လီလော့က ရှေ့မတိုးသာနောက်မဆုတ်သာအခြေနေကိုဖြိုခွင်းလိုက်ပြီ.....
Vol. 40 Ch. 551
ဝုန်းးးဝုန်းးးဝုန်းးးးး
မိုးကြိုးတောင်တန်း ထူးဆန်းစွာ တဟုန်ထိုး တုန်ခါနေပြီး၊ တိုက်ခိုက်ရေးသမား သုံးဦးဆီသို့ မဆုတ်မနစ်သော လှိုင်းလုံးများဖြင့် လျှပ်စီးစပျစ်နွယ်ပင်များ လွင့်ထွက်နေသည်။
နွယ်ပင်များ အထပ်ထပ် ကွဲထွက်သွားပြီး မင်းသမီး၊ ချင်ယွီနှင့် ကျောက်ပိုင်လီတို့ မှုန်ကုပ်ကုပ် ထွက်လာသည်။ သူတို့၏ မျက်နှာများသည် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြူဖျော့နေပြီး စပျစ်နွယ်ပင်များသည် ၎င်းတို့၏အသက်အန္တရာယ်အတွက် အမှန်တကယ်ခြိမ်းခြောက်မှုမဟုတ်သော်လည်း နးတိုက်ခိုက်မှုများကို လျစ်လျူမရှုနိုင်ပေ။ တိုက်ပွဲ၏ရှည်လျားမှုကြောင့် ပင်ပန်းခဲ့ကြရသည်။
ခံစစ်တွင် နစ်မြုပ်နေသဖြင့် တန်ပြန်တိုက်စစ်ကို မည်သူမျှ မစဉ်းစားနိုင်လောက်အောင် ပင်ပန်းခဲ့ကြရသည်။
"ချင်းအာ က လီလော့က ဒီကပ်ဆိုးကြီးကို ဖြိုခွင်းဖို့ လမ်းကြောင်းရှာနေပြီလို့ ပြောထားတဲ့ မက်ဆေ့ချ်တစ်ခု ချင်းအာ ပို့လိုက်တယ်...."
မင်းသမီးသည် ချင်ယွဲ့တို့ကို လှမ်းပြောရင်း ကျောက်စိမ်းလှံတံကိုမြှောက်ကာ မောပန်းနွမ်းနယ်နေသော်လည်း ကောင်းကင်ပုလဲခုနစ်လုံး၏ စွမ်းအားကို ထုတ်လွှတ်လိုက်ပြန်သည်။
"လီလော့?"
ချင်ယွဲ့ နှင့်ကျောက်ပိုင်လိ နှစ်ယောက်လုံး သံသယဖြစ်ခဲ့ကြသည်။
"ကြယ်တစ်ပွင့်ခန်းမက ကောင်လေး?"
သူတို့၏ စိတ်ဓာတ်များပို၍ ကျဆင်းလာသည်။ ကောင်းကင်ပုလဲသွယ်အဆင့် သုံးဦးတောင် ပင်ပန်းနွမ်းနယ်နေကြသဖြင့်ဆရာသခင်အဆင့်က အခြေအနေနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်နိုင်မည်နည်း.....
မင်းသမီးသည် ထိုအကြောင်းကိုပြောပြီးမှ အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသည်။ ကျန်းချင်းအာ သူမကို ဆက်သွယ်လာတဲ့အခါ သူမသည်လည်း သံသယရှိခဲ့ပါသည်။ သူမသည် လီလော့၏ ပြောင်မြောက်သော စွမ်းရည်များကို လေးစားသော်လည်း နောက်ဆုံးတွင် သူသည် ဆရာသခင်အဆင့်တစ်ဦးဖြစ်နေသေးပြီး သူ၏ အရည်အချင်းများကို လက်ကိုင်ထားရန် နည်းလမ်းမရှိတော့ပေ။
သို့တိုင်၊ ကောင်လေးသည် အံ့ဖွယ်အမှုများလုပ်ဆောင်ခြင်းမှတ်တမ်းရှိခဲ့ပြီး ထို့ကြောင့် သူမသည် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
ထူးခြားမှုတစ်ခုခုကို သူတကယ်တွေ့ခဲ့တာ ဖြစ်နိုင်တယ်.......
