← Chapters

ဘယ်သူက ဘယ်သူလဲ....

Vol. 40 Ch. 549

ဘယ်သူက ဘယ်သူလဲ....

Vol. 40 Ch. 549

"မင်းငါ့ကို ဒီမြှားနဲ့ဟိုလူကို ဖယ်ရှားစေချင်တာလား....."

သာမညောင်ည မြှားသည် မိုးကြိုးသစ်ပင်၏ လျှို့ဝှက်လက်နက်ဖြစ်နေသည်။

သစ်ပင်က ဘာကြောင့်ဒီမြှားကို သူ့ဆီ အပ်လိုက်တာလဲဆိုတာ သိသာလွန်းနေသည်။

သူတို့ ကံကြမ္မာက ချည်နှောင်နေပြီဆိုတာ သစ်ပင်က နားလည်သည်။ လီလော့ကသာ ၎င်း၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။ ဤအခွင့်ရေးနှင့်သာလွဲချော်သွားလျှင် အဆိပ်ဖြေဖို့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ယခုအချိန်တွင်ဘာကိုမျှ ထိန်ချန်ထားလို့မရတော့ပေ။

လီလော့ကလည်း လျှို့ဝှက်လက်နက် အပ်နှင်းခံရခြင်းအတွက် ပျော်ရွှင်နေပါသည်။ တစ်လှေတည်းစီးနေရပြီဖြစ်သောကြောင့် အနက်ရောင်သူရဲကောင်းကို တိုက်ခိုက်နိုင်ရန် ဘာမဆိုလုပ်ရတော့မည်သာ......

လျှပ်စီးမြှားကို စိတ်အားထက်သန်စွာဆွဲယူပြီး လေးညှို့တင်ဖို့ပြင်နေသော်လည်း လေးလံလွန်းလှသဖြင့် လက်မြှောက်လို့မရပေ။

လီလော့ အသက်ပြင်းပြင်းရှူပြီး သူ၏ ပဲ့တင်ထပ်သံစွမ်းအားကို လက်နှစ်ဖက်စလုံးသို့ ဖြန့်ကာ ထပ်မံ၍ မြှားကိုဆွဲယူလိုက်သည်။

ဒီတစ်ခါတော့ လက်မြှောက်နိုင်ပေမယ့် အင်မတန်အားစိုက်နေရသောကြောင့် မျက်နှာနီရဲနေပြီး လက်မောင်းကလည်း တဆတ်ဆတ်တုန်ရီနေသည်။

လုမင် ချက်ချင်း သဘောပေါက်သွားပြီး....

"ဒီငွေရောင်မြှားကို သန့်စင်တဲ့လျှပ်စီးစွမ်းအင်နဲ့ ပြုလုပ်ထားတာ.... နင့်မှာ လျှပ်စီးပဲ့တင်ထပ်သံ မရှိတဲ့အတွက်၊ ဒါကိုပစ်လွှတ်ဖို့ စွမ်းအားတွေအများကြီးလိုတယ်....."

လီလော့ တအံ့တသြနဲ့ ခေါင်းညိတ်လိုက်သည်။သူသည် ပဲ့တင်ထပ်သံ ဆရာသခင်အဆင့်သာရှိသေးသော်လည်း မိုးကြိုးသစ်ပင်က သူ့ကိုကြီးလေးသောတာဝန်ပေးအပ်နေပြီ.........

လုမင် ရယ်လိုက်သည်။

“နင်ကဉာဏ်ကောင်းပေမယ့် ငါ့အကူအညီလိုနေသေးတုန်းပဲ...ဟားးဟားးး"

လုမင်က သူ့လက်ဖဝါးကို လီလော့ပုခုံးပေါ်တင်လိုက်ပြီး လျှပ်စီး စွမ်းအားကို သူ့ဆီ ပို့ပေးလိုက်သည်။

"ငါ့ရဲ့စွမ်းအားကို မငြင်းနဲ့....ဒါနဲ့ဆိုပိုအဆင်ပြေသွားလိမ့်မယ်...."

