← Chapters

လျှပ်စီးပန်းပဲဖို....

Vol. 40 Ch. 553

လျှပ်စီးပန်းပဲဖို....

Vol. 40 Ch. 553

လုမင် မျက်လုံး ပြန်ဖွင့်ကြည့်လိုက်တော့ လျှပ်စီးရွှံ့နွံတွေ ပြန်ကျသွားပြီး သူမ၏ ခန္ဓာကိုယ်သည် ယခင်ကထက် ပို၍ ပျော့ပျောင်းပြီး သန်မာလာသည်ကို ခံစားလိုက်ရသည်။

လက်ချောင်းများကို ဆန့်ထုတ်လိုက်သည့်အခါ လျှပ်စီး စွမ်းအားသည ညည်းသံနှင့်အတူ လက်ဖဝါးပေါ်တွင် တောက်လောင်သွားသည်။

လုမင်သည် ရေကန်ထဲရှိ သူမ၏ ရောင်ပြန်ဟပ်မှုကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။

"မိုးကြိုးနတ်ဘုရား..."

သူမလက်ကို ရင်ဘတ်ဆီသို့ ဖိလိုက်ရာ ခန္ဓာကိုယ်အတွင်းမှ လျှပ်စီးလက်နေသည့် အခန်းတစ်ခုလို ခံစားလိုက်ရသည်။

ဤလျှပ်စီးကြောင်းသည် မိုးကြိုးနတ်ဘုရား ၏စွမ်းအားအရင်းအမြစ်ဖြစ်သည်။

၎င်းကို အသက်သွင်းပြီးသည်နှင့်၊ လျှပ်စီးကြောင်းသည် အသုံးပြုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအင်များပေးပို့ကာ ကြွက်သားများ၊ သွေးပြန်ကြောများ၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများမှတစ်ဆင့် ပျံ့နှံ့သွားကာ ခွန်အားကို ရုတ်ချည်း တိုးလာစေမည်ဖြစ်သည်။

လုမင် တော်ဝင်ရေကန်မှ ထွက်လာပြီး လျှပ်စီး ရွှံ့နွံများ သူမ၏ ခန္ဓာကိုယ်မှ ကွာကျသွားသည်။

သူမ လီလော့၏ နံဘေးကို လှမ်းကြည့်လိုက်ရာ ရွှံ့ထဲတွင် ထိုင်နေသေးသည်ကို တွေ့လိုက်ရပြီး လီလော့တကိုယ်လုံး လျှပ်စီးများဖြင့်တောက်ပနေသည်။

လျှပ်စီးစွမ်းအင်၏ သန့်စင်မှုက သူမကို မနာလိုစိတ်ဖြင့် သက်ပြင်းချမိစေခဲ့သည်။

မိုးကြိုးသစ်ပင်သည် ၎င်း၏ဆုလာဘ်နှင့်ပတ်သတ်ပြီး အလွန်ရှင်းလင်းသည်။ လီလော့အား စွမ်းအင်၏ 70 မှ 80 ရာခိုင်နှုန်းအထိ ပေးစွမ်းထားပြီး မဟူရာလေပြင်းအင်ပါယာ၏ အုပ်စိုးသူများပင်လျှင် ယခင်က ဤကဲ့သို့ ဆက်ဆံမှုမျိုး မကြုံဖူးကြပေ။

ထိုကဲ့သို့ သန့်စင်သော စွမ်းအင်မှ များစွာသော အကျိုးကျေးဇူး ရရှိမည်မှာ သေချာပါသည်။

လုမင် သူ့ကို မနှောင့်ယှက်ဘဲ တော်ဝင်ရေကန်ရဲ့ ကမ်းစပ်မှာ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

နေ့တစ်ဝက် ကုန်သွားခဲ့ပြီ......

