← Chapters

စိတ်ဓာတ်ကျနေသော လျှိုချွမ်

Vol. 37 Ch. 547

စိတ်ဓာတ်ကျနေသော လျှိုချွမ်

Vol. 37 Ch. 547

ထိုသို့သောအချိန်၌ ဘာပြောပြော အချိန်နှောင်းလွန်းနေပြီဖြစ်ကာ လူတိုင်း စိတ်ထဲမှ ဆုတောင်းရုံသာ တတ်နိုင်လေသည်။

ထိုစဉ် ရဲ့လင်းချန်က မကောင်းဆိုးဝါးနှင့် ပြိုင်တူ တိုက်ခိုက်လာသဖြင့် ပြင်းထန်သော စွမ်းအင်လှိုင်းကြောင့် လေထဲ၌ ပေါက်ကွဲသံများ ဖြစ်ပေါ်လာသည်။ ဖိအားကြောင့် လေထု သိပ်သည်းလာသည်ကို သိသိသာသာ မြင်နေရသည်။

လုံးဝဥဿုံ ခြားနားသော စွမ်းအားနှစ်မျိုးက ထိပ်တိုက် တိုက်မိသွားလေပြီ။

“ဝုန်း”

ပြင်းထန်သော စွမ်းအားက ဒုံးကျည်ကဲ့သို့ အရပ်မျက်နှာအနှံ့သို့ လှိုင်းများထစေပြီး စစ်သည်တော်များအားလုံးကို လဲသွားစေသည်။

*သန်မာလိုက်တာ*

*ကြောက်ဖို့ကောင်းလိုက်တာ*

လူတိုင်း၏ စိတ်ထဲ၌ ထိုအတွေးများသာ ဝင်ရောက်နေ၏။

“ဝုန်း”

ထို့နောက် ချက်ချင်းဆိုသလိုပင် မကောင်းဆိုးဝါး၏ ကြီးမားသော ခန္ဓာကိုယ်က အခိုးငွေ့များထဲမှ လွင့်ထွက်လာ၏။ ၎င်း၏ ရင်ဘတ်တွင် ပန်းကန်ခွက်အရွယ် အပေါက်တစ်ခု ရှိနေပြီး ထုတ်ချင်းပေါက်နေလေသည်။

လူတိုင်းသည် ထိုမကောင်းဆိုးဝါးအား ကြောင်တောင်တောင် ကြည့်နေပြီးမှ ရဲ့လင်းချန်ကို ပြန်ကြည့်ကြသည်။

သူသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချပြီး တာဝန် ပြီးဆုံးသွားသည့် သိုင်းပညာရှင် အကျော်အမော် တစ်ယောက်သဖွယ် ရပ်နေလေသည်။ လေက တိုးဝှေ့တိုက်ခတ်သွားသောအခါ သူ၏ပုံစံက မျိုးဆက်တစ်ခု၏ အတော်ဆုံး ပညာရှင်တစ်ယောက်နှင့် တူသယောင်ယောင် ဖြစ်လာသည်။

“မိုက်လိုက်တာ၊ အံ့ဩဖို့ ကောင်းတာပဲ”

“သူ့လိုလူမျိုးက စည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းတဲ့သူတွေက စိတ်ဓာတ်သာတဲ့ဆိုတဲ့ စကားမျိုး ပြောနိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ဟူး … ငါတို့ သူ့ကို အထင်လွဲခဲ့တာပဲ”

“ဒါက … ဒီခွန်အားက နည်းပြချုပ်ထက်တောင် ပိုသာသေးတယ်”

လူတိုင်း စိတ်လှုပ်ရှားခြင်းနှင့် အံ့ဩခြင်းတို့ ရောထွေး ခံစားမိနေသည်။ ထိုမျှသော အချိန်တိုလေးအတွင်း၌ သူတို့ စိတ်တည်ငြိမ်လာနိုင်ရန် ခက်ခဲပေသည်။

ရဲ့လင်းချန်က သန်မာမှန်း လင်းအောင် သိသော်လည်း သူ့ခွန်အားကို ယခုမှ တိတိကျကျ မြင်တွေ့ဖူးခြင်း ဖြစ်သဖြင့် အချိန်တစ်ခုအထိ သတိလက်လွတ် ဖြစ်နေလေသည်။

