← Chapters

မစ်ရှင်ပြီးမြောက်ခြင်း....

Vol. 40 Ch. 554

မစ်ရှင်ပြီးမြောက်ခြင်း....

Vol. 40 Ch. 554

မိုးကြိုးတောင်ပေါ်ရှိ တိုက်ပွဲကြီးသည် လွန်ခဲ့သည့်အချိန်ကတည်းက ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။

ကျန်းချင်းအာ၊မင်းသမီး၊ ချင်ယွဲ့၊ ကျောက်ပိုင်လီနှင့် အခြားသူများသည် လီလော့နှင့် လုမင် ထွက်ပေါ်လာမည့်အချိန်ကို စောင့်မျှော်ရင်း အုတ်တံတိုင်းတစ်ခုပေါ်တွင် ထိုင်နေခဲ့ကြသည်။

လက်ထဲတွင် ငွေရောင်သစ်သီးတစ်လုံးစီ ကိုင်ဆောင်ထားသောကြောင့် သူတို့အားလုံး စိတ်ကောင်းဝင်နေကြသည်။

တိုက်ပွဲပြီးဆုံးပြီးနောက် ၎င်းတို့သည်လည်း မိုးကြိုးသစ်ပင်မှ လက်ဆောင်များရရှိခဲ့ကြသည်။

ဤသည်မှာ ချစ်ကြည်ရေးအမူအရာ သို့မဟုတ် ၎င်းအပေါ် တောင်းပန်ခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်သည်။

မိုးကြိုးသစ်သီးသည် ၎င်းတို့အားလုံး မိုးကြိုးတောင်သို့ ရောက်ရသည့် အကြောင်းရင်းတစ်ခုဖြစ်သောကြောင့် ကျေးဇူးတင်စွာဖြင့် လက်ခံခဲ့ကြသည်။

သို့ပေမယ့် ပုပ်ပွနေသောသစ်သီးများကိုမြင်ခဲ့ဖူးသောကြောင့် အလျင်စလိုလက်မခံရဲကဘဲ ကျန်းချင်းအာကိုစစ်ဆေးခိုင်းပြီးမှသာ စိတ်ချစွာလက်ခံနိုင်ခဲ့ကြသည်။

"ဂျူနီယာကျန်း.... မင်းမှာ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံ ရှိတယ်.... ဒီသစ်သီးတွေမှာ တိုက်စားခံထားရတဲ့ အရိပ်အယောင်တွေ ရှိလား..."

ချင်ယွဲ့က အလိုလိုပြုံးပြီး မေးလိုက်သည်။

ကျန်းချင်းအာက သူမေးချင်တာကို သိသည့်အတွက် သူမလက်ကို မိုးကြိုးသစ်သီးပေါ်တင်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ ခဏအကြာတွင် သူမ ခေါင်းယမ်းပြီး....

"ဒီ မိုးကြိုးသစ်သီးတွေက ကောင်းပါတယ်....."

သူတို့အားလုံး သက်ပြင်းချကြပြီး အသီးအနှံများကို လက်ဝယ်ကိုင်ကာ ပြုံးလိုက်ကြသည်။

ကျန်းချင်းအာ၏ မျက်လုံးများသည် မိုးကြိုးသစ်ပင်၏ ဦးတည်ရာဆီသို့ စိုက်ကြည့်နေသည်။

"လီလော့ ဘာလို့ မထွက်သေးတာလဲ... တစ်ခုခုဖြစ်နေလို့လား.....”

"ချင်းအာ.... စိတ်ပူစရာ မလိုပါဘူး.... မိုးကြိုးသစ်ပင်က ငါတို့ကို ကောင်းကောင်း တုံ့ပြန်နိုင်တဲ့အတွက် လီလော့နဲ့လုမင်လည်း အဆင်ပြေမှာပါ..... "

မင်းသမီးက ကျန်းချင်းအာ၏ စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ဖို့ ကြိုးစားနေသည်။

"ငါတို့တွေ မိုးကြိုးသစ်သီးတွေတောင် ရခဲ့တယ်ဆိုတော့ လီလော့က ရှေ့မတိုးနောက်မဆုတ်သာအောင် အကောင်းဆုံးကြိုးစားနိုင်ခဲ့တဲ့ပုံပဲ.... မိုးကြိုးသစ်ပင်က သူ့ကို ဒီအချိန်မှာ ကြွယ်ဝစွာ ဆုချမှာ သေချာပါတယ်....."

