← Chapters

အကုန်တန်းရှော

Vol. 24 Ch. 347

အကုန်တန်းရှော

Vol. 24 Ch. 347

ကျွင်းဟောက်က လူအုပ်ကြီးနှင့်ကွယ်ရင်း မဟာရှဘက်သို့လှည့်ပြီး သူ့ဘေးရှိ ဆူရှောင်းနင်ကို အမူအယာဖြင့် မသိမသာ ညွှန်ပြလိုက်၏။

မဟာရှဘက်မှ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ကျင့်ကြံသူဆယ်ယောက်သည် သူ့ဆိုလိုရင်းကို နားလည်သွားကြပြီး အကြည့်ချင်းဖလှယ်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။

သူတို့ဆယ်ယောက်က လူခွဲပြီး လူအုပ်ကြီးထဲ ဝင်ရောလိုက်၏။ သူတို့ထဲမှ ပေါ့ပေါးပါးပါးချပ်ဝတ်များကို ဝတ်ဆင်ထားသော ငါးယောက်က သူတို့၏ ဓါးပျံများကိုထိန်းချုပ်၊ စိတ်ဝိညာဉ်တိုက်ကွက်များကို တရစပ်ထုတ်ဖော်ကာ လူတိုင်း၏ အာရုံစိုက်စရာဖြစ်အောင် ပြမူလိုက်ကြ၏။

နောက်ထပ်ကျင့်ကြံသူငါးယောက်ကတော့ လေးလံသော ချပ်ဝတ်တန်ဆာများကို ခေါင်းမှ ခြေဖျားအထိ အပြည့်တပ်ဆင်ထား၏။ သူတို့ချပ်ဝတ်၏ အလေးချိန်သက်သက်ကတောင် ကီလိုဂရမ် ၅၀၀ လောက် လေးလေသည်။

မြေပြင်ပေါ်ရှိ ထိုကျင့်ကြံငါးယောက်က ခန္ဓာမီးဆေးကြံ့ခိုင်ခြင်းကို လေ့ကျင့်ထားသူများဖြစ်ကြောင်း သိသာလေသည်။ သူတို့သည် ဓါးမြှောင်များကို ကိုင်ဆောင်ပြီး လမ်းကြောင်းအမျိုးမျိုးခွဲကာ ဆူရှောင်းနင်ရှိရာသို့ တိတ်တိတ်ကလေး ချဉ်းကပ်လာကြ၏။

လေထဲတွင်.. ဆူဇီမိုက သွေးသောက်သူကို လွှဲရမ်းပြီး လူအုပ်ကြီးထဲ အတင်းဖြဲဝင်လျှောက်သွားနေ၏။ သူသွားရာလမ်းတစ်လျှောက်တွင် ကျင့်ကြံသူများက တစ်ယောက်ပြီးလဲပြိုကျပြီး သွေးများများက အဆက်မပြတ် စီးကျနေ၏။

မရီးဒါန်ငါးခု အခြေတည်အဆင့်ကျင့်ကြံသူများပင်လျှင် ဆူဇီမို၏ ခုတ်ချက်တစ်ချက်ကိုမျှ ခံနိုင်ရည်မရှိကြပေ။

လှုပ်ရှားနေစဉ်တစ်လျှောက်လုံးတွင် ဆူဇီမိုက ကောယီကို မလွတ်တမ်း စောင့်ကြည့်နေ၏။

ထိုလူက တိုက်ပွဲမြေရှိ တစ်ဦးတည်းကျန်ရစ်သော မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ဖြစ်လေသည်။

ထိုလူသေတာနှင့် အခြားသူများက အလိုလို ပြိုလဲကျကုန်ပေလိမ့်မည်။

တစ်မူထူး၍ ပြုမူလှုပ်ရှားနေကြသော မဟာရှမှ ကျင့်ကြံသူအချို့ကို ဆူဇီမို သတိထားမိလေသည်။ သို့သော်လည်း သူက သူတို့ကို တစ်ချက်မျှသာ ကြည့်ပြီး ဂရုမစိုက်သလိုနှင့် ဆေဘာကိုကိုင်မြှောက်၍ ကောယီနောက်ကိုသာ ဆက်တိုက်အမဲလိုက်နေ၏။

