← Chapters

ဟွမ်းလောင်...

Vol. 40 Ch. 550

ဟွမ်းလောင်...

Vol. 40 Ch. 550

ဝုန်းးးးးးးး

မြှားသည် အနက်ရောင်သူရဲကောင်း၏ ချပ်ဝတ်တွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားပြီး ပတ်ပတ်လည်တွင် အနက်ရောင် အလင်းတန်းများ ပေါက်ကွဲကာ တိုက်ခိုက်မှုကို ခုခံသည်။

ဒါပေမယ့် ပျက်စီးမှုက အရမ်းကြီးမားလွန်းလှသည်။

စိတ်လှုပ်ရှားတုန်လှုပ်မှုနှင့်အတူ အနက်ရောင်

သူရဲကောင်းကို လီလော့ လုံးလုံးလျားလျား ဖမ်းမိခဲ့သည်။

မြှားတံမှ လျှပ်စီးကြောင့် အနက်ရောင်ချပ်ဝတ်မှအလင်းတန်းများ တဖြည်းဖြည်း မှိန်ဖျော့လာပြီး.......

ဝုန်းးးးး

ချပ်ဝတ်တန်ဆာတစ်ခုလုံး အက်ကွဲကြောင်းတွေ ပျံ့နှံ့သွားတာကြောင့် နောက်ဆုံးမှာ ပေါက်ကွဲမှုအရှိန်ကြောင့် သစ်ပင်နှင့်ဝင်ဆောင့်မိလေသည်

“အူး!”

အနက်ရောင် သူရဲကောင်းသည် သွေးများအန်ထုတ်က မယုံနိုင်သောအကြည့်များဖြင့်သာ ကြည့်နေနိုင်တော့သည်။

သူဒီလို ရှုံးနိမ့်ရမည်ဟု တခါမျှတွေးမထားမိခဲ့ပေ။

မြေနတ်ဆိုးခန္ဓာအဆင့်က ဆရာသခင်အဆင့်ဆီမှာ ဒီလိုပဲအရိုက်ခံရပြီလား.....

နောက်ဆုံးသောလက်ကျန်ခွန်အားကိုစုစည်း၍ပြေးဖို့ပြင်လိုက်သည်။

ဝှစ်...

သစ်ပင်သစ်ကိုင်းတစ်ကိုင်းက သူ့ရင်ဘတ်တစ်လျှောက် ပြင်းပြင်းထန်ထန် ရိုက်မိပြီး ထွက်ပြေးခြင်းကိုရပ်တန့်လိုက်သည်။

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း တုန်ခါလာပြီး ခွန်အားတွေ ရုတ်လျော့နေပြီ.....

လီလော့ သိမ်းငှက်လေးကို နှိမ့်ချလိုက်ပြီး သူ့လက်များ နာကျင်စွာ တဆတ်ဆတ်တုန်နေသည်။ သူ့မျက်လုံးတွေက အနက်ရောင် သူရဲကောင်းကို အလွတ်မပေးဘဲ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေခဲ့သည်။

လုမင်ကလည်း နှုတ်ခမ်းကို ကိုက်ကာ ခပ်တင်းတင်းစိုက်ကြည့်နေသည်။

လီလော့က မြေနတ်ဆိုးခန္ဓာအဆင့်ကိုအနိုင်ယူခဲ့ပြီလား....မယုံနိုင်စရာပဲ....

ဟုတ်ပေသည်.....မြှားတံအစွမ်းထက်သော်လည်း နောက်ဆုံးမှာတော့ လီလော့က အပြီးသတ်အောင်ပွဲကိုရယူနိုင်ခဲ့သူပင်......

သူမသည် လီလော့၏ သွေးထွက်နေသော လက်မောင်းများကို ကြည့်ကာ လေးစားမှုကို ကောင်းကောင်းခံစားလိုက်ရသည်။ ဒီကောင်လေးဟာ ကံကြောင့်မဟုတ်ပဲ စစ်မှန်သောအစွမ်းအစကြောင့် အသန်မာဆုံးကျောင်းသားဖြစ်လာခဲ့သည်။ ခေါင်းအေးအေးထားပြီး၊ ဆုံးဖြတ်ချက်ချနိုင်ခြင်းတွင်သူသည် ကျင်းထန်ရှုထက် သာလွန်သည်။