ချင်ပိုင်ချွမ်းနှင့် အခြားသူများသည်လည်း အချင်းချင်း ပြန်ကြည့်နေကြသည်။ လူတိုင်း အခြားသူ၏ မျက်လုံးတွင်းမှ ထိတ်လန့်မှုနှင့် ပျော်ရွှင်မှုတို့ကို မြင်နေရသည်။

တရုတ်နိုင်ငံက ဤသို့ ထူးချွန်သော လူငယ်လေးတစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့် မထားမိပေ။

ကျန့်ယွီသည် သူ လုပ်ခဲ့သော အရာများကို ပြန်တွေးမိပြီး ရှက်ရွံ့သွားလေသည်။

ရဲ့လင်းချန်၏ မျက်လုံးထဲတွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုသော တည်ရှိမှုမျိုး ဖြစ်နေခဲ့သည်။ ရဲ့လင်းချန် အရှေ့၌ သူ အလွန် မာန်မာနကြီးပြခဲ့ပုံက ရယ်စရာ ကောင်းလှသည်။ ထိုအပြုအမူက မောက်မာကာ အကြောက်အလန့် မဲ့လှသည်။

နောက်ထပ် အခွင့်အရေးသာ ပေးခဲ့မည်ဆိုလျင် သူသည် ရဲ့လင်းချန်အား “ကျွန်တော် တောင်းပန်ပါတယ်၊ မင်း ဒီလောက် တော်မှန်း ငါ မသိလို့ပါ” ဟု စိတ်ရင်းနှင့် ပြောမိမှာပင်။

“သူရဲကောင်းတစ်ယောက်က လူငယ်တွေဆီကနေ မွေးဖွားလာတာပဲ၊ ဒါ လူငယ်တစ်ယောက်ကနေ သူရဲကောင်း တစ်ယောက် မွေးဖွားလာတာပဲ”

ချင်ပိုင်ချွမ်းက ရယ်နေပြီးနောက် ရဲ့လင်းချန်ထံသို့ နီရဲနေသော မျက်နှာနှင့် လျှောက်သွားသည်။ ထိုအချိန်တွင် အခြားသော နည်းပြများကလည်း စုဝေးလာ၏။

လူတိုင်း ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း အလွန်အမင်း‌ ပျော်ရွှင်နေပုံ ရသည်။ သူတို့နိုင်ငံ၌ ဤသို့သော ပညာရှင်တစ်ယောက် ရှိနေသည်ကို သိလိုက်ရသည့် ပျော်ရွှင်မှုအား အခြား ဘယ်အရာကမှ အစားမထိုးနိုင်ချေ။

“ရဲ့လင်းချန် နည်းပြချုပ်တွေကို နှုတ်ဆက်ပါတယ်”

“ဟားဟားဟား မင်းက မဆိုးဘူးပဲ၊ ကောင်လေးရ၊ မင်း မဆိုးဘူး”

ချင်ပိုင်ချွမ်းက ပြုံးနေသည်။

“အဘိုးကြီးလင်းဆီနေ မင်းကို ချီးကျူးတဲ့ စကားတွေကို ကြားနေခဲ့တာ၊ ဒီနေ့ ငါ မင်းကို တွေ့လိုက်ရမှပဲ မင်းက အဘိုးကြီးလင်း ပြောတာထက် အဆတစ်ရာလောက် ပိုတော်နေတာကို သိတော့တယ်”

“ကောင်းကင်ဘုံက တရုတ်နိုင်ငံအတွက် နဂါးတစ်‌ကောင် မွေးထုတ်ပေးလိုက်တာပဲ”

အခြားနည်းပြများကလည်း ရဲ့လင်းချန်ကို ကြည့်ပြီး ခေါင်းညိတ်ကာ ပြုံးနေကြသည်။

“လူငယ်လေး၊ မင်း အပြာရောင် ဝံပုလွေအဖွဲ့ကို နည်းပြအနေနဲ့ လာဖို့ စိတ်ဝင်စားလား၊ ငါ မင်းအတွက် အာမခံ ပေးမယ်”

အပြာရောင် ဝံပုလွေ၏ နည်းပြချုပ်က ရဲ့လင်းချန်အား စူးရှသော အကြည့်များနှင့် သွေးဆောင်နေ၏။

“မင်း သေချာပေါက် အထူး ခံစားခွင့်တွေ ရမှာကွ”

