တော်ဝင်ရေကန်....
Vol. 40 Ch. 552
လီလော့နှင့်လုမင်တို့ လှေကားထစ်ကို တက်ခဲ့ပြီး ထာဝရ ဆက်သွားနေပုံရသည်။ နောက်ဆုံးတွင် တောင်ထိပ်သို့ ရောက်သောအခါ အလင်းအမှုန်အမွှားများကို တွေ့လိုက်ကြပြီး စိတ်အားထက်သန်စွာ အရှိန်မြှင့်လိုက်ကြသည်။
မကြာခင်မှာ သူတို့ရဲ့ ဦးတည်ရာကို တွေ့နိုင်ခဲ့ကြသည်။
နှစ်ယောက်စလုံးက သူတို့အောက် မီတာအနည်းငယ်အကွာတွင် ငွေရောင်တောက်ပနေသောရေအိုင်တစ်ခုကို ချက်ချင်းတွေ့လိုက်ရသည်။
သို့သော် ထိုအရာသည် ရေအိုင်အစစ်မဟုတ်ပေ။
လျှပ်စီးလက်နေသော ငွေရောင်ရွှံ့နွံများနှင့်ပြည့်နှက်နေသောအိုင်တစ်ခုမျှသာဖြစ်သည်။ရေအိုင်အတွင်းတွင် လျှပ်စီးများ ရွှင်မြူးစွာ ပေါက်ကွဲသံနှင့်အတူ တဖျက်ဖျက်လင်းလက်နေသည်။
"ဒါက တော်ဝင်ရေကန်ပဲ!"
လုမင်က လေးနက်စွာဖြင့် ခပ်တိုးတိုးပြောလိုက်ပြီး သူမ၏ မျက်လုံးများကလည်း ဝိုင်းစက်နေသည်။
"တော်ဝင် ရေကန်?"
လုမင်က အားတက်သရော ခေါင်းညိတ်လိုက်ပြီး.....
"ငါအရင်က မဟူရာလေပြင်းအင်ပါယာရဲ့ မိုးကြိုးသစ်ပင်ကို သုတေသနပြုခဲ့ဖူးတယ်..... တော်ဝင်ရေကန်က သစ်ပင်ရဲ့ တကယ့်ဆုလာဘ်လို့ ပြောလို့ရတယ်.... ဒီရေကန်ကသစ်ပင်က ထွက်လာတဲ့ လျှပ်စီးကြောင်းရဲ့ အနှစ်သာရနဲ့ ပြည့်နေတာ.... တော်ဝင်မိသားစုက မိုးကြိုးတောင်တန်းကနေ မိုးကြိုးသစ်သီးတွေပဲ ရနေတာ မဟုတ်ဘူး....အကြီးမြတ်ဆုံးအုပ်ချုပ်သူတွေကသာ တော်ဝင်ရေကန်ထဲမှာ လေ့ကျင့်နိုင်တာ......"
"တော်တော် မထင်မရှား အချက်အလက်တွေလို့ ထင်ရတယ်.... အဲ့ဒါတွေ အားလုံးကို မင်း ဘယ်လို သိတာလဲ..."
လီလော့က သဘောကျစွာ မေးလိုက်သည်။
"ငါ့မှာ လျှပ်စီးပဲ့တင်ထပ်သံရှိတဲ့အတွက်ကြောင့် ငါ့အတွက် အသုံးဝင်မယ့်အရာမှန်သမျှကို ငါစိတ်ဝင်စားတယ် မိုးကြိုးသစ်ပင်က ငါ့အတွက်အကျိုးရှိမယ့် ရှားပါးပစ္စည်းတွေထဲကတစ်ခုပဲလေ..... ဒါပေမယ့် မဟူရာလေပြင်းအင်ပါယာက အပြင်လူတွေကို ဘယ်တော့မှ ခွင့်မပြုခဲ့တဲ့အတွက် အမြဲတမ်း ဝေးကွာတဲ့ အိပ်မက်တစ်ခုလိုဖြစ်နေခဲ့တာ.... တော်ဝင်ရေကန် မှာ ရေချိုးသူတိုင်း မိုးကြိုးနတ်ဘုရားကို ပျိုးထောင်နိုင်တယ်လို့လဲကြားဖူးတယ်...."
လီလော့က လမ်းကြောင်းလေးခုလုံးကို ကျေးဇူးတင်ကြောင်း လက်သီးဆုပ်ပြလိုက်ပြီး.....
"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို သစ်ပင်........"
မိုးကြိုးသစ်ပင်သည် လူသားအုပ်ထိန်းသူများကဲ့သို့ ဇဝေဇဝါမဖြစ်သည်မှာ ထင်ရှားနေသည်။ဤသည်မှာ ကယ်တင်ရှင်များကို အကောင်းဆုံးကျေးဇူးဆပ်လိုက်ခြင်းပင်.....
