← Chapters

ဆုံးဖြတ်ချက်

Vol. 24 Ch. 358

ဆုံးဖြတ်ချက်

Vol. 24 Ch. 358

တိုက်ခန်းရှေ့ရှိ ဝင်္ကပါက အစတုန်းကတော့ ရှုပ်ထွေးနက်နဲပြီး မြင်သာထင်သာ မရှိပေ။ သို့သော်လည်း နှစ်ပေါင်းများစွာ ဖြတ်ကျော်ပြီးနောက် အဲ့ဒါက အခုဆို ပြိုကျပျက်ပြယ်တော့မည့်ဆဲဆဲကို ရောက်နေလေပြီ။

ဆူဇီမိုသည် ခဏကြာအောင် စူးစမ်းလေ့လာပြီးနောက် ထိုဝင်္ကပါကို စတင်ဖျက်လေတော့သည်။

အာရုံတက်ချိန်ရောက်သည့်အခါ.. ရှေးဟောင်းဝင်္ကပါက နောက်ဆုံး ပျက်ပြယ်သွားပြီး လူတိုင်းက သြဘာပေးကာ ဆူဇီမိုနောက်ကနေ လိုက်ဝင်ကြ၏။

ဤတိုက်ခန်းက ယခင်တိုက်ခန်းများထက် များစွာပို၍ ကျယ်ဝန်းလေသည်။

အထဲတွင် ကျောက်ကုတင်တစ်လုံးနှင့် ထိုင်လျက်သားခြောက်သွေ့နေသော အလောင်းတစ်လောင်း ရှိလေသည်။ လူတိုင်းအထဲသို့ ရောက်ပြီးနောက် ဝင်ရောက်လာသောလေဖြင့် အလောင်းက ပြာမှုန့်အဖြစ် ပြောင်းလဲသွားကာ ပြန့်ကျဲသွား၏။

ရွှေအမြုတေများပင်လျှင် အချိန်၏ တိုက်စားမှုကို ခံနိုင်ရည်မရှိပေ။ အဲ့ဒီမှာ မည်သည့်အကြွင်းအကျန်မှ ကျန်မနေခဲ့တော့ပေ။

ဤတိုက်ခန်းက ဝင်္ကပါတိုက်တစ်ခုနှင့် မတူဘဲ ရွှေအမြုတေ အသက်ရှိစဉ် နေထိုင်ခဲ့သော ကျင့်ကြံရေးခန်း ဖြစ်ပုံရ၏။ ကျောက်ခုတင်၏ တစ်ဖက်တစ်ချက်စီတွင် စင်အချို့ရှိပြီး ထိုအပေါ်တွင် ရှေးဟောင်းကျမ်းများ၊ ကျောက်စိမ်းနှင့် လျှို့ဝှက်ယင်းလိပ်များနှင့် ဆေးလုံးများထည့်ထားသော ကျောက်စိမ်းပုလင်းများကို တင်ထားလေသည်။

ဆူဇီမိုက ဒီတိုင်းလျှောက်သွားပြီး လှန်လှောကြည့်ရှုလိုက်၏။ အဲ့ဒီမှာ အဆောင်နှင့် ဆေးအညွှန်းများအပြင် လျှို့ဝှက်ဝင်္ကပါကျမ်းစာအုပ်များလည်း ရှိလေသည်။

“မရီးဒါန်ဖွင့်ဆေးလုံး”

ရုတ်တရတ်.. စိတ်လှုပ်ရှားမှုနှင့် ကျေနပ်နှစ်ခြိုက်သော ဆူရှောင်းနင်၏ အသံက ထွက်ပေါ်လာ၏။

လူတိုင်းလှည့်ကြည့်လိုက်သောအခါ ကျောက်စိမ်းပုလင်းတစ်လုံးကို တင်းတင်းဆုပ်ကိုင်ထားသော သူမကို တွေ့လိုက်ရ၏။ သူမ၏ အသံက တစ်နည်းတစ်ဖုံနှင့် စိတ်ခံစားချက် မြင့်တက်နေ၏။

“ဒီမှာ မရီးဒါန်ဖွင့်ဆေးလုံးတွေ အများကြီးပဲ”

“အမ်.. ဘယ်လောက်ရှိလဲ”

