← Chapters

နတ်ဘုရား ရုပ်ထု (က)

Vol. 40 Ch. 593

နတ်ဘုရား ရုပ်ထု (က)

Vol. 40 Ch. 593

ထွဋ်ခေါင်နိုင်ငံ၏မြို့ဝင်ပေါက်တွင် ခေတ္တ တိတ်ဆိတ်သွားသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များသည် မျက်လုံးများ ပြူးကျယ်နေကြပြီး ကနဦးတွင် စိတ်ရှုပ်ထွေးနေရာမှ ထိတ်လန့်သွားတော့သည်။

သူတို့၏ကျင့်ကြံဆင့်က မည်သည့်အဆင့်တွင် ဖြစ်စေ သူတို့ ယခင်က ရွှီချင်းနှင့် ချန်အားညိုတို့ကို မည်သို့ မျှော်မှန်းထားသည် ဖြစ်စေ ထိုအခိုက်အတန့်တွင် သူတို့သည် ကောင်းကင်နက်ရုပ်ထုကို ကြည့်၍ စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ကြတော့သည်။

သူတို့နှလုံးသားထဲတွင် ရှုပ်ထွေးနေကြပြီး လုံးဝ မှင်သက်နေကြသည်။

ဝိညာဉ်သိုက်အဆင့်ဘုရင်များစိတ်ထဲတွင်ပင် တုန်ခါသွားသည်။ မကြုံစဖူး မုန်တိုင်းသည် သူ့စိတ်ထဲ မွှေနှောက်သွားပြီး သိစိတ်ပင်လယ်ဆီသို့ ရွေ့လျားသွားသည်။ သူ့နောက်ရှိ ဝိညာဉ်သိုက်သုံးခုသည်လည်း တွန့်လိမ်သွားသည်။

အထိတ်လန့်ဆုံး ပုဂ္ဂိုဟ်သည် ရွှီချင်းနှင့် ချန်အားညိုတို့ကို တလမ်းလုံး ခေါ်ဆောင်လာခဲ့သော လူငယ်မှတပါး တခြားမဟုတ်ပေ။

ထွဋ်ခေါင်နိုင်ငံ၏မင်းသားဖြစ်သောကြောင့် သူက သူ၏ဉာဏ်ရည်ထက်မြက်မှုအပေါ် အမြဲ ယုံကြည်မှု ရှိခဲ့သည်။ လမ်းတစ်လျှောက်လုံး သူက ထုံထိုင်း ယောင်ဆောင်ခဲ့ပြီး သူခိုးလေးနှစ်ကောင်ကို သူတို့ ကိုယ်ပိုင်ကစားပွဲထဲတွင်ပင် အောင်မြင်စွာ လှည့်စားနိုင်ခဲ့ပြီဟု ထင်ခဲ့မိသည်။ သို့သော်လည်း ယခုတွင် အရာအားလုံးသည် ပြောင်းပြန် ဖြစ်သွားပြီး သူက မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများသည် ပြူးကျယ်နေပြီး သူ့စိတ်က ဗြောင်းဆန်နေသည်။ သူ့စိတ်ထဲတွင် လျှပ်စီးသန်းပေါင်းများစွာ ပေါက်ကွဲနေသကဲ့သို့ ဖြစ်ပြီး မှင်သက်မိနေသည်။

“ဘ.. ဘာ”

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ”

“ဒါက ကောင်းကင်နက်ရုပ်ထုပဲ”

သူ၏ခန္ဓာကိုယ်သည် တုန်ခါနေပြီး အသက်ရှူမြန်လာကာ အစစ်အမှန် မဟုတ်သကဲ့သို့ ခံစားနေရသည်။

၃၆မြို့ကြားတွင် မြို့တိုင်းသည် အထက်ပြည်ထောင်မှ ရုပ်ထုကို တောင်းခံရန် အရည်အချင်း မပြည့်မှီပေ။ မြို့လေးမြို့သည်သာ ထိုကဲ့သို့ အရည်အသွေး ရှိပြီး ၎င်းမြို့လေးမြို့သည် သန့်စင်ရေလှိုင်းမျိုးနွယ် မဟာပြည်ထောင်လေးခု တိုက်ရိုက်အုပ်ချုပ်သော အင်အားစုများတွင် ပါဝင်ကြသည်။