ထို့ကြောင့် ချင်ယွဲ့နှင့်ကျောက်ပိုင်လိတို့၏ သံသယကို သူမ ဆန့်ကျင်ခဲ့သည်။
"လီလော့က မဆင်မခြင်လုပ်တတ်တဲ့သူမဟုတ်ဘူး.... သူစွန့်စားဖို့ရွေးချယ်ခဲ့မယ်ဆိုရင်၊ သူ့မှာ အကြောင်းပြချက်တွေရှိရမယ်... အပြင်... ငါတို့မှာ တခြားနည်းလမ်းမရှိဘူး.... “
"ကောင်းပြီ၊ ငါတို့ ခဏလောက် ထိန်းထားဖို့ ကြိုးစားမှာပါ၊ ဒါပေမယ့် မိုးကြိုးသစ်ပင်က အားပျော့မသွားဘူး။ မကြာခင်မှာ ပြတ်ပြတ်သားသား လှုပ်ရှားမှုတွေ မလုပ်ဘူးဆိုရင် အခြေအနေက ငါတို့နဲ့ ဝေးကွာသွားလိမ့်မယ်.... ငါတို့ ခွန်အားတွေ စုဆောင်းပြီး ဒီကနေ ရုန်းထွက်ဖို့ ကြိုးစားသင့်တယ်....”
မစ်ရှင်ကို ပြီးမြောက်ဖို့လည်း ဂရုမစိုက်နိုင်တော့ပေ။
မင်းသမီးက ခေါင်းညိတ်လိုက်သည်။ အဆိုးဆုံးကတော့ မစ်ရှင်ကို စွန့်လွှတ်လိုက်ရုံသာပင်... သူတို့အားလုံး မိုးကြိုးတောင်တန်း၏အန္တရာယ်ကို လျှော့တွက်ခဲ့မိကြသည်။
၎င်းသည် မြစ်စောင့်မြို့နှင့် နှိုင်းယှဉ်ပါက အန္တရာယ်များလွန်းလှသည်။
အနီးနားတွင်၊ ကျန်းချင်းအာသည် မြေပြင်မှပေါက်လာသော စပျစ်နွယ်ပင်များကို ဂရုတစိုက် သုတ်သင်ရှင်းလင်းနေပြီး သူမ၏ မျက်လုံးများသည် မိုးကြိုးသစ်ပင်ဆီသို့ မကြာခဏ စူးစိုက်ကြည့်နေသည်။
"မပြီးသေးဘူးလား?
"ဘယ်လိုလဲ?"
ဒီအတွေးတွေက သူ့စိတ်ထဲမှာ အဆက်မပြတ် စီးဆင်းနေပြီး သူမသည် လီလော့ကို အကြွင်းမဲ့ယုံကြည်ထားသော်လည်း စိတ်ပူနေမှုကိုတော့ထိန်းမရပေ။
စိတ်ပူနေလို့လဲ အကူအညီမဖြစ်ပေ။လီလော့က တောင်၏အလယ်တွင်ရှိပြီး နက်နဲသောဒုက္ခမှလွတ်မြောက်အောင် ကူညီပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ဝိညာဉ်မှန်ဖြစ်သည်။
"ဟမ်?"