“ဘေးဖယ်စမ်း၊ အပြာရောင် ဝံပုလွေက အခြေအနေတွေက ကြမ်းတယ်၊ မိတ်ဆွေလေးရဲ့က တောင်ပိုင်းသားကွ၊ သူ အဲ့က ပတ်ဝန်းကျင်နဲ့ အသားကျမှာ မဟုတ်ဘူး”

ကြမ်းကြုတ်သော ကျားအဖွဲ့၏ နည်းပြချုပ်က အခိုင်အမာ ပြောသည်။

“မင်း ကြမ်းကြုတ်သောကျားအဖွဲ့ကို လာပါလား၊ မင်းရဲ့ ဇာတိမြို့နဲ့ အရမ်း နီးတယ်၊ ပြီးတော့ သတင်းသာ ထွက်လာရင် လူတိုင်း စိတ်ဝင်စားလာမှာပဲ၊ မင်းဇာတိမြို့ကို ဂုဏ်ရှိရှိ ပြန်ရတာ ကောင်းတယ်လို့ မထင်ဘူးလား”

ကြမ်းကြုတ်သောကျားအဖွဲ့၏ နည်းပြချုပ်က ရဲ့လင်းချန်၏ စိတ်ဝင်စားနိုင်မှုများကို ကမ်းလှမ်းလေသည်။ ရဲ့လင်းချန်၌ ကြွားဝါး၍ ဟန်ထုတ်ချင်သည့် လူငယ်စိတ် ရှိသေးမှန်း သူ သိသည်။

“ပေါ့ပေါ့တန်တန် ဖြစ်လိုက်တာကွာ၊ လက်တွေ့ဆန်စမ်းပါ”

အမဲလိုက်သိမ်းငှက်၏ နည်းပြချုပ်က ချက်ချင်း ဝင်ပြောပြီး ရဲ့လင်းချန်ကို ကြည့်ကာ ပြောသည်။

“ညီလေးရဲ့၊ အမဲလိုက် သိမ်းငှက်ဆီ လာခဲ့၊ ငါ ကြွားတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့နေရာက တစ်နိုင်ငံလုံးက မိန်းမလှလေးတွေ ထွက်ပေါ်တဲ့ ထိပ်တန်းနေရာသုံးခုထဲက တစ်ခုပဲ၊ လမ်းပေါ်မှာ မျက်စိဖမ်းစားနိုင်တဲ့ အလှလေးတွေ အများကြီးပဲ”

“မင်းတို့အားလုံး တော်လိုက်တော့၊ စစ်သည်တော်ဌာနကို မင်းတို့ ဘာမှတ်နေတာလဲ”

ချင်ပိုင်ချွမ်းက သိက္ခာရှိသော ဟန်ပန်ဖြင့် စူးစူးဝါးဝါး အော်ငေါက်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

“သူက မြို့တော်ကို ရောက်နေမှတော့ သေချာပေါက် နဂါးအဖွဲ့က သူ့ကို ပိုင်တယ်၊ ငြင်းချင်တဲ့သူ ရှိလား”

ကျန်သုံးယောက်က သူ့အား ငြင်းချင်သည်ကို မြင်ပြီး ချင်ပိုင်ချွမ်းက အသည်းအသန် ပြောလိုက်သည်။

“အလယ်အလတ်အဆင့် ကြီးကြပ်သူရဲ့၊ အစက ဒီနေ့ မင်းကို အလယ်အလတ်အဆင့် ကြီးကြပ်သူရာထူးကို တိုးပေးမလို့ပဲ၊ ဒါပေမဲ့ မင်းရဲ့ လုပ်ဆောင်ချက်က သိပ်ကောင်းပြီး ထင်ထားတာထက် ပိုသာနေခဲ့တယ်၊ ဒါကြောင့် မင်းကို အခုချက်ချင်း အမြင့်တန်းအဆင့် ကြီးကြပ်သူအဖြစ် ရာထူးတိုးပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ”

အမြင့်တန်းအဆင့် ကြီးကြပ်သူများသည် ဗိုလ်ချုပ်ကြီးများထက် တစ်ဆင့်သာ နိမ့်သည်။ နိုင်ငံတွင်း၌ အမြင့်တန်းအဆင့် ကြီးကြပ်သူ အရေအတွက်က တစ်ရာပင် မရှိချေ။