နောက်ဆုံးတွင်၊ လီလော့ထံမှ အလင်းရောင် များမှိန်ဖျော့သွားပြီး သူ့ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ခဏကြာတော့ မျက်လုံးများ ဖြည်းညှင်းစွာပွင့်လာသည်။

ဝုန်းးးး

သူ့မျက်လုံးထဲက မီးတောက်တစ်ခု ထွက်လာပြီး ခဏအကြာတွင် ထိုအလင်းတန်းများ မှိန်ဖျော့သွားလေသည်။

လီလော့ တော်ဝင်ရေကန်ထဲမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

သူ့ခန္ဓာကိုယ်သည် ရေကန်ထဲတွင် ကောင်းမွန်စွာ လေ့ကျင့်ထားပြီးဖြစ်သောကြောင့် သူ၏အရေပြားသည် လျှပ်စီးလက်ကာ တောက်ပနေသော ရတနာတစ်ပါးကဲ့သို့ ဖြစ်နေသည်။

သူ၏ ကာယကြံ့ခိုင်မှုတွင် အထင်ရှားဆုံးသော အပြောင်းအလဲများကို ခံစားရနိုင်သည်။

သူ့လက်သီးကို ဆုပ်ကိုင်လိုက်ရင်း ခွန်အားတွေ တဟုန်ထိုး တိုးလာသည်ကို ခံစားလိုက်ရသည်။

ရေကူးကန်ထဲမှာ အချိန်ကြာလာတဲ့အခါ သူ့ရဲ့ ကြံ့ခိုင်မှုဟာ အရင်ကထက် တဆနီးပါးတိုးတက်လာခဲ့သည်။

ထို့အပြင် သူ၏ ပဲ့တင်ထပ်သံစွမ်းအားကိုလည်း မြှင့်တင်နိုင်ခဲ့သည်။

ယခုအခါတွင် သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုထ္တအဆင့်ရောက်နေပြီဖြစ်သည်။

ဒါဟာ ဝမ်းသာအံ့သြစရာပင်.... တော်ဝင်ရေကန်သည် သူ့ခန္ဓာကိုယ်ကိုသာ လေ့ကျင့်ပေးမည်ဟု သူထင်ခဲ့သည်။

ဒါတွေအားလုံးအပြင် သူ့ခန္ဓာကိုယ်ထဲမှာ တခြားအရာတစ်ခုကို တွေ့ရှိခဲ့သေးသည်။

ခန္ဓာကိုယ်ထဲတွင် စွမ်းအားများဖြင့် လင်းလက်နေသော လျှပ်စီးကြောင်းကို သူမြင်လိုက်ရသည်။

ထိုအရာသည် သက်ရှိသတ္တဝါကဲ့သို့ဖြစ်ပြီး သူ၏အသက်ရှုသံနှင့်အတူ စည်းချက်ညီညီ ညင်သာစွာ ချဲ့ထွင်ကာ ကျုံ့သွားလေသည်။ တစ်ချိန်တည်းမှာပင် ပန်းပဲဖို၏ နူးညံ့သော ညည်းသံသဲ့သဲ့ ထွက်ပေါ်လာသည်။ လီလော့ သည် ၎င်း၏အသား၊ သွေးကြောများ၊ အရိုးများနှင့် လိုက်လျောညီထွေရှိနေသည်ဟု ခံစားနိုင်သောကြောင့် အသက်အန္တရာယ်ဖြး်မည်ကိုစိုးရိမ်မနေခဲ့ပေ။

"ဒီလျှပ်စီးပန်းပဲဖိုက မိုးကြိုးနတ်ဘုရား စွမ်းအားကိုပေးနိုင်တာလား?"