လီလော့ ဟွမ်လောင်ကို တည်ငြိမ်စွာကြည့်နေသည်။ ပြိုင်ဘက်၏အသက်ရှူနှုန်းအားနည်းလာခြင်းကြောင့် ကြာရှည်အသက်မရှင်နိုင်ဟု ဆိုနိုင်သော်လည်း သူ အသက်ရှင်နေသေးကြောင်း ပြောနိုင်သည်။

ဘေးကင်းကြောင်း ကျေနပ်လောက်တဲ့အထိ အကဲခတ်ပြီးနောက် လီလော့ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဓားဖြင့် မျက်နှာဖုံးကို လှီးဖြတ်လိုက်သည်။

ထိုအခါ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသည်။ထိုသူသည် လီလော့တို့နှင့် ဆုံခဲ့ဖူးသည့် ဟွမ်လောင်သာပင်......

သူ့မျက်နှာတွင် သွေးများစိုရွှဲနေပြီး မျက်လုံးများ မှေးမှိန်ကာ သေအံ့မူးမူးဖြစ်နေခဲ့ပြီ......

"စစ်သူကြီး ဟွမ်းလောင်၊ ခင်ဗျားနဲ့အခုလိုတွေ့ဖို့ မမျှော်လင့်ထားဘူး"

ဟွမ်းလောင်၏ နှုတ်ခမ်းများ လှုပ်လာပြီး

"ဘယ်လို...သိလိုက်တာလဲ.."

"မြစ်စောင့်မြို့မှာကတည်းက ခန့်မှန်းမိတာ..... အနက်ရောင် ချပ်ဝတ်က ခင်ဗျားရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေကို ဖုံးကွယ်ထားပေမယ့် လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘူး....ပြီးတော့ မိုးကြိုးသစ်ပင်အကြောင်း ခင်ဗျားပဲ

အသိပေးခဲ့တာလေ..... ဒါက တိုက်ဆိုင်မှုတစ်ခုပဲ....အစကတော့ ထင်ကြေးနဲ့ရမ်းအော်လိုက်တာ....ခင်ဗျားသာမတုံ့ပြန်ရန် သိမှာမဟုတ်ဘူး.."

လီလော့ ပြုံးနေသော်လည်းဟွမ်းလောင် ရှုံ့မဲ့သွားသည်။ သတိလက်လွတ်ဖြစ်မှုကြောင့် အရာရာဆုံးရှုံးလိုက်ရပြီ........

သူသည် လီလော့၏ ခန့်မှန်းချက်အပေါ် နင်းမိသွားကာ ပြင်းထန်သော ဒဏ်ရာကို ခံစားခဲ့ရသည်။

ဟွမ်းလောင်၏ မျက်လုံးများ ငြိမ်သက်သွားပြန်သည်။

" လီလော့၊ ငါ့မှာ တခြားတောင်းဆိုစရာမရှိဘူး၊ ဒါပေမယ့် ဒီကိစ္စကို ငါ့ညီအစ်ကိုနဲ့အမေ့ကို ပြန်မပြောပါနဲ့"

"ကမ္ဘာခြားသက်ရှိတွေ မဟူရာလေပြင်းအင်ပါယာကို ဖျက်ဆီးခဲ့တာ ခင်ဗျားသိလား"

လီလော့၏လေသံက တင်းမာနေသည်။

"ခင်ဗျားဘာလို့ သူတို့ကို ကူညီနေရတာလဲ....."

"မဟုတ်ရင် ငါ့ရွာကို အကြာကြီး ကာကွယ်နိုင်မယ်လို့ မင်းထင်လား"

ဟွမ်းလောင် ပြောနေရင်းကနေဆို့နင့်လာသည်။

"မြစ်စောင့်မြို့မှာ ဝက်တွေလို မွေးမြူခံရတဲ့လူတွေကကော...."သူတို့က ခင်ဗျားရဲ့ အကာအကွယ်နဲ့ မထိုက်တန်ဘူးလား....ခင်ဗျားက သူတို့မြို့ရဲ့ ကာကွယ်ရေးမှူး မဟုတ်ဘူးလား"

ဟွမ်းလောင်က ခါးသီးသော အပြုံးဖြင့်သာ ပြန်ဖြေသည်။

လီလော့သည် ဟွမ်းလောင်၏ အသက်မဲ့နေသောမျက်လုံးများကိုစိုက်ကြည့်ပြီး.....

"ခင်ဗျားရဲ့နောက်ဆုံးဆန္ဒကို လေးစားသမှုနဲ့ဖြည့်ဆည်းပေးနိုင်ပေမယ့် အဲ့အတွက် ဘာပြန်ရမှာလဲ....."

