမှာတော့ အခြေခံ ပြောင်းလဲမှုများ ရရှိနိုင်တော့မည်ဖြစ်သည်။
မူရင်း Bloody Battle Song က mini-client တစ်ခုဖြစ်သည်။ သာမန် ဝက်ဘ်ဆိုက်ဂိမ်းတွေလို မဟုတ်ဘဲ လူတွေက ကစားချင်တိုင်း ဖွင့်ကစားလို့မရကြပေ။ သို့သော် သာမန် client-side ဂိမ်းများနဲ့ ယှဥ်ကြည့်လျှင် ၎င်းတို့၏ ရုပ်ထွက်နဲ့ လုပ်ဆောင်ချက်များက အများကြီး ပိုဆိုးပါသည်။
ထို့အပြင် ၎င်းတို့၏ Paywall ပုံစံက ကစားသမား တစ်စုထံမှ အမြတ်ယူဖို့သာ မလုပ်ဖို့ စီစဥ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့ Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းကို အွန်လိုင်းပေါ်မှာ ကြော်ငြာခဲ့သော်လည်း လျစ်လျူရှုနိုင်သော ရလဒ်များကိုသာ ရခဲ့ပါသည်။
သူတို့ ဂိမ်း၏ ဗားရှင်းနှစ်ခုစလုံးကို ကြော်ငြာခဲ့သော်လည်း mini-client အတွက် အပြောင်းအလဲအချိုးက နိမ့်လွန်းသည်။
ကစားသမားတွေက တခြားဝက်ဘ်ဆိုက်ဂိမ်းများအတွက် ကြော်ငြာများကို မှားနှိပ်မိပါက မျက်နှာပြင် ဝင်းဒိုးတစ်ခု ပေါ်လာကာ ဂိမ်းကို ချက်ချင်း ကစားနိုင်သည်။
သူတို့ဘာမှ လုပ်စရာမရှိပါက ဂိမ်းကို ကစားနိုင်ပါသည်။
သို့သော်လည်း Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းက လုံးဝ ခြားနားသည်။ ကစားသမားတွေသာ ကြော်ငြာကို မှားနှိပ်မိပါက 370MB လောက်ရှိသည့် ဖိုင်ကို ဒေါင်းလုတ်ဆွဲခိုင်းလိမ့်မည်။ လူအများစုက ထိုမျက်နှာပြင်ကို ချက်ချင်း ပိတ်ပစ်လိုက်ကြလိမ်ိ့မည်။
ယခု ဂိမ်းကို မိုဘိုင်းပလက်ဖောင်းပေါ်သို့ ပြောင်းလဲလိုက်သဖြင့် အခြေအနေက လုံးဝ ခြားနားသွားပြီ။
လောလောဆယ် တစ္ဆေစစ်သူကြီးနဲ့ သုံးပြည်ထောင် တိုက်ပွဲကဲ့သို့ သာမန်ကတ်ဂိမ်းများက မိုဘိုင်းလောကထဲတွင် ပိုပြီး ရေပန်းစားသည်ဟု သတ်မှတ်နိုင်သည်။ ရှုပ်ထွေးသည့် လုပ်ဆောင်ချက်များဖြင့် ပိုလေးနက်သည့် ဂိမ်းများက ဖန်တီးမှုအဆင့်မှာပဲ ရှိနေသေးသည်။
Bloody Battle Song က ၎င်း၏ ရုပ်ထွက်နှင့်လုပ်ဆောင်ချက်များကြောင်း မိုဘိုင်းဂိမ်းများအတွက် စျေးကွက်တွင် အဆင့် အများကြီး သာလွန်နေပြီဟုဆိုနိုင်သည်။
Honor of Kings ဂိမ်းကဲ့သို့ အဆင့်မြင့်ဘုရင်အဆင့်များ၏ နှိိပ်စက်ခံရမှုကို အသားကျနေသည့် ကစားသမားတစ်ဘောက်က ကြေးအဆင့်ကို ရောက်ရှိသွားပြီး သူ့နားကလူတွေ လုံးဝ မကစားတတ်ကြတော့မှန်း သိလိုက်ရသလိုမျိုး ဖြစ်သည်။
ထို့အပြင် ကျန်းကျုထျင်၏ ကော်မာရှယ် ရေပန်းစားလာပြီးနောက် လူမျာားစွာက ဂိမ်းကို ၎င်းတို့၏ ခေါင်းထဲတွင် အထင်ကြီးသွားခဲ့ကြသည်။
၎င်းတို့၏ App Store တွင် ဂိမ်းပေါ်လာတာကို မြင်လိုက်ကြသောအခါ ဘာမှလုပ်စရာမရှိသည့် ကစားသမားများက စိတ်ဝင်စားသွားကြ၏။
သူတို့ ဂိမ်းကို ဒေါင်းလုတ်ဆွဲကြည့်ကာ ကော်မာရှယ်နောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့ ကြိုးစားသည်။ ကော်မာရှယ်က အလွန်ရေပန်းစားလာသဖြင့် ဂိမ်း၏ သရုပ်မှန်ကို သူတို့ကိုယ်တိုင် မြင်ချင်လာကြသည်။
ဂိမ်းထဲကို ဝင်လိုက်တာနဲ့ ယခင်တုန်းက အထင်မှားခဲ့ကြသူအားလုံး သူတို့ထင်ထားတာနဲ့ လုံးဝ ခြားနားနေမှန်း သိလိုက်ရပါသည်။
....