တစ်ချိန်တည်းမှာပင် ကောယီကလည်း ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလေသည်။

တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင် သူက ဆူဇီမို၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သူကောင်းကောင်းသိထားလေသည်။

သို့သော်လည်း သူ့မှာ နိုင်ဖို့သေချာသော နည်းလမ်းတစ်ခု ရှိနေ၏။

သူ့ရဲ့တစ်ခုတည်းသော အခွင့်အရေးက မလယ်အလတ်အခြေတည်အဆင့်သာ ရှိသေးသော မဟာကျိုးမှ မိ်နးကလေးတစ်ယောက်ပင် ဖြစ်လေသည်။

ထိုမိန်းကလေးကသာ အသက်အန္တရာယ်နှင့် ကြုံတွေ့ရလျှင် ဆူဇီမိုက အလိုလို အာရုံပျက်ယွင်းသွားပြီး ဟာကွက်များကို ဖြစ်လာစေမည်။ ထိုအချိန်မှာပင် သူက အခွင့်အရေးကို အမိအရဖမ်းပြီး သူ့ကို သတ်ပစ်ရမည် ဖြစ်လေသည်။

သူတို့သာ ထိုမိန်းကလေးကို အရှင်ဖမ်းနိုင်လျှင် ကိစ္စများက အရမ်းကို လွယ်ကူချောမွတ်သွားပေမည်။

ထိုသို့အတွေးနှင့် ကောယီက အသက်ပြင်းပြင်းရှူ၍ သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်၏။ သူ့မျက်လုံးများထဲတွင် ယုံကြည်မှုက ခိုင်မာပြတ်သားလာ၏။

အဲ့ဒါသည် ဘယ်သူက ပိုမြန်သလဲဆိုသည့်အပေါ် မူတည်လေသည်။

ဆူဇီမိုကသာ သူ့ကို အရင်သတ်နိုင်ခဲ့လျှင် ဘာမှ ပြောနေစရာကို မလိုတော့ပေ။

သို့သော်လည်း ထိုအလယ်အလတ်အခြေတည်အဆင့် မိန်းကလေးသာ သူတို့လက်တွင်း အရင်ကျဆင်းခဲ့လျှင်တော့ အဲ့ဒါက ဆူဇီမို၏ ကျဆုံးခန်းဖြစ်သလို.. မဟာကျိုးအင်ပါယာကလည်း သွားပြီပင်။

ကောယီအမြင်မှာတော့ ထိုမိန်းကလေးက လှောင်အိတ်ထဲက ငှက်လေးတစ်ကောင်လိုပင်။

ထိုနေရာတွင်ရှိသော မဟာကျိုးမှ ကျင့်ကြံသူများသည် ရန်သူများ၏ မျှားခေါ်ထုတ်ခြင်းခံရပြီး.. ခြိမ်းခြောက်နိုင်စွမ်းမရှိသော ဝံပုလွေလိုလို အနက်ရောင်သားရဲတစ်ကောင်သာလျှင် ကျန်ရှိလေတော့သည်။

“လာစမ်းပါ”

ကောယီက ယုံကြည်မှုရှိလာပြီး နောက်မဆုတ်တော့ပေ။ သူက သိုလှောင်အိတ်ထဲကနေ ကာကွယ်ရေးအဆောင်တစ်ခု ထုတ်ယူပြီး ချိုးချေလိုက်၏။

တစ်ချိန်တည်းမှာပင် သူက ရွှန်းစိုတောက်ပနေသော ကြည့်မှန်တစ်ချပ်ကိုထုတ်ကာ ဦးခေါင်းအထက် ကိုင်မြှောက်လိုက်၏။

ရွှစ်..

