← Chapters

ဆရာချောင်း ဗီဒီယိုတင်လို့ မရဘူး

Vol. 18 Ch. 270

ဆရာချောင်း ဗီဒီယိုတင်လို့ မရဘူး

Vol. 18 Ch. 270

နှုတ်ဖြင့် သဘောတူလိုက်သော်လည်း ဒီကိစ္စတွေကို အလောတကြီးလုပ်လို့ မဖြစ်မှန်း ဖေးချမ့် ကောင်းကောင်းနားလည်ပါသည်။ သေသေချာချာ အချိန်ယူစဥ်းစားပြီးမှ သတိထား ချဥ်းကပ်ရပါမည်။

လင်းဝမ်က ယခုဆို အလွန်အမင်းယုံကြည်ချက် ပြည့်ဝနေလေပြီ။ တစ်ချိန်တည်းမှာပဲ သူမ မိသားစုဝင်များကို အလွန်သတိထားနေပါသည်။

သူမ ဂိမ်း၏ အောင်မြင်မှုကြောင့် သူမအဖေ စိတ်ဖိစီးနေမှန်း သူမသိနေမှာ ဖေးချမ့်သေချာပါသည်။ သူဘာတွေ ကြံစည်နေလဲဆိုတာကို လင်းဝမ်သိနေမှာ သေချာသည်။ ထို့ကြောင့် ဖေးချမ့်က လင်းဝမ်ကို ပထုတ်ဖို့ နည်းလမ်းရှာရရုံတင်မကဘဲ သူမ မိသားစုနဲ့ ဒီကိစ္စ ပတ်သက်နေသည်ဟု လင်းဝမ်ကို တွေးခွင့်မပေးနိုင်ပါ။ သူမအဖေ၊ လင်းယုနဲ့ တခြားသူတွေက နောက်ကွယ်မှာ သူမကို ပြဿနာရှာဖို့ ကြိုးစားနေကြမှန်း သိသွားလို့မဖြစ်ပါ။

သူ ဘယ်လို လုပ်ရပါ့မလဲ။

သူမကို ထူးချွန်ဝန်ထမ်းအဖြစ် ရွေးချယ်လိုက်တာက အကွက်ကောင်းဖြစ်နိုင်သော်လည်း ယခု ထူးချွန်ဝန်ထမ်းရွေးချယ်ဖို့က စောလွန်းနေပါသေးသည်။

လင်းဝမ်အတွက် ချွင်းချက်ထားပြီး သိပ်မကြာခင် ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲကို ကျင်းပလိုက်ရင်ကော။

တစ်ဖက်မှာတော့ အလွန် အတုအယောင် ဆန်လွန်းသွားမည်။ နောက်တစ်ဖက်မှာလည်း အားလုံး လင်းဝမ်ကို မဲပေးကြလိမ့်မည်ဟု ဖေးချမ့် အာမမခံနိုင်ပါ။ ပေါင်ရှုကလည်း ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်နေ၏။

လင်းဝမ်ကိုသာ ရွေးချယ်ခံစေချင်လျှင် ဖေးချမ့်တစ်ယောက် လူမသိသူမသိ လှည့်ကွက်များ သုံးရမည် ဖြစ်သဖြင့် ဒုက္ခများနိုင်ပါသည်။

ဖေးချမ့် ခေတ္တစဥ်းစားလိုက်ပြီး အကောင်းဆုံးနည်းလမ်းက လုပ်ငန်းတိုးချဲ့ဖို့သာဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ထန်းတာ့က လုပ်ငန်းသစ်တစ်ခု စတင်ဖို့ စီစဥ်နေကြောင်း လင်းဝမ်ကို ပြောလိုက်မည်။ အထူးချွန်ဆုံး ဝန်ထမ်းတစ်ယောက်အနေဖြင့် လင်းဝမ်ကို ထိုလုပ်ငန်းသစ်တွင် ဦးဆောင်ခိုင်းလိုက်မည်။