ထို့ကြောင့် နိုင်ငံငယ်လေး၏မင်းသားသည် ကောင်းကင်နက်ရုပ်ထု မည်သည့်အဆင့်အတန်းကို ကိုယ်စားပြုသည်ကို ကောင်းကောင်း သဘောပေါက်သည်။

၎င်းသည် ကောင်းကင်နက်မျိုးနွယ်ကို ကိုယ်စားပြုသည်။

ထို့အပြင် ကောင်းကင်နက်မျိုးနွယ်ကို ကိုယ်စားပြုသော ရုပ်ထုသည် တဖက်လူကို ဒူးထောက်နေသည်။ ထိုကိစ္စက အဓိပ္ပါယ်မရှိသည်ထက် ပိုနေသည်။

ထိုစကားလုံးနှစ်လုံးသည် ကောင်းကင်၏နိယာမများ ကဲ့သို့ပင်။ အသံသည် အရပ်လေးမျက်နှာသို့ ပဲ့တင်သွားပြီး လေထဲတွင် အတန်ကြာ မြည်ဟီးနေသည်။

ချင်းချိုးသည်လည်း ထိတ်လန့်သွားသည်။ ထိုအခိုက်အတန့်တွင် သူမအတွေးများက ရှုပ်ထွေးသွားသည်။

သို့သော်လည်း ထိုအတွေး ဆက်မတွေးနိုင်မီ ခဏအတွင်း နောက်တစ်ခု ပြောင်းလဲသွားသည်။ ထို့အပြင် ၎င်းသည် ရိုးရှင်းသော အလှည့်အပြောင်းလေး မဟုတ်ဘဲ ကမ္ဘာပျက်မတတ်အလှည့်အပြောင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ‘သခင်’ ဟူသော စကားလုံးသည် များစွာ အဓိပ္ပါယ်ရှိသောကြောင့် ဖြစ်သည်။ နက်နက်နဲနဲတွေးကြည့်ပါလျှင် ထိုစကားလုံးသည် လူတိုင်းကို ထိတ်လန့်သွားစေလိမ့်မည်။

ခဏအတွင်း အကြည့်အားလုံးသည် အမူအရာမဲ့နေသော ရွှီချင်းပေါ် ကျရောက်လာသည်။ သူတို့အကြည့်များတွင် ကြောက်လန့်မှုများ၊ ရောထွေးမှုများ၊ ထိတ်လန့်မှုများ မယုံကြည်နိုင်မှုများ ပါဝင်နေသည်။

ခေါင်းဆောင်ပင်လျှင် လမ်းတစ်လျှောက်လုံး ရွှီချင်းနှင့် ဆွေးနွေး၍ အစီအစဉ်များ ချမှတ်ခဲ့သည်ဆိုစေကာမူ သူသည် သက်ရောက်မှုက ထိုမျှ ကြီးကျယ်သွားမည်ဟု မျှော်လင့်မထားပေ။

ရွှီချင်းအမူအရာသည်သာ အစကတည်းက တည်ငြိမ်နေသည်။ သူ ဘာတွေးနေသည်ကို ဘေးလူများ မသိကြပေ။

မည်သို့ပင်ဖြစ်စေ တည်ငြိမ်ခြင်းသည် သူ၏ပုံမှန် အမူအရာသာ ဖြစ်ပြီး သူက တည်ငြိမ်ခြင်းတွင် အလွန်တော်သည်။

ယခင်က လမ်းတစ်လျှောက်တွင် သူနှင့် ခေါင်းဆောင်သည် သန့်စင်ရေလှိုင်းမျိုးနွယ် လူငယ်နှင့် ပတ်သက်၍ မူမှန်မှု တစ်ခုကို တွေ့ခဲ့သည်။