ဖက်တီးလေးနှင့် အခြားသူများက အလောတကြီး မေးလိုက်၏။

ခဏမျှ ရပ်ပြီး ဆူရှောင်းနင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဆယ့်သုံးလုံး”

“ဟဟ.. ကောင်းလိုက်တာကွာ”

စစ်ယုထန်က အားရပါးရ ရယ်မောလိုက်၏။

သည့်အရင်က မရီးဒါန်ဖွင့်ဆေးသုံးလုံး ရရှိခဲ့တုန်းက သူ့အတွက် ဝေစုရဖို့ မပါခဲ့ပေ။ အခု ဆယ့်သုံးလုံးဆိုတော့ ဘာပဲဖြစ်ဖြစ် သူ့အတွက် တစ်လုံးတော့ ရပေတော့မည်။

ကျွင်းဟောက်က တည်ငြိမ်နေဆဲ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည့်အခါ သူ့မျက်လုံးများထဲတွင် အေးစက်စက်အလင်းက လက်သွား၏။

ဆူရှောင်းနင်က ဆက်ပြောလိုက်၏။

“နောက်ပြီး ဒီမရီးဒါန်ဆေးလုံးတွေက ပိုတောင်အဆင့်မြင့်သေးတယ်.. ငါးလုံးက သာလွန်အဆင့် ကျန်တာတွေအကုန်လုံးက အလယ်အလတ်အဆင့်”

တခြားကျင့်ကြံသူများသည် အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြ၏။

အဲ့ဒါက အံ့အားသင့်ရလောက်အောင် စိတ်ကျေနပ်ဖို့ ကောင်းလေသည်။

ယခင်မရီးဒါန်ဆေးသုံးလုံးနှင့်ဆိုလျှင် သူတို့မှာ စုစုပေါင်း ဆယ့်ခြောက်လုံး ရှိသွားပြီဖြစ်ပြီး တစ်ယောက်တစ်လုံးစီယူလျှင်တောင် ပိုနေသေးလေသည်။

ဆိုလိုသည်မှာ သူတို့က ရတနာများအတွက် အပြင်ထွက်ပြီး စွန့်စားသွားလာဖို့ မလိုတော့ဘဲ မဟာကျိုးအင်ပါယာကို ပြန်ဖို့ တစ်နှစ်မပြည့်ခင်အထိ အေးအေးဆေးဆေး တံခါးပိတ်ကျင့်ကြံနေရုံပင်။

ရှေးဟောင်းတိုက်ပွဲမြေ၌ အပြင်ဘက်မှာ ကြာကြာနေလျှင် သူတို့က အန္တရာယ်နှင့် တွေ့ကြုံရဖို့ ပိုလွယ်ကူလေဖြစ်သည်။

သူတို့က ငှက်များ၊ တောကောင်များနှင့် ရှေးဟောင်းသက်ရှိများ၏ရန်ကို ခုခံကာကွယ်ရရုံသာမက အခြားသောဂိုဏ်းများ၊ အဖွဲ့အစည်းများနှင့်လည်း ရင်ဆိုင်ရနိုင်လေသည်။

ယခုဆို သူတို့က အဲ့ဒါတွေနဲ့ ရင်ဆိုင်စရာ မလိုတော့ပေ။

ဆူဇီမိုက တစ်ခုခုကို တွေးနေသလို ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

ဆူဇီမို၏ အပြုံးကို မြင်သောအခါ ကျိယောင်ရွှယ်က အလေးအနက်တွေးပြီး မျက်မှောင်ကြုတ်လိုက်မိ၏။

လူတစ်ယောက်က မရီးဒါန်ဖွင့်ဆေးလုံးကို စားသုံးမည်ဆိုလျှင် အချိန်ကိုက်ဖြစ်ဖို့ လိုလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ကျင့်ကြံသူအများစုက ရှေးဟောင်းတိုက်ပွဲမြေ၏ ကြွယ်ဝသော စိတ်ဝိညာဉ်ချီများကို အသုံးချ၍ အရင်ကျင့်ကြံကြမည်ဖြစ်ပြီး ဆဋ္ဌမမြောက်မရီးဒါန်ကို ဖွင့်ပြီးမှသာ သတ္တမမြောက်မရီးဒါန်ကို ဖွင့်ဖို့အတွက် မရီးဒါန်ဖွင့်ဆေးလုံးကို စားသုံးကြမည် ဖြစ်လေသည်။