ထို့နောက် သူမ နောက်ဆုတ်သွားရအောင် သူမ ဘဝကို ပိုပြီးခက်ခဲသွားအောင် လုပ်လိုက်မည်။ သို့သော်လည်း လက်တွေ့ကျအောင် ဘယ်လို စီစဥ်ရမလဲ။ ဖေးချမ့် အကြံကောင်း မစဥ်းစားမိသေးပေ။

လောလောဆယ်တော့ ဖေးချမ့် ရွေးချယ်စရာမရှိဘဲ လင်းချန်နဲ့ လင်းယုတို့ကို နှုတ်ဖြင့်သာ ကတိပေးလိုက်ရသည်။ သူ အလောတကြီး ပြုလုပ်လို့ မဖြစ်ပါ။

စက်တင်ဘာလ ၂၉ ရက်နေ့၊ ဗုဒ္ဓဟူးနေ့...

ဖေးချမ့် ယွီအင်တာနက်ကဖေး ဆိုင်ခွဲသစ်ကို သွားရောက် စစ်ဆေးကြည့်လိုက်သည်။

မာယန်နဲ့ ကျန်းယွမ်တို့လည်း ဖေးချမ့်၏ တောင်းဆိုချက်များကို တိတိကျကျ လိုက်နာပြီး ဆိုင်အမြန်ဆုံးဖွင့်နိုင်ဖို့ကို ပထမဦးစားပေးဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဆိုင်ခန်းပြင်ဆင်ဖို့အတွက် အချိန်အများကြီး မသုံးခဲ့ပေ။ အင်တာနက်ကဖေးက အတော်လေး ရိုးရှင်းနေပါသည်။ သို့သော်လည်း ယခင်ကလိုပဲ ပုံစံတူ စားပွဲများနဲ့ ကွန်ပျူတာများကို ဝယ်ယူခဲ့သည်။ ထို့အပြင် ယွီအင်တာနက်ကဖေးဆိုင် လိုဂိုကိုလည်း ဝင်ပေါက်တွင် တပ်ဆင်ထားလိုက်သည်။ ဒီဆိုင်ခွဲကို သူတို့ပိုင် ဆိုင်မှန်း ပြောနိုင်ပါလိမ့်မည်။

ဖေးချမ့် ဆိုင်ပတ်လည်ကို လျှောက်ကြည့်လိုက်ပြီး အားရကျေနပ်သွားပါသည်။

ကောင်ဖီဆိုင်နဲ့ ဘားတို့ကို ဖယ်ထုတ်ပြီးနောက် ဆိုင်တစ်ဆိုင်လုံးမှာ အများအားဖြင့် ကွန်ပျူတာများဖြင့်သာ ပြည့်နှက်နေသည်။ လက်ရှိ ဆိုင်ခွဲများထက် ပိုမို သိပ်သည်းသည့်ပုံ ပေါ်နေပါသည်။

လက်ရှိ ယွီအင်တာနက်ကဖေးဆိုင်ခွဲများတွင် ရုပ်ရှင်ရုံအသေးစားလေးကဲ့သို့ ပရောဂျက်တာ အသေးစားလေးနဲ့ နားနေခန်း နေရာလေးတစ်ခု ရှိပါသည်။

ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ရုံအသေးစားလေးက နေရာယူသော်လည်း ဝင်ငွေ မရနိုင်ပေ။ ဖေးချမ့် ဖယ်ရှားပစ်စရာ အကြောင်း မရှိပါ။

ဟာ့ဒ်ဝဲများက အရည်အသွေးမြင့်နေဆဲဖြစ်ပြီး ဂိမ်းအကြီးစားတွေကိုလည်း ဆော့ကစားနိုင်လိမ့်မည်ဟု အာမခံထား၏။ တကယ်တော့ ဂိမ်းတွေ ကစားဖို့ လုံလောက်တာထက် ပိုပါသည်။

ဆိုင်ခွဲကို စစ်ဆေးပြီးနောက် ကျန်းယွမ်နဲ့ မာယန်တို့၏ ကျွမ်းကျင်မှုများကို ချီးကျူးပြီး ပြန်သွားသည်။ နောက်ထပ် တစ်ပတ် နှစ်ပတ်အတွင်း အရှုံးပေါ်မည်ဆိုလျှင် ယခု အင်တာနက်ကဖေးဆိုင်အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါ။