တခြားသူတွေကလည်း ဒီစကားကိုကြားတော့ မျက်လုံးတွေ လင်းလက်သွားကြသည်။ လီလော့နဲ့ လုမင်တို့ဟာ သူတို့အတွက် ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ဘယ်လို ရုန်းထွက်ခဲ့ကြလဲဆိုတာကို မတွေးကြည့်ဘဲမနေနိုင်တော့ပေ။

ကျန်းချင်းအာက ခေါင်းညိတ်ပြပြီး မိုးကြိုးသစ်ပင်၏ ပင်စည်မှ ငွေရောင်အလင်းတန်းတစ်ခု ပေါ်လာသောအခါ ရုတ်တရက်ဝမ်းသာသွားလေသည်။

လီလော့နှင့်လုမင်.......

လူတိုင်းက သူတို့ဆီ ပြေးသွားကြသည်။

"လုမင် မင်း အဆင်ပြေရဲ့လား"

ကျောက်ပိုင်လီ ရောက်လာပြီး စိုးရိမ်တကြီးမေးလိုက်သည်။

လုမင်သည် သူမ စီနီယာ၏မေးခွန်းကို တုံ့ပြန်ရင်း ခေါင်းညိတ်လိုက်သည်။

"လီလော့... နင် ပိုသန်မာလာပြီလား?"

မင်းသမီးက အနီးကပ်ကြည့်ရင်း မေးလိုက်သည်။ အမှန်မှာ၊ သူ၏ အော်ရာကိုကြည့်ရုံဖြင့် နောက်ထပ် အောင်မြင်မှုတစ်ခုကို ဖန်တီးခဲ့ကြောင်းသေချာနေသည်။

လီလော့က ပြုံးစိစိနဲ့ ခေါင်းညိတ်လိုက်ပြီး....

"ကံကောင်းမှုတစ်ချို့က ကျွန်တော့်ကို ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္အဆင့် ရောက်အောင် ကူညီပေးခဲ့တယ်....."

ထိုစကားကြောင့် အားလုံး အံ့အားသင့်ကုန်ကြသည်။ကျင်းထန်ရှုသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုထ္တအဆင့်သို့ရောက်ရှိခဲ့သော ပထမနှစ်ကျောင်းသားဖြစ်သည်။

ဒါပေမယ့် အခုတော့ လီလော့က သူ့ကို လိုက်မှီနိုင်ခဲ့ပြီ......

ဆိုလိုတာက အခုနေတိုက်ခိုက်ကြလျှင် ကျင်းထန်ရှု ခွက်ခွက်လန်အောင် ရှုံးလိမ့်ရမည်......

လီလော့ ယသည် မိုးကြိုးတောင်တန်းတွင် ၎င်း၏အခွင့်အရေးများကို အမှန်တကယ် ကောင်းကောင်းအသုံးချနိူင်ခဲ့သည်။

ကျန်းချင်းအာက လီလော့၏ ဦးခေါင်းမှ ခြေဖျားအထိ ဒဏ်ရာများကို စစ်ဆေးကြည့်ပြီး စိုးရိမ်စရာမတွေ့တော့မှသာ သက်ပြင်းချနိုင်ရှာသည်။

"ဟိုမှာ ဘာဖြစ်တာလဲ?"

သူမမေးခွန်းကို အခြားသူများကလည်း စိတ်ဝင်စားလာကြသည်။

လီလော့နှင့်လုမင်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စွန့်စားခန်းကို အများကြီး ချန်မထားဘဲ ပြန်ပြောပြခဲ့သည်။

"ဘာလို? အနက်ရောင် သူရဲကောင်းလား? မြစ်စောင့်မြို့မှာတွေ့ခဲ့တဲ့သူနဲ့ အတူတူပဲလား.... ပြီးတော့ နင်က သူ့ကို သတ်လိုက်တယ်.....သူက မြေနတ်ဆိုးခန္ဓာအဆင့် ကျွမ်းကျင်သူနော်!"

မင်းသမီး မယုံကြည်နိုင်စွာ မောဟိုက်လာသည်။

အခြားသူများကလည်း လီလော့ကိုဘီလူးတစ်ကောင်လို ကြည့်နေကြသည်။ သူသည် ဆရာသခင်အဆင့်ဖြင့် မြေနတ်ဆိုးခန္ဓာအဆင့်ကို သတ်ဖြတ်နိုင်ခဲ့သည်မှာ ယုံရခက်ခက်ပင်......

