သူစိမ်းနယ်မြေတွင် အသိအကျွမ်းနှင့် တွေ့ဆုံခြင်း
Vol. 40 Ch. 595
သန့်စင်ရေလှိုင်းမျိုးနွယ်သည် အမတ်ချုပ်ကြီးက လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီးနောက် ဖြစ်တည်လာသော မျိုးနွယ် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် လူသားမျိုးနွယ်၏စိတ်နေသဘောထားတချို့ကိုလည်း ဆက်ခံထားကြသည်။
ဥပမာအားဖြင့် အဆင့်အတန်းကိစ္စဖြစ်သည်။
အမှန်တကယ်အားဖြင့် ဖုန်းဟိုင်ဒေသငယ်နှင့် တခြားဒေသငယ်များတွင် အဆင်ပြေသည်။ အကြောင်းကား ထိုနေရာများတွင် အတွင်းအပြင်အားဖြင့် အဆင့်အတန်းကိစ္စရပ်များတွင် များစွာ တင်းကြပ်ခြင်း မရှိပေ။ သို့သော်လည်း နန်းမြို့တော်ဒေသကြီး၌ကား ကွဲပြားခြားနားသော ကိစ္စဖြစ်သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်သည် နန်းမြို့တော်ဒေသကြီးနှင့် လွန်စွာ ဆင်တူသော အဆင့်အတန်းဝိသေဿလက္ခဏာများအား ပိုင်ဆိုင်ရာ လွန်စွာ အားကောင်းသော ခွဲခြားဆက်ဆံမှုများ ရှိသည်။ ၎င်းသည် သူတို့မျိုးနွယ်တစ်ဦးတစ်ယောက်ချင်းစီ၏စိတ်ထဲ၌ နက်ရှိုင်းစွာ ကပ်ငြိနေသည်။
သန့်စင်ရေလှိုင်းမျိုးနွယ်အား အဆင့်ခြောက်ခုဖြင့် ခွဲခြားထားသည်။ အပေါ်ဆုံးနှစ်ဆင့်အား အထက်တန်းလွှာများအဖြစ် သတ်မှတ်ထားကာ အလယ်နှစ်ဆင့်ကို စစ်သည်များအဖြစ် သတ်မှတ်ထားသည်။ အောက်ဆုံးနှစ်ဆင့်မှာကား ကျေးကျွန်များ ဖြစ်ကြသည်။
ဥပမာအားဖြင့် ထွဋ်ခေါင်နိုင်ငံဘုရင်နှင့် သူ့သားမှာ အလယ်အဆင့်တွင်သာ ရှိသည်။
သန့်စင်ရေလှိုင်းမျိုးနွယ်၌ အဆင့်အတန်းကိစ္စမှာ အလွန်အရေးကြီးသည်။ တစ်စုံတစ်ယောက်၏ကျင့်ကြံခြင်းသည် လွန်စွာမြင့်မားသောအဆင့်သို့ မရောက်သရွေ့ ၎င်းအား ပြောင်းလဲနိုင်ရန် အလွန်ခက်ခဲပေသည်။ မည်သို့ဆိုစေ သွေးမျိုးဆက် ပိုမိုသန့်စင်သူများမှာ ပိုမိုထူးချွန်ကာ အရင်းအမြစ်များလည်း ပိုရပေသည်။ သူတို့ထဲမှ ကျွမ်းကျင်သူ ပေါ်ထွက်လာမည့် ဖြစ်နိုင်ချေမှာလည်း ပိုများပေသည်။
သန့်စင်ရေလှိုင်းမျိုးနွယ်၌ အဆင့်အတန်းမြှင့်တင်ခြင်းအား ထိန်းချုပ်ခြင်းသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပင်မအမြုတေအား ထိန်းချုပ်ခြင်းနှင့် အတူတူဖြစ်သည်။ ထိုအခွင့်အလမ်းသည် ကောင်းကင်နက်ဘုံကျောင်းများတွင်သာ ပိုင်ဆိုင်၏။