သူတို့အုပ်စုတွင် အခုလောလောဆယ် မရီးဒါန်ခြောက်ခု ကျင့်ကြံသူမှာ ကျိချန်းရှန်တစ်ယောက်သာလျှင် ရှိလေသည်။

သို့သော်လည်း ကျိချန်းရှန်က မရီးဒါန်ဖွင့်ဆေးလုံးကို လက်ထဲမှာ ကိုင်ထားပြီး အတန်ကြာအောင် ချင့်ချိန်တွက်ဆနေ၏။ ထို့နောက် သူက ထိုဆေးလုံးကို သိမ်းလိုက်၏။

ထိုသည်ကို မြင်သောအခါ ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်ထောက်ခံလိုက်၏။

ကျိချန်းရှန်က သတ္တမမြောက် မရီးဒါန်ကို သူ့အစွမ်းအစနှင့်သူ ဖွင့်ဖို့ကြိုးစားပြီး မရီးဒါန်ဖွင့်ဆေးလုံးကို အဋ္ဌမမြောက်မရီးဒါန်အတွက် ချန်ထားလိုခြင်း ဖြစ်လေသည်။

ဆူဇီမိုသည်လည်း မရီးဒါန်ဖွင့်ဆေးလုံးကို စားသုံးလိမ့်ဦးမည် မဟုတ်ပေ။

တစ်စိတ်တစ်ပိုင်းအနေနှင့် သူ့ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်နေသေးသောကြောင့် ဖြစ်လေသည်။ မရီးဒါန်လေးခု အခြေတည်အဆင့်မျှနှင့် ထိုဆေးလုံးကို စားသုံးမည်ဆိုလျှင် ရတနာကို ဖြုန်းတီးရာကျလေသည်။

နောက်တစ်ချက်က ယခုမရီးဒါန်ဆေးလုံး၏ အဆင့်က နိမ့်သောကြောင့် ဖြစ်လေသည်။

ဆူဇီမိုသည် စတင်ကျင့်ကြံခဲ့ကတည်းက ပကတိအဆင့်မှ မဟုတ်လျှင် တခြားဆေးလုံးများကို စားသုံးခဲလေသည်။

ရှေးဟောင်းတိုက်ပွဲမြေသို့ မဝင်ရောက်ခင်ကတည်းက ဆူဇီမိုသည် မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံးကို ရအောင်ရှာမည်.. နောက်ပြီး ထိုဆေးလုံးက ပကတိအဆင့်လည်း ဖြစ်ရမည်ဟု စိတ်ပိုင်းဖြတ်ထားလေသည်။

သူတို့အုပ်စုက တစ်နေ့တစ်ညလုံးလုံး မအိပ်စက်ရသေးပေ။ ပြင်းထန်သောတိုက်ပွဲကိုလည်း ဆင်နွှဲထားခဲ့ရသဖြင့် ကိစ္စများက အဆင်ပြေချောမွေ့သွားသည့်အခါ နောက်ဆုံး သူတို့သည် ပင်ပန်းနွမ်းလျလာသည်ဟု ခံစားလာရလေသည်။

ဖက်တီးလေးက ဘာစကားမှ မပြောတော့ဘဲ ထောင့်တစ်ထောင်မှာ သွားအိပ်လေတော့သည်။

ရှစ်ကျန့်ကလည်း ဖင်ကုတ်ခေါင်းကုတ်နှင့် အနားယူဖို့ တစ်နေရာကို ရှာနေ၏။

“မင်းတို့လဲ ပင်ပန်းနေကြပြီဆိုတော့ နားကြဦးလေ”

ဆူဇီမိုက ခေါင်းညိတ်ပြပြီး လှည့်ထွက်လိုက်၏။

ဆူဇီမို၏ နောက်ကျောကိုကြည့်ပြီး ကျိ‌ယောင်ရွှယ်က ခဏကြာ ချင့်ချိန်ကာ နောက်ကနေ လိုက်သွား၏။