နေ့လည်ခင်းတွင်...
လင်းဝမ်က သူမ ရုံးခန်းထဲတွင် ထိုင်လျက် ဂဏန်းများ ဆက်တိုက် တိုးတက်နေတာကို စောင့်ကြည့်နေသည်။ သူမ အလွန်ပျော်ရွှင်နေသည်။ ဂိမ်းကို မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလဲလိုက်ခြင်းက မှန်ကန်သည့်လုပ်ရပ်ဖြစ်သွားသည့်ပုံပင်။ သူတို့ နေ့တစ်ဝက်လောက်နဲ့ ရလဒ်များများစားစား မမြင်နိုင်သော်လည်း သေချာတာတစ်ခုတော့ ရှိပါသည်။
Bloody Battle Song မိုဘိုင်းဗားရှင်းက မူလတုန်းက အဆင့် ၇ အကောင်းဆုံး မိုဘိုင်းဂိမ်း ဖြစ်ခဲ့သော်လည် ယခုတော့ အဆင့် ၆ ကို ရောက်ရှိသွားခဲ့ပါပြီ။
အတော်လေး အံ့သြဖို့ကောင်းပါသည်။
Bloody Battle Song ၏ မိုဘိုင်းဗားရှင်းက နဂို App Store တွင် အဆင့် ၇ နေရာရခဲ့သော်လည်း ရှန်းဟွာက ကိန်းဂဏန်းအတုများ ဖန်တီးပေးခဲ့သောကြောင့်သာ ဖြစ်သည်။ Weibo ပေါ်မှာ ဖော်လိုဝါအတုတွေ ဝယ်တာနဲ့ ဘာမှမခြားပေ။
သို့သော်လည်း ထိုအဆင့်သတ်မှတ်ချက်များ နောက်ကွယ်က တိကျသည့် ယန္တရားများကတော့ Weibo ၏ ရေပန်းစား ရှာဖွေမှုများနဲ့ အလွန်ခြားနားပါသည်။
Bloody Battle Song မိုဘိုင်းဗားရှင်းက ကိန်းဂဏန်းအတုအယောင်များကြောင့် အဆင့် ၇ နေရာကို ရောက်နေခြင်းဖြစ်သည်။ ဘယ်လောက်ပဲ နာမည်မကြီးပါစေ အဆင့် ၇ မှာပဲ ဆက်ရှိနေမည်ဖြစ်သည်။ အောက်ကို ဆက်ကျသွားမှာ မဟုတ်ပါ။
သို့သော်လည်း ကိန်းဂဏန်းအစစ်အမှန်များက အဆင့် ၇ ကိုကျော်လွန်သွားလျှင် အပေါ်ကို ဆက်ပြီး တက်ပါလိမ့်မည်။
ပထမတော့ လင်းဝမ်က ရှန်းဟွာ၏ ဝန်ထမ်းမှ ကိန်းဂဏန်းအတုများကို ချိန်ညှိလိုက်သည်ဟု ထင်ခဲ့မိသည်။
သို့သော်လည်း ပြန်စဥ်းစားကြည့်မှ မဖြစ်နိုင်မှန်း သိလိုက်ရသည်။
Bloody Battle Song က အဆင့် ၁ နေရာမှာပဲဖြစ်ဖြစ် အဆင့် ၇ နေရာမှာပဲဖြစ်ဖြစ် ဇယားပေါ်တွင် ပေါ်နေဦးမှာပဲဖြစ်သည်။ ထောက်ခံချက်နေရာများစွာ ရှိသဖြင့် ဂိမ်းက အဆင့် ၁ ဆင့်လောက် တက်သွားတာနဲ့ အသုံးဝင်သည့် ခြားနားချက်ဘာမှမရှိနိုင်ပါ။ ဝန်ထမ်းက ကိန်းဂဏန်းအတုတွေကို ပြောင်းလဲစရာ အကြောင်းအရင်း အစစ် မရှိဘူး မဟုတ်လား။
လင်းဝမ် ခေတ္တစဥ်းစားကြည့်လိုက်ပြီး ရှန်းဟွာ App Store တာဝန်ရှိသူ ဝန်ထမ်းကို ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမ ဇယားအကြောင်း မေးဖို့အတွက် မက်ဆေ့ တစ်စောင် ပို့လိုက်ပါသည်။