ပြည်ထောင်တိုင်းတွင် ကောင်းကင်နက်ဘုံကျောင်းများ ရှိကြသည်။
ကောင်းကင်နက်ရုပ်တုသည် ကောင်းကင်နက်ဘုံကျောင်း၏ ဆုလဘ်လည်း ဖြစ်သည်။
အဆင့်အတန်းအား မြှင့်တင်ပေးခြင်းသည် ကောင်းကင်နက်မျိုးနွယ်၏ ကောင်းချီးပေးခံရခြင်းလည်း ဖြစ်၏။
ကောင်းချီးပေးခံရသူသည် ကောင်းကင်နက်မျိုးနွယ်နှင့် အလွန်နီးစပ်သော သွေးမျိုးဆက်အား ပိုင်ဆိုင်စေသည်။
ထို့ကြောင့် နှစ်ပေါင်းများစွာအားဖြင့် ကောင်းကင်နက်မျိုးနွယ်၏လွှမ်းမိုးမှုအောက်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်သည် သူတို့မျိုးနွယ်ဝင်များ၏အဆင့်အတန်းမြင့်တက်စေရန် နည်းမျိုးစုံသုံး၍ ကြိုးစားခဲ့ကြသည်။
ထို့ကြောင့်ပင် ထွဋ်ခေါင်ဘုရင်၏စိတ်နှလုံးမှာ ပြင်းထန်စွာ လှုပ်ရှားနေခြင်း ဖြစ်သည်။
သူ့တွင် သံသယစိတ်များစွာ ရှိနေသေးသော်လည်း သူ့သားကို ကောင်းချီးပေးခံရခြင်းအား သူ့မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ရခြင်းသည် သူ့အား အကြီးအကျယ် တုန်လှုပ်စေသည်။
အရောင်အဝေါ ပြောင်းလဲခြင်းသည် အစစ်အမှန်ဖြစ်ပြီး ကောင်းကင်နက်မျိုးနွယ်ဝင်တိုင်းသည် တခြားလူများအား ကောင်းချီးပေးနိုင်စွမ်းမရှိကြောင်းလည်း သူ သိထားသည်။
ထိုသို့လုပ်နိုင်သူများမှာ ကောင်းကင်နက်မျိုးနွယ်မှ ကျွမ်းကျင်သူများ သို့မဟုတ် ဘုံကျောင်းမှ ကျင့်ကြံသူများသာ ဖြစ်သည်။
ကောင်းကင်နက်မျိုးနွယ်တွင် နတ်ဘုရားတစ်ပါးရှိသည်။ သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် တခြားမျိုးနွယ်များအားလုံး ထိုအချက်ကို သိထားကြ၏။ အများစုက ၎င်းကို လက်မခံလိုသော်လည်း ၎င်းသည် အမှန်တရား ဖြစ်သည်။
ကောင်းကင်နက်မျိုးနွယ်၏နတ်ဘုရားသည် အနီရောင်လပေါ်တွင် အိပ်စက်နေကာ မျိုးဆက်ပေါင်းများစွာ ကိုးကွယ်လာခဲ့ကြပြီးဖြစ်သည်။
နတ်ဘုရား၏အကာအကွယ်ပေးမှုကြောင့်ပင် ကောင်းကင်နက်မျိုးနွယ်တွင် နတ်ဘုရားနောက်လိုက်များနှင့် ဘုံကျောင်းများ ရှိခြင်း ဖြစ်သည်။ သူတို့သည် ကောင်းကင်နက်မျိုးနွယ်၏ အုပ်ချုပ်သူများဖြစ်ကြသည်။