ပထမဆုံးအနေဖြင့် တဖက်လူ၏ကျင်ကြံခြင်း အခြေခံသည် အလွန် အားနည်းနေသည်။ ပုံမှန် အခြေအနေတွင် သူက စမ်းသပ်ရဲမည် မဟုတ်‌‌ပေ။ အဘယ်ကြောင့်ဆိုသော် စမ်းသပ်မှုတစ်ခု ကျရှုံးသွားသည်နှင့် တဖက်လူအတွက် သေခြင်းကသာ စောင့်နေမည် ဖြစ်သည်။

ဒုတိယအနေဖြင့် အဆင့်နိမ့်မျိုးနွယ်များသည် အထက်တန်းမျိုးနွယ်ကို ဤကဲ့သို့ စမ်းသပ်ခြင်းက ကျိုးကြောင်းဆီလျော်မှု မရှိပေ။ မည်မျှပင် ပါးနပ်နေစေကာမူ ထိုအရာက မှားသည်။

သို့သော် သူ့အနေနှင့် သူတို့ကို မစမ်းသပ်ဘဲ ယုံကြည်ခြင်းက အလွန် သိသာသွားလိမ့်မည်။

ထို့ကြောင့် သန့်စင်ရေလှိုင်းမျိုးနွယ် လူငယ်သည် လမ်းတစ်လျှောက် စမ်းသပ်လာခဲ့ခြင်း ဖြစ်သည်။ သူက အမှန်တရားကို စူးစမ်းရန် မကြိုးစားဘဲ သူတို့က သူ့အတွေးများကို ရိပ်မိသွားမည် စိုးရိမ်သောကြောင့် ရည်ရွယ်ချက်ရှိရှိ စူးစမ်းခဲ့ခြင်းဖြစ်သည်။

ထိုသည်က အတွေးနှင့် ဆန့်ကျင်ဘက် လုပ်ဆောင်သော နည်းလမ်း ဖြစ်သည်။

ထိုသည်က ရွှီချင်းနှင့် ခေါင်းဆောင်ကို ရိပ်မိသွားစေသော အချက်လည်း ဖြစ်သည်။ ထိုသူကို မည်သို့ ကိုင်တွယ်ရမည်နှင့် ပတ်သက်၍ ရွှီချင်းက လမ်းတစ်လျှောက်လုံး စဉ်းစားလာခဲ့ပြီး ဖြစ်သည်။

ယခင်က သူသည် ဒေသငယ်တွင် ကောင်းကင်နက်မျိုးနွယ် မျက်လုံးများကို သုံးရက် လေ့လာခဲ့သည်။ သူ ရရှိခဲ့သည်က မှော်စွမ်းရည် ဖြစ်စဉ်သာ မဟုတ်ဘဲ သူမျက်လုံးထဲရှိ ခရမ်းလနတ်နန်းတော်ကိုလည်း သက်ရောက်မှု ရှိခဲ့သည်။

ကောင်းကင်နက်မျိုးနွယ်အဖြစ် အသွင်ပြောင်းပြီးနောက် သူ ခပ်ဝါးဝါး နားလည်လာသည်က တစိတ်တပိုင်းတွင် သူသည် ကောင်းကင်နက်မျိုးနွယ်အစစ်များထက်ပင် ပို၍ ဟန်ကောင်းနေသေးသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နက်မျိုးနွယ်များသည် အနီ‌ရောင်လကို ယုံကြည်သက်ဝင်ကြပြီး သူ၏စတုတ္ထမြောက်နတ်နန်းတော်ထဲရှိ ခရမ်းလသည် လုယူထားသော အနီရောင်လ၏ စွမ်းအားများမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ခရမ်းလသည်လည်း နတ်ဘုရားရုပ်ထု တစ်ခု ပိုင်ဆိုင်ထားသည်။

တစိတ်တပိုင်းတွင် သူသည် အနီရောင်လနှင့် တူညီသည်။

ဤသည်က ကောင်းကင်နက်မျိုးနွယ်ရုပ်ထုသည် သူ့ကို ‘သခင်’ဟု နှုတ်ဆက်ရသော အကြောင်းအရင်းလည်း ဖြစ်သည်။