လီလော့နှင့်လုမင်တို့သည် မဆိုင်းမတွဘဲ တော်ဝင်ရေကန် ကမ်းစပ်သို့ ချက်ချင်းပြေးသွားခဲ့ကြသည်။
လီလော့က ထိုင်ချလိုက်ပြီး သူ့လက်ကို ရေကန်ထဲနှစ်လိုက်သည့်အခါ ကြွက်သားများနှင့် သွေးများသည် တက်ကြွနေသကဲ့သို့ ထိတ်လန့်တုန်လှုပ်နေသည်ကို လက်ဖဝါးမှတဆင့် ခံစားလိုက်ရသည်။
"ဒါက ကောင်းတဲ့အရာပဲ!"
ရိုးရှင်းတဲ့ ဖြတ်ကျော်မှုတစ်ခုနှင့်တင် သူ့ရဲ့ အစွမ်းသတ္တိကို ခံစားသိရှိနိုင်ပြီး သူ့ခန္ဓာကိုယ်အတွက် တကယ်ကို ကြီးမားတဲ့အကျိုးကျေးဇူးပေးစွမ်းမည်မှာအသေအချာပင်.......
"ငါ ဒီနေရာမှာ ကောင်းကောင်းကျင့်ကြံနိုင်ရင် ငါ့လက်တွေသန်မာလာပြီး တင်မတ်ဘုရားစွမ်းအားရဲ့ဒုတိယအလွှာအထိထုတ်သုံးနိူင်လိမ့်မယ်.... "
လီလော့ ဝမ်းသာအားရ တွေးလိုက်မိသည်။ သူ၏ သုံးဆ-ကုစားနိုင်သော စွမ်းအားကြောင့် မဟုတ်ပါက၊ ပြင်းထန်သောစွမ်းအားများကိုခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သို့တိုင်၊ ကုသခြင်းစွမ်းရည်ရှိသော်လည်း သူ၏ခန္ဓာကိုယ်ကို သန်မာစေခြင်းသည် သူ၏ ဦးစားပေးစာရင်းတွင် အမြဲတမ်း ရှိနေခဲ့သည်။
တော်ဝင်ရေကန်က ဒီအချက်ကိုကောင်းမွန်စွာဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။
"လီလော့၊ ဒီအတွက် ငါနင့်ကို တကယ်ကျေးဇူးတင်ပါတယ်"
လုမင်က အနည်းငယ်သတိရှိစွာပြောလိုက်သည်။
လီလော့ သူမကိုအကျုးကျေးဇူးကြီးကြီးမားမားရရှိစေခဲ့သည်မဟုတ်လော... တော်ဝင်ရေကန်သည် သူမလို လျှပ်စီး ပဲ့တင်ထပ်သံ လေ့ကျင့်သူအတွက် အဖိုးမဖြတ်နိုင်သေယရတနာဖြစ်ပြီး ၎င်းထံမှ လီလော့ ရရှိမည့် ဆုလာဘ်ထက် များစွာသာလွန်ပါသည်။
ဒါကြောင့် လီလော့အပေါ် အကြွေးတစ်ခုတင်နေသလိုခံစားနေရသည်။
ဒါပေမယ့် သူမရဲ့ မာနကြီးပြီး အထီးကျန်ဆန်တဲ့ သဘောသဘာဝကြောင့် ဒါဟာ ဝန်ခံဖို့ လွယ်ကူတဲ့အရာတော့ မဟုတ်ခဲ့ပေ။
လီလော့က လက်ခါပြလိုက်ပြီး.....
"အကြွေးတင်နေသလိုခံစားနေစရာ မလိုပါဘူး...နင်လည်းငါ့ကို ကယ်ခဲ့တာပဲ.... ငါတို့ကမဟာမိတ်တွေပဲဟာ....."
"ဒါပေမယ့် နင်ငါ့ကို တကယ်ကျေးဇူးတင်ချင်တယ်ဆိုရင် အဆိပ်သင့်ခဲ့တဲ့ အဖြစ်အပျက်ကို မေ့ထားလိုက်လို့ရမလား"
လုမင်၏မျက်နှာ နီမြန်းသွားပြီး အပိုစကားမပြောတော့ပေ။
"ငါဝင်တော့မယ်"
"ခဏလေး..."
လီလော့ ရုတ်တရက်တားလိုက်သဖြင့် သူမက လှည့်ကြည့်လိုက်သည်။
"ငါတို့အဝတ်အစားတွေ ချွတ်စရာ မလိုဘူးလား..... ငါဆိုလိုတာက ရေချိုးမှာမဟုတ်ဘူးလား"
လုမင် ရှက်လည်းရှက် ဒေါသလည်းထွက်နေသည်။
"အိမ်မက် မက်နေလိုက်..."
