← Chapters

အဆိပ်ဖြေခြင်း.....

Vol. 40 Ch. 547

အဆိပ်ဖြေခြင်း.....

Vol. 40 Ch. 547

"ဒီအပင်က နင့်ကို အဆိပ်ဖြေပေးဖို့ ပြောနေတာလား?"

လုမင် အံ့သြစွာ ထပ်ခါတလဲလဲ ရေရွတ်နေသည်။ မိုးကြိုးသစ်ပင်၏ ငွေရောင်အူတိုင်ကို ဂရုတစိုက်ကြည့်ရင်း ၎င်းထဲတွင် ပေါက်နေသော အနက်ရောင် ဆူးပင်များကနေ ထွက်ပေါ်နေသော အန္တရာယ်များလှသည့် မြူခိုးနက်များကိုပါမြင်နေရသည်။

"လီလော့!!! ငါနင့်ကို အထင်သေးတာမဟုတ်ပေမယ့် ဒီအဆိပ်ကနင့်ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အနေအထားထက် ကျော်လွန်နေပြီ.....မဖြစ်နိုင်ဘူး...... "

ထူးဆန်းအံ့သြဖွယ် မိုးကြိုးသစ်ပင်တောင် အဆိပ်ဒဏ်ကြောင့် ယခုလိုခံစားနေရသည်ကို ဆရာသခင်အဆင့်လောက်နှင့်မည်သို့အဆိပ်ဖြေပေးနိုင်မည်နည်း....ဤသည်မှာ သေကြောင်းကြံစည်နေသလိုပင်.....

လီလော့သည် အပေါက်များကို သေသေချာချာ အနီးကပ်စစ်ဆေးပြီး.....

"ဒီအဆိပ်က တကယ့်ကိုရူးချင်စရာပဲ.... ဒါကိုသာဖြေရှင်းနိုင်မယ်ထင်ရင် ရူးနေလို့ပဲ....ဒီအဆကယိပ်က သစ်ပင်အူတိုင်ကိုပုပ်ပွသွားအောင်သေချာစီစဉ်ထားတာပဲ....."

"ဒါပေမယ့် မိုးကြိုးသစ်ပင်က ငါ့ကို အလုပ်အားလုံးလုပ်ပေးဖို့မျှော်လင့်မထားဘူးထင်တယ်....ကြည့်ရတာ တစ်စိတ်တစ်ပိုင်းလောက် ဖြေရှင်းပေးနိူင်ရင်ရပြီ....."

ဤစကားကို လီလော့ ကျယ်လောင်စွာပြောသောအခါ သစ်ပင်သည် တစ်ချိန်ကသဘောတူထားသည့်အတိုင်း ခဏတာမျှ တောက်ပနေခဲ့သည်။

ထိုမြင်ကွင်းကို လုမင် အံ့သြစွာ ငေးကြည့်နေမိသည်။

လီလော့ မေးစေ့ကို ကုတ်ပြီး စဉ်းစားနေပြန်သည်။ သူ့ထံတွင် အဆိပ်ကိုကုသပေးနိုင်သည့် ရေ၊အလင်း၊သစ်သားပဲ့တင်ထပ်သံ....စသဖြင့် ပဲ့တင််ထပ်သံသုံးခုရှိနေသည့်အတွက် အရေးသာနေသည်ဟုဆိုနိုင်သည်။

ဤသုံးမျိုး ပေါင်းစပ်ထားသော ရှားပါးသော စွမ်းအားဖြင့် အဆိပ်ဖြေဆေးကို ပေါင်းစပ်ခြင်းကို ယခင်ကလည်း အကြိမ်များစွာ အသုံးပြုခဲ့ဖူးပေသည်။

ထိုစွမ်းရည်များက အဆိပ်ကိုလုံးလုံးလျားလျားမဖြေရှင်းနိုင်သည့်တိုင် အားပျော့သွားစေနိုင်လောက်သည်။

မိုးကြိုးသစ်ပင်သည် ဤထူးခြားသောကူညီနိုင်စွမ်းရှိသည်ကို သိရှိသောကြောင့် အခုလိုအကူညီတောင်းခံခြင်းဖြစ်နိုင်သည်။ ၎င်းသည် လူသားများထက် စွမ်းအားကို ပို၍ စူးရှစွာ အာရုံခံစားနိုင်သည်။

"ဒါပေမယ့်.........အစ်ကိုသစ်ပင်၊ ဒီအဆိပ်က အရမ်းစွမ်းတော့ ကျွန်တော် ဘာယ်ကနေစပြီးဖြေရှင်းရမလဲမသိဘူးဖြစ်နေတယ်....."

