အထိန်းအကွပ်မဲ့ခြင်း၊ မမျှော်လင့်ထားသော အခြေအနေ
Vol. 37 Ch. 543
လျှိုချွမ်က သန့်စင်ခန်းတံခါးဝ၌ အိပ်ပျော်နေသည်ကို ဘယ်သူမှ မသိကြပေ။ သူသည် အိပ်မက်ဆိုး မက်နေသကဲ့သို့ မကြာခဏ မျက်မှောင်ကြုတ်နေပြီး ခန္ဓာကိုယ်က လူးလိမ့်နေ၏။
လက်ရှိအချိန်၌ စင်မြင့်က ဗလာကျင်းနေသောကြောင့် လူတိုင်း တိတ်ဆိတ်နေလေသည်။
“ဒါက …”
ချင်ပိုင်ချွမ်း၏ အမူအရာက ချက်ချင်း မပျော်ရွှင်ပုံ ပေါ်လာသည်။
တစ်ယောက်က ထွက်ပြေးသွားပြီး နောက်တစ်ယောက်က သန့်စင်ခန်းသွားပြီး အတော်ကြာသည်အထိ ပြန်မရောက် လာသည်က တိုက်ဆိုင်လွန်းလှသည်။
“တစ်ခုလောက် ပြောချင်ပါတယ်”
ထိုစဉ် သူအဖွဲ့နှင့် အတူရှိနေသည့် ကျန့်ယွီက စကားစ လာသည်။
“ပြော”
“ဆာ ကျွန်တော် ရဲ့လင်းချန်ရဲ့ အကဲဖြတ် နည်းပြ ဖြစ်ချင်ပါတယ်”
ကျန့်ယွီက လေးနက်သော အမူအရာနှင့် ပြောလာသည်။
“ဟမ်”
ချင်ပိုင်ချွမ်းနှင့် အခြားသူများအားလုံးက ကျန့်ယွီအား ကြည့်လာကြသည်။
“အကြောင်းရင်းက”
“ကျွန်တော် လက်မခံနိုင်လို့ပါ”
ကျန့်ယွီက တင်စီးသော အမူအရာမျိုးလည်း မဟုတ်၊ နှိမ့်ချသော အမူအရာလည်း မဟုတ်သည့် ပုံစံဖြင့် ပြန်ပြောသည်။ သို့သော် သူ့လေသံက အလွန် အေးစက်နေ၏။
“ရဲ့လင်းချန်ရဲ့ စစ်ရေး အောင်မြင်မှုတွေကို ကျွန်တော် မငြင်းပါဘူး၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ရာထူးကို အောင်မြင်မှု တစ်ခုတည်းနဲ့ ကျွန်တော် မဆုံးဖြတ်နိုင်ဘူး၊ ရဲ့လင်းချန်ရဲ့ သိုင်းပညာ အရည်အချင်းကို ကျွန်တော် အရင်က တစ်ခါမှ မမြင်ဖူးဘူး၊ ဒါက ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး၊ စစ်သည်တော်ဌာနက လူတော်တော်များက ရဲ့လင်းချန် လှုပ်ရှားမှုကို တကယ် တစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ သူ့အကျင့်စရိုက်က အရမ်း လူမိုက်ဆန်လွန်းတယ်လို့ ကျွန်တော် ထင်တယ်၊ ဒီက လူတိုင်းထက် သူက ပိုတော်တယ်လို့ ထင်နေတာ၊ သူက မောက်မာတယ်”
“ကျွန်တော် သူ့ကို လက်မခံနိုင်ဘူး၊ ဒါကြောင့် ကျွန်တော် သူ့ကို စိန်ခေါ်တယ်”
ကျန့်ယွီ၏ စကားက စစ်သည်တော်များစွာ၏ နှလုံးသားအား ဘဝင်ခိုက်သွားစေပြီး လူတိုင်းက သဘောတူကြောင်း တညီတညွတ်တည်း ပြောလာကြသည်။
လူအများအား လက်ခံယုံကြည်လာစေရန်အလို့ငှာ သိက္ခာရှိရန် လိုအပ်ပေသည်။