ထိုအတွေးများသည် ထွဋ်ခေါင်နိုင်ငံဘုရင်၏စိတ်ထဲ၌ ပြေးလွှားနေကြကာ သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လျှက် ဦးညွှတ်လိုက်သည်။
သူ ထွက်သွားပြီးနောက် ကောင်းကင်မိစ္ဆာလဆေးလုံးများကို စုဆောင်းရန် အမိန့်ပေးလိုက်၏။ တစ်ချိန်တည်းတွင် သူသည် တခြားမြို့များအား ဆက်သွယ်ကာ ယခုတစ်ခေါက် အင်မော်တယ်အူခွေတာအိုသစ်သီးများကို ဝေစုခွဲခြင်းနှင့်ပတ်သက်၍ ဆက်သွယ်လိုက်သည်။
သို့သော်လည်း ဖြစ်စဉ်မှာ ချောမွေ့နေခြင်း မရှိပါ။
တခြားမြို့ ၃၅မြို့သည် ထိုကိစ္စအား များစွာ မယုံကြည်ကြပါ။ မည်သို့ဆိုစေ ထိုကိစ္စသည် အလွန်အံ့အားသင့်စရာ ကောင်းလွန်းနေ၏။ နှစ်ပေါင်းများစွာ၌ များစွာသော အပြင်လူများသည် ကောင်းကင်နက်မျိုးနွယ်ဝင်များအဖြစ် ဟန်ဆောင်ရောက်လာဖူးရာ သူတို့ မယုံကြည်ခြင်းကလည်း အပြစ်ဆိုဖွယ် မရှိပေ။
ထို့ကြောင့် ထွဋ်ခေါင်နိုင်ငံဘုရင်ကြီးသည် ပြည်ထောင်သို့ ထိုကိစ္စအား ချက်ချင်း သတင်းမပို့ခဲ့ပါ။ သူသည် တခြားမြို့များနှင့် ပြန်လည်အတည်ပြုပြီးမှ သတင်းပို့ပေမည်။
သူသည် ၉၉ရာနှုန်းခန့် သေချာသည့်တိုင် ပြဿနာတစ်ခုခုဖြစ်လာပါက သူ သတင်းမပို့ခြင်းအတွက် ပြဿနာမရှိပေ။ သူက မိမိကိုယ်ကို ဖြေရှင်းနိုင်သေးသည်။ အကယ်၍ သူသည်သာ သတင်းပို့ပြီးမှ တစ်ခုခုမှားနေပါက အပြစ်က ပိုကြီးသွားနိုင်ပေ၏။
ထိုနည်းဖြင့် ခုနစ်ရက် ကြာမြင့်သွားသည်။
အင်မော်တယ်အူခွေတာအိုသစ်သီးများ ကြီးရင့်ရန် နှစ်ရက်ခန့် လိုသေးသော်လည်း အမှန်တကယ်အားဖြင့် တချို့သစ်သီးများမှာ ကြီးရင့်နေပြီးဖြစ်ကာ စတင်၍ ခူးဆွတ်နိုင်ပြီ ဖြစ်သည်။
တစ်ချိန်တည်းတွင် အပြင်လူများသည် နည်းမျိုးစုံသုံး၍ ထိုသစ်သီးများအား ခိုးယူရန် ကြိုးစားနေကြပြီ ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ကင်းလှည့်အဖွဲ့များသည် မြို့ ၃၆ မြို့၌ လှည့်လည်ကာ အပြင်လူများအား စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ရသည်။
တချို့မှာ နေရာတွင် အသတ်ခံရကာ တချို့မှာ အင်မော်တယ်အူခွေသစ်ပင်များ၌ တွဲလောင်းချလျှက် တခြားလူများအား စံနမူနာအဖြစ် သတိပေးရသည်။ တချို့မှာ အကျဉ်းချခံရကာ တခြားမျိုးစုံသော အပြစ်ပေးမှုများအား ပြုလုပ်ရ၏။