သွေးသောက်သူက သူ့ကို ပိုင်းဖြတ်ဖို့အတွက် ကျဆင်းလာ၏။

ကောယီ၏ အမူအယာက ကြည်လင်ပြတ်သားနေ၏။ သူက စိတ်ဝိညာဉ်စွမ်းအင်များကို လက်ချောင်းများမှတစ်ဆင့် ကြည့်မှန်ထဲသို့ ထိုးသွင်းလိုက်၏။

ကြည့်မှန်က အလျှင်အမြန် ပြန့်ကားလာပြီး တဖျတ်ဖျတ်လက်နေသော ရွှေရောင်တောက်ပကာ ကောယီ၏ ဦးခေါင်းအထက်ကို ဖုံးကွယ်ပေးလိုက်၏။

ဒင်..

သွေးသောက်သူက ကြည့်မှန်ပေါ်သို့ ကျရောက်သွားသောအခါ ဘုရားကျောင်းအိုကြီးမှ ထွက်ပေါ်လာသော ခေါင်းလောင်းသံလို မြည်ဟည်းသွား၏။

ကောယီသည် ကြည့်မှန်အားကိုးနှင့် ထိုခုတ်ချက်ကို ယာယီအားဖြင့် ပိတ်ဆို့တားဆီးနိုင်လိုက်၏။

သို့သော်လည်း သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားပြီး ကာကွယ်ရေးအဆောင်၏ စွမ်းအားများက ပျက်ပြယ်သွား၏။

ဆူဇီမိုခုတ်ချက်၏ စွမ်းအားက ဘယ်လောက်ထိ ကြောက်စရာကောင်းကြောင်း ယခုအခိုက်အတန့်မှသာ ကောယီတစ်ယောက် ကောင်းကောင်းနားလည်သွား၏။

သူက အသက်တောင် အလျင်မီအောင် မရှူနိုင်ခင်မှာတင် ဒုတိယခုတ်ချက်က ကျဆင်းလာ၏။

ကောယီသည် ကြောက်လန့်တုန်လှုပ်သွားပြီး မျက်လုံးစွေကြည့်လိုက်၏။ တိုက်ပွဲမြေ၏ တစ်ဖက်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက ဝမ်းသားအားရမှုနှင့် အရောင်တောက်သွား၏။

သူတို့က လှုပ်ရှားကြလေပြီ။

မဟာရှကျင့်ကြံသူငါးယောက်က သူတို့၏ လှုပ်ရှားမှုကို စတင်ပြီးလေပြီ။

“ဟဟဟ.. ဆူဇီမို.. မင်းညီမလေးကိုလဲ တစ်ချက်လှမ်းကြည့်လိုက်ပါဦး”

ကောယီက ရူးရူးမူးမူး ရယ်မောလိုက်သောကြောင့် သူ့မျက်နှာက ရှုံ့တွသွား၏။

ထို့နောက်.. သူ့ရယ်သံက ရပ်တန့်သွားပြီး ရင်ထဲထိတ်ကနဲ ဖြစ်သွား၏။

ဆူဇီမိုက သွေးသောက်သူက ရပ်တန့်မသွားပေ။

သူ့မျက်လုံးများက တည်ငြိမ်နေပြီး ကြောက်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း တစိုးတစိမျှ ရှိမနေပေ။

တစ်ကယ်တမ်းပြောရလျှင် ဆူဇီမိုက တစ်ချက်တောင် လှည့်မကြည့်ပေ။

ဘယ်လိုဖြစ်ရတာလဲ..

ဘာမှားနေတာလဲ..

ကောယီက တိုက်ပွဲမြေ၏ အခြားတစ်ဖက်ကို အလိုလို လှမ်းကြည့်လိုက်မိ၏။

နောက်တစ်ခဏ၌.. ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံးအရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား.. သူ့မျက်လုံးများက ထိတ်လန့်တုန်လှုပ်မှုနှင့် ပြူးကျယ်သွားလေသည်။

သူက ပါးစပ်ကို ဟလိုက်သော်လည်း ဘာစကားမျှ ထွက်မလာ။ သူ့လည်မျိုကို တစ်ယောက်ယောက်က ဖျစ်ညှစ်ထားသလိုပင်။

. . .