ပြန်စာက ချက်ချင်းဆိုသလိုပဲ ရောက်လာခဲ့သည်။
"ဒါရိုက်တာလင်း အဲ့တာ ဂဏန်းအစစ်တွေပါ ကျွန်တော်လည်း အံ့သြဖို့ကောင်းလွန်းတယ်လို့ ထင်နေတာ။ ဒါပေမယ့် ကျွန်တော့်နည်းပညာ ဝန်ထမ်းနဲ့ စစ်ဆေးကြည့်လိုက်တေ့ ဂိမ်းက ဇယားရဲ့ ထိပ်ဆုံး အဆင့် ၁၀ ဆင့်ကို တစ်ရက်တည်းနဲ့ ရောက်သွားတာပဲ"
"ရူးချင်စရာကြီး။ ကျွန်တော်က ရှန်းဟွာ App Store ကို တာဝန်ယူထားတာ အချိန်တော်တော်ကြာပြီ။ ရေပန်းစားတဲ့ ဂိမ်းတွေ အများကြီးလည်း မြင်ဖူးတယ်။ ဒါပေမယ့် ဒါမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး"
"ကျွန်တော် အခုထောက်ခံချက်နေရာ နောက်ထပ် ၂ ခု ထပ်ဖွင့်လိုက်မယ်"
ဆဲလ်ဖုန်းဖန်သားပြင်ပေါ်က မက်ဆေ့သာဖြစ်သော်လည်း ဝန်ထမ်း၏အံ့အားသင့်နေမှုကို လင်းဝမ် အာရုံခံနိုင်ပါသည်။
ဒါက ဖြစ်သင့်ပါသည်။
ဘော့စ်ယုထံမှ စကားတစ်ခွန်းတည်းနဲ့ ဝန်ထမ်းက သူမ၏ ညီမဖြစ်သူအတွက် ထောက်ခံချက်နေရာတွေ အများကြီး ဖွင့်ပေးလိုက်ရသည်။ သူမ ဘာမှ ထုတ်မပြောနိုင်သော်လည်း ရင်ထဲမှာတော့ ကျိန်ဆဲနေလောက်ပါပြီ။
ဒီထောက်ခံချက်နေရာတွေကို ရဖို့ လူတွေက ပိုက်ဆံပေးဝယ်ရသည်။
အမှန်ပင်။ ဝန်ထမ်းက ထိုပိုက်ဆံကို ရမှာတော့ မဟုတ်ပါ။ သို့သော်လည်း ထိုကိန်းဂဏန်းများက သူတို့အတွက် ရီပို့ကတ်တစ်ခုလိုပင်။ ထို ထောက်ခံချက်နေရာများကို အခမဲ့ပေးပစ်ခြင်းက သူ့ကိုယ်ပိုင် အောင်မြင်မှုနဲ့ ဘောနပ်စ်များကို ထိခိုက်စေပါလိမ့်မည်။
Bloody Battle Song ကို ဒီလောက် ထောက်ခံချက်နေရာတွေ အများကြီးပေးဖို့အတွက် တခြား ဂိမ်းနဲ့ App များစွာကို တမင်သက်သက် အောက်ကို တွန်းချလိုက်ရသည်။ Bloody Battle Song ၏ ကိန်းဂဏန်းများကသာ ဆိုရွားသွားပါက ပလက်ဖောင်းမှာ ရေရှည် အရှုံးပေါ်သွားနိုင်သည်။
သို့သော်လည်း တစ်ရက်တည်းနဲ့ Bloody Battle Song ၏ ကိန်းဂဏန်းတွေက ဒီလောက်ထိ ပေါက်ထွက်သွားခဲ့သည်။ အခြေအနေက လုံးဝ ခြားနားနေပါသည်။
ဝန်ထမ်းတွေက Bloody Battle Song ကို ပိုပြီးထင်ပေါ်စေဖို့အတွက် ထောက်ခံချက်နေရာတွေ ထပ်ပေးဖို့ မစောင့်နိုင်တော့ပေ။
ဝန်ထမ်း၏ တုန့်ပြန်ချက်ကို ကြားမှ လင်းဝမ် နောက်ဆုံးတော့ စိတ်အေးသွားရပါတော့သည်။
ကောင်းလိုက်တာ။
Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းကို စတင်ဖန်တီးကတည်းက သူတို့ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ သူမ ခံစားခဲ့ရသမျှ စိတ်ဖိစီးမှုအားလုံး အခု ပျောက်ကွယ်သွားပါပြီ။
နောက်ဆုံးတော့ တိမ်တွေကင်းစင်သွားပြီး နေမင်းကြီး တောက်တောက်ပပ ထွန်းလင်းလာပြီဟု လင်းဝမ် ခံစားလိုက်ရသည်။
သူမ ဘော့စ်ဖေးကို စိတ်မပျက်စေခဲ့ပါ။ သူမ၏ အိပ်မက်ကိုလည်း မစွန့်လွှတ်ခဲ့ပေ။
သူမ ဝါရင့် ဂိမ်းဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ အဝေးကြီးလိုသေးသော်လည်း Bloody Battle Song မိုဘိုင်းဗားရှင်းက အောင်မြင်သွားပြီဖြစ်သည်။ သံသယဖြစ်စရာမလိုအောင် စမှတ်ကောင်းတစ်ခု ဖြစ်သွားခဲ့ပါပြီ။
လင်းဝမ်၏ မျက်လုံးများ စတင်ပြီး စိုစွတ်လာသည်။ လောလောဆယ် သူမ ကျေးဇူးအတင်ချင်ဆုံး ပုဂ္ဂိုလ်က ဘော့စ်ဖေး ဖြစ်သည်။
ရှန်းယန်ဂိမ်းကို မလာခင်တုန်းက သူမ ဂိမ်းကုမ္ပဏီတစ်ခု၏ ခေါင်းဆောင်ဖြစ်လာပြီး အရေးပါသည့် ဗျူဟာ ဆုံးဖြတ်ချက်များ ချရကာ အားလုံးကို အောင်မြင်မှုဆီသို့ ဦးဆောင်သွားရလိမ့်မည်ဟု တစ်ခါမှ စိတ်ကူးမယဥ်ဖူးခဲ့ပေ။
သို့သော်လည်း ဘော့စ်ဖေးက သူမကို ဆက်လက် ယုံကြည်ထားသည်။ သူမကိုယ်သူမ သက်သေထူနိုင်ဖို့အတွက် ဒီလို အဖိုးတန်အခွင့်အရေးတွေကို ပေးခဲ့တာလည်း ဘော့စ်ဖေးပဲ ဖြစ်ပါသည်။
ဘော့စ်ဖေး၏ အားပေးမှုများ မပါလျှင် Bloody Battle Song ၏ မိုဘိုင်းဗားရှင်း ဒီအခြေအနေ အထိ ရောက်လာလိမ့်မည်မဟုတ်ဟု ဆိုနိုင်သည်။
ထိုအချိန်တွင် လင်းဝမ်၏ ဖုန်း တုန်ခါလာသည်။
သူမ ယူကြည့်လိုက်သောအခါ ဘော့စ်ဖေးထံမှ မက်ဆေ့တစ်စောင်ဖြစ်မှန်း မြင်လိုက်ရသည်။
"ဒီတောအတွင်း နင်အများကြီး အလုပ်ကြိုးစားခဲ့ရတာပဲ။ ၂၀ ရက်နေ့ညနေကျရင် ရှန်းယန်ဂိမ်း ဝန်ထမ်းတွေအတွက် ညစာစားပွဲ ကျင်းပပေးမယ်။ တွေ့နေကျနေရာမှာပဲ တွေ့ကြမယ်"
ထိုမက်ဆေ့ကိုမြင်တော့ လင်းဝမ် တက်ကြွသွား၏။
ဘော့စ်ဖေးက မိုဘိုင်းဗားရှင်း ဖန်တီးမှုအကြောင်း သိပြီးသားလား။
မဖြစ်နိုင်ပါဘူးး။
ဂိမ်း၏ မိုဘိုင်းဗားရှင်းကို ထုတ်လုပ်ဖို့က စျေးမကြီးပါ။ ထို့အပြင် ဘော့စ်ဖေးက လင်းဝမ်ကို Bloody Battle Song အား စိတ်ကြိုက်ပြင်ဆင်ခွင့် ပေးထားသည်။ သူမ မဖြေရှင်းတတ်သည့် ပြဿနာများနဲ့ ကြုံမှ တိုင်ပင်ဖို့ လိုအပ်ပါသည်။