သို့တိုင်အောင် တာအိုသစ်သီးသည် အလွန်တန်ဖိုးကြီးရာ ခိုးဝင်လာသူ အများအပြား ရှိနေသေးသည်။
ခေါင်းဆောင်သည်ကား တာအိုသစ်သီးများ စတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း သိသည်နှင့် သူ၏စိတ်နှလုံးထဲက လောဘဇောအား မထိန်းချုပ်နိုင်တော့ဘဲ ရွှီချင်းနှင့် ဆွေးနွေးကာ စတင်လှုပ်ရှားရန် ပြင်ဆင်တော့သည်။
ရွှီချင်းကလည်း ထိုအချက်အား သဘောတူ၏။
သည်ရက်ပိုင်းအတွင်း သူတို့သည် အမြဲတမ်းအားဖြင့် နန်းတော်ထဲ၌ နေထိုင်ကာ ဘေးကင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်အားဖြင့် အန္တရာယ်များလွန်းလှပေသည်။ သူ၏သရုပ်နှင့်ပတ်သက်၍ အမှားအယွင်းမရှိကြောင်း သူ ယုံကြည်မှု ရှိသော်လည်း ကျွမ်းကျင်သူများရှေ့၌ အမှန်တကယ် ဖုံးကွယ်နိုင်မည်လား သူ မသေချာပေ။
ထို့အပြင် သူ့ခန္ဓာကိုယ်မှ ရုပ်ဖျက်အဆောင်မှာလည်း အဆက်မပြတ် ပျက်ပြယ်နေသည်။
ထို့ကြောင့် အချိန်သည် အလွန်အရေးကြီး၏။
ထို့ကြောင့် ရှစ်ရက်မြောက်နေ့တွင် ရွှီချင်းနှင့်ခေါင်းဆောင်တို့ နန်းတော်ထဲမှ ထွက်လာကြ၏။ မင်းသားမူယဲ့သည် အစောင့်တစ်ဖွဲ့အား ဦးဆောင်ကာ ရွှီချင်းတို့အား အင်မော်တယ်အူခွေသစ်ပင်များ၏အပြင်ဘက်နားသို့ ခေါ်ဆောင်လာ၏။
“သခင်… ဒီနေရာဟာ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ အင်မော်တယ်အူခွေသစ်ပင်တွေပါပဲ။ သစ်တောထဲက သစ်သီးတွေဟာ မရိပ်သိမ်းရသေးတော့ ကျုပ်တို့ ဝင်လို့ မရသေးပါဘူး။”
တောအုပ်အပြင်တွင် မူယဲ့က လေးစားစွာဖြင့် ပြောသည်။
“အင်မော်တယ်အူခွေတောအုပ်ထဲမှာ ဖိအားက ကြီးလွန်းတော့ ဝင်ဖို့ ခက်ခဲပါတယ်။ သစ်သီးတွေ ခူးဆွတ်နိုင်တဲ့နေ့မှပဲ ဖိအားတွေ နည်းသွားလေ့ရှိတယ်။”
ယခင်ရက်များတွင် မူယဲ့သည် ရွှီချင်း၏အခန်းအပြင်၌ နေ့စဉ်နေ့တိုင်း ဒူးထောက်ကာ အချိန်မရွေး ဆင့်ခေါ်ခြင်းအား အသင့်စောင့်နေတတ်သည်။ သူသည် ထွဋ်ခေါင်နိုင်ငံတစ်ခုလုံး၌ ရွှီချင်းအပေါ် သစ္စာအရှိဆုံးဟုလည်း သတ်မှတ်နိုင်သည်။