လီလော့သည် အာရုံခံနေရသည်ရို အခြေခံ၍ ဤယူဆချက်ကို တွေးလိုက်ခြင်းဖြစ်သည်။

ပန်းပဲဖိုကို အပြည့်အဝအသက်သွင်းလိုက်သောအခါ၊ ၎င်းသည် သူ၏ခန္ဓာကိုယ်အား ကြီးမားသောခွန်အားနှင့် အရှိန်အဟုန်ကို ပေးစွမ်းမည်ဖြစ်သည်။

လီလော့ ရလဒ်အတွက် အလွန်ကျေနပ်နေပါသည်။

သုံးဆကံကောင်းခဲ့သလိုပင်.... သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုထ္တအဆင့်ရောက်နေပြီး မြေနတ်ဆိုးခန္ဓာအဆင့်နှင့်

ခြေတစ်လှမ်းပို၍နီးကပ်လာရုံသာမက ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးအနေဖြင့် မိုးကြိုးနတ်ဘုရားကိုလည်း ရရှိခဲ့သည်။

ယခု ကျင်းထန်ရှုကို ထပ်မံတိုက်ခိုက်ပါက အလွယ်တကူ ချေမှုန်းနိုင်မည်ဟု ယုံကြည်ထားသည်။

"ကိုယ့်ကိုယ်ကို အထင်ကြီးနေတာတော်လောက်ပြီ.... ပြန်ကြရအောင်"

လုမင်က စိတ်မရှည်ဟန်ဖြင့် လှမ်းအော်သည်။

သူမ၏ အသံသည် လှပပြီး ငြိမ့်ညောင်းသော်လည်း လီလော့သည် ၎င်းအတွင်းမှ မနာလိုမှုကို ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ခေါင်းညိတ်ပြပြီး တော်ဝင်ရေကန်ထဲမှ ခုန်ထွက်လာခဲ့သည်။

"နင် အခု ပုံသဏ္ဍန်ပြောင်းလဲခြင်း စတုတ္ထအဆင့်ရောက် နေပြီလား..."

လုမင် သူ၏ အော်ရာ ခံစားလိုက်ရသောအခါ မနာလိုစွာ မေးလိုက်သည်။

လီလော့က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသာမက ခွန်အားလည်းတိုးမြှင့်နိုင်ခဲ့သည့်အဓိပ္ပါယ်ပင်.......

သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စိတ်ပျက်အားငယ်နေမိသည်။ မကြာသေးမီက သူမတို့နှစ်ယောက် တန်းတူအနေအထားတွင် ရှိနေခဲ့သော်လည်း ယခု လီလော့ကခြေတစ်လှမ်းသာနေခဲ့ပြီ......

သို့တိုင် သူမသည် လီလော့၏ ကံကြမ္မာကို နှောင့်ယှက်မည့်သူမဟုတ်ပေ။ မဝေးတော့တဲ့ အနာဂတ်မှာ သူ့ကို လိုက်မှီနိုင်ပါသေးသည်။

"ပြီးတော့ နင့်မှာ မိုးကြိုးနတ်ဘုရားလည်း ရှိပုံရတယ်.... ဒါပေမယ့် လျှပ်စီးက အသွားနှစ်ထပ်ရှိတဲ့ ဓားတစ်လက်ဆိုတာတော့ သတိပေးလိုက်မယ်.... နင့်ရဲ့ခန္ဓာကိုယ်ကို ဖြတ်ပို့ပေးတဲ့ သွေးခုန်နှုန်းက ပိုသန်မာလာပေမယ့် အလွန်အကျွံထုတ်သုံးရင် ဒဏ်ရာပြင်းထန်စွာရလိမ့်မယ်....."

"ဒါကြောင့် မဟူရာလေပြင်းအင်ပါယာရဲ့ တော်ဝင်မိသားစုက မိုးကြိုးနတ်ဘုရားကို အသံလှိုင်းသွေးကြောခန္ဓာငါးခုလို့ ခေါ်ကြတယ်.... ငါတို့က အမြင့်ဆုံးအဆင့်ထိမရောက်သေးဘူး....အများစုက သွေးကြောတစ်ခုလောက်ပဲသုံးနိုင်ကြတာ...."

"အသံလှိုင်းသွေးကြောခန္ဓာ ငါးခု.... ."