သူက လိုဏ်ဂူခန်းဝါထဲကနေ ထွက်ပြီး လေထဲသို့တက်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် ပြန်ရောက်လာ၏။

ကျိယောင်ရွှယ်က လိုဏ်ဂူခန်းဝါ၏ ဝင်ပေါက်ဝမှာ ရပ်နေပြီး ပြန်ရောက်လာသော ဆူဇီမိုကို ကြည့်နေ၏။

“ဇီမို.. ဘာဖြစ်လို့လဲ” ကျိယောင်ရွှယ်က မေးလိုက်၏။

ဆူဇီမိုက ပြုံးလိုက်၏။

“ငါကြည့်ရသလောက်တော့ ဒီလိုဏ်ဂူခန်းဝါက တောင်ရဲ့ခါးလယ်မှာ၊ တောင်စောင်းကလဲ တော်တော်လေး စောက်တယ်.. ရန်သူလာတိုက်မယ်ဆိုရင် ဒီနေရာက ခုခံလို့ အကောင်းဆုံးပဲ.. အဲ့မှာ ဝင်္ကပါလမ်းကြောင်းရာ အဟောင်းတွေလဲ တွေ့တယ်.. ငါအဲ့ဒါကို ပြန်ပြင်လို့ရတယ်.. မင်းတို့တွေ အေးအေးဆေးဆေး တံခါးပိတ်ကျင့်ကြံဖို့အတွက် ဒီနေရာက အကောင်းဆုံးပဲ”

ကျိယောင်ရွှယ်က ရုတ်တရတ် မေးလိုက်၏။

“ဇီမို.. နင် ဘယ်သွားမလို့လဲ”

“အာ”

ဆူဇီမို ခဏမျှ တောင့်ခဲသွား၏။

သူ၏ ဒီတိုင်းပြောလိုက်သော အမှုမဲ့အမှတ်မဲ့စကားထဲမှ တစ်ခုခု လွဲသွားတာကို ကျိယောင်ရွှယ် သတိထားမိသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူမက ဘာမှ ထပ်မပြောတော့ဘဲ အနည်းငယ်ငုံ့ပြီး ဆူဇီမိုကို တိတ်တဆိတ် စောင့်ကြည့်နေ၏။

ခဏမျှ ချင့်ချိန်နေပြီးနောက် ဆူဇီမိုက ခါးသက်သက် ပြုံးလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ပိုင်းတွေထဲကို ငါသွားကြည့်ချင်တယ်”

“ငါတို့မှာ လုံလောက်တဲ့ မရီးဒါန်ဖွင့်ဆေးလုံးတွေ ရှိနေပြီပဲ.. မဟာကျိုးအင်ပါယာကို မပြန်ခင်တစ်နှစ်ကို ငါတို့ဒီမှာ ကျင့်ကြံနေလို့ရတာပဲ.. ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ပိုင်းထဲကို သွားတယ်ဆိုတာ အန္တရာယ်များလွန်းပါတယ်ဟာ” ကျိယောင်ရွှယ်က မျက်မှောင်ကြုတ်လိုက်၏။

“ဇီမို.. ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ပိုင်းထဲမှာ တောကောင်တွေက ကြမ်းကြုတ်ကြောက်စရာကောင်းရုံတင်မကဘူး.. ကျင့်ကြံသူတွေကလဲ အရမ်းကို သန်မာကြတာ၊ သူတို့ထက် ကျင်ကြံမှုအဆင့်မြင့်တဲ့သူကို သတ်နိုင်တဲ့လူတွေချည်းပဲ.. နောက်ပြီး အဲ့မှာ တစ်ကယ့်ထိပ်သီးအဖွဲ့အစည်းတွေနဲ့ ထိပ်တန်းဂိုဏ်းက အမွေဆက်ခံသူတွေလဲ ရှိသေးတယ်.. နင်တစ်ယောက်ထဲ သွားမယ်ဆိုရင်...”

