ထိပ်တန်းအဖွဲ့များတိုက်ခိုက်ခြင်း.....
Vol. 40 Ch. 558
လန်လန်၏အဖွဲ့သည် မင်းသမီး၊ ကျန်းချင်းအာနှင့်လီလော့တို့ကို မီးခိုးရောင်ပျက်စီးနေသောမြို့တံခါးများအနီးမှ စိုက်ကြည့်နေကြသည်။
ကျောင်းသားခြောက်ယောက်စလုံးသည် အမူအရာများကို စောင့်ထိန်းကြပြီး ပုံမှန်အားဖြင့် ငြိမ်သက်နေသော လန်လန်ပင်လျှင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ရောနှောအဆင့် ပြိုင်ပွဲ၏ ဦးဆောင်အဖွဲ့နှစ်ဖွဲ့ နောက်ဆုံးတွင် တွေ့ဆုံခဲ့ကြပြီ......
လေထုအတွင်းက တင်းမာမှုတွေ သိသိသာသာကြီးမားလာသည်။
" ငါတို့အရင်ရောက်တာနော်...."
မင်းသမီး၏ အဖွင့်စကားသံ ထွက်လာသည်။
"သူငယ်ချင်း..... ဒီပြိုင်ဆိုင်မှုမှာ အရင်ရောက်တာမရောက်တာက အရေးမကြီးဘူးဆိုတာ မင်းသိတယ်မလား...."
လန်လန်က ခပ်တိုးတိုးပြန်ဖြေလိုက်သည်။
"အိုး? ဒါက ရိုင်းဆန်တဲ့ ပြိုင်ဆိုင်မှုမျိုးလား?"
သူမသည် ဆွဲဆောင်နှင့် စွမ်းအား နှစ်မျိုးလုံးကို တူညီသော ကျွမ်းကျင်မှုဖြင့် ကိုင်စွဲထားကာ မည်သည့် ချဉ်းကပ်မှုမျိုးကိုမဆို ရွေးချယ်ကာ အကောင်းဆုံးဖြစ်အောင်ကြိုးစားမည့်သူပင်.... အတွေ့အကြုံနည်းသော ပြိုင်ဘက်ကသာ အလွယ်တကူ ယိမ်းနွဲ့သွားလိမ့်မည်။
မင်ဘုရင်ကျမ်းစာသခင် လန်လန်ကလည်းခေသူမဟုတ်ပေ။
"သူငယ်ချင်း .....မင်းရဲ့အဖွဲ့စာရင်းမှာ ထိပ်ဆုံးရောက်နေပြီပဲ... ဒီမြို့ကို ငါတို့ကို ပေးလိုက်ပါတော့လား....."
မင်းသမီး၏ ရည်မွန်မှု ပျောက်ကွယ်သွားသည်။
"ကျိုးကြောင်းဆီလျော်မှုမရှိတဲ့တောင်းဆိုချက်ပဲ.... မင်ဘုရင်ကျမ်းစာကိုတတ်ကျွမ်းတိုင် လုပ်ချင်ရာလုပ်လို့ရမယ်ထင်နေတာလား....."
"ငါက ငါ့ကျောင်းအတွက် တိုက်ပွဲဝင်တာ ငါ့မာနအတွက်မဟုတ်ဘူး"
လန်လန်က ခေါင်းခါပြသည်။
" တခြားနေရာတွေမှာဆိုရင် ငါမင်းကို မစဉ်းစားဘဲ ထားလိုက်မှာပါ....."
" ကောင်းပြီ.....ဒါဆိုလည်း စကားနဲ့မရှင်းဘဲ စည်းမျဉ်းအတိုင်းရှင်းကြတာပေါ့...."
ဆိုလိုတာက အဲဒါအတွက် တိုက်ပွဲဝင်ကြမယ်.....
"ငါတို့ ဒီနေရာအတွက် တိုက်ပွဲဝင်နေတာမဟုတ်ဘူး"
လန်လန်က အေးဆေးတည်ငြိမ်စွာပြောပြန်သည်။
"မင်းသေချာစဉ်းစားစမ်းပါ...အပြင်းထန်ဆုံးတပ်နှစ်ဖွဲ့ တိုက်ခိုက်နေချိန်မှာ ပုန်းအောင်းပြီးအခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့ တခြားအဖွဲ့တွေလည်း ရှိနေသေးတယ်....."
"ကောင်းတာပေါ့...ဒါမှ ကြောက်ရကောင်းမှန်းသိသွားကြမှာ....."
"မင်းဒီလောက်တောင်ယုံကြည်မှုရှိနေတယ်ပေါ့...ငါတို့ခန်းမအဆင့် ပြိုင်ပွဲမှာ တိုက်ပွဲဝင်ခဲ့ဖူးသေးတယ်နော်....."