သို့သော် ရဲ့လင်းချန်အတွက် လူတိုင်းကို လက်ခံယုံကြည်လာအောင် လုပ်ခြင်းက ခက်ခဲသော တာဝန်တစ်ခုပင်။ အကြောင်းမှာ သူသည် စစ်သည်တော်ဌာန၌ လူသစ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်တည်း။
ချင်ပိုင်ချွမ်း၏ မျက်နှာက လေးနက်လာသည်။
“လက်ခံတယ်၊ မင်း စင်မြင့်ပေါ်ကို တက်လာပါ”
ကျန့်ယွီသည် အပြည့်အဝ အရည်အချင်းရှိသော အလယ်အလတ်အဆင့် ကြီးကြပ်သူ ဖြစ်သည်။ သူ ထောက်ပြသော အကြောင်းရင်းများက ပြည့်စုံသည်။ သို့မဟုတ်ပါက ချင်ပိုင်ချွမ်းသာမက အခြား စစ်သည်တော်များလည်း လက်ခံနိုင်မည် မဟုတ်ပါ။
ကျန့်ယွီက စင်မြင့်ပေါ်သို့ တက်လာပြီး အောက်ဘက်ရှိ လူတိုင်းကို ငုံ့ကြည့်ကာ ဂုဏ်ယူစွာ ဟစ်ကြွေးလိုက်သည်။
“ရဲ့လင်းချန်၊ မင်း ချရဲလား”
“လခွမ်း … နည်းပြကျန့်က ရဲ့လင်းချန်နဲ့ ရန်ငြိုး ရှိတာလား”
“မင်း မသိဘူးလား၊ နည်းပြကျန့် ရဲ့လင်းချန်ကို အရင်တစ်ခေါက် မြင်ခဲ့တုန်းက ရဲ့လင်းချန်က အထင်ကြီးစရာ ကောင်းတဲ့ပုံ ပေါ်ပင်မယ့် အခြေအမြစ် မရှိဘူးလို့ ထင်ခဲ့တာလေ၊ အဲ့တုန်းက သူ လှုပ်ရှားလို့ မရခဲ့လို့ပေါ့၊ အခုတစ်ခေါက်တော့ ရဲ့လင်းချန်ကို သူ သင်ခန်းစာပေးဖို့ ကြံနေတယ်ဆိုတာ အသိသာကြီးပဲ”
“ငါလည်း ကြားတယ်၊ ရဲ့လင်းချန်က သူ တွေ့တဲ့လူတိုင်းနဲ့ စကားများတာပဲ၊ အရင်တစ်ခေါက်တုန်းက သူ နည်းပြကျန့်နဲ့ စကားများတယ်နဲ့ တူတယ်၊ သူတို့ အချင်းချင်း တင်းမာခဲ့ကြတာ”
“အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ဒါပေမဲ့ ရဲ့လင်းချန် ထွက်ပြေးသွားတာက နှမြောစရာပဲ၊ မဟုတ်ရင် နည်းပြကျန့် သူ့ကို သင်ခန်းစာ ပေးတာကို ငါတို့ မြင်ရတော့မှာ”
“နည်းပြကျန့်က အောက်ခြေကနေ တစ်ဆင့်ချင်းတစ်ဆင့် တက်လာခဲ့တာလေ၊ သူက တကယ့် ခက်ခဲမှုတွေကို ဖြတ်ကျော်ခဲ့တာ၊ အဲ့ဒါကြောင့် လိမ်ညာပြီး အနောက်ပေါက်ကနေ ဝင်လာတဲ့ လူတွေကို သည်းမခံနိုင်တာ သဘာဝပဲလေ”
“ရဲ့လင်းချန်နဲ့ လင်းအောင်က ညီအစ်ကိုတွေလေ၊ သူတို့ အနောက်ပေါက်ကနေ ဝင်လာသလားဆိုတာကို ငါတို့ သေချာ မပြောနိုင်ဘူးလေ”
“စည်းကမ်းကို ထိန်းသိမ်းတဲ့သူတွေက စိတ်ဓာတ်ပိုင်းမှာ သာတယ်၊ အဲ့လို စကားမျိုးက လူမိုက်ဆန်တဲ့ လူတစ်ယောက်ဆီက ထွက်လာတာလို့ ငါ လုံးဝ ထင်မထားမိဘူး”