စောစောကလေးက..

လေးလံသောချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော မဟာရှကျင့်ကြံသူငါးယောက်သည် ဆူရှောင်းနင်ကို ဝန်းရံထားပြီး ဆယ်ပေတောင် မဝေးတော့ပေ။

သူတို့ငါးယောက်၏ အကြည့်များက သူမ၏ ဘေးတွင်ရှိသော သားရဲအပေါ်တွင် အလိုလိုရောက်နေကြ၏။

ထိုသတ္တဝါကို အေးစက်စက်၊ မဖျက်ဆီးနိုင်ပုံရသော ကြေးခွံများက ခေါင်းမှခြေဖျားထိ ဖုံးအုပ်ထားပြီး သံမဏိကျာပွတ်တစ်ချောင်းလို အမြီးတစ်ခုလည်း ပါရှိ၏။ ထိုအမြီးထိပ်ဖျားတွင် ထက်ရှသော ဆူးချွန်တစ်ခု ပါရှိပြီး ကြောက်လန့်ဖွယ်ရာအော်ရာနှင့် တောက်ပနေ၏။

တိုက်ပွဲစတင်ကတည်းက ထိုသားရဲက မိန်းကလေး၏ ဘေးနားတွင်သာ ရှိနေပြီး ဘာလှုပ်ရှားမှုမျှ မပြုလုပ်ပေ။

ယခုအခါ ၎င်းက မြေပြင်တွင် မလှုပ်မယှက်နှင့် ဝပ်တွားနေ၏။ အချိန်အတန်ကြာသည့်တိုင်အောင် သူက ပျင်းရိလေးတွဲစွာ အိပ်မောကျနေသည့်အလား သူ့မျက်လုံးများကို မှိတ်ထား၏။

သူတို့ငါးယောက်က ထိုသားရဲကို တစ်ချက်ကြည့်လိုက်လေသည်။

ကျွင်းဟောက်က မသိမသာ ခေါင်းညိတ်ပြလိုက်၏။

“တိုက်”

သူတို့ထဲမှ တစ်ယောက်က ခပ်အုပ်အုပ်အော်လိုက်၏။ သူတို့ငါးယောက်က နေရာငါးဘက်မှ တစ်ချိန်တည်း ပြေးဝင်လာကြပြီး ခြေလှမ်းအနည်းငယ်နှင့် ဆူရှောင်းနင်ရှေ့သို့ ရောက်လာကြ၏။

ဘေးဘက်ကနေ စောင့်ကြည့်နေသော ကျွင်းဟောက်က တုန်လှုပ်ချောက်ချားသွားသလို ဟန်ဆောင်လိုက်ပြီး အော်လိုက်၏။

“သတိထား”

ထိုအချိန်တွင် ဆူရှောင်းနင်နှင့် အနီးဆုံးရှိ ကျင့်ကြံသူများက အတင်းပြေးဝင်လာပြီး သူမကို ကူညီမည်ဆိုလျှင်တောင် အချိန်မမီနိုင်တော့ပေ။

ကျွင်းဟောက်၏ မျက်လုံးထဲတွင် ဘဝင်ခိုက်သည့်ပုံက ပေါ်လာ၏။

ရုတ်တရတ်..

အစက ဆူရှောင်းနင်ဘေးတွင် ဝပ်တွားနေသော ညဝိညာဉ်က မျက်လုံးကို ဖွင့်လိုက်သောကြောင့် အေးစက်စက် အလင်းနှစ်ရောင်က ထွက်ပေါ်လာ၏။ ချက်ချင်းပင် တိုက်ပွဲမြေရှိ အပူချိန်က ကျဆင်းသွားသည်ဟု ထင်ရ၏။

၎င်း၏ လက်ချောင်းထိပ်အဟကြားထဲမှ ထက်ရှသောလက်သည်းများက ထွက်လာပြီး အေးစက်စက်ဖြတ်တောက်ပခြင်းအော်ရာနှင့် တောက်ပနေ၏။