ထို့ကြောင့် ဖေးချမ့် အခြေအနေကို တစ်ပတ်လောက် စောင့်ကြည့်ရမည်။

နောက်ဆုံးတော့ ဖေးချမ့်တစ်ယောက် ယွီအင်တာနက်ကဖေး ဟန်တုံးတက္ကသိုလ်ဆိုင်ခွဲသို့ ပြန်ရောက်လာ၏။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းဖန်တီးမှုလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ။ သူတို့ ဂိမ်းကို အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ရမည်ဖြစ်သည်။ လောလောဆယ် ဖိုင်နယ်တည်းဖြတ်မှုများလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ။

တစ်နည်းအားဖြင့် ဆရာချောင်းက သူ့သမိုင်းဝင် တာဝန်ကို ပြီးမြောက်ခဲ့သည်။ ဒီတစ်လဝန်းကျင်အချိန်အတွင်း ဆရာချောင်းက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း၏ စနစ်ဒီဇိုင်းများ ပြုပြင်ဖို့ အတော်လေး အထောက်အကူပေးခဲ့ပါသည်။ ဖေးချမ့် သူ့ကို လေးလေးနက်နက် ကျေးဇူးတင်မိ၏။

ဆရာချောင်းကို စစ်မှန်သည့် စကားလုံးတချို့ ပြောဖို့ ဖေးချမ့်အတွက် အချိန်ကျပါပြီ။

"ဘော့စ်ဖေး ဒီကာလအတွင်း ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကျင်းကျိုးခရီးစဥ်က ကျွန်တော့်အတွက် အရမ်းအဓိပ္ပာယ်ရှိပါတယ်"

"အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းက အကြောင်းအရာနဲ့ အဓိပ္ပာယ်တွေ ပြည့်ဝတယ်။ ကျွန်တော် ပေကျင်းကို ပြန်ရောက်တာနဲ့ ဒီဂိမ်းကို ကစားရင်းရလိုက်တဲ့ သင်ခန်းစာတွေကို မျှဝေဖို့ ဗီဒီယိုတစ်ပုဒ် ထုတ်လုပ်လိုက်ပါ့မယ်"

ချောင်းလျန်က အလွန်အမင်း အားအင်တက်ကြွနေသည်။ ကျင်းကျိုးမြို့ကိုရောက်လာကတည်းက ချောင်းလျန်တစ်ယောက် စိတ်ခံစားချက်ပေါင်းများစွာ ခံစားခဲ့ရသည်။ အတားအဆီးနဲ့ အခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရ၏။

သူအပျော်လွန်ခဲ့ရသည်။ ဇဝေဇဝါဖြစ်ခဲ့ရသည်။ သူ့ဘဝကိုသူ သံသယဖြစ်ခဲ့ရသည်။

သို့သော်လည်း ယခုတော့ သူ့မှာ ခံစားချက်တစ်ခုသာ ရှိပါတော့သည်။ အောင်မြင်မှုကို ဆွတ်ခူးလိုက်နိုင်သော ခံစားချက်မျိုးဖြစ်၏။

ဥစ္စာပစ္စည်းဆုလာဘ်များအပြင် ဘော့စ်ဖေးနဲ့လည်း မျက်နှာချင်းဆိုင်တွေ့ခွင့် ရခဲ့သည်။ အမည်မဲ့စားသောက်ဆိုင်မှာ အရည်အသွေးမြင့် ဟင်းလျာများကို စားသုံးခဲ့ရပြီး ဘယ်သူမှ မကစားရသေးခင် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို အောင်မြင်အောင် ကစားခဲ့ရသည်။

