← Chapters

ပို၍ပြင်းထန်လာသော အခြေအနေ (ခ)

Vol. 40 Ch. 597

ပို၍ပြင်းထန်လာသော အခြေအနေ (ခ)

Vol. 40 Ch. 597

မူယဲ့နှင့်တခြားလူများ အလျင်အမြန် သူ့နောက်မှ လိုက်ပါသွားကြသည်။

ခေါင်းဆောင်ကလည်း ကြိုးကို ဆွဲလိုက်သည်တွင် နင်ယန်သည်လည်း တုန်ခါသွားကာ နောက်မှ လိုက်ရ၏။ သူ့စိတ်နှလုံးသည်ကား တွေဝေခြင်း၊ ရှုပ်ထွေးခြင်း၊ ကြောက်လန့်ခြင်းနှင့် နောင်တရခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

အရာအားလုံးသည် သူ့အစီအစဉ်နှင့် လွဲချော်နေခဲ့သည်။ သူ၏အစီအစဉ်အရ သည်တစ်ကြိမ် ကျရှုံးခဲ့လျှင်ပင် အန္တရာယ်နှင့် ကြုံတွေ့စရာ မရှိပေ။ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ဟူသော သရုပ်က သူ့အား အများဆုံး အချုပ်အနှောင်ခံရကာ နောက်ပိုင်းတွင် လွှတ်ပေးခံရမည် ဖြစ်သည်။

မည်သို့ဆိုစေ သည်နေရာကား ကဒ်ဘေးအင်မော်တယ်မျိုးနွယ်က အင်မော်တယ်ဖြစ်လာသောနေရာ ဖြစ်သည်။ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်သည်ကား သန့်စင်ရေလှိုင်းဒေသကြီး၏ အစစ်အမှန် ဒေသခံများဖြစ်ကာ များစွာသော မျိုးဆက်များ ကျန်ရှိနေသေးသည်။

နောက်ပိုင်းမှ ရောက်လာသူများ ဖြစ်သည့်အလျောက် သန့်စင်ရေလှိုင်းမျိုးနွယ်သည် မျိုးနွယ်နှစ်ခုအကြား ပြဿနာအလွယ်တကူ မဖြစ်လိုကြပေ။

အမှန်တကယ်အားဖြင့် သူသည် အချုပ်အနှောင်မှ လွတ်မြောက်သောအခါ တာအိုသစ်သီး တစ်လုံး နှစ်လုံးခန့်ပင် ရနိုင်သေးသည်။ ၎င်းသည် အလွန်ကောင်းမွန်သော အခွင့်အလမ်းဖြစ်သောကြောင့် သူ ရောက်လာခြင်း ဖြစ်သည်။

သို့သော်လည်း သူက ကောင်းကင်နက်မျိုးနွယ်ဝင်များနှင့် တွေ့ရမည်ဟု မထင်ထားခဲ့ပေ။

နင်ယန် ဆွဲခေါ်ခံရသည်တွင် သူက ချင်းချိုးအား ဝမ်းနည်းခြင်း၊ နာကျည်းခြင်းများဖြင့် ကြည့်သည်။ ချင်းချိုး၏မျက်လုံးထဲတွင်လည်း မိမိကဲ့သို့ ခံစားချက်များ ရောစွက်နေသည်ကို သူ သတိထားမိလိုက်ရ၏။

ထိုသို့ဖြင့် သူတို့နှစ်ဦးသည် ရွှီချင်း၊ ခေါင်းဆောင်တို့နှင့်အတူ ထွဋ်ခေါင်နိုင်ငံသို့ ရောက်လာကြ၏။

ပြန်ရောက်လာပြီးနောက်တွင် ရွှီချင်းသည် ပုံမှန်အတိုင်း ခန်းမထဲတွင် တရားထိုင်နေသည်။ ချင်းချိုးသည်ကား သူ့ဘေးတွင် အံကြိတ်ကာ ထိုင်နေ၏။ သူမသည် အစေခံတစ်ယောက်အဖြစ် လုံးဝ လက်မခံနိုင်ဘဲဖြစ်ကာ လွတ်မြောက်နိုင်မည့်အခွင့်အလမ်းအား အမြဲတစေ ရှာဖွေနေ၏။