"ကျွန်တော် အများကြီးမကြိုးစားခဲ့ရပါဘူး...."

လီလော့ က အလျင်အမြန် ရှင်းပြသည်။

"မိုးကြိုးသစ်ပင်က အနက်ရောင်သူရဲကောင်းကို အနိုင်ယူဖို့ ကူညီပေးတဲ့အနေနဲ့ အထူးလျှပ်စီးမြှားတစ်စင်း ပေးခဲ့လို့ပါ....."

"ဒါတောင်... ဒါဟာ အလွန်အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်မှုတစ်ခုပဲ" ဟု ချင်ယွဲ့ က ပြောကြားခဲ့သည်။ ပြင်ပအကူအညီဖြင့်ပင်၊ လီလော့ဘက်မှ အားစိုက်ထုတ်ခဲ့ရသည်မှာလည်း နည်းလှမည်မထင်....

ပြီးတော့ ဆရာသခင်အဆင့်နဲ့ မြေနတ်ဆိုးခန္ဓာအဆင့်တို့ရဲ့စွမ်းအားကွာခြားချက်ကို သူတို့အားလုံး သိကြသည်။

မင်းသမီးက လီလော့ကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေပြီး ကျန်းချင်းအာ ၏ ပုခုံးပေါ်တွင် တုန်ရီနေသော လက်ကို တင်လိုက်သည်။

"ချင်းအာ...လော့လန်အိမ်တော်ရဲ့ နဂါးက တစ်နေ့ထက်တစ်နေ့ စွမ်းအားတွေ ကြီးထွားလာနေပြီး မကြာခင် ဖီးနစ်ကို ကျော်တက်လိမ့်မယ်ထင်တယ်....."

ကျန်းချင်းအာ ပျော်ရွှင်ပြီး ဖြူစင်သော အပြုံးဖြင့် ပြုံးလိုက်သဖြင့် အခြားအမျိုးသား ကျောင်းသားများကို ခဏတာ အသက်ရှူဖို့ မေ့သွားစေခဲ့သည်။

သူမ တကယ်ပျော်နေတယ်ဆိုတာ လူတိုင်းသိနိုင်ပါသည်။

ခင်ပွန်းဖြစ်သူက သူမနဲ့ တန်းတူဖြစ်လာရတာကို ဘယ်သူဝမ်းမသာဘဲနေလိမ့်မလဲ.....

လီလော့ အရှက်ပြေချောင်းဟန့်လိုက်ပြီး.....

"ချင်းအာ၊ မင်းသမီး..... အနက်ရောင်သူရဲကောင်းဘယ်သူလဲ ခန့်မှန်းမိကြလား...."

ကောင်မလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြည့်နေကြပြီး ခဏလောက် တွေးပြီးရင် မှန်းဆချက်တစ်ခု ထွက်လာသည်။

"စောစောက ငါတို့တွေ့ခဲ့တဲ့ ဟွမ်းလောင်လား....?"

"ဒါကို နင်တို့တောင် ရိပ်မိကြတယ်?"

လီလော့ အံ့သြသွားသည်။

"နင့်ရဲ့လေသံကြောင့် ခန့်မှန်းမိတာပါ"

မင်းသမီးက လိမ္မာပါးနပ်တဲ့ အပြုံးနဲ့ သူမရဲ့ ဖီးနစ်မျက်လုံးတွေကို မှိတ်ထားရင်း ပြောလိုက်သည်။

"ဒါက အံ့အားသင့်စရာ ဖြစ်ခဲ့ရသလို၊ရွှံနီ ပြည်နယ်ထဲကို ဝင်ကတည်းက မြေနတ်ဆိုးခန္ဓာဆိုလို သူတစ်ယောက်တည်းကိုပဲ တွေ့ခဲ့တယ်လေ" ဟု သူမက ထောက်ပြခဲ့သည်။

ကျန်းချင်းအာက ခေါင်းညိတ်လိုက်ပြီး....

“အံ့သြစရာပဲ၊ သူက အဲ့ဒီရွာကို အကာအကွယ်ပေးတဲ့သူ မဟုတ်ဘူးလား၊ တိုက်ခိုက်သူတွေကို ဘာကြောင့် ကူညီမှာလဲ၊ ရွာမှာ ဖြစ်ရတဲ့ အကြောင်းရင်းကို သူ့လောက် ဘယ်သူ ကောင်းကောင်းသိနိုင်မှာလဲ....”