ချောင်းလျန်အတွက် တခြား UP မာစတာများထက် အတော်လေး သာလွန်နေပြီဖြစ်ပါသည်။ စကေးအရကော ဂိမ်းအပေါ်နားလည်မှုအရကော၊ တခြားသူတွေထက် အများကြီး ပိုတော်နိုင်ပါသည်။ ဂိမ်းကို မိတ်ဆက်သည့် ဗီဒီယိုတစ်ပုဒ် ထုတ်လုပ်ပြီးတာနဲ့ နောက်ထပ် ပေါက်သွားမည့် ဗီဒီယို ဖြစ်သွားလိမ့်မည်။

ထိုအတွေးဖြင့် ချောင်းလျန်ရင်ထဲမှာ ကြိုးစားချင်စိတ်များ လောင်ကျွမ်းလာခဲ့သည်။ သူ အခုထက် အများကြီး ပိုရေပန်းစားလာတော့မည်။

သို့သော်လည်း ဖေးချမ့်ကတော့ တိတ်ဆိတ်သွား၏။ အထူးသဖြင့် ချောင်းလျန်က ဗီဒီယို တစ်ပုဒ်ကို အမြန်ဆုံးလုပ်ပေးမည်ဟု ပြောသံကို ကြားလိုက်ရသည့်အခါတွင် ဖြစ်သည်။ ချက်ချင်းဆိုသလို ဘော့စ်ဖေး၏ လက်နှစ်ဖက်စလုံး တုန်ယင်လာ၏။

ဆရာချောင်း၏ ဗီဒီယိုတွေ ဘယ်လောက် နာမည်ကြီးနိုင်မှန်း ဖေးချမ့်သိပါသည်။ အထီးကျန်ကန္တာရလမ်းကစလို့ Game Designer အထိ ဆရာချောင်း၏ ဗီဒီယိုများက ကစားသမားပေါင်းများစွာ၏ အာရုံစိုက်မှုကို ယူဆောင်လာပေးခဲ့သည်။ အမြဲတမ်း ဖေးချမ့်အတွက် ကြီးကြီးမားမား အရှုံးပေါ်စေခဲ့သည်။

ထို့ကြောင့် ဆရာချောင်းလို မတည်ငြိမ်သည့် အန္တရာယ်ကို ရှင်းလင်းရပါမည်။ အနည်းဆုံးတော့ ဖြစ်ပျက်ပြီးသားကိစ္စကို ဖေးချမ့် နှစ်ခါ ပြန်ဖြစ်ခွင့် မပေးနိုင်ပါ။ သူ့မျက်နှာထားက ဆက်လက် တည်တံ့နေဆဲဖြစ်ကာ ဖေးချမ့် ပြောလိုက်ပါသည်။

"မဖြစ်ဘူး ဆရာချောင်း။ ခင်ဗျား ဗီဒီယိုတင်လို့ မရဘူး"

ချောင်းလျန် ရပ်တန့်သွားသည်။ "ဘာလို့ မရတာလဲဗျ"

သူဇဝေဇဝါဖြစ်သွားလေသည်။ ဗီဒီယိုတင်လိုက်ရင် ခင်ဗျားကိုယ်စား ကြော်ငြာပေးတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

ပြီးတော့လည်း အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းက အရမ်းခက်တာ။ ဇာတ်လမ်းကလည်း အရမ်းလေးနက်တယ်။ ကျွန်တော့်လို အမာခံ ဂိမ်မာတစ်ယောက်ကို တခြားသာမန်ကစားသမားတွေကို ရှင်းပြမပေးစေချင်ဘူးလား။

ဘော့စ်ဖေးက ဒီကို ဂိမ်စမ်းကစားခိုင်းဖို့ ငါ့ကို ရည်ရွယ်ချက်ရှိရှိခေါ်ခဲ့တာ။ ငါ့ကို ဗီဒီယို ထုတ်ခိုင်းဖို့လည်း ရည်ရွယ်ထားခဲ့မှာပဲ မဟုတ်ဘူးလား။

ဖေးချမ့်က လည်ချောင်းရှင်းကာ ပြောလိုက်ပါသည်။ "ဆရာချောင်း။ ရုပ်ရှင်တစ်ကားကို ထုတ်ပြီးခါစ အချိန်မှာ ဇာတ်လမ်းဇာတ်ကွက်တစ်ခုလုံးကို ပြန်ပြောပြီး Review လုပ်မှာလား"

