ကြက်သွေးရောင်သူရဲကောင်း.....
Vol. 40 Ch. 556
အေးမြသော အနက်ရောင် အမှောင်ထုထဲတွင် ယဇ်ပလ္လင်တစ်ခု တည်ရှိနေပြီး ၎င်းအပေါ်တွင် လူတစ်ဦး ကြာပန်းသဏ္ဍာန်ထိုင်နေ၏။
ထိုလူသည် လတ်လတ်ဆတ်ဆတ် သွေးစွန်းနေသကဲ့သို့ ရေစိုနေသည့် ကြက်သွေးရောင် ချပ်ဝတ်ကို ၀တ်ထားသည်။ သူသည် ထိုနေရာတွင် ထိုင်ရုံမျှသာဖြစ်သော်လည်း ရှင်းပြနိုင်စွမ်းမရှိသော်လည်း ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်သွားစေမည့် တည်ရှိနေမှုကို ထုတ်ဖော်ပြသခဲ့သည်။ သူ့ပတ်ဝန်းကျင်က လေဟာနယ်ကလည်း ယိမ်းယိုင်ပြီး တုန်ခါနေသည်။
ကြက်သွေးရောင်ချပ်ဝတ်ခောက်မှ အေးစက်သော မျက်လုံးတစ်စုံ ပွင့်လာသည်။
"တန်ဖိုးမရှိတဲ့အရာ!"
သူ၏ဟိန်းဟောက်သံက ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို ပွက်ပွက်ဆူစေခဲ့သည်။
"နှစ်ပေါင်းများစွာ စီစဉ်ထားသမျှ ဗဟိုကျောင်းသားသမဂ္ဂကြောင့်ပျက်စီးသွားပြီ !" ကြက်သွေးရောင် ဗိုလ်ချုပ်၏ အသံသည် ဒေါသနှင့် တုန်လှုပ်သွားသည်။ သူသည် မိုးကြိုးသစ်ပင်ပေါ်က သူ၏အစီအရင်ပျက်စီးသွားကြောင်း အာရုံခံမိသဖြင့် အခုလိုဒေါသပုန်ထနေရခြင်းဖြစ်သည်။
သူ့ရဲ့ ဂရုတစိုက် စီစဉ်မှုတွေ၊ သစ်ပင်ကို အဆိပ်ခတ်ဖို့ သူ့ရဲ့ အမျိုးမျိုးသော နည်းလမ်းတွေ၊ အကြောင်းပြချက်တွေအားလုံး လေထဲတိုက်အိမ်ဆောက်သလိုပျက်စီးကုန်ပြီ......
သူသည် ကုန်းမြေများပေါ်တွင် ကျင်လည်ကျက်စားကာ သူ့ကိုဆန့်ကျင်သည့် ကျောင်းသားများကိုသုတ်သင်ပစ်ခဲ့သည်။
ဒါပေမယ့်လည်း ဆန့်ကျင်နိုင်သူတွေရှိနေသေးသည်။
အချိန်မကျသေးဘူး....ကြွက်စုတ်လေးတွေ နောက်ဆုံးတော့လဲ ငါ့ဆီရောက်လာကြမှာပဲ......
"ပညာရေးအဖွဲ့ချုပ်က ကောက်ကျစ်တယ်..... သူတို့တွေက ရှန့်ပိန်းတွေ့ဆုံပွဲအတွက် ရွှံနီပြည်နယ်ကို လေ့ကျင့်ရေးနယ်မြေအဖြစ် အသုံးပြုနေတာလား။ သူတို့ရဲ့ အကောင်းဆုံး ကျောင်းသားတွေကို ဒီဧရိယာကို သန့်စင်ခွင့်ပေးဖို့ အစီအစဉ်နေတာလား...."
ကြက်သွေးရောင် ဗိုလ်ချုပ်က သူ့ကိုယ်သူ လှောင်ပြောင်နေရင်း မျက်လုံးများ မှိန်ဖျော့နေ၏။
"ဒါပေမယ့် သူတို့က ကျောင်းသားတွေကိုပဲ ပို့နိုင်တယ်... ဆိုလိုချင်တာက သူတို့ရဲ့ တပ်ဖွဲ့တွေက အားနည်းတယ်..... ကျောင်းတွေက မဟူရာလေပြင်း အင်ပါယာကို ကောင်းကောင်း မထောက်ပံ့နိုင်ဘူး။ ဒီအခြေအနေကို ဘုရင်အဆင့်ကလွဲရင် သာမာန်မြို့စားတချို့တောင် ကိုင်တွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူး... ဘုရင်အဆင့်တွေက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာ ရှားပါးတာမို့ လွယ်လွယ် လွှတ်ပေးလိုက်ကြမှာမဟုတ်ဘူး......"
