← Chapters

လှုပ်ရဲတဲ့ကောင် လှုပ်ကြည့်စမ်း

Vol. 24 Ch. 354

လှုပ်ရဲတဲ့ကောင် လှုပ်ကြည့်စမ်း

Vol. 24 Ch. 354

ကျင့်ကြံသူများသည် စတုတ္ထမြောက်ဥမင်ထဲသို့ ဆက်တိုက်ပြေး၀င်လာကြပြီး သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် နီရဲနေကြ၏။

မရီးဒါန်ဖွင့်ဆေးလုံးများက ပထမဆုံးအကြိမ် စားသုံးမှု၌သာ အကျိုးသက်ရောက်မှု ‌ရှိလေသည်။ ရှေးခေတ်တုန်းကတောင် ထိုဆေးလုံးများက ‌အလွန်တရာ ရှားပါပြီး ဖော်စပ်ဖို့ ခက်ခဲလေသည်။ ထိပ်သီးဂိုဏ်းများပင်လျှင် သူတို့၏ အမွေခံတပည့်များကိုသာ ထိုဆေးလုံးကို ဆုလာဒ်အဖြစ် ချီးမြှင့်ကြလေသည်။

“သူတို့အဲ့မှာ မရီးဒါန်ဖွင့် ဆေးလုံးတွေ ရှာတွေ့ခဲ့ကြတာလား”

“အဲ့မှာ သုံးလုံးတွေ့ခဲ့တယ်လို့တော့ ကြားတာပဲ”

“နည်းလိုက်တာ”

“ငါတို့ ဘာများတတ်နိုင်မှာလဲ.. မဟာဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းရဲ့ အပျက်အဆီးနေရာသာ မဟုတ်ရင် မရီးဒါန်ဖွင့်ဆေးလုံးတွေကို ဘယ်လိုလုပ် အများကြီး တွေ့နိုင်ပါ့မလဲ.. အခု ရွှေအမြုတေတစ်ယောက် ချန်ထားခဲ့တဲ့ ခန်းဝါတစ်ခုမှာ မရီးဒါန်ဖွင့် ဆေးသုံးလုံး တွေ့ရတာကပဲ တော်တော်ကံကောင်းလှနေပြီ”

ဆေးတိုက်၏ အပြင်ဘက်တွင် စုဝေးနေကြသော ကျင့်ကြံသူရာချီ ရှိလာပြီး အရေအတွက်က ပိုပိုတိုးလာ၏။

“ကျိယောင်ရွှယ်.. မဟာကျိုးအင်ပါယာက အဲ့ဒီ မရီးဒါန်ဖွင့် ဆေးသုံးလုံးကို ‌ထိန်းထားနိုင်မှာ မဟုတ်ဘူး၊ မင်းတို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် မလုပ်ကြဖို့ ငါအကြံပေးချင်တယ်” မဟာယွီမင်းသား၏ အသံက ထွက်ပေါ်လာ၏။

“ဟုတ်တယ်ဟေး.. မရီးဒါန်ဖွင့် ဆေးလုံးတွေကို ထုတ်ပေးလိုက်” ကျင့်ကြံသူအချို့က အော်ဟစ်လိုက်ကြ၏။

ဆေးတိုက်၏ အတွင်းဆုံးအပိုင်းတွင် ကျိယောင်ရွှယ်နှင့် အခြားသူများက လူချင်းပူးကပ်၍ ခံစစ်ပုံစံ နေရာယူထားကြလေသည်။ သူတို့၏ မျက်နှာများက သုန်မှုန်နေပြီး သူတို့၏ ဘေးပတ်လည်တွင် အလောင်းများ ရှိနေ၏။

“၀ီ..!”

ကျိချန်းရှန်၏နောက်တွင် တောင်ပံတစ်စုံက ခတ်နေပြီး သူ့‌‌ဘေးပတ်လည်ကို ထိပ်တန်းအဆင့် ဓါးပျံတစ်လက်က လှည့်ပတ်နေကာ တဖျတ်ဖျတ်လက်နေသော စိတ်ဝိညာဉ်အလင်းလေးခုနှင့် တဝီဝီမြည်နေလေသည်။

သူက ဘေးပတ်၀န်းကျင်ကို ထောက်လှမ်းကြည့်ရှုနေရင်း “မင်းတို့ အဲ့ဆေးလုံးတွေကို လိုချင်တယ်ဆို ငါ့ဓါးဆီက ခွင့်ပြုချက် တောင်းကြည့်လေ”ဟု အတည့်အတံ့ ပြောလိုက်၏။