ကျိယောင်ရွှယ်က ဆက်မပြောသော်လည်း သူမ၏ မျက်ဝန်းများထဲမှ စိုးရိမ်ပူပန်မှုတို့ကို မြင်နိုင်လေသည်။

ဆူဇီမိုက စိတ်သက်သာစေရန် ပြုံးပြလိုက်၏။

“အဲ့ဒါက အဆင်ပြေပါတယ်.. ငါ သူတို့ကို မနိုင်ရင်တောင် ကိုယ်လွတ်တော့ ရုန်းပြေးနိုင်ပါတယ်”

မရီးဒါန်ဖွင့်ဆေးလုံးကိစ္စကို သူဖွင့်ပြောပြနေမည် မဟုတ်ပေ။

နောက်ပြီး မရီးဒါန်ဖွင့်ဆေးလုံးကြောင့် မဟုတ်လျှင်တောင် ဆူဇီမိုက ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းထဲကို သွားဖြစ်ဦးမည် ထင်လေသည်။

အဲ့ဒီသူတို့ပြောပြောနေတဲ့ အင်မော်တယ်၊ ဗုဒ္ဓဝါဒီနှင့် ထိပ်သီးအဖွဲ့အစည်း၊ ဂိုဏ်းများမှ အမွေဆက်ခံသူများ၊ အမွေခံတပည့်များက ဘယ်လောက်သန်မာသလဲ သူမြည်းစမ်းကြည့်ချင်လေသည်။

ဆူဇီမိုသည် ထိုလူများနှင့် စိတ်ရှိလက်ရှိ ကောင်းကောင်းတိုက်ခိုက်ချင်သေးလေသည်။

“အဲ့ဒါဆို ငါလဲ လိုက်ခဲ့မယ်”

ကျိယောင်ရွှယ်က ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ငါနင့်ကို အကူအညီနဲနဲပါးပါးတော့ ပေးလို့ရတာပေါ့”

“မရဘူး”

ဆူဇီမိုက ပြတ်သားစွာ ခေါင်းခါပြီး ပယ်ချလိုက်၏။

“ယောင်ရွှယ်.. မင်းငါနဲ့ လိုက်ပြီး စွန့်စားဖို့ မလိုပါဘူး.. ဒီမှာနေပြီး ကျင့်ကြံနေပါ.. တစ်နှစ်နေရင် ငါပြန်လာခဲ့မယ်”

“နင်တစ်ကယ် ပြောတာလား” ကျိယောင်ရွှယ်က မယုံကြည်ဟန် နှုတ်ခမ်းစူလိုက်၏။

“တစ်ကယ်ပေါ့”

ဆူဇီမိုက ပြုံးလိုက်၏။

“နင်ဘယ်တော့ သွားမှာလဲ”

“ရက်နဲနဲကြာရင်ပေါ့.. ဒီလိုဏ်ဂူခန်းဝါ ပတ်လည်က ရှေးဟောင်းဝင်္ကပါကို ငါပြင်လိုက်ဦးမယ်”

ခဏမျှ ရပ်တန့်ပြီးနောက် ဆူဇီမိုက သူ့အပြုံးကို ပြန်ရုတ်ကာ.. အတည့်အတံ့ပုံစံနှင့် ပြောလိုက်၏။

“ငါ မင်းကို သတိပေးစရာတစ်ခု ရှိသေးတယ်.. ငါတို့ထဲမှာ သူလျှိုတစ်ယောက် ရှိနေသေးတယ်”

ကျိယောင်ရွှယ်က အမူအယာက အနည်းငယ် ပြောင်းလဲသွားလေသည်။

“အဲ့ဒါ ဘယ်သူလဲ”

“ကျွင်းဟောက်လို့တော့ ထင်တာပဲ”

မည်သို့ပင်ဖြစ်စေ.. အစကတည်းက ကျွင်းဟောက်သည် သိသိသာသာ မူမမှန်တာ ဘာမှ လုပ်မထားသောကြောင့် သံသယရှိရုံမျှနှင့် ဆူဇီမိုက သူ့ကို မသတ်နိုင်ပေ။

နောက်ပြီး ကျွင်းဟောက်သည် ကျိယောင်ရွှယ်နှင့် ရှောင်းနင်တို့၏ ဂိုဏ်းတူစီနီယာအစ်ကိုတစ်ယောက် ဖြစ်နေသေး၏။

သူက ကျိယောင်ရွှယ်ကို သတိပေးထားရုံသာ..

All Chapters