တခြားတစ်ဘက်တွင် ရွှီချင်းသည် သူ၏အဆင့်အတန်းအား မြှင့်တင်ပေးခဲ့သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်တွင် ရှိနေသော ဓာတ်နှောများ၏အရင်းအမြစ်မှာ ရွှီချင်းထံမှ လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အား သခင်ဟု ခေါ်ခြင်းက မမှားပေ။
ရွှီချင်းသည် တစ်ဘက်လူ၏ခန္ဓာကိုယ်ထဲက ရင်းနှီးနေသော ဓာတ်နှောများအား ခံစားမိကာ ခေါင်းအသာညိတ်သည်။ ထို့နောက် သူက အဆုံးမရှိ နက်မှောင်နေသော တောအုပ်ထဲသို့ လှမ်းကြည့်သည်။ ထို့နောက် ခေါင်းမော့ကာ မိုးထိုးနေသော အင်မော်တယ်အူခွေသစ်ပင်ကြီးများအား ကြည့်လိုက်၏။
ယခုထိ သူသည် သစ်ပင်များမှာ ကဒ်ဘေးအင်မော်တယ်၏အူခွေများမှ ဖြစ်တည်လာခြင်းဟု မယုံနိုင်သေးပေ။
“သခင်… သခင်က နောက်ရက်ပိုင်းအတွင်း ဒီနေရာကို နတ်အာရုံ ဖြန့်ကျက်လို့ မရပါဘူး။ အရင်တုန်းကတည်းက အင်မော်တယ်အူခွေတာအိုသစ်သီး ကြီးရင့်တဲ့အချိန်ကို ရောက်တဲ့အခါ ဒီနေရာမှာ ထူးခြားတဲ့အရောင်အဝါတစ်မျိုး ဖြစ်တည်လာတတ်တယ်။”
“တကယ်လို့ နတ်အာရုံနဲ့ အာရုံခံကြည့်မိရင် အန္တရာယ်ဖြစ်နိုင်တယ်။”
မူယဲ့၏စကားကို ကြားလျှင် ရှေ့တွင် လမ်းလျှောက်နေသော ခေါင်းဆောင်က စိတ်ဝင်တစား မေးသည်။
“အန္တရာယ်ရှိတာလား… ဘယ်လို အန္တရာယ်မျိုးလဲ။”
“အရှင်… အဲဒါက ထင်ယောင်ထင်မှားဖြစ်တာပါ။ မှတ်တမ်းတွေအရတော့ တစ်စုံတစ်ယောက်ဟာ ကဒ်ဘေးအင်မော်တယ် အင်မော်တယ်ဖြစ်တဲ့အကြောင်းကို မြင်ခဲ့တယ်လို့ ရေးထားတယ်။ ပြီးနောက် သူဟာ ရူးသွပ်သွားပြီးတော့ အင်မော်တယ်ဖြစ်ဖို့ သူ့ရဲ့ အူခွေတွေကို ဖွင့်ထုတ်ဖို့ ကြိုးစားတော့တာပဲ။”
မူယဲ့က လေးစားစွာ ပြောသည်။
ခေါင်းဆောင် မျက်တောင်ပင့်လိုက်သည်။ ထို့နောက် သူက သစ်ပင်တစ်ပင်အနီးသို့ ကပ်ကာ မျက်လုံးကဲ့သို့ သစ်သီးတစ်လုံးအား ဆွဲဖြုတ်ပြီး သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
ဤနေရာသည် အင်မော်တယ်အူခွေတောအုပ်၏အစပ်နား ဖြစ်သည်။ သစ်ပင်များပေါ်တွင်ကား တွဲလောင်းကျနေသော သစ်သီးအများအပြား ရှိကြ၏။ တချို့မှာ မျက်လုံးပွင့်နေကာ တချို့မှာ ပိတ်ထားကြသည်။
“မျက်လုံးပွင့်နေတဲ့သစ်သီးတွေဟာ ခူးဆွတ်လို့ရနေပြီ။”
မူယဲ့က ရှင်းပြသည်။