ချောင်းလျန်က တွန့်ဆုတ်သွားသည်။ "အာ... မလုပ်ပါဘူး"

ဇာတ်လမ်းကို စပွိုင်းတာလား။ အဲ့တာဆို အရမ်းရက်စက်သွားမှာပေါ့။ စုံထောက်ကာတွန်းတစ်ခုရဲ့ ပထမစာမျက်နှာမှာတင် လူသတ်သမားကို ဝိုင်းပြလိုက်သလိုမျိုး ဖြစ်သွားမယ်။ လူသားမဆန်တဲ့ လုပ်ရက်မျိုးပဲ။

ဖေးခချမ့်က ခေါင်းငြိမ့်လိုက်သည်။ "ဒါပဲလေ"

"ဇာတ်လမ်းကို တကယ်မကြည့်ရသေးဘဲ ဇာတ်လမ်း Review ကို ဖတ်လိုက်မိရင် ကြည့်ရှုသူတွေရဲ့ ရသက အများကြီး လျော့နည်းသွားလိမ့်မယ်။ ရုပ်ရှင်တစ်ခုတည်းကို ပထမဆုံးအကြိမ်ကြည့်တာနဲ့ ဒုတိယအကြိမ် ပြန်ကြည့်တာတောင် အကွာကြီး ကွာခြားတယ် မဟုတ်ဘူးလား"

"ဂိမ်းတွေအတွက်လည်း အတူတူပဲလေ။ ဂိမ်းတစ်ခုက ပိုပြီး ထူးခြားလေလေ ပိုပြီးမလုပ်သင့်လေလေပဲ။”

ချောင်းလျန် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း စတင်နားလည်စပြုလာပါပြီ။

အမှန်ပင်။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းက ထူးခြားသည့် ဂိမ်းတစ်ခု ဖြစ်သည်။ ပထမဆုံးအကြိမ် ကစားခဲ့စဥ်က အများကြီး နှိပ်စက်ခံခဲ့ရသည်။

ဖေးချမ့်က စေတနာပါပါလေသံဖြစ်အောင် ကြိုးစားပြီး ပြောလိုက်ပါသည်။ "ခင်ဗျား ဂိမ်းကို ပထမဆုံးအကြိမ် ကစားတုန်းကအချိန်ကို ပြန်တွေးကြည့်စမ်းပါ။ ဘယ်လို ခံစားခဲ့ရလဲ"

"အံ့သြမှင်သက်သွားလား၊ တုန်လှုပ်သွားလား၊ စိတ်ဝင်စားသွားလား"

"အဲ့တာတွေက ခင်ဗျား တကယ်မကစားခင်မှာ ဂိမ်းအပေါ် ဘာမှမျှော်လင့်မထားလို့ပဲ။ အဲ့တာကမှ အဲ့ဒီ ခံစားချက်ကောင်းတွေကို ဖြစ်ပေါ်လာစေတာ"

"ခင်ဗျား ဒီဂိမ်းနဲ့ ပတ်သက်တဲ့ ဗီဒီယိုတစ်ပုဒ်ကို အစောကြီး တင်လိုက်ရင် ဂိမ်းကအရမ်းခက်တယ်လို့ တခြားကစားသမားတွေကို အရိပ်အမြွက်ပေးလိုက်တာပဲ။ သူတို့ ဂိမ်းရဲ့ ဇာတ်လမ်းကို နားလည်ဖို့အတွက် ဆက်ပြီး ရှာနေကြရဦးမှာ။ ကစားသမားတွေသာ အဲ့လို မျှော်လင့်ချက်တွေနဲ့ ဂိမ်းထဲရောက်လာရင် ခင်ဗျား ခံစားခဲ့ရသလို ရသမျိုးကို ခံစားနိုင်မှာ မဟုတ်ဘူး။ နားလည်ရဲ့လား"

"အနှစ်ချုပ်ပြောရရင်တော့ ဇာတ်လမ်းကို စပွိုင်းတဲ့လူမျိုး မလုပ်ဖို့ ပြောနေတာပါ"