“အဲ့ကောင်ရဲ့ ပါးစပ်ကို မင်း မသိတာလဲ၊ မဟုတ်ဘူး၊ သူ အဲ့လိုမျိုး ပြောနိုင်တာက အံ့ဩစရာ မဟုတ်ဘူး”
“ဟုတ်တယ်၊ ဟိတ်ဟန်ကြီးတာနဲ့ လျှာစောင်းထက်တာက သေစေနိုင်တာ သေချာရင် အဲ့ကောင် အခုလောက်ဆို ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်းလောက်တယ်”
“သူ ဆက်ဟန်မဆောင်နိုင်တော့လို့ ထွက်ပြေးတာက နှမြောစရာပဲ”
…
“ရဲ့လင်းချန်၊ မင်း စစ်သည်တော်ဌာနထဲမှာပဲ ရှိသေးတာကို ငါ သိတယ်၊ မင်း ယောက်ျားဆိုရင် ရှေ့ထွက်လာခဲ့စမ်း”
ကျန့်ယွီက ထပ်အော်ပြန်သည်။ သို့သော် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။
လူတိုင်း ခေါင်းတယမ်းယမ်း ဖြစ်နေကြသည်။ သို့သော် လင်းအောင်၊ ဝူယွဲ့နှင့် အခြားသူများမှာ ဂနာမငြိမ် ဖြစ်နေ ကြလေသည်။
“ခွင့်ပြုပါ၊ ဆာ၊ ရဲ့လင်းချန် တစ်ခုခုကြောင့် နှောင့်နှေးနေတာပါ၊ ကျေးဇူးပြုပြီး သူ့ကို အချိန်ပေးလိုက်ပါ”
လင်းအောင်က မနေနိုင်ဘဲ ရှေ့ထွက်၍ ပြောလိုက်သည်။
“သူ ဒီမှာ ရှိနေတာလေ၊ ဘယ်အရာက သူ့ကို နှောင့်နှေးအောင် လုပ်နိုင်လို့လဲ”
ချင်ပိုင်ချွမ်းက မျက်မှောင်ကြုတ်ပြီး လင်းအောင်အား စိတ်ပျက်ဟန်ဖြင့် ကြည့်သည်။ လင်းအောင်၏ မကြာခဏ ကြားဝင်ပြောပေးခြင်းက ချင်ပိုင်ချွမ်းအား မသင်္ကာစရာ တစ်ခုခု ရှိနေသည်ဟု ခံစားလာရစေသည်။
“ဥက္ကဋ္ဌချင်း၊ ရဲ့လင်းချန်က တကယ် အရည်အချင်း ရှိတယ်ဆိုတာကို ကျုပ် အာမခံနိုင်ပါတယ်”
ဖန့်ဟုန်က ဝင်ပြောလာသည်။
သူသည် အမြင့်တန်းအဆင့် ကြီးကြပ်သူ ဖြစ်သဖြင့် သူ့စကားက ပို၍ လက်ခံနိုင်စရာ ကောင်းသည်။
သို့သော် … ချင်ပိုင်ချွမ်းက အေးစက်စွာ ပျက်ရက်ပြုသည်။
“သူ့အတွက် မင်း အာမခံပေးလဲ အသုံးမဝင်ဘူး”
“ရဲ့လင်းချန်၊ မင်းက လိပ်လို ဇတ်ပုနေတာပဲ၊ မင်း ရှေ့ထွက်ပြီး ချရဲလောက်တဲ့အထိ သတ္တိ ရှိလား”
ကျန့်ယွီက ထပ်မံ၍ ဟစ်ကြွေးလာပြီး အနည်းငယ် မခံမရပ် ဖြစ်နေပုံ ပေါ်လာသည်။
လူတိုင်းက အထင်သေးသော မျက်လုံးများဖြင့် ဆက်၍ ခေါင်းခါနေကြသည်။
*ဒါဆို မှန်နေတာပဲ၊ အဲ့ကောင် ထွက်ပြေးသွားပြီ*
“ဝုန်း”
ထိုသို့သောအချိန်၌ ကြီးမားသော ပေါက်ကွဲသံကို ကြားလိုက်ရပြီး စစ်သည်တော်ဌာနတစ်ခုလုံး ထိတ်လန့် သွားသည်။ အားလုံး၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။