လီလော့က တွေးတွေးဆဆဖြင့် မိုးကြိုးသစ်ပင်ကြားအောင်ပြောဆိုလိုက်သည်။

အဆိပ်ဖွဲ့စည်းမှုသည် သူထင်ထားသည်ထက်အဆပေါင်းများစွာ ရှုပ်ထွေးလှသည်။ ရူးလောက်ဖွယ် ဖွဲ့စည်းမှုက လီလော့ကို အမြင်ဖွင့်ပေးလိုက်သလိုပင်......

အဆိပ်ဖွဲ့စည်းပုံက လွယ်လွယ်နဲ့ ပြေပျောက်မသွားနိုင်ကြောင်း ရှင်းလင်းစွာခံစားနေရသည်။

လီလော့၏ စကားကို ကြားလိုက်သောအခါ သစ်မြစ်၏ မျက်နှာပြင်ပေါ်တွင် လျှပ်စီးမီးတောက်လေးများ ထွက်ပေါ်လာပြီး အဆိပ်ဆူးတစ်ခု နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေသည့်နေရာဆီသို့ ပြေးဆင်းလာခဲ့သည်။

ထိုမီးတောက်က အဆိပ်ငွေ့ကို ပြင်းပြင်းထန်ထန် တွန်းလှန်ပြီး အမှောင်ထုကို အနည်းငယ် ချေမှုန်းပစ်လိုက်သည်။

"ဒီဆူးက သော့ချက်ပဲ၊ အဆိပ်တွေ ရှင်းသွားတယ်ဆိုရင် မင်း နည်းနည်း လွတ်လပ်သွားနိုင်တယ်ပေါ့..."

လီလော့က မိုးကြိုးသစ်ပင်ကို အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

သစ်ပင်ကလည်း တဆတ်ဆတ် တုန်ပြီး ညည်းတွားကာပြန်ဖြေပေးနေသည်။

မိုးကြိုးသစ်ပင်ဆီမှ အတည်ပြုသံကြားပြီးသည်နှင့် လီလော့က လုမင်ဘက်ကိုလှည့်ကြည့်ကာ.....

"ငါ..အဆိပ်ဖြေတော့မယ်.... ပတ်ဝန်းကျင်ကို ကြည့်ပြီး သတိရှိဖို့ မမေ့နဲ့နော်....."

ဤနေရာ၌ သူမ၏ အရေးကြီးဆုံး အခန်းကဏ္ဍမှာ အရေးပေါ် အခြေအနေတွင် နှစ်ဦးစလုံး၏ အသက်ကို ကယ်ဆယ်နိုင်စေရန် သူမ၏ လက်ကို ဝိညာဉ်မှန်နှင့် နီးကပ်စွာထားရန် ဖြစ်သည်။

"အင်း....နင်လည်း သတိထား"

သူမက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

လီလော့ အသက်ပြင်းပြင်းရှူပြီး အဆိပ်ဆူးဆီသို့ လျှောက်သွားသည်။ ရေ၊အလင်း၊သစ်သားပဲ့တင်ထပ်သံစွမ်းအားတို့ကိုထုတ်ဖော်ပြီးမိနစ်အနည်းငယ်အကြာတွင် သူ၏လက်ချောင်းထိပ်တွင် စုစည်းထားသော အရည်တစ်စက်ကို အဆိပ်ဆူးပေါ်သို့ ဂရုတစိုက်ချပေးလိုက်သည်။

ထိုအခါဆူးတွေ တဆတ်ဆတ်တုန်ခါပြီး အောက်ကနေ လူမျက်နှာသဏ္ဍန်အခိုးအငွေ့များထွက်ပေါ်လာကာ စူးစူးဝါးဝါးအော်ဟစ်နေကြသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် အဆိပ်ဖြေဆေးအလုပ်ဖြစ်သည်မှာ ထင်ရှားနေသည်။

"အလုပ်ဖြစ်ပြီလား?"

လုမင် ပင့်သက်ရှိုက်လိုက်မိသည်။

ပြင်းထန်လှသောဤအဆိပ်ကို တော်တန်ရုံစစ်သူကြီးအဆင့်များပင်လျှင် လက်လွတ်စပါယ်ထိဝံ့မည်မဟုတ်ပေ။

သို့သော် လီလော့က လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့ပြီ......