ထို့ကြောင့် လင်းဝမ်က ဘော့စ်ဖေးကို Bloody Battle Song မိုဘိုင်းဗားရှင်းထုတ်မည့်ကိစ္စအား မတိုင်ပင်ရသေးပါ။ သူမအတွက်တော့ ဒါက သူမကိုယ်တိုင် ဖြေရှင်းရမည့် ကိစ္စတစ်ခု ဖြစ်သည်။
ဘော့စ်ဖေးကို တစ်ယောက်ယောက်ကများ တင်ပြလိုက်တာလား။
ဒါလည်း မဖြစ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်လို့လည်း ဘယ်သူမှ အကျိုးအမြတ် မရနိုင်ပေ။
ထို့အပြင် ဘော့စ်ဖေးက အလုပ်များသူတစ်ယောက်ဖြစ်သည်။ သူ့မှာ တာဝန်ယူစရာကိစ္စတွေ အများကြီး ရှိပါသည်။ ရှန်းယန်ဂိမ်းအကြောင်း စဥ်းစားဖို့ သူ့မှာ အားအင်တောင်ကျန်မှာမဟုတ်ဘူးဟု လင်းဝမ် တွေးမိသည်။
ထို့ကြောင့် ဘော့စ်ဖေးက သတင်းကောင်းကို မကြားရသေးမှန်း လင်းဝမ် သေချာနေပါသည်။
ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများဘယ်လောက်ကြိုးစားနေမှန်း မြင်ပြီးနောက် သူတို့ကိုအားပေးဖို့အတွက် ဒီညစာစားပွဲကို စီစဥ်ခြင်းသာ ဖြစ်နိုင်ပါသည်။
ဒီလိုသာဆို ဘော့စ်ဖေး၏ လုပ်ရပ်များက နွေးထွေးဖွယ်ကောင်းပါသည်။
ရှန်းယန်ဂိမ်းက အောင်မြင်မှု ဘာမှ မရရှိဘဲ ငွေတွေ အများကြီး ဖြုန်းပစ်ခဲ့သည်။ တခြားခေါင်းဆောင်တွေသာဆို ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်နေလောက်ပါပြီ။
သို့သော်လည်း ဘော့စ်ဖေးက တည်ငြိမ်နေရုံသာမကဘဲ အားလုံးကိုလည်း စေတနာဖြင့် လက်သင့်ခံစွာ ဆက်ဆံသည်။ အားလုံးကို ညစာစားပွဲဖြင့် အားပေးဖို့တောင် ပြင်ထားပါသေးသည်။
လင်းဝမ်က ဒီလိုခေါင်းဆောင်ကောင်းတစ်ယောက်ကြောင့် စိတ်ခံစားသွားရသည။ သူမချက်ချင်း စာပြန်လိုက်သည်။ "ကောင်းပါပြီ ဘော့စ်ဖေး"
ဘော့စ်ဖေးက အလုပ်များသူဖြစ်သော်လည်း ရှန်းယန်ဂိမ်းကို အမြဲတမ်း အာရုံစိုက်နေခဲ့သည်။
သူတို့ Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းကို ဖန်တီးနေစဥ် ဘော့စ်ဖေးက ဂိမ်း၏ အမည်၊ ဂိမ်းကစားနည်းနဲ့ ကြော်ငြာနည်းလမ်းတို့အတွက် ကူညီထောက်ပြပေးခဲ့သည်။
ညစာစားပွဲတွင် လင်းဝမ်က ဘော့စ်ဖေးကို Surprise အကြီးစားကြီး ပေးလိုက်ပါမည်။ Bloody Battle Song နောက်ဆုံးတော့ သေရွာပြန်လာပြီဖြစ်ကြောင်း ပြောလိုက်မည်။ အရှုံးများက အမြတ်များအဖြစ် ပြောင်းလဲသွားကြောင်း ပြောလိုက်မည်။
ဒါတွေ သိလိုက်ရရင် ဘော့စ်ဖေး ပျော်မှာပါ ဟုတ်တယ်မလား။