လီလော့ သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သူလည်း နားမလည်နိုင်တော့ပေ။

သို့သော် ဟွမ်းလောင် သေဆုံးသွားခဲ့ပြီး မေးလို့လဲမရတော့ပေ။

"လီလော့ နင် မိုးကြိုးသစ်သီးလိုချင်လား.... မိုးကြိုးသစ်ပင်က ငါတို့ကို သစ်သီးတွေ ပေးခဲ့တယ်...နင်က အလုပ်အများဆုံးလုပ်ခဲ့တာမို

အကောင်းဆုံးဆုတွေ ရသင့်တယ်" ဟု ကျန်းချင်းအာ က ပေါ့ပေါ့တန်တန်ပြောကာ သူမ၏ မိုးကြိုးသစ်သီးကို သူ့ထံ ပေးအပ်လိုက်သည်။

"ဟေ့ ...ကျန်းချင်းအာ!"

မင်းသမီးက လက်ကို ဝှေ့ယမ်းပြီး ကတုန်ကယင် အော်လိုက်သည်။

"နင် ဒီကောင်ကို ကြိုက်တယ်ဆိုပေမယ့် မိုးကြိုးသစ်သီးက နင့်အတွက်လည်း အသုံးဝင်တယ်!"

ချင်ယွဲ့၊ ကျောက်ပိုင်လီ နှင့် အခြားလူများသည် ဤပေါင်းသင်းဆက်ဆံမှုအဆင့်ကြောင့် ထိတ်လန့်သွားကြသည်။ ဒီနှစ်ယောက်က ရင်းနှီးနေတာလား!

လီလော့က ရှက်ရွံ့သောအပြုံးဖြင့် သစ်သီးကို သူမထံသို့ ပြန်တွန်းပို့လိုက်သည်။

"ချင်းအာ၊ ငါ့မှာလည်းရှိတယ်....ဒါကို နင့်အတွက်သိမ်းထားလိုက်....."

သူမထပ်မမေးဘဲ ပြန်ယူလိုက်သည်။

"အိုး၊ မစ်ရှင်ရှိသေးတာပဲ...."

လီလော့က သူ့ပေါင်ကို ဖြန်းကနဲရိုက်လိုက်ပြီး မိုးကြိုးပင်၏ပင်စည်ကို ခေါက်လိုက်သည်။

အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် သစ်ရွက်များဖြင့် တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားသော အထုပ်ကြီးသုံးခု အတွင်းမှ လှိမ့်ထွက်လာသည်။ အရွက်များသည် အတွင်းမှ သတိလစ်နေသော လူသုံးဦးကို ဖော်ထုတ်ရန် အလွယ်တကူ ကြွေကျသွားသည်။

"ပျောက်နေတဲ့အဖွဲ့.....တိုက်စားခံထားကတဲ့ မိုးကြိုးသစ်သီးတွေကို မျိုချပြီး အသေကောင်လို အိပ်မောကျနေကြပြီ....."

"ကောင်းပြီ၊ ငါတို့က သူတို့ကို လွှတ်လိုက်ရုံပဲ....တိုက်စားမှုပြဿနာနဲ့ ပတ်သက်ရင် အဖွဲ့ချုပ်က အဆင့်မြင့် အရာရှိတွေက သူတို့ကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာ သေချာတယ်။ ငါတို့ စိုးရိမ်စရာ မရှိဘူး...."

မင်းသမီး ရှေ့သို့ လှမ်းတက်လာပြီး အဖွဲ့၏ ဝိညာဉ်မှန်များကို ရိုက်ချိုးယူကာ အလင်းတန်းတစ်ခုဖြင့် ထိုလူများကို သယ်ထုတ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ လီလော့နှင့် အခြားလူများသည် ၎င်းတို့၏ စဝိညာဉ်မှန်များကို ဆွဲထုတ်ကာ အမှတ်များကို စစ်ဆေးကြသည်။

ရည်မှန်းချက်ပြီးမြောက်ခဲ့ပြီ......

လီလော့ အတော်လေး ကျေနပ်သွားသည။ ခြုံငုံပြောရရင်၊ ဒီမိုးကြိုးတောင်တန်းမစ်ရှင်ဟာ အဓိပ္ပာယ်ပြည့်ဝပြီး အကျိုးရှိတဲ့နည်းနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။

All Chapters