စပျစ်နွယ်ပင်များပေါ်ရှိ လျှပ်စစ်စွမ်းအင်များ အားနည်းသွားသည်ကို ကျန်းချင်းအာ ရုတ်တရက် သတိပြုမိလိုက်သည်။
အချို့က ပေါက်ထွက်ပြီးနောက် မြေပြင်ပေါ်သို့ နိမ့်ဆင်းသွားကာ ထူးဆန်းသော မီးပွားများ ထုတ်လွှတ်လိုက်သဖြင့် ဘေးဘက်သို့ကျဆင်းသွားကြသည်။
အခြားသော ကြယ်သုံးပွင့်ခန်းမ ကျောင်းသားများကလည်း ဤရုတ်တရက်ပြောင်းလဲမှုကို သတိပြုမိကြသည်။
"ထောင်ချောက်ပွင့်သွားပြီ...."
ကြယ်နှစ်ပွင့်ခန်းမက အောင်းပိုင်ကလည်းလှမ်း အော်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ?!"
တိုက်ပွဲက ရုတ်တရက် ပြီးသွားတာတော့ အမှန်ပင်....
ကျန်းချင်းအာက သစ်ပင်ဆီသို့ကြည့်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"လီလော့ အောင်မြင်သွားပြီထင်တယ်..!"
မင်းသမီးနှင့် အခြားကြယ်လေးပွင့်ခန်းမ ကျောင်းသားများသည် ၎င်းတို့၏လက်နက်များကို ရုတ်သိမ်းကာ မိုးကြိုးသစ်ပင်ကို မတိုက်ခိုက်တော့ဘဲ ၎င်းတို့ကို လှမ်းကြည့်လိုက်သည်။
အသန်မာဆုံး ကျောင်းသားသုံးယောက်က သတိကြီးကြီးနဲ့လူစုလိုက်ကြပြီး.....
"ချင်းအာ.... ဘာဖြစ်တာလဲ"
မင်းသမီးက ကျန်းချင်းအာကိုလှမ်းမေးလိုက်သည်။
"လီလော့ အောင်မြင်သွားပြီထင်တယ်... မိုးကြိုးသစ်ပင်က ယိုယွင်းပျက်စီးပြီး အသိစိတ် ဆုံးရှုံးသွားတဲ့အတွက် ငါတို့ကို တိုက်ခိုက်နေတယ်လို့ ပြောခဲ့တယ်။ အခုအချိန်မှာ တိုက်စားမှု ပျယ်လွင့်သွားတဲ့အတွက် အသိစိတ်ပြန်လည်လာပြီထင်တယ်....."
"သူ...တကယ်လုပ်ခဲ့တာလား?"
မင်းသမီးက အံ့သြသွားသည်။ လီလော့ ကိုယ်တိုင် ကိုယ်တွေ့ လုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်အမှုကို သူမ ပထမဆုံးအကြိမ် တွေ့ကြုံခံစားရခြင်းပင်......
ချင်ယွဲ့ နှင့် ကျောက်ပိုင်လိ တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရဖြစ်နေဟန်နှင့် ကြည့်နေကြသည်။
မိုးကြိုးသစ်ပင်ကဲ့သို့ ခိုင်မာသော အရာတစ်ခုအပေါ် တိုက်စားမှု မည်မျှနက်ရှိုင်းနေမည်ကို တွေးကြည့်နိုင်သည်။ ဆရာသခင်အဆင့်ဖြင့် ထိုတိုက်စားမှုကို သူ့ဘာသာသူ ဖယ်ရှားနိုင်ခဲ့ပြီလား......
ဒါက သူတို့တောင် မလုပ်နိုင်တဲ့အရာပါ.....
သူဘယ်လိုလုပ်လိုက်တာလဲ!
သူတို့ရှေ့မှာ တိတ်ဆိတ်နေတဲ့ သစ်ပင်ကြီးက သက်သေခံပေးနေသည့်အတွက် သူတို့ရှေ့မှာ ရှိနေတဲ့ အဖြစ်မှန်ကို ယုံကြည်ရမည်။
"ဟီးဟီး....ဂျူနီယာ လီလော့က တကယ့်ကို ထူးခြားတဲ့သူပဲ...?"
