← Chapters

လန်လန်နှင့်တွေ့ဆုံခြင်း....

Vol. 40 Ch. 557

လန်လန်နှင့်တွေ့ဆုံခြင်း....

Vol. 40 Ch. 557

ရောနှောအဆင့်ပြိုင်ပွဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက်ယှဉ်ပြိုင်နေကြဆဲပင်....

ရွှံနီပြည်နယ်သည် သာမန်လူသားများကို ခြေလှမ်းတစ်လှမ်းမျှပင် မလှုပ်နိုင်အောင် တားဆီးနိုင်သည့် အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ကြောက်ရွံ့တုန်လှုပ်စေသည်။ သို့သော် အထက်တန်းစား ကျောင်းသားအဖွဲ့များသည် တလျှောက်လုံး လျင်မြန်စွာ ရွေ့လျားနေပြီး သတိနှင့် ရှေ့ဆက်နေကြဆဲပင်......

အမှောင်စွမ်းအင်တိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန် အမှောင်မှ အလင်းသို့ ပြောင်းလဲစေသည့် ထိရောက်သော အုပ်စုငယ်များသည် မစ်ရှင်များအတိုင်း တပြည်လုံးအနှံ့ လှည့်ပတ်သွားလာနေကြသည်။

ပြိုင်ပွဲ၏ 20 ရက်မြောက်နေ့တွင်၊ ဝိညာဉ်ကြေးမုံမှထင်ဟပ်ထားသော ရွှံနီ ပြည်နယ်မြေပုံသည် တစ်ဝက်ကျော်ခန့်ကို သန့်စင်ထားပြီးဖြစ်ပြီး၊ ပြိုင်ပွဲ၏ ဒုတိယပိုင်းစတင်တော့မည်ဟု အရိပ်အယောင်ပြနေသည်။

.............................

ကြီးမားသောမြို့ကြီး၏ ငြိစွန်းနေသော အပျက်အစီးများတွင် သန့်စင်သောအလင်းရောင်တစ်ခုသည် ကောင်းကင်ယံသို့ အဝါဖျော့ဖျော့ စွမ်းအင်များ ဖြန့်ကျက်ကာ ဒေသအနှံ့က အမှောင်စွမ်းအင်တိုက်စားမှုများကို ဖယ်ရှားပစ်လိုက်သည်။

လီလော့သည် ပျက်စီးနေသော ရဲတိုက်တစ်ခုပေါ်တွင် ရပ်နေပြီး သူ၏ဝိညာဉ်မှန်ကို စစ်ဆေးနေသည်။

"အမှတ် 700,000၊ ငါတို့ တကယ်ကို အရှိန်ရနေပြီပဲ...."

မိုးကြိုးတောင်ပေါ်ကနေ ထွက်ခွာလာတာ 10 ရက်ခန့်ရှိပြီဖြစ်ပြီး တစ်ကြိမ်တောင်မှ လက်မလွှတ်ခဲ့ကြပေ။ အရှိန်အဟုန်ဖြင့် ရွေ့လျားရင်း ရည်မှန်းချက်ကြီးကြီးငယ်ငယ် အားလုံးကိုသန့်စင်ခဲ့ကြသည်။

မင်းသမီးနှင့် ကျန်းချင်းအာသည် လီလော့ ၏ကြေငြာချက်ကိုကြားပြီးနောက် စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ပြင်းထန်စွာ တွန်းအားပေးခဲ့ကြပြီး ဖိအား၏ 80 ရာခိုင်နှုန်းခန့်ကို တောင့်ခံခဲ့ကြသည်။ ၎င်းတို့သည် လမ်းတစ်လျှောက်တွင် ကောင်းကင်ဘုံကပ်ဘေးအဆင့်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

သူတို့ လုံးဝ အနားယူခြင်း မရှိခဲ့ပေ။

မင်းသမီးသည် ရိုးရှင်းသော ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏ရှည်လျားသောဆံပင်ကို ရိုးရှင်းစွာချည်နှောင်ထားသည်။ သူမသည် ယခုချိန်တွင် တင့်တယ်သောမင်းသမီးထက် ငယ်ရွယ်သောစွန့်စားသူနှင့်ပိုတူသည်။ တိုက်ပွဲများကြောင့် အဝတ်အစားများညစ်နွမ်းနေသော်လည်း လှပနေဆဲပင်.....