ချောင်းလျန် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ နောက်ဆုံးတော့ ဘော့စ်ဖေးဘာကို ဆိုလိုသလဲနားလည်သွားပါပြီ။ ဘော့စ်ဖေး ပြောစကားများက ယုတ္တိရှိသည်ဟုလည်း ခံစားလိုက်ရသည်။

သူအရှုံးပေးပြီးကယ်တင်ခြင်းခံစေကို ပထမဆုံးအကြိမ် ကစားတုန်းက တကယ်ပဲ ဆိုးဆိုးရွားရွား နှိပ်စက်ခံခဲ့ရသည်။ စိတ်ရှုပ်ထွေးမှုများနဲ့ ပြည့်နှက်နေခဲ့သည်။ သို့သော် ထိုစိတ်ရှုပ်ထွေးမှုများက... တစ်ချိန်တည်းမှာပဲ အတော်လေး လှပလို့နေသည်။

တခြားဂိမ်းပေါင်းများစွာအတွက်လည်း ထိုကဲ့သို့ ခံစားဖူးပါသည်။ အစပိုင်းမှာတော့ တခြားသူတွေ နှိပ်စက်တာကို ခံရသူဖြစ်သော်လည်း ပျော်ဖို့ကောင်းတာလည်း ဒါပဲဖြစ်ပါသည်။ တကယ်တော့ စွဲလမ်းဖို့တောင် ကောင်းသည်။

ဂိမ်းပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာတာနဲ့ ဂိမ်းအပေါ် သူ့သဘောထားများလည်း လုံးဝ ပြောင်းလဲသွားလိမ့်မည်။ ပထမတစ်ကြိမ် ကစားခဲ့တုန်းကလို ရသမျိုးကို ပြန်ဖန်တီးနိုင်မှာ မဟုတ်တော့ပါ။

သူသာ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို အသေးစိတ် ရှင်းပြထားသည့် ဗီဒီယိုတစ်ခု ဖန်တီးလိုက်ပါက ဂိမ်းထဲမဝင်ရသေးခင်မှာပင် ကစားသမားတွေက ခက်ခဲလိမ့်မည်ဟု ကြိုတင်မှန်းဆထားလိမ့်မည်။ ဒီလိုဆို သူတို့ရဲ့ ဂိမ်းအပေါ် သဘောထားကို ထိခိုက်မသွားစေနိုင်ဘူးလား။

ထိခိုက်စေနိုင်သည်ဟု ချောင်းလျန် ခန့်မှန်းမိသည်။

ထို့ကြောင့် ဘော့စ်ဖေးက တကယ်ပဲ အမြော်အမြင်ရှိပါသည်။

ဒါပေမယ့်... သူ နာမည်ကြီးဖို့ကကော...။

ချောင်းလျန် ခေတ္တ တိတ်ဆိတ်သွားပြီး ပြောလိုက်ပါသည်။

"ဘော့စ်ဖေးပြောတ တကယ်မှန်ပါတယ်။ ကျွန်တော့်ဗီဒီယိုတွေက ဂိမ်းအပေါ် ကစားသမားတွေရဲ့ ပထမဆုံးသဘောထားကို ထိခိုက်စေနိုင်တယ်"

"ဒါပေမယ့် ကျွန်တော် ဗီဒီယို မလုပ်ရင်တောင် တခြား UP မာစတာတွေက လုပ်ကြမှာပဲလေ..."