မွန်းကျပ်ဖွယ်ရာ ကြမ်းကြုတ်ရက်စက်သည့်အော်ရာက ပေါက်ကွဲထွက်လာ၏။

ညဝိညာဉ်က အရမ်းမြန်လွန်း၏။ သူတို့ထဲမှ နှစ်ယောက်သည် မျက်လုံးထဲ ရိပ်ကနဲသာ မြင်လိုက်ရပြီး သူတို့၏ လည်ပင်းများက စုတ်ပြဲသွားကာ သွေးများက ပန်းထွက်၍ တန်းရှောသွားကြ၏။

အခြားတစ်ယောက်၏ သံမဏိခေါင်းဆောင်းတွင် အပေါက်ရာငါးခု ဖြစ်ပေါ်လာ၏။ ညဝိညာဉ်က အဲ့ဒါကို ခါထုတ်လိုက်သောအခါ ထိုလူ၏ ဦးနှောက်ရည်များက ပန်းထွက်လာပြီး မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွား၏။

အနက်ရောင်အရိပ်က လေထုကို ဖြတ်သန်းသွား၏။

ထိုအရိပ်က ညမြွေတစ်ကောင်လို ကျင့်ကြံသူတစ်ယောက်၏ လည်ပင်းကို ရစ်ပတ်လိုက်ပြီး အားဖြင့်ဆွဲစုတ်လိုက်၏။

ဂျွတ်.. ဂျွတ်.. ဂျွတ်

ထိုလူ၏ လည်ပင်းက နေရာမှာပင် ကျိုးကြေသွား၏။

ထို့နောက်ချက်ချင်းပင်.. အနက်ရောင်အရိပ်က လှစ်ကနဲ ဆက်ပြေးသွား၏။

ဖောက်..

ကျင့်ကြံသူတစ်ယောက်ကို သံမဏီကျာပွတ်က ထိုးဖောက်သွားသလို သူ့ကျောနောက်တွင် အေးစက်စက်အလင်းရောင်က လက်သွား၏။ အဲ့ဒါက ညဝိညာဉ်၏ အမြီးပင်။

ဂျွက်..

တစ်ချိန်တည်းမှာပင် ညဝိညာဉ်က သူ့ပါးစပ်ကို ဟပြီး ရှေ့သို့ခုန်ဝင်ကာ ပဥ္စမမြောက်ကျင့်ကြံသူ၏ လည်မျိုကို ကိုက်ချလိုက်၏။ သူ့ခေါင်းကို ဆွဲခါရမ်းလိုက်သောအခါ ထိုလူ၏ ဦးခေါင်းက ကျိုးကြေမွသွားပြီး သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။

အဖြစ်အပျက်များက အရမ်းကို မြန်လွန်းလှ၏။

အဲ့ဒါက အသက်ရှူချိန်တစ်ချိန်တောင် မကြာခဲ့ပေ။

အဖြစ်အပျက်များက တစ်ချိန်တည်းမှာ တစ်ပြိုင်တည်းလိုလို ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။

ဆူဇီမိုတောင် ထိုကဲ့ကို လုပ်ဆောင်နိုင်စွမ်း မရှိပေ။

ညဝိညာဉ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက သတ်ဖြတ်ဖို့အတွက် တည်ဆောက်ထားခြင်းပင်။

တစ်ခဏလေးအတွင်းမှာပင် မဟာရှကျင့်ကြံသူငါးယောက်က အကုန်တန်းရှောသွားလေပြီ။

သူတို့အားလုံး၏ မျက်လုံးများက ဝေခွဲမရမှုများနှင့် ပြည့်ပြီး ပြူးကျယ်နေ၏။ နောက်ဆုံးအချိန်ထိတိုင်အောင် သူတို့သည် ဘယ်လိုသတ္တဝါနဲ့ ကြုံတွေ့ခဲ့ရသလဲ သိမသွားရှာကြပေ။

All Chapters