"လန်လန်ရဲ့အဖွဲ့ကော ဘယ်လိုလဲ။"

သူမမေးလိုက်ရင်း ဖီးနစ်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"သူတို့က အမှတ် 660,000 ရနေပြီ....!"

"သူတို့က နည်းနည်းတောင် ပြတ်မကျန်ခဲ့ဘူးပဲ....."

ကျန်းချင်းအာက သူမ၏ လေးလံသောဓားကို ပေါင်ပေါ်တွင်တင်ထားပြီး သူမ၏ဆံပင်ရှည်များသည် မျက်နှာတစ်ဝိုက်တွင် ဝဲကျနေသည်။ သူမသည် တိုက်ပွဲအရှိန်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရပြီး အနည်းငယ် ပို၍ နွေးထွေးစွာ စကားပြောနေပါသည်။

လီလော့ ခေါင်းညိတ်လိုက်သည်။သူတို့အခုလို အရမ်းကြိုးစားလုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ လန်လန်ရဲ့ ဖိအားကြောင့်ပင်.... ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ တွန်းထုတ်နေပါစေ တခြားအသင်းတွေက သူတို့ကိုအမှီလိုက်လာနေဆဲပင်.....

ကျန်းချင်းအာနှင့်မင်းသမီးတို့နှစ်ဦးစလုံးတွင် ခိုင်မာသော ကိုယ်ရည်ကိုယ်သွေးများရှိသည်။ ချန်ပီယံဆုကို ရယူလိုကြောင်း ကြေငြာထားသောကြောင့် တတ်နိုင်သမျှ ကြိုးစားသွားမည်ဖြစ်သည်။ လွယ်လွယ်နဲ့ အရှုံးမပေးဖို့ယောင်လို့ပင်မစဉ်းစားခဲ့ဖူးပေ။

"သူတို့လည်း ဒုက္ခရောက်နေကြမှာ သေချာတယ်"

လမ်းတစ်လျှောက်တွင် ကြမ်းတမ်းသော တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ကြသည်။မင်းသမီးတောင်မှ အကြိမ်အနည်းငယ် ဒဏ်ရာရဖူးသဖြင့် အသန်မာဆုံး ကြယ်လေးပွင့်ခန်းမ ကျောင်းသား လန်လန် ရှိနေသော်လည်း၊ မင်းသမီးထက် ဤမျှလောက် အားကောင်းမည်မဟုတ်ပေ။

သူတို့ဘက်မှာ လုဂျင်းစီ က် အများကြီး ပိုသန်မာတဲ့ ကျန်းချင်းအာ ရှိနေသေးသည်။

ခြုံပြောရရင် လန်လန် နဲ့လုဂျင်းစီရဲ့ ပေါင်းစပ်မှုက မင်းသမီးနဲ့ ကျန်းချင်းအာ ပေါင်းစပ်မှုထက် ပိုအားကောင်းမည် မဟုတ်ပေ။

မင်းသမီးနှင့်ကျန်းချင်းအာတို့ပင် ပင်ပန်းနွမ်းနယ်နေပါက အခြားသူများမည်မျှလောက်ထိ ပင်ပန်းနေကြပြီလဲ.....

ဤပြိုင်ပွဲသည် အဆုံးအထိ စိတ်အားထက်သန်မှုနှင့် ခံနိုင်ရည်စမ်းသပ်မှုတစ်ခုဖြစ်သည်။

လီလော့က ကျန်းချင်းအာနောက်သို့ လှမ်းတက်လာပြီး နူးညံ့သောလက်ကို ကျောပေါ်တင်ကာ ကုသရေးစွမ်းအင်အချို့လွှဲပြောင်းပေးလိုက်သည်။

သူမ ခဏလောက် အေးခဲသွားပြီးနောက် သူ့လက်ရဲ့ နွေးထွေးမှုကြောင့် ဒဏ်ရာအနည်းငယ်သက်သာလာသလို ခံစားလိုက်ရသည်။ သူမ တစ်ဝက်တစ်ပျက် ပြုံးပြကာ သူ့ကို အမှန်တကယ် ကြင်နာနေခြင်းလား သို့မဟုတ် သူ့စိတ်ထဲမှာ အခြားအရာများ ရှိနေသလားဆိုတာကို ဂရုစိုက်ဖို့ ပင်ပန်းလွန်းနေခဲ့ပြီ......

