← Chapters

သူ ဘယ်ရောက်နေတာလဲ

Vol. 37 Ch. 542

သူ ဘယ်ရောက်နေတာလဲ

Vol. 37 Ch. 542

*သောက်ကျိုးနည်း*

ရဲ့လင်းချန်၏ မျက်နှာက ပြာနှမ်းသွားပြီး သန့်စင်ခန်းသို့ လေသဖွယ် အပြေးနှင်လေတော့သည်။

လူတစ်ယောက်အတွက် သန့်စင်ခန်းသို့ သွားရသည့် အရေးပေါ် အကြောင်းရင်းက သုံးခုရှိသည်။ သို့သော် ယင်းက အရေးကြီးသည်ထက် ပိုပေသည်။ ယင်းက သူ့အား သတ်ရန် ကြိုးစားနေသလိုပင်။

*ကျင့်ကြံခြင်းတဲ့၊ ကျင့်ကြံခြင်းကလွဲပြီး တခြား မဖြစ်နိုင်ဘူး၊ ငါ့ခန္ဓာကိုယ်က ပြန်သန့်စင်တော့မှာလား၊ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားမှာလား*

*ပါရမီရှင်တစ်ဦး ဖြစ်တာမို့လို့ ငါ့ခန္ဓာကိုယ်က နည်းလမ်းပေါင်းများစွာနဲ့ ထိန်းချုပ်ခံထားခဲ့ရတာ၊ ဖယ်ရှားစရာ အကြွင်းအကျန်တွေ ကျန်နေသေးတာလား၊ အဲ့ဒါက ပြင်းထန်မှာလား*

ရဲ့လင်းချန်၌ စဉ်းစားချိန် မရှိပါ။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး သန့်စင်ခန်းတံခါးသို့ ရောက်သည်အထိ အသက် အောင့်ထားကာ အထဲသို့ အလျင်စလို ဝင်လိုက်သည်။

“ဟူး … ပေါ့သွားတာပဲ”

ရဲ့လင်းချန် စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ သူ အချိန်မီ ဝင်နိုင်၍ တော်ပါသေးသည်။ သို့မဟုတ်ပါက ကြီးမားသော အရှက်ကွဲခြင်းနှင့် ကြုံတွေ့ရလောက်သည်။

ဆိုးရွားလှသော အနံ့ဆိုးကြောင့် သူ့မျက်ခုံးများ မသိမသာ ကြုံ့သွားသည်။

၎င်းသည် သူ ရဖူးသမျှထဲ၌ အနံ့ဆုံးဖြစ်ပြီး အလွန်အမင်း စူးရှနံဟောင်လှသည်။

“ယီးပဲ၊ နံလိုက်တာ”

ဘေးခန်းမှ ဒေါသတကြီး ကျိန်ဆဲသံ ထွက်ပေါ်လာပြီးနောက် အလွန် အလျင်လိုနေပုံရသည့် တရှဲရှဲအသံ ထွက်ပေါ် လာသည်။ ရုတ်ချည်းဆိုသလိုပင် တိတ်ဆိတ် ငြိမ်သက်သွားသည်။

ထိုလူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်သဖြင့် သတိလစ်သွားပြီဟု ရဲ့လင်းချန် ခန့်မှန်းလိုက်မိသည်။

ထို့နောက် သူ့ကိုယ်သူ တစ်ချက် ပြန်ကြည့်လိုက်လေသည်။ သူ၏ ဝမ်းဗိုက်အပြင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ချွေးပေါက်များမှ အနက်ရောင် အညစ်အကြေးများ ထွက်နေသည်။ ထိုအညစ်အကြေးများသည် အလွန် နံ့ဟောင်ပြီး နက်မှောင်လွန်းလှသည်။ ၎င်းကို မြင်သည့်သူတိုင်း ရွံရှာသွားလောက်သည်။

သို့သော် ထိုအညစ်အကြေးလွှာများ အောက်ရှိ အရေပြားသည် ဖြူနေသည်ဟု ရဲ့လင်းချန် ခံစားမိသည်။ ယင်းက ဖြူသည်ထက်ပင် ကျော်လွန်ပြီး ကျောက်စိမ်းကဲ့သို့ ဝင်းလက်နေသည်ဟု ထင်မှတ်ရသည်။ သူ အပြင်ထွက်လျင် မိန်းကလေးပေါင်းများစွာထံမှ အားကျသော အကြည့်များ ရလာမည်မှာ အသေအချာပင်။