ချောင်းလျန် ခံပြင်းသွားသည်။ ဒီဂိမ်းကို ပထမဆုံး ဗီဒီယိုဖန်တီးလိုက်သည့် UP မာစတာက အကောင်းဆုံး အကျိုးခံစားခွင့်များကို ခံစားရလိမ့်မည်။ သူက ဒီလို နာမည်ပိုကြီးနိုင်မည့် အခွင့်အရေးကောင်းကြီးကို လက်လွှတ်လိုက်ရတော့မှာလား။

သူဒီလို စဥ်းစားလိမ့်မည်ဟု ဖေးချမ့် ကြိုမှန်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ခေါင်းငြိမ့်ပြီး ပြောလိုက်ပါသည်။ "ကျွန်တော် နားလည်ပါတယ်။ အဲ့တာ ရှောင်လွှဲလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ဒါပေမယ့် ဂိမ်းကစားဖို့ ခင်ဗျား အချိန်တွေအကြာကြီး သုံးခဲ့ရတာပဲလေ။ ခင်ဗျားက ဂိမ်းအကြောင်းကို အလေးနက်ဆုံး နားလည်ထားတဲ့ UP မာစတာ တစ်ယောက်ပဲ။”

"ဂိမ်းရဲ့ဗီဒီယိုကို တင်ချင်ရင် အနည်းဆုံးတော့ ထုတ်လုပ်ပြီး ၁ ပတ်အကြာလောက် စောင့်ပေးဖို့ အကြံပေးချင်တယ်။ အနည်းဆုံးတောာ့ ကစားသမား ပထမအသုတ်က ဂိမ်းကို အသစ်စက်စက် ခံစားခွင့်ရမှာပဲ။”

"ခင်ဗျား တစ်ပတ်လောက် စောင့်ရရင်တောင် တခြား UP မာစတာတွေထက် ပိုမြန်မှာ သေချာပါတယ်"

"တစ်ချိန်တည်းမှာပဲ တခြားကစားသမားတွေကလည်း ခင်ဗျား ကျော်ဖြတ်ခဲ့ရတဲ့ နှိပ်စက်မှုတွေကို ခံစားနိုင်မယ်"

ချောင်းလျန် နားလည်သဘောပေါက်သွား၏။ ဟုတ်တာပေါ့။

ငါဂိမ်းကို စကစားတုန်းက ဆိုးဆိုးဝါးဝါး နှိပ်စက်ခံခဲ့ရတာ။ ငါ့ကိုယ်ပိုင်အစွမ်းအစနဲ့ ဂိမ်းထဲမှာ မွှေနှောက်ခဲ့ရတာ။ တခြားသူတွေအတွက် ဘာလို့ လွယ်အောင် လုပ်ပေးရမှာလဲ။

ကျန်တဲ့ကောင်တွေလည်း အကုန်ခံစားသွားစေရမယ်။

ကစားသမားတွေ နှိပ်စက်ခံရပြီးမှ ငါ့ Walkthrough ကို ကြည့်မယ်ဆိုရင် ငါ့ကို သူတို့ရဲ့ ဟီးရိုးတစ်ယောက်လို သတ်မှတ်သွားကြလိမ့်မယ်။ သူတို့ ငါ့ကို အရမ်းတွေ ကျေးဇူးတင်ကြလိမ့်မယ်။

အရမ်းကောင်းတယ်။

ထိုအတွေးဖြင့် ချောင်းလျန်တစ်ယောက် ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်လိုက်ပါသည်။ "ကိစ္စမရှိဘူး ကျွန်တော် ကစားသမားတွေရဲ့ ဂိမ်းရသကို မဖျက်ဆီးတော့ပါဘူး။ ကျွန်တော် ၁ ပတ်ကြာမှ Walkthrough တစ်ခုကို တင်လိုက်ပါ့မယ်"

"ဘော့စ်ဖေးက တကယ် အကုန်လုံးကို ကြိုတွေးထားတာပဲနော်။ တော်လိုက်တဲ့ ဒီဇိုင်နာ။ ဂိမ်မာတွေရဲ့ ရသကိုပဲ အမြဲတမ်း ဦးစားပေးတယ်"