သူမထံမှ လျှပ်စီးစွမ်းအားအရှိန်ဖြင့် သူသည် လျှပ်စီးမြှားကို လှမ်းကိုင်လိုက်ပြန်သည်။

ယခင်ကကဲ့သို့ လေးလံမှုကို ခံစားရဆဲဖြစ်သော်လည်း ပို၍ခံနိုင်ရည်ရှိလာသည်။

လုမင်ကိုအတူခေါ်လာခဲ့သည့်အတွက် လီလော့ကိုယ့်ကိုကိုယ်ကျေးဇူးတင်နေမိသည်။ သူမပြောခဲ့သလို သူမ၏အကူညီသာမရှိလျှင် အစွမ်းထက်သည့်လက်နက်ရှိနေသည့်တိုင် အနက်ရောင်သူရဲကောင်းကို ချေမှုန်းနိူင်မည်မဟုတ်ပေ။

လီလော့သည် သိမ်းငှက်လေးပေါ်တွင် မြှားကို တပ်ဆင်ထားပြီး လေးကြိုးကို ဆွဲရန် ကြိုးစားနေသည်။

သို့သော်လည်း ခွန်အားချို့တဲ့မှုကြောင့် လေးကြိုးက လွန့်လူးနေသည်။

ထို့ကြောင့် ကျန်းစဲ့ယွီရှန်းဓားကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး ဆင်နတ်ဘုရား၏စွမ်းအားကိုထုတ်သုံးလိုက်ရသည်။

မြင့်မြတ်သော ဆင်နတ်ဘုရားစွမ်းအား......ပထမအလွှာ.....

လီလော့၏ လက်မောင်းများတွင် သွေးကြောများ ပေါက်ထွက်နေသည်။

သို့သော် ဤမျှလောက်သောခွန်အားက မလုံလောက်နိုင်သေးပေ။

မြင့်မြတ်သော ဆင်နတ်ဘုရားစွမ်းအား...ဒုတိယအလွှာ.....

ဓားသွားမှ စွမ်းအင်များထပ်မံရိုက်ခတ်လာခဲ့ရာ ယခုအခါ သူ၏အရေပြားနှင့် အသားများသည် ဆိုးရွားစွာ ဆုတ်ပြဲနေလေပြီ.....

"သစ်သားပဲ့တင်ထပ်သံပညာရပ်.... ဝိဉာဉ်နွယ်ပင်ချည်ကြိုး.....

"အလင်းပဲ့တင်ထပ်သံပညာရပ်...ဝိဉာဉ်ကုသခြင်း ...

"ရေပဲ့တင်ထပ်သံပညာရပ်.... ဝိညာဉ်ရေ....."

တစ်ဖန်၊ သူသည် လက်ကို ကုသရန်အတွက် အကောင်းဆုံး ပဲ့တင်ထပ်သံပညာရပ်များ၏ပေါင်းစပ်မှုကို ထုတ်ပြခဲ့သည်။

သူသည် ရုပ်ပိုင်းဆိုင်ရာအရ ဆက်လက်လုပ်ဆောင်နိုင်သော်လည်း၊ သူ၏လက်များကို ဖျက်ဆီးပြီး တစ်ချိန်တည်းတွင် ပျောက်ကင်းသွားခြင်း၏ ထူးဆန်းသောခံစားချက်သည် သက်တောင့်သက်သာရှိသော ခံစားမှုတစ်ခုမဟုတ်ပေ။

အသက်ပြင်းပြင်းရှူပြီး လေးကို ထပ်ဆွဲလိုက်ပြန်သည်။ ဒီတစ်ကြိမ်မှာတော့ ပြင်းပြင်းထန်ထန် ကြိုးစားပြီး ဖြည်းဖြည်းချင်း လုပ်နိုင်ခဲ့သည်။ မြှားသည် လေးကြိုးမှပစ်လွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်သော လျှပ်စီးနဂါးကဲ့သို့ လှုပ်ယမ်းသွားသည်။