ကျိချန်းရှန်သည် ထိုသို့ ပြောနေသော်လည်း သူ့စိတ်ထဲမှာတော့ ထိတ်လန့်နေပြီး သူ့လက်ဖဝါးက ချွေးများဖြင့် စိုနေပြီဖြစ်၏။ သူတို့အတွက် အခြေအနေက သိပ်မကောင်းလှပေ။

မရီးဒါန်ဖွင့် ဆေးသုံးလုံးက ကျိယောင်ရွှယ်တို့အုပ်စုကို ဘုံရန်သူအဖြစ် ပြောင်းလဲသွားစေလေသည်။

သူတို့ကို အရင်ဆုံး တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့သော ကျင့်ကြံသူများက ကျိချန်းရှန်နှင့် ညဝိညာဉ်တို့၏ လက်ချက်ဖြင့် တန်းသေကုန်ကြသောကြောင့်သာ မဟုတ်လျှင် အခုလောက်ဆို သူတို့က လူအုပ်ကြီးထဲ နစ်မြှုပ်သွားပေလောက်ပြီ။

“ဟဲဟဲ”

မဟာယွီမင်းသားက ရယ်လိုက်ရင်း “တာအိုရောင်းရင်းရယ် အရမ်းတွေ သန်မာချင်ယောင်ဆောင်မနေပါနဲ့၊ ဒီမှာ ကျုပ်တို့က ရာနဲ့ချီရှိနေတာ ကျုပ်တို့အကုန် ဓါးနဲ့ တစ်ယောက်တစ်ချက် ဝိုင်းထိုးရင်တောင် မင်းတို့က သေမှာပဲ”ဟု ပြောလိုက်၏။

“စမ်းကြည့်လေ၊ နင်တို့လဲ မထိမခိုက် ဒီတိုင်းကျန်ခဲ့လိမ့်မယ် မထင်နဲ့” ကျိယောင်ရွှယ်က အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း သူမ၏ မျက်နှာက မာကျောခက်ထန်နေပြီး ပြတ်သားမှု ရှိနေလေသည်။

မရီးဒါန်ဖွင့် ဆေးလုံးများကို ရရှိခဲ့သူ မည်သူမဆို အခြားသူများကို အလွယ်တကူနှင့် ထုတ်ပေးလိုက်စရာ အကြောင်းမရှိပေ။

အခြားသော ကျင့်ကြံသူများ မတိုက်ခိုက်ကြသေးသည်မှာ သူတို့သည် လေထဲရှိ ကျိချန်းရှန်နှင့် မြေပြင်ရှိ ညဝိညာဉ်တို့ကို စိုးရွံ့နေကြ‌သောကြောင့် ဖြစ်လေသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အပြင်ဘက်တွင် စုဝေးလာသော ကျင့်ကြံသူများက များပြားလာပြီး သူတို့၏ သည်းခံအောင့်အည်းနိုင်စွမ်းက ကုန်ဆုံးလာလေသည်။

သူတို့အားလုံးသည် တိုက်တော့ခိုက်တော့မည့်ပုံ ပေါ်လာပြီး လက်ဟန်ချိတ်စည်းများကိုပုံဖော်၊ ဓါးပျံများကို ဆင့်ခေါ်ထုတ်ကာ အချိန်မရွေး စတိုက်တော့မည့် ဖြစ်လာ၏။

မဟာယွီမင်းသားက ကျိယောင်ရွှယ်၊ လမ့်ရိုနှင့် ဆူရှောင်းနင်တို့ကို ဝေ့ကြည့်ပြီး “အချောလေးသုံးယောက် မင်းတို့ထိခိုက်ပျက်စီး ကုန်မှာကို ငါမကြည့်ရက်ဘူးကွာ.. မင်းတို့ အလိုက်တသိနဲ့ အလျှော့ပေးလိုက်ကြရင် ကောင်းမယ်၊ တစ်ကယ်တမ်း တိုက်ခိုက်ကြပြီဆိုရင် ငါလဲ မင်းတို့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး”ဟု ခနဲ့တဲ့တဲ့ပြောကာ တဟီးဟီးနှင့် ရယ်နေ၏။

“ဒါက မဟာကျိုးနဲ့ မဟာယွီကြားက ရန်ငြိုးရန်စပဲ၊ တခြားကျင့်ကြံသူတွေ ရှင်တို့ကိုယ်ရှင်တို့ သူများရဲ့ အငှားဓါး အဖြစ်မခံကြပါနဲ့” ကျိယောင်ရွှယ်က မဟာယွီမင်းသားကို လျစ်လျူရှုကာ အခြားသော ကျင့်ကြံသူများဘက်လှည့်ပြီး ရပ်တန့်နိုင်ဖို့ ကြိုးစားကြည့်လိုက်၏။