“အခုတော့ မတူဘူး....ရှင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက အရမ်းကောင်းတယ်၊ ဒါပေမယ့် ရှင့်ကို အချိန်တစ်ခုလောက်ထိ တားထားနိုင်တယ်.... အဲဒီအခါ ငါ့ရဲ့ အသင်းဖော် နှစ်ယောက်က ရှင့်လူတွေကို အမှောက်သိပ်ပြီးနေလောက်ပြီ.....ရလဒ်ကိုရှင့်ဘာသာရှင် ခန့်မှန်းကြည့်......."
"ငါ့ကို ခဏလောက်ထိန်းထားမယ်တဲ့လား..မင်ဘုရင်ကျမ်းစာကို ပြင်ဆင်ဖို့ အချိန်ခဏလေးပဲလိုတာ..... ဂျူနီယာကျန်းက ကြယ်သုံးပွင့်ခန်းမမှာ ပြိုင်ဘက်ကင်းတယ်ဆိုပေမယ့် လုဂျင်းစီက မင်းထက်ပိုကြာအောင်ထိန်းထားနိုင်မှာပါ....လီလော့ကျတော့ ကျင်းထန်ရှုက အသာအယာအနိုင်ယူလိုက်ရုံပဲလေ.....ဒါနဲ့တောင် ဘယ်လိုတွေယုံကြည်ချက်ပြင်းထန်နေတာလဲ......."
လန်လန်ရဲ့ခပ်အေးအေးလေသံကတဖြည်းဖြည်းချိန်းခြောက်တဲ့အသံဖြစ်လာသည်။
"မင်ဘုရင်ကျမ်းစာကိုအသက်သွင်းပြီးရင် မင်းတန်ဖိုးကြီးကြီးမားမားပေးဆပ်ရလိမ့်မယ်......"
မင်းသမီးသည် တုံ့ပြန်သည့်အနေဖြင့် ခပ်ပါးပါးလေး ပြုံးကာ သူမ၏ ကျောက်စိမ်းလှံတံကို ပွတ်သပ်ကာ ကောင်းကင်ပုလဲခုနစ်သွယ်၏ စွမ်းအားကို ဆင့်ခေါ်လိုက်သည်။
သူမ လုံးဝ မတုံ့ဆိုင်းဘဲ လှုပ်ရှားလိုက်ကာ ကျောက်စိမ်းလှံတံသည် ပျက်ပြယ်သွားသည့် စွမ်းအားဖြင့် တိုးထွက်လာသည်။
စိမ်းလန်းသော ပဲ့တင်ထပ်သံ စွမ်းအားသည် လန်လန်ပေါ်တွင် ပျံဝဲလာစဉ် လကို လိုက်ဖမ်းနေသည့် ကြယ်တစ်စင်းကဲ့သို့ စိမ်းလန်းသော လွမ်၏ ပုံသဏ္ဍာန်ကို ဖြစ်ပေါ်စေသည်။
နှုတ်ထွက်သက်ပြင်းချသံနှင့်အတူ လန်လန်သည် အပြာရောင်ရေစက်များကို စုဆောင်းလိုက်သည်။ စိမ်းလန်းသော လွမ်ကို ရင်ဆိုင်ရန် ရေပင်လယ်ပြင်မှ ကြီးမားသော လက်ကြီးတစ်ခု ပေါ်လာသည်။
ဝုန်းးးးးးးးးးးး
နှစ်ဦးသားသည် တုန်လှုပ်သွားစေသည့် ပြင်းထန်သော စွမ်းအင်တိုက်ပွဲတစ်ခုတွင် တွေ့ဆုံခဲ့ကြသည်။
ကျန်းချင်းအာက လုဂျင်းစီထံသို့ ဒေါသတကြီးထွက်ပေါ်နေသော အလင်းတန်းတစ်ခုနှင့်အတူ တပြိုင်နက် ရွေ့လျားသွားသည်။
လုဂျင်းစီက မှုန်ကုပ်ကုပ်နဲ့ သူ့စွမ်းအင်အားလုံးကို ပြေးဖို့အတွက်သာ အာရုံစိုက်အသုံးချနေသည်။
လီလော့ကလည်း ကျင်းစဲ့ယွီရှန်းဓားကို ကိုင်လိုက်ပြီး ကျင်းထန်ရှု ရှေ့သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။
“ဒါဆို ငါတို့ ပြန်တိုက်ကြတာပေါ့” ဟု ပေါ့ပေါ့ပါးပါး မှတ်ချက်ချသည်။
ကျင်းထန်ရှုက လီလော့ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ ခန်းမအဆင့် ပြိုင်ပွဲ ယတွင် သူ၏ ဆုံးရှုံးမှုသည် ယခုအချိန်အထိ သူ့ကို ခြောက်လှန့်နေခဲ့သည်။ သူသာ နည်းနည်းကြာကြာ တောင့်ခံထားရင် လီလော့ ရှုံးသွားလိမ့်မည်။
ပြီးတော့ သူက အသန်မာဆုံး ကြယ်တစ်ပွင့် ကျောင်းသားဖြစ်လာမည်။
" လီလော့ မင်းရဲ့ ခွန်အားကို မဖြုန်းတီးနဲ့... ငါတို့က ဘယ်လိုမှ တိုက်ပွဲနိုင်ဝင်မှာ မဟုတ်ဘူး။ အဓိကက စီနီယာကျန်းက စီနီယာလုကို မင်ဘုရင်ကျန်းစာရဲ့ သုံးကြိမ်ဉီးညွတ်ခြင်း မသက်ရောက်ခင် အနိုင်ယူနိုင်ရင် ငါတို့ဘေးကနေ တိတ်တိတ်လေး စောင့်ကြည့်နေသင့်တယ် " ကျင်းထန်ရှုက အကြောင်းပြချက်ပေးနေပြီ......