“ဒါ စမ်းသပ်ခန်းက လာတာပဲ”
လင်းထျန်းရှုံးက လေးနက်စွာ ပြောသည်။
စစ်သည်တော် တစ်ဖွဲ့က ပြောနေစရာပင် မလိုဘဲ ထိုနေရာသို့ အပြေးသွားနေကြသည်။
“ဝုန်း”
နောက်ထပ် ပေါက်ကွဲသံကို ကြားလိုက်ရပြီး အော်သံတစ်သံကပါ ထွက်ပေါ်လာ၏။
ခပ်လှမ်းလှမ်းမှနေ၍ လူနှစ်ယောက် လွင့်ထွက်လာပြီး အားလုံးရှေ့သို့ အရှိန်ဖြင့် ပြုတ်ကျလာသည်။ သူတို့၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများစွာ ရှိနေပြီး သူတို့ သေသလား၊ ရှင်သလား မသိပေ။
“အဲ့ဒါ ထွက်ပြေးသွားပြီ၊ စမ်းသပ်ခံကို ထိန်းမရတော့ဘူး”
ဆေးဝန်ထမ်းတစ်ဦးက သွေးပျက်နေသော မျက်နှာဖြင့် ဒယိမ်းဒယိုင် ပြေးထွက်လာပြီး စိုးရိမ်တကြီး အော်ဟစ် လေသည်။
“ခွမ်း”
စမ်းသပ်ခန်း၏ မှန်ချပ် ကွဲကြေသွားသည်။
“ဒုန်း ဒုန်း ဒုန်း”
ထို့နောက် နှစ်မီတာ မြင့်သော ဧရာမ သန္ဓေပြောင်းလူသားက စမ်းသပ်ခန်းထဲမှ ထွက်လာသည်။ ၎င်း လမ်းလျှောက်လိုက်တိုင်း ထွက်ပေါ်လာသည့် အသံက လူတိုင်း၏ ရင်ကို တုန်လှုပ်စေ၏။
ထိုလူကို မြင်သည်နှင့် လူတိုင်း မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ထိတ်လန့်၊ ဒေါသထွက်သော အမူအရာမျိုး ဖြစ်ပေါ် လာသည်။
ထိုသို့ဖြစ်ရခြင်းမှာ ထိုလူ၌ အလွန်အမင်း ကြောက်စရာကောင်းသော ပုံစံ ရှိနေ၍ ဖြစ်သည်။ ၎င်းသည် ကြောက်စရာ ကောင်းသော အစွယ်များနှင့် အစိမ်းရောင် မျက်နှာရှိသည့် သန္ဓေပြောင်းလူသားဟု ခေါ်လျင် ပို၍ သင့်တော်ပေမည်။
“ဒါက … ဘယ်လိုလုပ်”
လင်းအောင် မျက်မှောင်ကြုတ်သွားသည်။ လူပုံစံရှိသော သတ္တဝါကို သူ ပထမဆုံး မြင်ဖူးခြင်းပင်။ ဖန်ပြောင်းချောင်ထဲ၌ လူပုံစံသာ ရှိသေးသော်လည်း အဘယ်ကြောင့် ယခု မကောင်းဆိုးဝါးပုံစံ ဖြစ်နေရသနည်း။
သူ့ဆံပင်များက အတော်လေး ရှည်နေပြီး ထူးဆန်းစွာပင် မီးခိုးရောင်သို့ ပြောင်းနေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အရေပြားသည် ရှုံ့တွနေပြီး အချို့နေရာများ၌ ကြေးခွံများ ပေါက်နေ၏။ ကြောက်စရာ အကောင်းဆုံးက သူ၏ လက်ဝါးပင်။ သူ့လက်ချောင်းများက သေးသွယ်နေကာ လက်သည်းများက ချွန်ထက်၍ တောက်ပနေသည်။
“ဒါကြီးက ဘာကြီးလဲ”
အချို့သော စစ်သည်တော်များက ကြောက်လန့်နေသော အသံဖြင့် ပြောလာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ပုံစံက သူတို့၏ အသိအမြင်ကို လုံးလုံးလျားလျား ချေဖျက်လိုက်သောကြောင့်ပင်။