မဟာယွီမင်းသားက အေးစက်စက် နှာတစ်ချက်မှုတ်ပြီး သူ့မျက်လုံးထဲတော့ ရက်စက်တော့မည့် အရိပ်အယောင်က ထင်ဟပ်လာ၏။

“လူတိုင်းပဲ၊ ခင်ဗျားတို့ ဒီဆေးလုံးကို လိုချင်တယ်ဆိုရင် သွေးလမ်းတော့ ခင်းရမှာပဲ၊ ဒီဘက်ခေတ်မှာ မရီးဒါန်ဖွင့် ဆေးလုံးတွေက အရမ်းကို ရှားလာပြီ၊ အခု ဒီမှာ သုံးလုံးရှိတယ်၊ အသန်မာဆုံးလူက အဲ့ဒါကို ပိုင်ဆိုင်ခွင့်ရှိတယ် မဟုတ်ဘူးလား”

ထိုသို့ပြောပြီးသည်နှင့် သူက လက်ကိုဝေ့ရမ်းကာ အေးစက်စွာ အော်လိုက်၏။

“သတ်ကြ!”

ဘုန်း..

သူ့အမိန့်စကားသံက စစ်မီးကိုမွှေးပေးလိုက်ပြီဖြစ်ပြီး လူအုပ်ကြီးထံမှ ဟိန်းဟောက်သံများက ဆူညံထွက်ပေါ်လာ၏။

ရာနှင့်ချီသော ကျင့်ကြံသူများသည် လက်ဟန်ချိတ်စည်းများကို ဆင့်ခေါ်ပြီး ကျိယောင်ရွှယ်နှင့် အခြားသူများဘက်သို့ ပစ်လွှတ်လိုက်ကြ၏။ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက မိုးများရွာချသလို ဒလဟော ကျဆင်းလာလေသည်။

ဆေးတိုက်ထဲတွင် စိတ်ဝိညာဉ်ချီများနှင့် ချက်ချင်းပြည့်ကျပ်သွားပြီး အစိုင်အခဲဖွဲ့လုနီးပါး ဖြစ်လာ၏။

ရွှစ်.. ရွှစ်.. ရွှစ်..

ဓါးချီများက လေထုကို ဖြတ်သန်း၍ တစ်ခုပြီးတစ်ခု ရောက်ချလာ၏။

ရာနှင့်ထောင်နှင့်ချီသော ဓါးအလင်းများက တဖျတ်ဖျတ်လက်၍ တိုက်ခန်းတစ်ခုလုံးက ထိန်ထိန်လင်းသွားပြီး အပူချိန်က ရုတ်တရတ် ကျဆင်းလာ၏။

ပကတိ ဖျက်ဆီးနိုင်စွမ်းအားနှင့် တိုက်ခိုက်မှုများ ဖြစ်လေသည်။

ထိုအချိန်၌ မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ဖြစ်သော ကျိချန်းရှန်ပင်လျှင် မျက်စိမျက်နှာ ပျက်နေပြီဖြစ်၏။

ယခု သူကြုံတွေ့နေရသော အခြေအနေသည် လွန်ခဲ့သည့်ဆယ်ရက်တုန်းက မဟာရှနှင့် မဟာရှန်အင်ပါတို့၏ ဝိုင်း၀န်းတိုက်ခိုက်ခံခဲ့ရသော အခြေအနေထက်ပင် ပိုမိုဆိုးရွားနေ၏။

ကျိယောင်ရွှယ်နှင့် အခြားသူများသည် အလောတကြီးနှင့် ကာကွယ်ရေးအဆောင်များကို ချိုးဖျက်လိုက်ကြ၏။

လမ့်ရိုသည် သူမ၏ သိုလှောင်အိတ်ထဲမှ ခုခံရေးအဆောင်များ အားလုံးကို ထုတ်ယူကာ တစ်ခါတည်းနှင့် သူတို့ရှေ့ကို ပစ်ချလိုက်၏။ အဆောင်များမှ အကာအရံတံတိုင်းအလွှာများက ဖြစ်တည်လာ၏။

အဆောင်လက်ဖွဲ့သခင်တစ်ယောက်၏ ခွန်အားပင် ဖြစ်လေသည်။

ဝုန်း ဝုန်း ဝုန်း..