ခေါင်းဆောင်သည်လည်း ပုံမှန်အတိုင်း ဖြစ်သည်။ သူ ပြန်ရောက်သည်နှင့် နင်ယန်အား ဝမ်းသာအားရ ဆွဲခေါ်သွား၏။ နင်ယန်မှာ ကြောက်လန့်တကြား ရုန်းကန်ပါသော်လည်း မည်သို့မှ မတတ်နိုင်ဘဲ ဘေးခန်းထဲသို့ ဆွဲခေါ်ခံရသည်။

မကြာမီ နင်ယန်၏ နာကျင်စွာ အော်ဟစ်သံသည် တစ်ဘက်ခန်းမှ ကျယ်လောင်စွာ ထွက်ပေါ်လာတော့၏။

“အရှင်… ခင်ဗျား ခင်ဗျား ဘာလုပ်နေတာလဲ…”

“အား…”

နံရံတစ်ဘက်မှ အော်သံများ အဆက်မပြတ် ထွက်ပေါ်လာပြန်သည်။

ချင်းချိုး ဆတ်ခနဲ တုန်သွားသည်။ ဘေးခန်းတွင် ဘာဖြစ်နေသည်ကို သူမ မသိသလို နတ်အာရုံဖြင့်လည်း မကြားသိနိုင်ပါ။ သို့သော်လည်း ထိုနာကျင်စွာ အော်ဟစ်သံများထဲက ကြောက်စရာမြင်ကွင်းများကို တွေးကြည့်နိုင်သည်။

သူမက အမြဲတမ်းအားဖြင့် တည်ငြိမ်နေတတ်သော ရွှီချင်းအား လှမ်းကြည့်ကာ ကောင်းကင်နက်မျိုးနွယ်များ၏ ရက်စက်မှုများနှင့် ပတ်သက်၍ ပိုမိုနားလည်လာခဲ့သည်။

‘ကောင်းကင်နက်မျိုးနွယ်တွေ သေသင့်တယ်… အထူးသဖြင့် ဒီနှစ်ယောက်ပဲ’ ချင်းချိုး တတ်တခိုး တွေးသည်။

ရွှီချင်း ထိုအချင်းအရာများကို ဂရုမစိုက်ပါ။ သူ့အတွက်ကား ထိုအော်ဟစ်သံများသည် ခေါင်းဆောင်၏ အကိုက်ခံရခြင်းများ ဖြစ်သည်။

‘သူ ဓားထိန်း ဖြစ်နေတုန်းက မကိုက်ခဲ့ရဘူး။ အခု သူ့သရုပ်ပြောင်းသွားတော့ သူ့စရိုက်အရ နင်ယန်ရဲ့ခန္ဓာကိုယ်ကို မစူးစမ်းဘဲ ဘယ်နေပါ့မလဲ’

ရွှီချင်း သူ့နတ်အာရုံကို ဖြန့်ကျက်ကာ နန်းတော်အပေါ်တွင် ရှိနေသော ကောင်းကင်နက်ရုပ်တုနှင့် ပေါင်းစပ်လိုက်သည်။ သူ၏ စူးစမ်းလေ့လာမှုကို ဆက်လက်ပြုလုပ်၏။ ဤသည်ကား လတ်တလောအချိန်အတောအတွင်း သူ စိတ်ဝင်စားမှု အရှိဆုံးကိစ္စလည်း ဖြစ်သည်။

“ဒါကို ဖုန်းဟိုင်ဒေသငယ်သို့ ယူသွားလို့ရရင်…”

ရွှီချင်း အနည်းငယ် လောဘတက်မိသည်။

ကောင်းကင်နက်ရုပ်တုသည် အလွန်ထူးခြားဆန်းကြယ်၏။ ရုပ်တုထဲက အနီရောင်လ၏စွမ်းအားသည် အတော်လေး သိပ်သည်းကာ အမြဲတမ်းအားဖြင့် ဓာတ်နှောများ ထုတ်လွှတ်နေသည်။ ရွှီချင်းက ရုပ်တုကို အမိန့်ပေးစေခိုင်းနိုင်သော်လည်း ယူဆောင်သွားရန်တော့ မသင့်တော်ပါ။