လီလော့ ထိုအချက်အလက်များကို သေချာမှတ်သားထားလိုက်သည်။

"အချက်အလက်တွေကို မှတ်ထားနိူင်ပေမယ့် အဲဒါကို အသုံးချလို့ ရမှာမဟုတ်ဘူး"

လုမင်က စာနာစိတ်နဲ့ အရိပ်အမြွက်အချို့ပြောပြပေးနေသည်။

"ဘာကိုဆိုလိုတာလဲ?"

လီလော့ မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့ရဲ့ကိုယ်ခန္ဓာထဲက လျှပ်စီးပန်းပဲဖိုက လျှပ်စီးတွေနဲ့တည်ဆောက်ထားတာ.... မိုးကြိုးနတ်ဘုရားကို အပြည့်အဝအကျိုးသက်ရောက်စေချင်ရင် လျှပ်စီးပဲ့တင်ထပ်သံ စွမ်းအားနဲ့ အဆက်မပြတ် ပြုပြင်ဖို့ လိုအပ်တယ်....မဟုတ်ရင် အသုံးပြုလိုက်တိုင်း လျှပ်စီးပန်းပဲဖိုကစွမ်းအင်တွေ ကုန်ဆုံးသွားလိမ့်မယ်.... နားလည်လား"

လီလော့ ထိတ်လန့်သွားသည်။ ဆိုလိုသည်မှာ လျှပ်စီးပဲ့တင်ထပ်သံမရှိဘဲ၊ ၎င်းသည် သူ၏ ခွန်အားကို အမှန်တကယ် ရေရှည်မတိုးစေဘဲ တစ်ခါသုံးမျှသာဖြစ်နေလိမ့်မည်။

"ဒါပေမယ့် အရမ်းစိတ်ပျက်မနေပါနဲ့၊ ဒါက ယာယီဖြစ်နိုင်ပေမယ့် တခြား တိုးတက်မှုတွေ အများကြီးရထားတယ်မလား"

လီလော့ရွှင်မြူးစွာ ခေါင်းညိတ်လိုက်သဖြင့် လုမင် ချက်ချင်း စိတ်တိုသွားပြန်သည်။

"သူ လုံးဝ စိတ်ဓာတ်မကျဘူးလား။ ဒါမှမဟုတ် သူ့ခံစားချက်တွေကို ကောင်းကောင်းဖုံးကွယ်ထားတာလား......”

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် သူမ မေးနိုင်သော မေးခွန်းမဟုတ်သောကြောင့် အကြောင်းအရာကို ပြောင်းလဲခဲ့သည်။ "

ဒါဆို ငါတို့အပေါ်ပြန်တက်ကြမလား....."

လီလော့သည် သူမ လှည့်ထွက်သွားသည်နှင့် ပြုံးပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။လက်ဖဝါးထဲတွင် လျှပ်စီးအက်ကြောင်းများဖြင့် ဖုံးအုပ်ထားသော ငွေရောင်သစ်သီးတစ်လုံး ရှိနေသည်။

၎င်းသည် တော်ဝင်ရေကန်တွင်ရှိစဉ် သူ့လက်ထဲသို့ အပ်ထားသော မိုးကြိုးသစ်ပင်၏ နောက်ဆုံးလက်ဆောင်ဖြစ်သည်။ သစ်သီးထဲတွင် ငုပ်လျှိုးနေပြီး မယုံနိုင်လောက်အောင် သန့်စင်သော လျှပ်စီးစွမ်းအင်များကို ခံစားနိုင်သည်။

"မိုးကြိုး ပဲ့တင်ထပ်သံစွမ်းအား... မိုးကြိုးပဲ့တင်ထပ်သံ..... ဟမ့်"

သူ၏ တတိယမြောက် ပဲ့တင်ထပ်သံသည်မည်သို့ဖြစ်မည်ကို စိတ်ကူးလိုက်မိသဖြင့် ကျေနပ်စွာပြုံးလိုက်မိသည်။

All Chapters