သူမ ရေကန် အထဲသို့ဝင်ကာ ကြာပန်းအနေအထားဖြင့်ထိုင်နေလိုက်သည်။
ငွေရောင်အညစ်အကြေးများသည် သတ္တုရည်ကဲ့သို့ ထူးဆန်းသောအပေါက်များဖြင့် သူမကို ဖုံးအုပ်ရန် ခုန်တက်လာပြီး လျှပ်စီးများက သူ့ပတ်ဝန်းကျင်မှာ စူးစူးဝါးဝါး ပေါက်ကွဲနေလေ၏။
လုမင်သည် အာရုံခံစားမှု သိပ်မရှိသကဲ့သို့ ငြိမ်သက်နေသည်။
သူမ အကြော်ခံနေရသလို ထင်ရသော်လည်း တကယ့်ခံစားချက်က ပျော့ပျောင်းနေပုံရသည်။ ကျေနပ်စွာနဲ့ လီလော့လည်း ရေကူးကန်ရဲ့ တစ်ဖက်ကို လှည့်ပြီး ခုန်ဆင်းလိုက်သည်။
ငွေရောင်အညစ်အကြေးတွေက သူ့ဆီကိုလည်း တဟုန်ထိုး တက်လာသည်။
ထို့နောက်တွင် စူးရှသော စွမ်းအားသည် သူ၏ ချွေးပေါက်များကို ပျားအုပ်တစ်အုပ်ကဲ့သို့ တိုက်ခိုက်သွားသည်ကို ခံစားလိုက်ရပြီး ၎င်းတို့သည် သူ့အသားထဲသို့ နက်ရှိုင်းစွာ စိမ့်ဝင်သွားသည်။
တုန်လှုပ်ချောက်ချားစရာ ခံစားမှုတစ်ခုက တုန်လှုပ်ချောက်ချားစရာပင်..... ဒါပေမယ့် နာကျင်မှုကြောင့် အော်ဟစ်ချင်စိတ်ကို ထိန်းမရခဲ့ပေ။
"နောက်နေတာလား..!"
ဝေဒနာကို ရင်တထိတ်ထိတ်ခံစားရင် လုမင်ကို အတွင်းကျကျ ကျိန်ဆဲလိုက်မိသည်။
ထိုအချိန်တွင် သူမသည် သူ့ကိုကြည့်ရန် မျက်လုံးဖွင့်လိုက်သည်။
“ထူးဆန်းတယ်.....ဒီကောင် ဘာလို့ ဆီပွက်ပွက်ဆူနေတဲ့ အိုးထဲ ရောက်နေသလိုမျိုး ဖြစ်နေရတာလဲ”
သူမ၏ အရေပြားပေါ်တွင် အနည်းငယ်မျှသောယားယံမှုကိုသာ ခံစားခဲ့ရသည်။
"ဒါပေမယ့် သူအော်တဲ့ပုံစံက တကယ်အစစ်အမှန်လိုပဲ...."
သူမသည် လျှပ်စီးပဲ့တင်ထပ်သံအသုံးပြုသူဖြစ်သောကြောင့် လီလော့လိုအစိမ်းသက်သက်မဟုတ်ခဲ့ပေ။
ထို့အပြင် လီလော့ရှိနေသည့်ဘက်က လျှပ်စီးစွမ်းအင်များက သူမဘက်ကထက်ပိုမိုကြွယ်ဝနေသည်။
လီလော့ကို မနာလိုစိတ်ဖြင့် ကြည့်ကာ သူမ တခုခုကို နားလည်လိုက်သည်။
“မိုးကြိုးသစ်ပင်က တကယ့်ကို မျက်နှာလိုက်တတ်တာပဲ...” ဟု သူမ တွေးလိုက်မိသည်။ သစ်ပင်သည် ရေကန်အတွင်း စွမ်းအင်စီးဆင်းမှုကို ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော အပင်ဖြစ်သည်။ လီလော့သည် ဤကယ်တင်ခြင်းတွင် အရေးပါသောလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း သိရှိခဲ့ပြီး သူ့နည်းလမ်းအတိုင်း ဆုလာဘ်များ ပိုမိုပေးဆောင်နေခြင်းပက်.....
“ဒီကောင်က ကောင်းတာကို ဘယ်လိုတန်ဖိုးထားရမှန်းမသိဘူး”
လီလော့ လောလောဆယ် နာကျင်ကိုက်ခဲနေသော်လည်း ဤသည်မှာ အခွင့်ထူးတစ်ခုပင်.....
လုမင်သည် သူမ၏ကိုယ်ပိုင်ဆုလာဘ်ကို ကျေနပ်အားရကာ လေ့ကျင့်ခြင်းကို. အာရုံစိုက်ရန် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။