“လခွမ်း … နတ်ခန္ဓာကိုယ်ပဲ၊ ငါ့မှာ နတ်ခန္ဓာကိုယ် ရှိလာပြီ၊ ငါက ကောင်းကင်ဘုံ ဧကရာဇ်နဲ့တောင် တူလာပြီ”

ရဲ့လင်းချန် ဟစ်ကြွေးလိုက်မိပြီး အရေလဲနေသည်ဟု ခံစားနေရသည်။

ပြောင်းလဲနေသော အရာက သူ၏ အရေပြားတစ်ခုတည်း မဟုတ်ပေ။ သူ၏ အရိုးများနှင့် ကိုယ်တွင်း အင်္ဂါများ သည်လည်း တွန့်လိမ် ရွေ့လျားနေ၏။ ၎င်းတို့တွင်လည်း တူညီသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေလေသည်။ သူသည် အသက်ကို မှန်မှန်ရှူနေပြီး သူ၏ ခန္ဓာကိုယ်မှ ချွေးပေါက်များသည်လည်း အနံ့များ ထွက်ပေါ်နေသည်။ မိုးမြေ၏ စွမ်းအင်က သူ၏ ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ သန့်စင်ပေးနေလေသည်။

သန့်စင်ခန်းထဲမှ ထွက်လာပြီးနောက် ဘေးခန်းမှလူသည် ထိတ်လန့်နေသော မျက်နှာထားနှင့် ကြမ်းပြင်ပေါ် လဲကျ၍ သတိလစ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် ကြင်နာစိတ်ဖြင့် ထိုလူအား သန့်စင်ခန်းထဲမှ ပြေးထွက်လာပြီးနောက် ရေကူးကန်ထံသို့ တန်းပြေး လေသည်။

သူသည် အညစ်အကြေးများနှင့် ဖုံးလွှမ်းနေပြီး နှံ့နှံ့စပ်စပ် သန့်ရှင်းရန် လိုအပ်နေသည်။

ရေထဲသို့ ဒိုင်ဗင်ထိုးချလိုက်သည်နှင့် ရဲ့လင်းချန် ကျေနပ်အားရသော အသံ မထွက်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သူသည် ရေထဲ၌ ငါးတစ်ကောင်သကဲ့သို့ ကန်၏ တစ်ဖက်ခြမ်းမှ အခြားတစ်ဖက်ခြမ်းသို့ သိပ်မလှုပ်ရှားလိုက်ရဘဲ အလွန် ကြောက်စရာကောင်းသော အရှိန်ဖြင့် ကူးခတ်သွားလေသည်။

အထူးသဖြင့် သူသည် ဘာလှိုင်းကိုမှ မဖြစ်ပေါ်စေခဲ့ပေ။

သူ၏ ရေထဲ၌ လျင်မြန်မှုနှုန်းက တစ်ဝက်ကျော်ကျော် တိုးတက်လာခဲ့သည်။ ထို့အပြင် ရေထဲမှ သူ၏ အမြင်ကလည်း သိသိသာသာ တိုးတက်လာခဲ့လေသည်။

သူ၏ ရေဝိညာဉ် ခန္ဓာကိုယ်က ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်သော ခန္ဓာကိုယ် ဖြစ်ပုံရသည်။ ပုံစံ နှစ်မျိုးက အချင်းချင်း အထောက်အကူ ဖြစ်နေပြီး အလွန်အမင်း အစွမ်းထက်နေလေသည်။

ရဲ့လင်းချန် စိတ်ထဲ၌ စဉ်းစားသုံးသပ်နေမိသည်။ တစ်ချိန်တည်းမှာပင် သူ့အရှေ့မှ ရေကို သေသေချာချာ ကြည့်သောအခါ တစ်ဖက်ခြမ်းက သူ့အား ခေါ်နေသည်ဟု ခံစားနေရသည်။

ရေစီးကြောင်းက သူ့ခန္ဓာကိုယ်အား အိမ်သို့ ထွက်သွားပြီးနောက် အမျိုးများနှင့် တွေ့ကာ ချွဲနေသည့် ကလေးများကဲ့သို့ ပွတ်တိုက်နေသည်။