လီလော့က သူ့ကို အံ့သြစွာ စိုက်ကြည့်နေသည်။
"နောက်ထပ်ဖြစ်နိုင်ခြေလေးများမစဉ်းစားမိဘူးလား.... ငါမင်းကိုအရင်အနိုင်ယူပြီး လန်လန်ကို လက်နက်ချဖို့ ခြိမ်းခြောက်နိုင်တာလဲဖြစ်နိုင်တာပဲ...."
ကျင်းထန်ရှုက သူ့ကို ရွံရှာစွာ စိုက်ကြည့်နေသည်။
"အနိုင်ရပြီး ဉီးနှောက်ပျက်သွားပြီထင်တယ်....."
လီလော့က ကျင်းထန်ရှုကို သူ့ရဲ့ ကျင်းစဲ့ယွီရှန်းဓားနဲ့ ညွှန်ပြရင်း ပြုံးရုံသာ ပြုံးနေခဲ့သည်။
"ကောင်းပြီ"
ကျင်းထန်ရှု လန့်သွားသည်။
" မင်းဘာလုပ်ရမလဲဆိုတာ ကြည့်ရအောင်!"
သူ၏ အစိမ်းရောင်ရွှေသစ်ရွက် လွင့်ထွက်သွားပြီး လေဟုန်းဟုန်းတောက်ကာ နောက်ကွယ်မှ အသက်ဝင်လာသည်။
............................
နှစ်ဖက်တပ်များ တိုက်ခိုက်နေစဉ်တွင် မျက်လုံးများစွာက သူတို့ကို စောင့်ကြည့်နေခဲ့သည်။
ကုန်းရှန်ကျွင်း၏အဖွဲ့သည် ၎င်းတို့ထဲတွင်ပါဝင်သည်။
"စီနီယာကုန်း.... ငါတို့ဘာလို့မကူညီရတာလဲ..... မင်းတို့နှစ်ယောက်အတူတူသာဆို လန်လန်ကို အနိုင်ယူနိုင်မှာပါ"
ဒူဇီဟုန်လျန်က ကုန်းရှန်ကျွင်းကိုအလောတကြီးမေးခွန်းထုတ်လိုက်သည်။
"လန်လန်းတို့အဖွဲ့က ငါတို့ကျောင်းရဲ့ အကြီးကျယ်ဆုံး ရန်သူပဲ။ ငါတို့ ဒီအဆင့်သုံးမြို့ကို သူတို့လက်ထဲ မကျစေရဘူး၊ ဒါလိုမှမဟုတ်ရင် ငါတို့ကို ကျော်တက်သွားလိမ့်မယ်"
ဒူဇီဟုန်လျန်သည် ကြယ်တာယာခရီးရှည်ကောလိပ်၏ အဖွဲ့အားလုံးကို ဤပြိုင်ပွဲ
တွင် တစ်ထပ်တည်းအဖြစ် မှတ်ယူခဲ့သည်။
ကုန်းရှန်ကျွင်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"ငါတို့မလှုပ်နိုင်တော့ဘူး။ တခြားအသင်းတွေက ငါတို့ကိုစောင့်ကြည့်နေပြီ..... ငါတို့က ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်လိုက်ရင် နောက်ထပ်အသင်းတွေလည်း တိုက်ပွဲဝင်လိမ့်မယ်။ သူတို့က ဟန်ချက်မညီတာကို ပိုကြိုက်တယ်......"
ဒူဇီဟုန်လျန် ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့"
ကုန်းရှန်ကျွင်းက သေချာတဲ့အပြုံးနဲ့ ပြောလိုက်သည်။
" လွမ်ယုတို့အဖွဲ့ မရှုံးနိုင်ပါဘူး.... သူ ခဏ လောက် ထိန်းထားနိုင်ရင် ဂျူနီယာကျန်း က လုဂျင်းစီကို ကောင်းကောင်း ဖိနှိပ်ထားနိုင်လိမ့်မယ်....."
"ရှင်ပြောတဲ့အတိုင်းဖြစ်မယ်လို့ မျှော်လင့်တယ်။"
ဒူဇီဟုန်လျန် သက်ပြင်းချလိုက်မိသည်။