လီလော့ သူမ၏ အရေပြားကို ထိလိုက်သည်နှင့် သူ့မျက်နှာကို တည့်တည့်ထားကာ အကြည့်လွှဲနေရသည်။

သို့တိုင် သူ၏ ကုသရေးစွမ်းရည်မှာ မဆိုးလှပေ။ ကျန်းချင်းအာ အရင်ကထက် အနည်းငယ် ပိုသက်သာလာသည်။

ခဏအကြာတွင် လီလော့ကိုလက်ဖယ်ခိုင်းလိုက်သည်။

"ချင်းအာ....အဆင်မပြေတဲ့ တခြားနေရာတွေရှိရင် ငါ့ကို အသိပေးနော်...."

လီလော့က စိတ်အားထက်သန်စွာပြောလိုက်သည်။

"အိုး လီလော့... ဒီမှာ ငါ့ တကိုယ်လုံး ကိုက်ခဲနေတယ် ကျေးဇူးပြုပြီး ကုသပေးပါဉီး "

မင်းသမီးက နောက်ပြောင်ပြီး လီလော့ကိုလှမ်း ခေါ်လိုက်သည်။

လီလော့သည် သူ့ဘေးနားရှိ ကျန်းချင်းအာထံမှ ရုတ်တရက် စိုက်ကြည့်နေသည်ကို ခံစားမိသောအခါ.....

"မ..မသင့်တော်ပါဘူး မင်းသမီးရယ်...."

မင်းသမီး၏ ရယ်မောသံသည် ချိုမြိန်သော ပန်းပွင့်များနှယ် ထွက်ပေါ်လာသည်။ သူမ နောက်ပြောင်နေခြင်းသာဖြစ်သည်။ကျန်းချင်းအာမရှိလျှင်တောင် လီလော့ သူ့ကိုထိဝံ့ပါက အရေခွံစုတ်ပစ်မည်သာ......

လီလော့မျက်လုံးများကို မှိတ်ထားသော်လည်း ယခုအချိန်တွင် မင်းသမီး၏ လှည့်စားခြင်းကို အမှန်တကယ် ကျင့်သားရနေပြီဖြစ်သည်။

"ကျွန်တော်တို့ရဲ့အဆင့်မြင့်တိုက်ပွဲက အခုအဆုံးသတ်လုနီးပါးဖြစ်နေပြီ"

ဟု လီလော့က ဝိညာဉ်မှန်ကို ထပ်မံဆွဲထုတ်လိုက်ပြန်သည်။

"ရှေ့ဆက်သွားရင်၊ အဆင့်သုံးမြို့တစ်မြို့

ပဲကျန်တော့တယ်၊ ပြီးရင် ကျောက်သားမြို့တော်ဆီသွားရတော့မယ်....."

မင်းသမီးနှင့်ကျန်းချင်းအာတို့က မြေပုံပေါ်ရှိ လီလော့ ညွှန်ပြနေသည့်နေရာကို ကြည့်လိုက်ကြသည်။

"ကျွန်တော်တို့ ဒီမြို့ကို သန့်စင်ပြီးရင် ရောနှောအဆင့်ယှဉ်ပြိုင်မှုရဲ့ နောက်ဆုံးအဆင့်ကို ရောက်မှာပါ... ဒါပေမယ့် ဒါဟာ လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်တဲ့ မြို့တစ်မြို့တော့ မဟုတ်ဘူး....အခြားဖြစ်နိုင်ချေရှိတဲ့လမ်းကြောင်းတွေက ဒီနေရာမှာဆုံနေတာမို့ အခြားအဖွဲ့တွေရောက်လာရင် တိုက်ပွဲပြင်းထန်နိုင်တယ်....."

"အရင်က တခြားမြို့တွေနဲ့ မတူဘဲ သူတို့ကို တိုက်ထုတ်ရမယ်" ဟု ကျန်းချင်းအာက ဘာမှမထူးခြားဟန်ဖြင့် ပြောလိုက်သည်။

အသင်းအချင်းချင်း ယှဉ်ပြိုင်မှုသည် ရောစပ်အဆင့်ပြိုင်ပွဲတွင် အားကောင်းခြင်းမရှိသော်လည်း တည်ရှိဆဲပင်.....