*ဟမ်*

ရဲ့လင်းချန် မသိစိတ်အရ လက်ကိုဆန့်၍ ရေကို ထိလိုက်သည်။

“ရွှစ် ရွှစ် ရွှစ်”

ရေမျက်နှာပြင်မှနေ၍ ဘောလုံးငယ်တစ်ခု စူထွက်လာသည်။

ရဲ့လင်းချန်သည် လက်ကို အရှေ့အနောက်နှင့် ဘယ်ညာ လှုပ်ရှားကြည့်သည်။ ထိုဘောလုံးလေးကလည်း ရေနှင့်အတူ လိုက်ပါ ရွေ့လျားနေ၏။

*မိုက်လိုက်တာ*

*ရေကို ထိန်းချုပ်နိုင်တာလား*

ရဲ့လင်းချန် ပင့်သက်ရှိုက်မိသွားသည်။ သူ ကျင့်ကြံခြင်းကို ပို၍ နက်နက်ရှိုင်းရှိုင်း ကျင့်ကြံပါက လက်နှင့်တင် မြစ်များနှင့် ပင်လယ်များကို လှန်လိုလှန်၊ မှောက်လို မှောက်နိုင်လာလေမလား။

မဖြစ်နိုင်တာ မရှိဘူးဆိုသော စကားက မှန်ကန်လှပေသည်။ စနစ်က ဤမျှ အံ့ဩစရာ ကောင်းမည်ဟု သူ လုံးဝ ထင်မထားမိပါ။

ထိုသို့သောအချိန်၌ စိန်ခေါ်ခန်းမတွင်းဝယ်။

လူရှစ်ယောက်၌ လေးယောက်ကာ ရာထူးတိုးခြင်း ပြီးဆုံးသွားလေသည်။ ထိုလေးယောက်လုံးက ကောင်းမွန်သော သိုင်းပညာ စွမ်းရည်များကို ပြသခဲ့ပြီး အခြား သိုင်းပညာရှင်များထံမှ အားကျလေးစားစိတ်များ ရရှိခဲ့သည်။

အဘိုးအိုသည် အရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာပြီး ငါးယောက်မြောက်လူအား ကြေညာလေသည်။

“ရဲ့လင်းချန်၊ အမြင့်တန်းအဆင့် စစ်သည်တော်က ကြီးမားတဲ့ တာဝန်များစွာကို ပြီးမြောက်အောင် ထမ်းဆောင် ခဲ့တယ်။ သူက လူမျိုးနဲ့ နိုင်ငံအတွက် ကြီးမားတဲ့ အောင်မြင်မှုတွေ ဖန်တီးခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ ထူးချွန်တဲ့ ခွန်အားကြောင့် သူ့ကို အဆင့် နှစ်ဆင့် ကျော်ပြီး အခု အလယ်အလတ်အဆင့် စောင့်ကြပ်သူအဖြစ် ခန့်အပ်တယ်”

“ဝိုး”

သူသည် အမြင့်တန်းအဆင့် စစ်သည်တော်မှ အလယ်တန်းအဆင့် ကြီးကြပ်သူအဖြစ်သို့ တန်း၍ ရာထူးတိုး သွားသည့်အတွက် လူတိုင်း အလန့်တကြား ဖြစ်သွားကြသည်။ ထိုအဆင့် နှစ်ခုကြားမှ ခြားနားချက်သည် ကြီးမားလွန်းပြီး လုံးဝ မယုံနိုင်စရာ ကောင်းလှသည်။

“ချီးပဲ၊ အဲ့ကောင်က အလယ်အလတ်အဆင့် စောင့်ကြပ်သူအဖြစ် တန်းပြီး ရာထူးတိုးသွားတာလား၊ ဘယ်လို တောင်လဲ”

“ဟား … အမြင့်တန်းအဆင့် စစ်သည်တော် ဖြစ်နေတုန်းကတောင် သူက ဖင်ခေါင်းကျယ်နေတာ၊ အလယ်အလတ် အဆင့် ကြီးကြပ်သူ ဖြစ်ပြီးသွားရင် သူ ဆက်ပြီး ကြီးကျယ်နေဦးမှာပဲ မဟုတ်လား”