"ကောင်းပြီလေ၊ ဒီကျောင်းတွေက သူတို့ရဲ့ အထက်တန်းစားပါရမီရှင်တွေကို သေစေချင်နေမှတော့ ငါကလည်းဆန္ဒဖြည့်ပေးရမှာပေါ့...."
ကြက်သွေးရောင်ဗိုလ်ချုပ်ကပြတ်ပြတ်သားသား မတ်တပ်ထရပ်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
ဝင်ရောက်လာသောရောင်ခြည်ကြောင့် မြစ်စောင့်မြို့ထက် များစွာကျယ်ဝန်းသော မြေကွက်များကို ဖုံးအုပ်ထားသည့် အဆောက်အအုံများစွာကို သူတွေ့မြင်နိုင်သည်။
ရွှံနီ ပြည်နယ်တွင် ထိုသို့ကြီးမားသောမြို့တိူလို့ ကျောက်သားမြို့တော် တစ်ခုတည်းသာရှိသည်။
ဒါပေမယ့် ဒီမြို့အတွက် အံ့သြစရာကောင်းတာက မြစ်စောင့်မြို့လိုမျိုး ပြိုပျက်မသွားဘဲ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အနီရောင်နံရံများသည် မြို့ကိုကာကွယ်သည့် ဧရာမတောင်တန်းကြီးများကဲ့သို့ မြင့်မားသည်။
ပိုလို့တောင် အံ့သြစရာကောင်းတာက မြို့တော်ကြီးဟာ လူတွေနဲ့ ပြည့်နှက်နေပြီး သာယာစည်ပင်စွာဖြင့် သွားလာလှုပ်ရှားနေကြသည်။
"ဘယ်လိုပုံရိပ်ယောင်မျိုးလဲ"
ကြက်သွေးရောင်ဗိုလ်ချုပ်က အံ့အားသင့်ကာ ခေါင်းယမ်းလိုက်သည်။
"တကယ့်ကို အသက်ဝင်တယ်.... မြေနတ်ဆိုးခန္ဓာအဆင့်တောင် အလွယ်တကူ လှည့်စားခံရနိုင်တယ်....."
လှည့်စားမှုတစ်ခုဖြစ်ကြောင်း သေချာသိသူပင်လျှင် လက်တွေ့ဆန်သောခံစားချက်ကို မငြင်းဆန်နိုင်ပေ။အသေးစိတ်အချက်တိုင်းက ပြီးပြည့်စုံပြီး ၎င်းကိုထိတွေ့ကြည့်ပြီးထင်ယောင်ထင်မှားဖြစ်မှုကို အဖန်ဖန်အတည်ပြုရန် သင့်အား ဆွဲဆောင်လိမ့်မည်။
သူ့ရှေ့က ပုံရိပ်ယောင်တွေကို သူ့အထက်က ဖန်တီးထားခြင်းဖြစ်သည်။
ကြက်သွေးရောင်ဗိုလ်ချုပ်သည် ယခုအခါ မြို့တစ်ခုလုံး၏ အလယ်ဗဟိုရှိ ကြက်သွေးရောင် အတားအဆီးဆီသို့ လှမ်းကြည့်လိုက်သည်။ မှုန်ဝါးနေပေမယ့် သူ့မှာ အတွင်းကိုကြည့်နိုင်တဲ့ စွမ်းအားရှိနေသည်။
ကြက်သွေးရောင်အလင်းတန်းအတွင်းတွင် မြေခွေးတစ်ကောင်လို ငြိမ့်ညောင်းစွာ ဝပ်နေသော နတ်ဆိုးမိန်းမတစ်ဦးရှိသည်။ သူမသည် အလွန်လှပပြီး မျက်လုံးမှိတ်ထားသည့် အချိန်တွင် အလွယ်တကူ ပျောက်ကွယ်သွားနိုင်သည်။ သူ့ကိုကြည့်တဲ့ သူတိုင်းရဲ့ ရင်ထဲမှာ ပူလောင်ပြီး ရာဂစိတ်ကိုထိန်းသိမ်းမရနိုင်အောင်ဖြစ်ကုန်လိမ့်မည်။ ဒါပေမယ့် ကြက်သွေးရောင်ဗိုလ်ချုပ်ကတော့ ထိုသို့မဟုတ်ခဲ့ပေ။ သူ့အနောက်မှာ ရစ်ပတ်ထားတဲ့ နီညိုရောင် အမြီးကြီးကို သူ့မျက်လုံးတွေက ခိုင်မြဲစွာ စိုက်ကြည့်နေ၏။