ဖေးချမ့် အနည်းငယ် ပြုံးလိုက်သည်။

ဟုတ်ပြီကွ။ ဒီကောင့်ကို အောင်အောင်မြင်မြင်နဲ့ တစ်ပတ်ရိုက်နိုင်လိုက်ပြီ။

တကယ်တော့ ဖေးချမ့်က ဂိမ်မာတွေရဲ့ ရသကိုလည်း စိတ်မဝင်စားပါ။ ဆရာချောင်း ဗီဒီယိုများ၏ နာမည်ကြီးမှုကိုသာ လျှော့ချဖို့ အဓိက စိတ်ဝင်စားပါသည်။ ဆရာချောင်းသာ ဂိမ်းကို ထုတ်ထုတ်ပြီးချင်း ဗီဒီယိုတစ်ပုဒ် ချက်ချင်းတင်လိုက်ပါက ကစားသမားတွေက ကြည့်ကြပြီး ဂိမ်းကို စိတ်ရှည်ရှည် ကစားကြလိမ့်မည်။

ဒီလိုဆို ဂိမ်မာတွေကို ပထုတ်နိုင်မည့် ဂိမ်း၏ အစွမ်းကို လျော့ကျသွားစေပါလိမ့်မည်။ ထိုအခါ ရလဒ်အနေဖြင့် ငွေပြန်အမ်းခိုင်းမည့် လူအရေအတွက်လည်း ပိုနည်းသွားလိမ့်မည်။ ဒီလိုဆို ဂိမ်းကရတဲ့ ဝင်ငွေပမာဏ ပိုများမသွားနိုင်ဘူးလား။

ဖေးချမ့် ဒီလိုဖြစ်ခွင့်မပေးနိုင်ပါ။ တစ်ဖက်မှာတော့ ဆရာချောင်းသာ တစ်ပတ်လောက်စောင့်ပြီးမှ ဗီဒီယိုတင်ပါက ဂိမ်မာတွေရွေးချယ်စရာမရှိဘဲ ဂိမ်းကို ကိုယ့်အစွမ်းအစဖြင့်ကိုယ် အောင်နိုင်အောင် ကြိုးစားရလိမ့်မည်။ ဂိမ်း၏ အနိုင်ကျင့်နှိပ်စက်မှုကို ခံရပြီးနောက် သူတို့ သေချာပေါက် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ၏ စာမျက်နှာတွင် ကောမန့်ဆိုးများစွာ ရေးသွားကြပါလိမ့်မည်။

တစ်ပတ်အတွင်း ဂိမ်းအတွက် ငွေပြန်လိုချင်သည့် လူတွေလည်း ငွေပြန်ရကာ ဖန်တီးသူတွေကို ဆဲချင်သူတွေလည်း ဆဲပြီးလောက်ပါပြီ။

ထို့အပြင် အမာခံကစားသမားများကလည်း ဂိမ်းကို အကြမ်းဖျင်းနားလည်သွားကြလိမ့်မည်။ ထို့ကြောင့် တခြားသူတွေလည်း Walkthrough ဗီဒီယိုများ စတင်ဖန်တီးလာကြလိမ့်မည်။ ထိုအချိန် ဆရာချောင်း တင်လိုက်သည့် ဗီဒီယိုတိုင်းက အရင်ကလောက် နာမည်မကြီးနိုင်တော့ပါ။

အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း၏ ဝင်ငွေအပေါ် သက်ရောက်မှုလည်း အနည်းဆုံး ဖြစ်သွားလိမ့်မည်။

ဖေးချမ့် သူ့ကိုယ်သူ အလွန်ဂုဏ်ယူမိသွားပါသည်။ စကားလုံး နည်းနည်းပါးပါးနဲ့ ဒီအန္တရာယ်ကို ရှင်းလင်းနိုင်ခဲ့သည်။

သူ့မျှော်မှန်းချက်က အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကြောင့် ဂိမ်မာတွေ ဒေါသထွက်နိုင်သမျှ ထွက်ကြစေဖို့ ဖြစ်သည်။

ဒီလိုဆို ဂုဏ်သတင်းလည်း အောက်ဆုံးထိ ထိုးကျသွားပြီး ဂိမ်းကို ထုတ်လုပ်ပြီး ၁ ပတ်အတွင်းမှာတင် ကူရာကယ်ရာမဲ့သွားပါလိမ့်မည်။

ထိုအချိန် ဆရာချောင်း ဗီဒီယိုတွေတင်ရင်တောင် ဘာမှ အသုံးမဝင်တော့ပါ။

All Chapters