“ဘယ်လိုလုပ်ပြီးတော့လဲ၊ ပြီးတော့ ဘာကြောင့်လဲ၊ သူ့ကို အင်အားကြီးတဲ့သူ တစ်ယောက်ယောက်က ထောက်ပံ့ပေးနေတာ သေချာတယ်၊ အခုထိ သူ လှုပ်ရှားတာကို ငါ တစ်ခါမှ မမြင်ဖူးသေးဘူး”

“ဟုတ်တယ်၊ သူက လူညစ်ပဲ၊ သူသာ အလယ်အလတ်အဆင့် ကြီးကြပ်သူ ဖြစ်လာရင် ငါတို့ စစ်သည်တော်ဌာန သိက္ခာကျ မသွားဘူးလား”

…

သိုင်းပညာရှင်များ မခံမရပ်နိုင် ဒေါသထွက်နေကြသည်။ သူတို့ အချင်းချင်း ပြောဆိုလာပြီး ရဲ့လင်းချန်အား လက်ညှိုးထိုး အပြစ်တင်လာသည်။

ထိုအခါတွင်မှ ရဲ့လင်းချန် ပျောက်နေသည်ကို သူတို့ သတိထားမိသွားသည်။

“ဟမ်၊ အဲ့ကောင် ဘယ်မှာလဲ”

“သူ စင်ပေါ်တက်ရမှာကို ကြောက်လို့ ထွက်ပြေးသွားတာပဲ ဖြစ်မယ်”

“ဖြစ်နိုင်တယ်၊

“ဖြစ်နိုင်တယ်၊ ဟားဟားဟား … ရာထူးတိုးရင် စင်ပေါ် တက်ရမယ်ဆိုတာကို သူ မသိထားတာ ဖြစ်မယ်၊ ဟုတ်တယ်မလား၊ အခု သူ အလိမ်ပေါ်ပြီလေ”

“ဟဲဟဲ၊ စက္ကူက မီးကို မခံနိုင်သလို အတုကလည်း အစစ် မဖြစ်နိုင်ဘူးလေ၊ ဒီကောင်က သူ့တာဝန်တွေမှာ ကံကောင်းသွားတာ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် တစ်ယောက်ယောက်က သူ့ကို ကူညီပေးနေတာပဲ”

“ဟားဟားဟား အဲ့ကောင် ဘယ်လို မာန်တက်နေဦးမလဲ ကြည့်ရသေးတာပေါ့၊ အရင်တုန်းက သူက ငါတို့ကို ပေါ်တင် သရော်ထားတာ၊ ဒေါသထွက်ဖို့ ကောင်းတယ်”

“ဟုတ်တယ်၊ သူက ငါတို့ထက် နှာတဖျား သာသလို လုပ်နေတာလေ၊ သူက အံ့ဩစရာ ကောင်းလောက်အောင် ထူးချွန်တဲ့သူလို့ ငါ တကယ်ကြီး ထင်နေခဲ့တာ”

“အဲ့ဒါက ဟာသ ဖြစ်နေတဲ့ပုံပဲ၊ အားလုံးက ရယ်ချင်စရာပဲ”

…

ရုတ်တရက်ဆိုသလိုပင် စိန်ခေါ်ခန်းမက ဆူညံလာသည်။ ရဲ့လင်းချန်နှင့် ပတ်သက်သော အဆက်မပြတ် ပြောဆိုမှုများ ထွက်ပေါ်နေပြီး လူတိုင်းက အတင်းပြောကာ ရဲ့လင်းချန် ထွက်ပြေးသွားပြီဟု ကြားရချိန်၌ ဝမ်းသာ နေကြသည်။

လင်းအောင်သည်လည်း နားဝေတိမ်တောင် ဖြစ်နေပြီး သူ့ဘေးမှ နေရာလွတ်ကို ကြည့်နေလေသည်။

*သေ‌ရော၊ သူ ဘယ်ရောက်သွားတာလဲ*

“ဝူယွဲ့၊ မင်း လေးစားတဲ့ စံပြပုဂ္ဂိုလ်က မတော်တဲ့ပုံပဲ၊ သူ ထွက်ပြေးသွားတာမလား”