စိတ်ဝိညာဉ်တိုက်ခိုက်မှုများက အဆောင်အကာအရံများပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြီး လွန်စွာကျယ်လောင်သည့် အသံများက ထွက်ပေါ်လာ၏။

ရာချီသော ကျင့်ကြံသူများက တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြခြင်းဖြစ်သောကြောင့် ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားများက များပြားလွန်းပြီး လမ့်ရို၏ အဆောင်အကာအရံများသည် တစ်ခုပြီးတစ်ခု ပြိုလဲကျကုန်၏။

လေးလံသည့် ချပ်၀တ်များကို ၀တ်ဆင်ထားသော မဟာယွီမှကျင့်ကြံသူ ဆယ့်လေးငါးယောက်သည် သံမဏိဆေဘာများကို ကိုင်စွဲပြီး ကျိယောင်ရွှယ်တို့အုပ်စုဆီသို့ ချဉ်းကပ်လာကြ၏။

လူအုပ်ကြီးထဲရှိ ခန္ဓာကြံ့ခိုင်မီးဆေးခြင်းကို လေ့ကျင့်ထားသော ကျင့်ကြံသူအချို့ကလည်း ချဉ်းကပ်လာကြ၏။

ရုတ်တရတ်..

ညအ‌မှောင်ထဲတွင် အရိပ်တစ်ခုက မဟာယွီမှကျင့်ကြံသူများဆီသို့ တစ္ဆေတစ်ကောင်လို လှစ်ကနဲ ပြေး၀င်သွား၏။

ညဝိညာဉ်ပင် ဖြစ်လေသည်။

ထက်ရှသော လက်သည်းဆယ်ချောင်းက တိတ်တဆိတ် ထွက်လာပြီး အေးစက်စက် အလင်းရောင်ဖြင့် တောက်ပကာ ကျင့်ကြံသူနှစ်ယောက်၏ လည်ပင်းပေါ်သို့ ကျရောက်သွား၏။

သူတို့၏ လည်ပင်းများက ဆိုးဆိုးရွားရွား စုတ်ပြဲသွားပြီး သွေးများက အဆက်မပြတ်ထွက်ကာ နေရာမှာပင် လဲကျသေဆုံးသွားကြ၏။

ညဝိညာဉ်၏ ကျာပွတ်လိုအမြီးက လူအုပ်ကြီးထဲ ဝေ့ရမ်းလိုက်သောအခါ ကျင့်ကြံသူအချို့၏ ခန္ဓာကိုယ်က စုတ်ပြဲကုန်ပြီး နောက်ထပ်ကျင့်ကြံသူနှစ်ယောက်၏ ဦးခေါင်းကို ထိုး‌ဖောက်ပြီးမှသာလျှင် ၎င်းက ရပ်တန့်သွား၏။

“ဂါး!”

ညဝိညာဉ်က ခေါင်းကိုငုံ့ထားပြီး သူ၏ သွေးသံရဲရဲ ပါးစပ်ကြီးကို ဟကာ အလွန်ကျယ်လောင်စွာ မာန်ဖီဟိန်းလိုက်၏။ သူ၏ ကြမ်းကြုတ်ထက်ရှသော အစွယ်များကို ထုတ်ပြကာ အချိန်မရွေး ခုန်အုပ်တော့မည် ကဲ့သို့ပင်။

ဆေးတိုက်တစ်ခုလုံးက လှုပ်ခါလာပြီး ဖုန်မှုန့်များက ပြုတ်ကျလာ၏။

“အား.. အ အ .. အားးး!”

များစွာသော ကျင့်ကြံသူများသည် နာကျင်စွာ အော်ဟစ်ရင်း အလိုလို ရပ်တန့်၍ သူတို့၏ နားများကို လက်များဖြင့် ပိတ်ထားလိုက်ကြ၏။

တချို့ကျင့်ကြံသူများက ကာကွယ်ရေးအဆောင်များကို ချိုးဖျက်လိုက်ကြ၏။ သို့သော်လည်း အသံတုန်ခါအားဖြင့် ၎င်းအကာအရံများက ကြေမွသွား၏။

ညဝိညာဉ်နှင့် အနီးဆုံးမှာ ရပ်နေကြသော ကျင့်ကြံသူများက မျက်လုံးပြူးမျက်ဆံပြူးနှင့် သူတို့၏ မျက်လုံးအိမ်များထဲတွင် သွေးပြန်ကြောများက ဖောင်းကြွလာပြီး သူတို့၏ မျက်လုံးများ၊ နားများ၊ နှာခေါင်းများနှင့် ပါးစပ်များထဲမှ သွေးများက စိမ့်ထွက်လာ၏။