အနီးကပ်ကြည့်လျှင် အမြီးထဲကနေ သွေးများစိမ့်ထွက်နေသည်ကို တွေ့ရမည်ဖြစ်ပြီး အမြီးတစ်လျှောက် ပျော့ပျောင်းစွာ ကျဆင်းနေသည့် အနီရောင်အမွှေးများက အပ်များကဲ့သို့ ထက်မြက်နေပါသည်။
အနီးကပ်ကြည့်လိုက်လျှင် နာကျင်စွာအော်သံများသည် သွေးနီရောင်အမြီးမှ ထွက်ပေါ်လာသည်။
ကြက်သွေးရောင်ဗိုလ်ချုပ်သည် ၎င်းထံမှ အကြည့်မလွှဲနိုင်ခဲ့ပေ။ ၎င်း၏မွှေးတစ်ချောင်းချင်းစီတိုင်းသည် လူသားယဇ်ပူဇော်မှုမှ ဖန်တီးထားခြင်းဖြစ်သည်ကို သူသိသည်။ ဤအရာသည် ဤမြို့၌နေထိုင်ခဲ့သော သန်းပေါင်းများစွာသောလူများကို အပြီးသတ်ရန် အချိန်အတော်ကြာခဲ့သည်။
ကြက်သွေးရောင ဗိုလ်ချုပ်သည် သူ့မျက်နှာအနှံ့ ရွှဲနစ်နေသော လောဘကြီးသော အမူအရာ ပျံ့နှံ့သွားသည်အထိ မြေခွေးမ၏အမြှီးကို စိုက်ကြည့်နေပြီး ရယ်မောလိုက်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော လက်ရာများအတွက်လည် အကြွေးတောင်းရပေဉီးမည်။
"ဒီနှစ်တွေတစ်လျှောက်လုံး ခွန်အားတွေ ပြုစုပျိုးထောင်ပေးခဲ့တယ်... ဒါပေမယ့် ဒီအကောင်တွေက တကယ်ကို တိရစ္ဆာန်တွေပဲ၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ငါ့ကို ဆန့်ကျင်ဖို့ ကြံစည်လာကြတယ်....."
"ပညာရေးအဖွဲ့ချုပ်ရဲ့ ဝင်ရောက်စွက်ဖက်မှုက အခွင့်အလမ်းကောင်းတစ်ခုပဲ....."
ကျောင်းသားတွေရောက်လာရင် ဘယ်လိုနည်းနဲ့မဆို အနီးကပ်တိုက်ပွဲဖြစ်မှာပဲ.... အဲဒီအခါမှာ သူက အကြွင်းအကျန်တွေကို အလွယ်တကူ သုတ်ပစ်ပစ်လိုက်ရုံပဲ.....
“မကြာခင် အသီးအနှံတွေ ရိတ်သိမ်းဖို့ အချိန်ရောက်လာတော့မယ်....."
"မိုးကြိုးသစ်ပင် အစီအစဥ် မအောင်မြင်တာ စိတ်မကောင်းစရာပဲ" ဟု ဝမ်းနည်းစွာ ထပ်မံရေရွတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ပညာရေးအဖွဲ့ချုပ်ရဲ့ ဆူညံပွက်လောရိုက်နေတဲ့ ကောင်ငယ်လေးတွေကို တွန်းလှန်ပြီးတာနဲ့ ဒါကို ပြန်ဖြေရှင်းနိုင်မှာပါ"
ကြက်သွေးရောင် ဗိုလ်ချုပ်က သူ့ကိုယ်သူ ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်မယ်လိုက်သည်။ သူ့လက်ချောင်းတစ်ဖက်တွင် အဖြူရောင်မျက်ဝန်းပေါ်တွင် အနက်ရောင်မျက်လုံးပါသော အနီရောင်လက်စွပ်တစ်ကွင်းရှိသည်။
"အလင်းနဲ့အမှောင်....အကောင်းနဲ့အဆိုးတို့က တစ်သားတည်းပဒ" ဟု ကြက်သွေးရောင် ဗိုလ်ချုပ်က ညည်းတွားလိုက်သည်။
ထိုနောက် သူက ရူးသွပ်စွာ ရယ်လိုက်ပြန်သည်။
" သူတို့တွေ အားနည်းသွားတဲ့အချိန် ငါနိုးထလာမယ်........"