သိုင်းပညာရှင် တစ်ယောက်က ဝူယွဲ့အား ပြောလာသည်။

“မဖြစ်နိုင်ဘူး၊ နည်းပြရဲ့က အဲ့ထက်ပိုပြီး တော်တယ်၊ သူက ဘာလို့ ထွက်ပြေးရမှာလဲ”

ဝူယွဲ့က ဘေးဘီကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

“ဒီလို အရေးကြီးတဲ့ အခြေအနေမှာ သူက ပျောက်သွားတယ်ဆိုတော့ သူ ထွက်ပြေးတာ မဟုတ်ရင် ဘာရှိနိုင် သေးလို့လဲ”

“ဟူး … ဝူယွဲ့၊ မင်း သူ့ဆီမှာ အရူးလုပ်ခံရတယ်လို့ ငါ ထင်တယ်၊ တကယ်တော့ အဲ့ကောင်မှာ ဘာအရည်အချင်းမှ မရှိဘူး”

ဝူယွဲ့က ခေါင်းခါ၍ ယုံကြည်မှုရှိစွာ ပြောသည်။

“အကြောင်းရင်းက ဘာလဲ ငါ မသိပင်မယ့်၊ နည်းပြရဲ့က သိပ်သန်မာတယ်၊ သူ့လက်ထဲမှာ ငါ တစ်ချီတောင် မခံနိုင်ဘူး”

ဝူယွဲ့အဖွဲ့ထဲမှ စစ်သည်တော်များသည်လည်း ပဟေဠိ ဖြစ်နေသည်။ ဖန့်ဟုန်သည်လည်း မသိမသာ မျက်မှောင် ကြုတ် နေပြီး ရဲ့လင်းချန်အား လိုက်ရှာနေသည်။

စင်မြင့်ပေါ်၌ ချင်ပိုင်ချွမ်းနှင့် အခြားသူများက အချင်းချင်း ကြည့်နေကြသည်။

ရဲ့လင်းချန် ‌ပြေးသွားသည်ကို သူတို့ မြင်ခဲ့ပါသည်။ သို့သော် ဤမျှ အချိန်ကြာသည်အထိ သူ ပြန်မလာဘဲ နေလိမ့်မည်ဟု ထင်မထားမိပေ။

*ဒါဆို သူ ပြေးသွားတာများလား*

“စင်ပေါ်ကို အကဲဖြတ်သူ အရင် ခေါ်လိုက်တာပေါ့၊ စည်းကမ်းအရ ရဲ့လင်းချနန် စင်ပေါ်ကို အချိန်မီ မလာနိုင်ရင် ဒဏ်ပေးတဲ့ အနေနဲ့ ရာထူးတိုးတာကို ရုတ်သိမ်းပြီး အရည်အချင်း မပြည့်မီဘူးလို့ သတ်မှတ်မယ်”

ချင်ပိုင်ချွမ်းက ပြောလာသည်။

ဆူညံသံများ တိတ်ဆိတ်သွားသည်။

လင်းထျန်းရှုံးက ပါးစပ်ဟလိုက်သော်လည်း ဘာမျှမပြောချေ။

စည်းမျဉ်း စည်းကမ်းမရှိလျင် ဘာမှ မဖြစ်လာနိုင်ပါ။ စစ်သည်တော်ဌာန၌ မည်သူကိုမှ ခြွင်းချက်မပေးချေ။

“အကဲဖြတ်သူ၊ အလယ်အလတ်အဆင့် လျှိုချွမ် စင်ပေါ်တက်ပါ”

အဘိုးအိုက ဆက်ကြေညာသည်။

သို့သော် တစ်ခဏ ကြာသည်အထိ ဘယ်သူမှ ရှေ့ထွက်မလာချေ။

“ဘာဖြစ်တာလဲ၊ အကဲဖြတ်သူလဲ ပျောက်နေတာလား”

ပရိသတ်များထဲ၌ ဆူညံသံများ ထပ်မံဖြစ်ပေါ်လာပြီး လူတိုင်း စိတ်ရှုပ်ထွေးလာကြသည်။

“သတင်းပို့ပါတယ် ဆာ၊ လျှိုချွမ်က သန့်စင်ခန်း သွားနေတဲ့ပုံပါပဲ”

All Chapters