ဟွမ်းလောင် ခဏမျှ တိတ်ဆိတ်သွားပြီး မျက်လုံးမှိတ်လိုက်သည်။

"လီလော့၊ ကျောက်သားမြို့ကို ကြီးကြပ်နေတဲ့ ကြက်သွေးရောင်သူရဲကောင်း ဗိုလ်ချုပ်တစ်ယောက် ရှိတယ်။ သေခြင်းတရားက မင်းကို စောင့်ကြိုနေပြီ..... မိုးကြိုးတောင်တန်းက သူတို့လက်အောက်ရောက်နေပြီမို့ လက်လျှော့လိုက်ဖို့အကြံပေးပါရစေ....မဟူရာလေပြင်းအင်ပါယာက မင်းတို့လို လူသစ်လေးတွေအတွင်မသင့်တော်ဘူး....အချိန်မလွန်ခင် လက်လျော့လိုက်ပါတော့....."

ထိုသို့ပြောပြီးသည်နှင့် ဟွမ်းလောင် သေဆုံးသွားလေတော့သည်။

လီလော့သည် အသက်မရှိသော ဟွမ်းလောင် ကို တစ်ကြိမ်ထပ်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။

" သူပြောသွားတာ ကြက်သွေးရောင်သူရဲကောင်းတဲ့လား...."

လုမင်က မေးသည်။

"ဖြစ်နိုင်တယ်.... ကြက်သွေးရောင် သူရဲကောင်းက မိုးကြိုးသစ်ပင်ကို ဖျက်စီးနိုင်တဲ့အထိစွမ်းတယ်ဆိုတော့ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်လောက်ရှိမယ်ထင်တယ်....."

ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်ကို ကောင်းကင်ပုလဲသွယ်အဆင့်နှင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ဟူ၍ ပိုင်းခြားထားသည်။

လန်လန်လို အပြင်းထန်ဆုံး ကြယ်လေးပွင့်ခန်းမ ကျောင်းသားများပင်လျှင် ကောင်းကင်ပုလဲသွယ်အဆင့်သာ ရှိသေးသည်။ ကြက်သွေးရောင် သူရဲကောင်းသည် ကောင်းကင်ပဲ့တင်ထပ်သံအဆင့် စွမ်းအားရှိလျှင် ၎င်းတို့သည် အမှန်တကယ်ပင် ဒုက္ခရောက်နိုင်သည်။

အဆင့်ခွဲတစ်ခုတည်းသာ ကွာခြားပုံရနိုင်သော်လည်း ခွန်အားကွာဟမှုသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ဖြစ်သည်။ ထို့အပြင် ကြက်သွေးရောင် သူရဲကောင်းတွင် ကောင်းကင်ဘုံကပ်ဘေးအဆင့် လက်အောက်ငယ်သားများ ရှိ၊မရှိ မည်သူ သိနိုင်မည်နည်း။

ဤသည်မှာ တုန်လှုပ်ခြောက်ခြားစေသော စွမ်းအားအဆင့်တစ်ခုဖြစ်သည်။

ရောနှောပြိုင်ပွဲအဆင့်သည် မှန်းဆထားသည်ထက်ကျော်လွန်နေခဲ့ပြီ......

လီလော့ ထိုအတွေးများကို ဘေးဖယ်ထားလိုက်သည်။ ဒီဟာကို စဉ်းစားဖို့ အချိန်မရှိသေးပေ။ သစ်ပင်အူတိုင်ဘက်သို့ လှည့်လိုက်ပြီး ဆူးပင်များကို ဖယ်ရှားပြီး သူ့တာဝန်ကို ပြီးအောင် ဆက်လက်ကူညီနေရသည်။

မိုးကြိုးသစ်ပင်က သူ့ဒုက္ခတွေအတွက် အရည်ရွှမ်းတဲ့ ဆုလက်ဆောင်တွေ ပေးပါ့မလား......

သစ်ပင်ကိုကယ်တင်ဖို့အတွက် အသက်ကိုပင်စွန့်ရလောက်သည်အထိဖြစ်ခဲ့ရသည်။ထို့ကြောင့် အရည်ရွှမ်းသော ဆုလာဘ်များပြန်ရဖို့မျှော်လင့်သည်မှာလည်း မလွန်လှချေ။

လီလော့၏ မျက်လုံးများသည် လောဘကြီးသော မျှော်လင့်ချက်များဖြင့် တောက်ပနေလေတော့သည်။

All Chapters