"ရေနဲ့သစ်သားက တကယ့်ကို အဆိပ်ပြင်းတဲ့ ပေါင်းစပ်မှုတစ်ခုလား?"

သူမသည်လည်း ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူတစ်ဦးဖြစ်သောကြောင့်၊ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်အသုံးပြုခြင်း

ရလဒ်ကိုကောင်းစွာနားလည်သည်။ ဒါတောင်မှ ထိရောက်မှုကြောင့် သူမ အံ့အားသင့်နေရဆဲပင်.....

သူမ မသိသောအရာမှာ ရေနှင့်သစ်သား ပဲ့တင်ထပ်သံစွမ်းအားများ ရောနှောမှုအတွင်းတွင် အားနည်းသော်လည်း အလွန်ထိရောက်သော ဓာတ်ကူပစ္စည်းဖြစ်သည့် အလင်းစွမ်းအင်များပါရှိနေသည်ကိုပင်.....

၎င်းသည် အဆိပ်နှင့် အမှောင်ကို ဆန့်ကျင်ခြင်းဖြစ်ပြီး၊ ရေနှင့်သစ်သားသည် သွယ်ဝိုက်သောနည်းဖြင့် လုပ်ဆောင်သော်လည်း အလင်းစွမ်းအင်လောက် ထ်ိရောက်မှုအားမကောင်းနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ လီလော့ ဤနေရာတွင် တစ်ခုခုလုပ်နိုင်ခဲ့သည်ကို တွေ့ရတော့ လုမင် စိတ်သက်သာရာရသွားသည်။ သူသည် အဆိပ်ကို ဖြည်းဖြည်းချင်း လျှော့ချနိုင်သရွေ့ ဤနေရာတွင် ဖွဲ့စည်းမှု မပြိုကွဲမီ အချိန်အနည်းငယ်သာ လိုတော့ပြီး မိုးကြိုးသစ်ပင်၏ စိတ်ဝိဉာဉ်လည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

"အားလုံးအဆင်ပြေတော့မယ်...."

လုမင် စိတ်သက်သာရာရစွာ သက်ပြင်းချတော့မည်ဆဲဆဲ ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြောင့် နှစ်ယောက်သားထိတ်လန့်သွားလေ၏။

ဝုန်းးးးးးး

နံရံများထဲမှ တစ်ခုသည် တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားကာ သစ်မြစ်အချို့ ဖွာလန်ကြဲကုန်သည်။

“မင်တို့ ဗဟိုကျောင်းသားသမဂ္ဂကကြွက်တွေက နေရာတကာမှာရှိနေတာပဲ”

ထိုအသံနှင့်အတူ အနက်ရောင် သူရဲကောင်းတစ်ဦးသည် ပြိုကျနေသောနဲရံအတွင်းဘက်မှထွက်လာပြီး ပဲ့တင်ထပ်သံ စွမ်းအားများကို စုဆောင်းကာ ၎င်းတို့ဆီသို့ လျှောက်လာနေသည်။

"မြေနတ်ဆိုးခန္ဓာအဆင့်?!"

လုမင် ထိုသူ၏ စွမ်းအားကို ခံစားလိုက်ရပြီး သူမ၏ မျက်လုံးများသည် ကြောက်လန့်တကြား မှုန်ဝါးလာသည်။

အကူအညီများနှင့်ဝေးကာရာမြေအောက်တွင် မြေနတ်ဆိုးခန္ဓာအဆင့်ကျွမ်းကျင်သူနှင့် တည့်တည့်တိုးနေရပြီ......

ဝုန်းးးးးး

အနက်ရောင်သူရဲကောင်း ပေါ်လာသည်နှင့်အမျှ၊ ထိုသူသည် သူတို့ကို တုံ့ပြန်ရန် အချိန်များစွာ မပေးခဲ့ပေ။ သူ့လက်ကို မြှောက်လိုက်သည်နှင့် သူ၏ အနက်ရောင်လှံသည် စွမ်းအားဖြင့် ပေါက်ကွဲသွားပြီး လီလော့ရှိရာဆီဉီးတည်ပျံသန်းလာသည်။

ဝုန်းးးးးး

လှံချက်က မျက်စိနှင့်မြင်တာထက် ပိုမြန်စွာဖြင့် လီလော့ ခန္ဓာကိုယ်ထဲတည့်တည့်စိုက်ဝင်သွားလေတော့သည်။

All Chapters