ယုံကြည်သက်ဝင်မှု ပြင်းထန်ပြီး အနီရောင်လနှင့် တစ်နှစ်ပတ်လုံး အနီးကပ် ဆက်သွယ်နေသော ကျင့်ကြံသူများသည်ပင် ပြဿနာကို မြင်နိုင်ရန် ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤစွမ်းအားသည် အရင်းအမြစ် တစ်ခုထဲမှ လာပြီး နတ်ဘုရားအဆင့်များနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

အနီရောင်လကိုယ်တိုင်သည်သာ ဤအရာကို ဖြတ်၍ မြင်နိုင်စွမ်း ရှိပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် လူတိုင်းသည် ထိတ်လန့်နေပြီး ပတ်ပတ်လည်သည် တိတ်ဆိတ်နေသည်။ ခေါင်းဆောင်သည် စိတ်ဆိုးနေသော အမူအရာနှင့် ရှိနေပြီး သူ၏အေးစက်သော အသံသည် အရပ်မျက်နှာအနှံ့ ပဲ့တင်သွားသည်။

“အတင့်ရဲလှချည်လား”

“မင်းတို့အဆင့်မျိုးနဲ့ ငါတို့ ကောင်းကင်နက်မျိုးနွယ်ရဲ့ နတ်သားတော်ကို ထောက်လှမ်းရဲတာတုန်း”

“မင်းတို့က ငါတို့မျိုးနွယ်ရဲ့ အရေးကြီးကိစ္စကို ပျက်စီးသွားစေမယ်ဆိုရင် မင်းတို့ သေသွားရင်တောင် လျော်မပေးနိုင်ဘူး”

ခေါင်းဆောင်အသံ ထွက်ပေါ်လာသည်တွင် ရွှီချင်းရှေ့တွင် ဒူးထောက်နေသော ကောင်းကင်နက် ရုပ်ထုသည် ရုတ်တရက် အနက်ရောင်အလင်း ပေါက်ကွဲလာသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် အံအားသင့်ဖွယ် ရန်လို ခြိမ်းခြောက်သော အငွေ့အသက်များ ထုတ်လွှတ်နေပြီး ၎င်း၏ခေါင်းကို လှည့်၍ ထွဋ်ခေါင်နိုင်ငံမှ လူတိုင်းကို ကြည့်နေသကဲ့သို့ပင်။

ရွှီချင်းမျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူက ဤကောင်းကင်နက် ရုပ်ထုကို အမိန့်ပေးနိုင်မည်ဟု အာရုံခံမိနေသည်။

ခေါင်းဆောင်အသံ ထွက်ပေါ်လာသည်တွင် ကောင်းကင်နက်ရုပ်ထု၏ ရန်လိုသော အငွေ့အသက်များ ပျံ့နှံလာပြီး ထွဋ်ခေါင်နိုင်ငံဘက်မှ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာသည်။ ထွဋ်ခေါင်နိုင်ငံ၏ဘုရင်သည် သွက်လက်စွာ ရှေ့ထွက်လာပြီး ရွှီချင်းကို လေးနက်စွာ ဦးညွတ်လိုက်သည်။

“အထက်တန်းမျိုးနွယ်ကို နှုတ်ဆက်ပါတယ်”

ထို့နောက်တွင် မြို့ဝင်‌ပေါက်မှ သန့်စင်ရေလှိုင်မျိုးနွယ်ဝင်များအားလုံးသည် ရှေ့သို့ တက်လာကြပြီး တုန်ရီသော နှလုံးသားများနှင့် ရွှီချင်းကို တညီတညွတ်ထဲ နှုတ်ဆက်လိုက်ကြသည်။

“အထက်တန်းမျိုးနွယ်ကို နှုတ်ဆက်ပါတယ်”

ထွဋ်ခေါင်နိုင်ငံ၏မင်းသားသည် တိုက်ရိုက် ဒူးထောက်လိုက်ပြီး တုန်ရီသော အသံဖြင့် အော်ဟစ်လိုက်သည်။

All Chapters