ဥပမာအားဖြင့်၊ အဆင့်သုံးမြို့သည် အမှတ် 50,000 တန်သောဆုကြီးဖြစ်သည်။ ဘယ်သူကမှ ဒါကို မျှဝေချင်မှာ မဟုတ်သလို လွှတ်ထားချင်မှာလည်း မဟုတ်ပေ။ ထို့ကြောင့်၊ သူတို့သည် များသောအားဖြင့် တိုက်ခိုက်ကြပြီး အနိုင်ရသောတပ်များကသာ မြို့ကို သိမ်းပိုက်ခွင့် ရရှိမည်။

ဤသည်မှာ စကားမပြောနိုင်သော စည်းမျဉ်းတစ်ခုဖြစ်သည်။

လီလော့ ခေါင်းညိတ်လိုက်ပြီး....

"ဟုတ်တယ်၊ ဒါပေမယ့် ငါတို့ဒီမှာ လန်လန်ရဲ့အသင်းနဲ့တွေ့ဖို့ အခွင့်အလမ်းရှိမယ်ထင်တယ်။ သူတို့ရဲ့အရှိန်ကြောင့်အဲဒီကိုဖြတ်ကျော်သွားနိုင်တယ်...."

"သေချာပါတယ် ငါတို့ ဒီလောက်ကံမကောင်းနိူင်ဘူး.....သူတို့က လုံးဝခြားနားတဲ့ ဦးတည်ရာကနေ လာနိုင်တယ်......"

"ငါတို့ သူတို့နဲ့ မြန်မြန်တွေ့မယ်"

ကျန်းချင်းအာက တည်ငြိမ်စွာပြောသည်။

"သူတို့ကို ဒီမှာတွေ့ရင် သူတို့ ဘယ်လောက်တောင် သန်မာလဲဆိုတာ သိနိုင်တယ်...."

မင်းသမီးကလည်း ခေါင်းညိတ်လိုက်သည်။ လန်လန်ကို သူမ မကြောက်ပေ။

"'ဒါက ခန့်မှန်းချက်တစ်ခုပဲ၊ ဒါပေမယ့် ငါတို့ ဆုံနိုင်မှာ မဟုတ်ဘူး"

အကယ်၍ သူတို့သာ နောက်ဆုံးအဆင့်သုံးမြို့ကို ချောချောမွေ့မွေ့နှင့် ပြဿနာများစွာမရှိဘဲသန့်စင်နိုင်ကာ ကျောက်သားမြို့တော် သို့ သွားနိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်ပေမည်။

"နောက်ထပ်နှစ်နာရီလောက် အနားယူပြီးရင် သွားကြမလား...."

နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်သည်။

အနားယူပြီးနောက်၊ ဆက်လက်ချီတက်ကာ ၎င်းတို့၏ နောက်ဆုံးပန်းတိုင်သို့ ဦးတည်သွားခဲ့သည်။

အရှိန်အဟုန်ဖြင့် ရွေ့လျားကာ အဆင့်သုံးမြို့သို့ ရောက်ရန် တစ်ရက်သာ အချိန်ယူခဲ့ရသည်။

သူတို့ရောက်တဲ့အခါမှာတော့ တခြားဘက်ကနေ အရှိန်အဟုန်နဲ့ ရွေ့လျားနေသူ သုံးဉီးကိုမြင်လိုက်ရသည်။

တစ်မိနစ်အကြာတွင် သူတို့ လီလော့၏အသင်းရှေ့တွင် ပေါ်လာသည်။

ထိုသူများကိုမြင်သည်နှင့် လီလော့ ရှုံ့မဲ့သွားသည်။

မင်းသမီးက လီလော့ကို ခပ်စူးစူးလှည့်ကြာ့်လိုက်ပြီး..... "နင် ပါးစပ်ပုပ်နဲ့လျှောက်ပြောလို့ အခုတည့်တည့်တိုးပြီ......"

သူတို့ရှေ့တွင် လန်လန်၏တပ်မှလွဲ၍ အခြားဘယ်သူမျှမရှိပေ။

All Chapters