ဒါမှမဟုတ် လီလော့၏ တုန်ရီနေသောလက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လုမင်၏ ပဲ့တင်ထပ်သံစွမ်းအားသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုး၏ အစိတ်အပိုင်းများစွာကို မဖယ်ရှားပေးန်ုင်သော်လည်း အနည်းငယ်အဆင်ပြေစေခဲ့သည်။

လီလော့က အနက်ရောင်သူရဲကောင်းကို မြှားဖြင့် သေသေချာချာ ချိန်ရွယ်ထားသည်။

ဤသည်ကို အနက်ရောင်သူရဲကောင်းကလည်းသတိပြုမိသည်။

မိုးကြိုးသစ်ပင်က သူ့ကိုချေမှုန်းဖို့ မြှားတစ်စင်းထုတ်ပေးလိုက်တာလား......

ဒီမြှားရဲ့စွမ်းအားကို ခံနိုင်ရည်မရှိကြောင်း အလိုလိုခံစားမိနေသည်။

လီလော့သည် မြှားကို ပစ်ခွင်းရန် ရုန်းကန်နေပြီဖြစ်သည်။ အနက်ရောင် သူရဲကောင်း သည် ဤအရာကို ရှောင်ရန်သာ ရှိတော့ကြောင်း သိထားပြီး ဒုတိယ မြှားတစ်စင်းအတွက် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

ထို့ကြောင့် အနက်ရောင်သူရဲကောင်းက အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးသွားခဲ့သည်။

"သူထွက်ပြေးနေပြီ!"

လုမင်က အလောတကြီး လှမ်းအော်လိုက်သည်။

အမိုက်စား တိုက်ခိုက်ရေးသမားတစ်ဦးသည် ၎င်းတို့၏တိုက်ခိုက်မှုကို မရင်ဆိုင်ရဲသဖြင့် ဆုတ်ခွာသွားခဲ့သည်။

ဤတိုက်ခိုက်မှုကို ပြင်ဆင်ရန် လီလော့၏ ၏စွမ်းအားများစွာကို စတေးခဲ့သည်မှာ ထင်ရှားသည်။ အကယ်၍ အနက်ရောင် သူရဲကောင်း လွတ်သွားပါက၊ နောက်တစ်ကြိမ်ပြန်ပေါ်လာတော့မည်မဟုတ်ပေ။

လီလော့က ထွက်ပြေးလာသည့် သူရဲကောင်းကို ကြည့်လိုက်သည်။

သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး.....

"စစ်သူကြီးဟွမ်လောင်.... ခင်ဗျားလုပ်ရပ်တွေကို ရွာက ခင်ဗျားညီအစ်ကိုတွေနဲ့ခင်ဗျား အမေသိလား"

အနက်ရောင်သူရဲကောင်း အေးခဲသွားပြီး သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အအေးဓာတ်က သူ့ကျောရိုးထဲကနေ စိမ့်တက်လာသည်။

ဘယ်လိုသိသွားတာလဲ......

လီလော့က အခွင့်ရေးကိုလက်လွတ်မခံဘဲ သွေးချင်းချင်းရဲနေသောလက်ချောင်းများကိုလျစ်လျူရှူကာ မြှားကို ပစ်လွှတ်လိုက်လေသည်။

ဝုန်းးးးး

မျက်စိမြင်တာထက် ပိုမြန်တဲ့ လျှပ်စီးကြောင်းတစ်ခု.......

အနက်ရောင်သူရဲကောင်း၏ချပ်ဝတ်ပေါ် မြှားစိုက်သွားသည်နှင့် လျှပ်စီးကြောင်းများထွက်ပေါ်လာကာ အနက်ရောင်သူရဲကောင်း၏စူးစူးဝါးဝါးအော်ဟစ်သံကိုနားကွဲလုမတတ်ကြားလိုက်ရလေသည်။

All Chapters