“ဒါရဲ့ ပုံစံအချို့က … မိကျောင်း ဖြစ်နေတဲ့ပုံပဲ”
လူတစ်ယောက်က ဗလုံးဗထွေး ပြောလာသည်။
ချင်ပိုင်ချွမ်းနှင့် အခြားသူများ၏ မျက်နှာက အလွန် လေးနက်သွားသည်။ သူတို့ အန္တရာယ်ကို ခံစားမိသည်။ ထိုသတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြီးမားသည့် အန္တရာယ်ကို သူတို့ ခံစားမိနေသည်။စ
“ဒုန်း ဒုန်း ဒုန်း”
သို့သော် လူတိုင်း သတိမဝင်ခင်မှာပင် ထိုသတ္တဝါက မာန်ဖီ၍ လူတိုင်းထံသို့ ပြေးလာနေ၏။
လက်ရှိတွင် သူ၏ အသွင်အပြင်က အသိစိတ် မရှိတော့သော သားရဲတစ်ကောင်နှင့် မခြားနားတော့ချေ။ သူ၏ စိတ်တွင် ဖျက်ဆီးခြင်းနှင့် တိုက်ခိုက်ခြင်းတို့သာလျင် ပြည့်နေသည်။
“အားလုံး အတူတူ တိုက်ကြမယ်”
ကျန့်ယွီက အေးစက်စွာ အော်ဟစ်လာသည်။ သူ၏ မျက်လုံးများက တောက်ပနေပြီး ထိုသတ္တဝါအား တိုက်ခိုက်ရန် ရှေ့မှ ဦးဆောင်လေသည်။
သူ၏ စိတ်ထဲတွင် ပြီးခဲ့သော တာဝန်ကို ထမ်းဆောင်ခဲ့သူက ရဲ့လင်းချန် ဖြစ်သဖြင့် အလွန် မခက်ခဲလောက်ဟု ထင်နေ၏။ ထိုသတ္တဝါသည် မမှုလောက်သည့် အရာလေးတစ်ခုသာ ဖြစ်ပြီး သူကိုယ်တိုင် ဖြေရှင်းရန် မခက်ခဲလောက်ဟု ထင်မြင်နေသည်။
ထို့အပြင် သူ့စိတ်ထဲ၌ ယခင်က ရဲ့လင်းချန် ပြောခဲ့သော စကားက ပဲ့တင်ထပ်နေသည်။ ထိုစကားမှာ … “မင်းတို့ ဒါကို မဖြေရှင်းနိုင်ဘူး”
*ဟဲဟဲ၊ ငါတို့ ဒါကို မဖြေရှင်းနိုင်ဘူးဆိုတာ တကယ် ဖြစ်နိုင်လို့လား*
ကျန့်ယွီ ပြေးတက်သွားပြီးနောက် စစ်သည်တော်များစွာကလည်း ကြောက်စိတ်ကို ဘေးဖယ်၍ နောက်မှ ချက်ချင်း အပြေးလိုက်ကြသည်။
သူတို့ထဲတွင် အလယ်အလတ်အဆင့် ကြီးကြပ်သူများနှင့် အမြင့်တန်းအဆင့် ကြီးကြပ်သူများလည်း ပါဝင်နေသည်။
“အတွင်းအားပဲ”
“ကြည့်ဦး၊ အစ်ကိုချုံးတောင်မှ ရှေ့တက်သွားပြီ”
“နည်းပြကျန့်တောင်မှ အတွင်းအားကို ထုတ်နေပြီ၊ သူ တကယ်ကို အားကုန်သုံးနေတာပဲ”
“အရေးမပါလိုက်တာ၊ ဘာမှန်းမသိတဲ့ အရာနဲ့ ရင်ဆိုင်ရရင် အစကတည်းက နမောနမဲ့ ဖြစ်မနေသင့်ဘူးလေ၊ နောက်ထပ် တိုက်ခိုက်မလာအောင် မြန်မြန် တိုက်ခိုက်လိုက်တာက အကောင်းဆုံးပဲ”
“ကြည့်ရတာ ဒီအရာက ကြာကြာ မလှုပ်ရှားနိုင်လောက်ပါဘူး၊ အခုကတည်းက ငြိမ်သွားလောက်တယ်”
…