ချင်ယွဲ့ ရယ်မောလိုက်သည်။
ကောင်းကင်ပုလဲသွယ်အဆင့် ကျွမ်းကျင်ပညာရှင် သုံးဦး အနည်းငယ် ဝမ်းနည်းကြေကွဲနေရသည်။ ၎င်းတို့သည် အသန်မာဆုံးအဖွဲ့ဝင်များဖြစ်ကြသော်လည်း ၎င်းတို့၏အားအနည်းဆုံးအဖွဲ့ဝင်မှာ ၎င်းတို့အား အန္တရာယ်မှ လွတ်မြောက်စေခဲ့သူဖြစ်သည်။
ပွင့်ပွင့်လင်းလင်းပြောရရင် ရှက်စရာကောင်းလွန်းလှသည်။
မင်းသမီးက အလွန်လျင်မြန်စွာ စိတ်ထိန်းလိုက်ပြီး.....
"ဒါက သတင်းကောင်းပဲ.... ဘယ်လိုပဲဖြစ်ဖြစ် မိုးကြိုးသစ်ပင် ယရဲ့ ပြဿနာကို ငါတို့ ကျော်ဖြတ်နိုင်ခဲ့ပြီ....."
ချင်ယွဲ့ နှင့် ကျောက်ပိုင်လိကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
....................
"မိုးကြိုးသစ်ပင်ရဲ့ အသိစိတ် ပြန်ရပြီလား"
လီလော့က သစ်ပင်အူတိုင်ကို ကြည့်လိုက်သည်။ ၎င်းသည် အဆူးခူချင်းစီတိုင်းကို ငွေရောင်စွမ်းအင်များ ပစ်လွှတ်လိုက်ပြီး ၎င်း၏ပင်စည်မှ ပုပ်စော်နံဟောင်နေသည့်တိုက်စားများမှုကို ဆုတ်ဖြဲပစ်လိုက်သည်။
"အခု လုံးဝ ကင်းစင်လုနီးပါးပါပဲ.... အဆိပ်အစီအရင်ပြိုကွဲသွားပြီမို့ အပိုင်းအစတွေလို ကျန်နေတဲ့ အဆိပ်တချို့ကို ဖယ်ထုတ်နိုင်တာနဲ့ ပြန်ပြီး သန့်စင်သွားပါလိမ့်မယ်" ဟု လီလော့က ရှင်းပြသည်။
"ကမ္ဘာခြားသက်ရှိတွေရဲ့ တိုက်စားမှုက ပြင်းထန်ပေမယ့် ဒီလောက်ဆိုမိုးကြိုးသစ်ပင် ထိန်းထားနိုင်လောက်မှာပါ....."
"ဒါဆို ပြေလည်သွားပါပြီ"
လုမင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။
လီလော့ကလည်း ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ အမှန်တော့ သူတို့လုပ်ခဲ့သမျှက အဆိပ်အနည်းငယ်ကိုဖြေရှင်းပေးခဲ့ရုံပင်....
သို့တိုင် ထိုသေးငယ်သော တွန်းအားသည် အလွန်အရေးကြီးပြီး မိုးကြိုးသစ်ပင်ကို ကယ်ဆယ်နိုင်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ
နှစ်ယောက်သား သက်သာရာရသွားချိန်မှာတော့ အမြစ်ခန်းထဲက နံရံပွင့်သွားပြီး သူတို့အတွက် သစ်သားလှေကားထစ်တစ်ခုကို ဖြန့်ထားတာတွေ့လိုက်တာကြောင့် အမည်မသိနေရာကို ရောက်သွားခဲ့ကြသည်။
ပထမနှစ်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ မိုးကြိုး သစ်ပင်၏ ဆုလာဘ်များ ဤနေရာတွင် ရှိနေနိုင်သည်။
နှစ်ယောက်လုံး စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ လျှောက်သွားကြလေတော့သည်။