သစ်သီးများအား အဆက်မပြတ် ခူးနေသော ခေါင်းဆောင်အား ကြည့်ကာ ရွှီချင်းက လက်နှစ်ဖက်ကို နောက်ပိုက်လျှက် တည်ငြိမ်စွာ ပြောသည်။
“တာအိုသစ်သီးအားလုံး ဘယ်လောက်ရှိနိုင်လဲ။”
“သခင်… နှစ်တစ်ရာတိုင်းမှာ တာအိုသစ်သီး ၃၀၀,၀၀၀ လောက် သီးပါတယ်။”
မူယဲ့က အလျင်အမြန် ဖြေသည်။
“မူယဲ့… မင်းလူတွေနဲ့ ငါ့အတွက် သစ်သီးတွေ သွားခူးလိုက်…”
ရွှီချင်းက ပြောသည်။
မူယဲ့ ချက်ချင်း ခေါင်းညိတ်ကာ သူ့နောက်လိုက်များကို ခေါ်လိက်သည်။ သူတို့သည် သစ်ပင်များထံသို့ လှမ်းသွားကာ လူခွဲလျှက် မျက်လုံးပွင့်သစ်သီးများအား စတင်ခူးယူကြ၏။
သူတို့၏လှုပ်ရှားမှုများသည် အလွန်ကျွမ်းကျင်ဟန်ရနေကာ အချိန်တိုအတွင်း သစ်သီးဆယ်လုံးခန့်ကို ခူးဆွတ်လိုက်ကြပြီး ဖြစ်သည်။ ရွှီချင်း ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
၎င်းသည် စစ်ရေးအကျိုးပြုမှတ် ၁၀၀,၀၀၀ ခန့် ဖြစ်သည်။
ချင်းချိုး၏မျက်လုံးများထဲက အလိုဆန္ဒများကို သတိပြုမိသည်တွင် ရွှီချင်းက သူ၏စိတ်လှုပ်ရှားမှုများကို မျိုသိပ်ကာ တည်ငြိမ်စွာ ပြောသည်။
“မင်းလည်း သွားခူးနိုင်တယ်။”
ချင်းချိုးသည်လည်း သစ်သီးများထံသို့ ချက်ချင်း ပြေးသွားသည်။
ရွှီချင်းသည် သူမ၏ကျင့်ကြံဆင့်အား လွန်ခဲ့သော ရက်ပိုင်းကတည်းက ဖြေလျှော့ပေးထားပြီး ဖြစ်သည်။ သို့သော်လည်း သူတို့၏အစီအစဉ်များကို ဖျက်ဆီးမည်စိုးသောကြောင့် သူမ၏သိုလှောင်အိတ်ကိုကား ပြန်မပေးသေးပေ။ ထိုအစား သူသည် ယာယီသုံးရန် သိုလှောင်အိတ်အလွတ်တစ်လုံးအား သူမကို ပေးထားသည်။
ချင်းချိုး၏နောက်ကျောကို ကြည့်ကာ ရွှီချင်း၏နှုတ်ခမ်းများက ပြုံးရောင်သန်းကာ ကွေးညွှတ်သွားသည်။ သို့သော်လည်း သူက ချက်ချင်း မည်နှာကို တည်လိုက်ကာ ခေါင်းဆောင်ရှိနေရာသို့ လှမ်းကြည့်လိုက်၏။
ထိုအခိုက်တွင် ခေါင်းဆောင်၏မျက်လုံးများသည် စူးရှတောက်ပနေပြီး သစ်သီးတစ်လုံး ခူးပြီးတိုင်း တခြားလူများ မကြားနိုင်အောင် တစ်စုံတစ်ခုအား ရေရွက်နေသေးသည်။
ခေါင်းဆောင်က သူ၏စစ်ရေးအကျိုးပြုမှတ်များအား ရေတွက်နေခြင်းဖြစ်ရမည်ဟု ရွှီချင်း ခန့်မှန်းမိသည်။
“စီနီယာအစ်ကိုကြီးရဲ့ စိတ်နှလုံးက လုံလောက်ရင် မရင့်သန်သေးဘူး။ ဘာလို့ ရေတွက်နေဦးမှာလဲ။”