ပထမအချက်အနေနှင့် ရုပ်တုသည် သူ၏သိုလှောင်အိတ်ထဲ၌ ထည့်၍ မရပေ။ ဒုတိယအနေနှင့် သူသည် အနီရောင်လနှင့်သာ ရင်ဆိုင်ရပါက ရုပ်တုသည် သေချာပေါက် ဘက်ပြောင်းသွားနိုင်သည်။

သူသာ ရုပ်တုကို ယူဆောင်သွားပါက အချိန်မရွေး ပေါက်ကွဲနိုင်သော ပြဿနာတစ်ခု ဖြစ်နေပေလိမ့်မည်။

‘အနီရောင်လစွမ်းအားကို ငါ့ရဲ့ ခရမ်းလစွမ်းအားနဲ့ အစားမထိုးနိုင်သရွေ့…’

ရွှီချင်း မျက်မှောင်ကျုံ့လိုက်သည်။ ၎င်းသည် သူ့စူးစမ်းလေ့လာမှုများ၏ ဦးတည်ချက်လည်း ဖြစ်သည်။

ရွှီချင်း သူ့စူးစမ်းမှုများကို ဆက်လက်၍ ပြုလုပ်နေရင်း ညအမှောင်ထု ရောက်လာခဲ့သည်။ ထို့နောက် လူသားပုံသဏ္ဍာန် မီးအိမ်များလည်း စတင်လွင့်မြောလာကြပြီး ညအမှောင်ထုအား အလင်းပေးကြ၏။

ထွဋ်ခေါင်နိုင်ငံနန်းတော်အပြင်ဘက်၌ သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူ တစ်ဒါဇင်ကျော်ခန့်သည် မူလက ကောင်းကင်နက်ရုပ်တု တည်ရှိရာနေရာ၌ သုန်မှုန်စွာ ရပ်နေကြသည်။

ပတ်ဝန်းကျင်သည် ယခင်ကတည်းက ပိတ်ဆို့ထားပြီးဖြစ်ကာ အပြင်လူများ အာရုံမခံနိုင်အောင် ဝင်္ကပါအစီအရင်တစ်ခုကိုလည်း ချမှတ်ထားကြသည်။

ထိုလူများထဲတွင် အများစုမှာ ဝိညာဉ်သူငယ် ပြီးပြည့်စုံခြင်းအဆင့်၌ ရှိကြသည်။ ငါးယောက်မှာကား ထိုအဆင့်ကိုလွန်ကာ ဝိညာဉ်သိုက်သို့ ရောက်ရှိနေကြပြီး ဖြစ်သည်။

ထွဋ်ခေါင်နိုင်ငံဘုရင်သည် သူတို့ငါးဦးထဲက တစ်ယောက် ဖြစ်သည်။

သူတို့အားလုံးရှေ့တွင် ရပ်နေသည်ကား အနက်ရောင်ဝတ်လူအိုကြီးတစ်ဦး ဖြစ်သည်။ လူအိုကြီး၏အသေားအရေသည် အနီရောင်ဖြစ်ကာ အတော်လေး ထူးဆန်းသောသွင်ပြင်ရှိသည်။ သူ့နောက်မှ လျှို့ဝှက်ဝိညာဉ်သိုက်လေးခုမှာ ကြောက်စရာကောင်းသော အားလှိုင်းများ ထုတ်လွှတ်နေ၏။

သူသည် ထွဋ်ခေါင်နိုင်ငံ၏ နတ်ဆရာဖြစ်သည်။ ထိုအခိုက်တွင် သူ၏အမူအရာသည် သုန်မှုန်နေ၏။ သူက ခေါင်းကို မော့ကာ အားလုံးကြည့်နေသော နန်းတော်နေရာသို့ ကြည့်သည်။ ထို့နောက် သူက နှာတစ်ချက်မှုတ်လိုက်၏။