ထိုကျင့်ကြံသူများ၏ မျက်လုံးများက အရောင်ဖျော့ကျသွားပြီး မြေပြင်ပေါ်သို့ ခွေယိုင်လဲကျကုန်၏။ သူတို့သည် ညဝိညာဉ်၏ အသံတုနိခါအားကြောင့် သေဆုံးကုန်ကြလေပြီ။

ထိုမြင်ကွင်းကိုကြည့်ပြီး များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။

ထို့နောက် ညဝိညာဉ်က ဆူရှောင်းနင်၏ ဘေးနားကို ပြန်လာပြီး ဘေးပတ်ပတ်လည်ကို အေးစက်ခက်ထန်စွာ သတိထား အကဲခတ်ကြည့်နေလိုက်၏။

ဇီ..

လေထုထဲတွင် မသိသာ မထင်ရှားသော လှိုင်းဂယက်တစ်ခုက ပေါ်လာပြီး လူအုပ်ကြီးဆီသို့ ပျံသန်းသွားလေသည်။

ဆန်းကြယ်ဓါး.. လေဟာနယ်အဆင့်!

ဖောက်!

ကျင့်ကြံသူတစ်ယောက်၏ ‌ဦးခေါင်းက ပေါက်ထွက်သွားပြီး နေရာမှာတင် လဲကျသေဆုံးသွား၏။

ကျိယောင်ရွှယ်၊ ဖက်တီးလေးနှင့် အခြားသူများကလည်း တိုက်ခိုက်လိုက်ကြ၏။

တစ်ခဏအတွင်းမှာပင် မဟာယွီအင်ပါယာသည် ကျင့်ကြံသူ အ‌ယောက်နှစ်ဆယ်လောက် ကျဆုံးသွား၏။ မဟာယွီမင်းသား၏ မျက်လုံးထဲတွင် အခဲမကြေ မုန်းတီးမှုက ‌ပေါ်လာ၏။ သို့သော်လည်း သူသည် စိတ်ဝိညာဉ်ကို စုစည်းပြီး အော်ပြောလိုက်၏။

“အားလုံးပဲ တောင့်ခံထားဟေ့.. သူတို့က ဆယ်ယောက်ပဲရှိတာ၊ ငါတို့အတူ ပူးပေါင်းတိုက်ခိုက်ရင် အဲ့ဒီသားရဲကိုလဲ ကြောက်စရာ မလိုဘူး!”

တိုက်ခိုက်မှုများ အတန်အသင့် ဖလှယ်ပြီးနောက် လမ့်ရို၏ အဆောင်အကာအရံအလွှာများက ပြိုကျပျက်ဆီး၍ မရှိတော့လေပြီ

ကျိယောင်ရွှယ်နှင့် အခြားသူများက အဆင်ပြေနေသေးပြီး ညဝိညာဉ်၏ အကူအညီဖြင့် တန်ပြန်တိုက်လိုက်မှုများ လုပ်‌နိုင်သေးသော်လည်း ရင်ဆိုင်ရသည့် ကျင့်ကြံသူအရေအတွက်က တိုးလာနေ၏။ ရန်သူများက ဒီအတိုင်းသာ ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် သိပ်မကြာမီ သူတို့က အပြင်းအထန် ဒဏ်ရာရ သို့မဟုတ် သေကုန်ကြပေတော့မည်။

ထိုကဲ့သို့ သိပ်သည်းများပြားလှသည့် တိုက်ခိုက်မှုများအောက်တွင် ညဝိညာဉ်ပင်လျှင် ဆူရှောင်းနင်ကို ကောင်းကောင်းကာကွယ်နိုင်တော့မည် မဟုတ်ပေ။

“သူတို့ကို သတ်!”

မဟာယွီမင်းသားက လက်မြှောက်ပြပြီး ဟိန်းဟောက်လိုက်၏။

“အဲ့မှာ လှုပ်ရဲတဲ့ကောင် လှုပ်ကြည့်စမ်း!”

လူအုပ်ကြီး၏ နောက်မှ ရေခဲတမျှ‌ အေးစက်စက် အသံတစ်သံက ရုတ်တရတ် ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလိုပင် အ၀တ်စလေတိုးသံက ‌အလွန်တရာ လျှင်မြန်သည့်နှုန်းဖြင့် လေထဲကနေ ဖြတ်သန်းလာ၏။ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာအော်ရာက လူတိုင်းကို ရင်တလျှပ်လျှပ် ဖြစ်သွားစေလေသည်။

All Chapters