ရွှီချင်း လက်နှစ်ဘက်ကို နောက်တွင်ပိုက်ကာ ခေါင်းယမ်းသည်။
မကြာမီ မူယဲ့သည် တာအိုသစ်သီး ၂၅လုံးအား ယူလာကာ လေးစားစွာ ပေးသည်။ ရွှီချင်းက သစ်သီးများကို လက်ခံကာ သိုလှောင်အိတ်ထဲကို ထည့်ပြီး တီးတိုးရေရွက်သည်။
“၂၅၀,၀၀၀…”
ထို့နောက် သူက မူယဲ့နှင့် သန့်စင်ရေလှိုင်းကျင့်ကြံသူများ သစ်သီးခူးနေသည်ကို ကြည့်ကာ တိတ်တခိုးရေတွက်လိုက်သည်။
“၂၆… ၂၈… ၃၁…”
ခေါင်းဆောင်၏လှုပ်ရှားမှုများက ဟာကွက်ဖြစ်လာမည်ကိုကား ရွှီချင်း ဂရုမစိုက်ပါ။ ထို့နောက် တစ်နာရီခန့် ကြာပြီးနောက်တွင် ထိုနေရာမှ ခူးဆွတ်နိုင်သော တာအိုသစ်သီးများအားလုံး ကုန်သွားသည်။
သူတို့က သစ်သီးတစ်ရာခန့် ခူးပြီးနောက်တွင် တခြားနေရာများသို့ သွားမည်ပြုစဉ် အဝေးတောအုပ်ထဲက ဆူညံသံတချို့ ကြားလိုက်ကြရသည်။
မူယဲ့ ချက်ချင်း သတိကြီးစွာဖြင့် ရွှီချင်းဘေးသို့ ရောက်လာကာ အစောင့်အရှောက်ကဲ့သို့ အသင့်ပြင်လိုက်သည်။ သူက သူ့နောက်လိုက်များအား ထိုနေရာမှ အခြေအနေကို သွားကြည့်ရန် စေခိုင်းလိုက်၏။ မကြာမီ ထိုလူများ ပြန်ရောက်လာကြသည်။
“သခင်… အဲဒါ တိမ်တိုက်နိုင်ငံက ကင်းလှည့်အဖွဲ့ပါ။ သူတို့က ခိုးဝင်သူတချို့ကို ဖမ်းမိကြပါတယ်။ သူတို့ထဲမှာ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်တစ်ယောက်လည်း ပါတယ်။ သူတို့ကို ခုနကပဲ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်။”
“ကဒ်ဘေးအင်မော်တယ်မျိုးဆက်လား…”
ရွှီချင်းက ခေါင်းဆောင်၏ပြောစကားများကို ပြန်အမှတ်ရသည်။ အင်မော်တယ်အူခွေတောအုပ်သည် ကဒ်ဘေးအင်မော်တယ်မျိုးနွယ်တစ်ဦး အင်မော်တယ်ဖြစ်ရာမှ ပြောင်းလဲလာခြင်း ဖြစ်သည်။
“သခင်… သန့်စင်သွေးမျိုးဆက် ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ဆိုတာ မရှိတော့ပါဘူး။ ဒါပေမဲ့ သန့်စင်ရေလှိုင်းဒေသကြီးမှာ သွေးနှော ကဒ်ဘေးအင်မော်တယ်မျိုးဆက် အများကြီး ကျန်နေပါသေးတယ်။ သူတို့ကို သတ်တာက သိပ်မကောင်းပါဘူး။ ဒါကြောင့် သူတို့ကို ဖမ်းမိတဲ့အခါ အကျဉ်းချထားပြီးတော့ သစ်သီးတွေ ခူးပြီးတဲ့အချိန်ကျတဲ့အခါ ပြန်လွှတ်ပေးလေ့ ရှိပါတယ်။”