“ဒါက အဓိပ္ပာယ်မရှိတာပဲ…”

“မင်းတို့အားလုံးက နိုင်ငံ့ခေါင်းဆောင်တွေပဲ။ မင်းတို့က ဒီလောက်ကိုတောင် အကဲမဖြတ်နိုင်ဘူးလို့ မပြောနဲ့…”

“ကောင်းကင်နက်မျိုးနွယ်ဟာ ဘယ်လို အဆင့်အတန်းမျိုး ရှိသလဲ။ သူတို့က သယ်ပို့ယှဉ်တန်းနဲ့ ဘယ်လို လိုက်လာနိုင်မလဲ။”

“အယောင်ဆောင်နှစ်ယောက်ထဲက တစ်ယောက်ဆိုရင် ကိုးကွယ်ယုံကြည်မှု ရောနှောနေပြီးတော့ ရုပ်ထွေးတဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသေးတယ်။ သူက ဘယ်လိုလုပ် ကောင်းကင်နက်မျိုးနွယ် ဖြစ်ပါ့မလဲ။”

“ပြီးတော့ သူတို့အစေခံဟာ လူသားမျိုးနွယ်တွေရဲ့ ဓားကိုင်လက်သစ်တစ်ယောက်ပဲ။ သူမနာမည်က ချင်းချိုးပဲ။ မင်းတို့က ဒီအချက်ကို တွေ့ထားတာတောင် ဘာလို့ တွန့်ဆုတ်နေသေးတာလဲ။”

အဖိုးအိုက ကြိမ်းမောင်းသည်။ အားလုံးက တိတ်ဆိတ်စွာ ခေါင်းငုံ့ထားကြကာ မည်သည့်စကားမှ မပြောကြပေ။ သို့သော်လည်း သူတို့အကြည့်က ထွဋ်ခေါင်နိုင်ငံဘုရင်ထံသို့ ရောက်နေကြသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့၏သရုပ်နှင့်ပတ်သက်၍ မည်သူမှ မယုံခဲ့ကြပေ။ ယခုတိုင် သူတို့အများစု မယုံကြည်ကြပါ။ သို့သော်လည်း ကောင်းကင်နက်ရုပ်တု ဒူးထောက်ခြင်းနှင့် ကောင်းချီးပေးခြင်းအရှိန်အဝါတို့မှာ အစစ်အမှန် ဖြစ်သည်။

ထိုဖြစ်ရပ်က သူတို့အား တွေဝေစေသည်။

“ပြီးတော့ ထွဋ်ခေါင်ဘုရင်… ကျုပ် ခင်ဗျားသားရဲ့ ကောင်းချီးကို စစ်ဆေးပြီးပြီ။ ဒါက အပေါ်ယံသက်သက်ပဲ။ ခင်ဗျား ကျုပ်ကို မယုံရင် ပြည်ထောင်ကို ပို့ပြီးတော့ သူတို့တစ်ချက် စစ်ဆေးကြည့်ပါစေ။”

လူအိုကြီးက တင်းမာစွာ ပြောကာ နန်းတော်ရှိရာသို့ ကြည့်သည်။

“ရယ်စရာအကောင်းဆုံးက သူတို့နှစ်ယောက်ပဲ။ သူတို့မှာ လှည့်ကွက်နည်းနည်းရှိပြီးတော့ မင်းတို့ကို အရူးလုပ်နိုင်တယ်ဆိုပေမဲ့ ဟန်ဆောင်စရာအများဆုံးထဲကမှ ကောင်းကင်နက် နတ်သားတော်အနေနဲ့ ဟန်ဆောင်ခဲ့ကြတာပဲ။”

“ဟင်း… ဒီလူအိုကြီးက ကောင်းကင်နက်မျိုးနွယ်မှာ ကျင့်ကြံနေခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ ကောင်းကင်နက်မျိုးနွယ်မှာ တာအိုရောင်းရင်းတွေ အများကြီးရှိပေမဲ့ သူတို့ဆီမှာ နတ်သားတော်ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။”

All Chapters