မူယဲ့ ရှင်းပြနေစဉ် အဝေးမှ ခြေသံများနှင့်အတူ အော်သံတချို့ကိုလည်း ကြားရသည်။
“ခင်ဗျားမှာ ကျုပ်ကို ဘာအခွင့်အာဏာနဲ့ ဖမ်းတာလဲ။ ဒါက ကျုပ်ဘိုးဘေး အင်မော်တယ်ဖြစ်လာတဲ့နေရာပဲ။”
“ကျုပ်က ဒီနေရာမှာ တာအိုသစ်သီးနည်းနည်း လာခူးရုံပဲ။ ဘာအကြောင်းပြချက်နဲ့ တားရတာလဲ။ ကျုပ် အများကြီး မလိုချင်ဘူး အလုံးသုံးဆယ်လောက်ပဲ။”
“ခင်ဗျား ကျုပ်ကို ထိရဲရင် ထိကြည့်။ ကျုပ် သွေးတွေ ဘိုးဘေးအပေါ်မှာ စွန်းသွားစေရမယ်။ ဘိုးဘေးက သူနိုးလာတဲ့အချိန်မှာ သေချာပေါက် ဒေါသထွက်မှာပဲ။”
အသံများ ထွက်ပေါ်လာသည်တွင် ခေါင်းဆောင်က မျက်မှောင်ကျုံ့ကာ ကြည့်သည်။ ရွှီချင်း၏မျက်လုံးများလည်း ဝင်းလက်သွား၏။
မကြာမီ သန့်စင်ရေလှိုင်းကျင့်ကြံသူတစ်စုသည် ခိုးဝင်သူ ရှစ်ဦးခန့်အား ဖမ်းဆီးကာ ရွှီချင်းတို့အနီးမှ ဖြတ်သွားသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့အား မြင်သည်တွင် သူတို့၏အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့သည်လည်း ကောင်းကင်နက်မျိုးနွယ်ဝင်နှစ်ဦး ရောက်လာသည့်သတင်းအား ကြားသိထားပြီးဖြစ်ရာ အလျင်အမြန် နှုတ်ဆက်ကြသည်။
ဖမ်းဆီးလာသူ ရှစ်ဦးထဲတွင် ကွဲပြားခြားနားသော အရောင်အဝါနှင့်လူငယ်တစ်ဦး ပါဝင်သည်။ သူ့နဖူးတွင် ရုပ်ပုံအမှတ်အသားနှင့်ဖြစ်ကာ ၎င်းသည် မြွေ သို့မဟုတ် အူခွေပုံစံဖြစ်သည်။
ထိုအော်ဟစ်နေသောလူငယ်သည် ရွှီချင်းတို့အနီးမှ ဖြတ်သွားသည်တွင် မှင်တက်သွားသည်။ သူသည်လည်း ကောင်းကင်နက်မျိုးနွယ်ဝင်များအား မှတ်မိသည်။
ထိုအခိုက်တွင် သူသည် ချင်းချိုးအား မြင်လိုက်ရာ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွား၏။ သို့သော်လည်း သူသည် လျင်မြန်စွာ သတိဝင်လာကာ ဆက်လက်၍ ဆဲရေးပြီး သူ့ခြေလှမ်းများကို မြန်ဆန်စွာ လှမ်းလိုက်သည်။
ချင်းချင်းလည်း အကြည့်လွှဲလိုက်၏။ သူမ၏အမူအရာသည် လူငယ်အား မမြင်ဖူးသည့်အလား မည်သို့မှ ပြောင်းလဲခြင်း မရှိပေ။
ခေါင်းဆောင်က အေးစက်စွာ နှာမှုတ်ကာ မျက်မှောင်ကျုံ့လိုက်သည်။
ရွှီချင်းကလည်း သူ့အား ကြည့်ကာ တီးတိုးရေရွက်သည်။
‘နင်ယန်… မင်း တကယ်ပဲ ဒီကို လာခဲ့တာပဲ’