ထို့အပြင် အမြင့်တန်းအဆင့် ကြီးကြပ်သူတစ်ယောက်အနေဖြင့် ရဲ့လင်းချန်သည် ဖန့်ဟုန်ကဲ့သို့ ဒေသခံ စစ်ဌာနကို သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်လေပြီ။ ဖန့်ဟုန်၏ အဆင့်သည် အမြင့်တန်းအဆင့် ကြီးကြပ်သူတစ်ယောက် သက်သက်သာ ဖြစ်သည်။

အတိုချုပ်၍ ပြောရလျင် သူတို့တွင် ကြီးမားသော အာဏာရှိပြီး သူတို့လမ်းရှိ အရာအားလုံးကို စိုးမိုးနိုင်လေသည်။

ထိုစကားအား ဆန့်ကျင့်သူ တစ်‌ယောက်မှ မရှိချေ။ လူတိုင်းက ထိုက်တန်သည်ဟု ခံစားမိနေကြသည်။

သိုင်းပညာရှင်များသည် သိုင်းပညာကို မြတ်နိုးသူများ ဖြစ်သည်။ ရဲ့လင်းချန်၏ ခွန်အားက သူတို့အား သူ့အပေါ် လေးစားလာစေခဲ့ပြီး ယနေ့ သူက သူတို့အားလုံးကို ကယ်တင်ခဲ့သည်။

ထိုသို့သောအချိန်၌ စစ်သည်တော်တစ်ယောက်က ဒယိမ်းဒယိုင်နှင့် လျှောက်လာသည်။ သူ၏ အမူအရာက စိတ်ဓာတ်ကျနေပြီး အမြင်အာရုံက ဝေဝါးဝါး ဖြစ်နေသေးသည်။

“လျှိုချွမ်လား၊ မင်း ခုနက ဘယ်သွားနေတာလဲ”

“ကျွန်တော် သန့်စင်ခန်းထဲမှာပါ”

လျှိုချွမ်က နဖူးကို ရိုက်လိုက်သည်။ သူ့အရှေ့မှ ဖရိုဖရဲ အခြေအနေကို သတိထားမိပြီးနောက် မနေနိုင်ဘဲ မေးလာသည်။

“ဒီမှာ ဘာဖြစ်သွားတာလဲ၊ မင်းတို့အားလုံး ဘာလို့ ဒဏ်ရာရနေတာလဲ”

“ပြောရရင်တော့ အရှည်ကြီးပဲ၊ ဒါပေမဲ့ မင်း ဘာလို့ သန့်စင်ခန်းထဲမှာ အဲ့လောက် ကြာနေတာပဲ၊ မင်း ဘာလို့ အဲ့ကို သွားတာလဲ”

“သေတာပါပဲဗျာ … ကျွန်တော် ပြောရင် ယုံကြမှာ မဟုတ်ဘူး၊ သန့်စင်ခန်းထဲမှာ ဘာဖြစ်သွားလဲ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ အနံ့က တော်တော်ဆိုးတာ၊ ကျွန်တော် ထွက်မပြေးနိုင်ဘဲ သတိလစ်သွားတာ”

လျှိုချွမ်က ရှင်းပြသည်။ သူသည် အလွန် စိတ်ဒဏ်ရာရနေပြီး ယင်းက သူ့အတွက် အိပ်မက်ဆိုးဖြစ်နေသည်။

*ဟားဟား ငါ လုံးဝ မယုံဘူး*

လူတိုင်းက သူ့အား ဆွံ့အစွာ ကြည့်နေကြသည်။ ထိုဆင်ခြေက အဆိုးတကာ့ အဆိုးဆုံးပင်။ ဝက်မှသာလျင် သူ့ကို ယုံကြည်လောက်သည်။

အနံ့တစ်ခုက လူတစ်ယောက်အား မေ့လဲဆိုသည့် စကားကို ဖယ်ထားလျင်တောင်မှ သူသည် စစ်သည်တော် တစ်ဦး ဖြစ်ပြီး အလယ်အလတ်အဆင့် ကြီးကြပ်သူတစ်ယောက် ဖြစ်သည်။ ထိုအကြောင်းကြောင့် သူ သတိလစ်မည် ဆိုလျင် အဆိပ်ဓာတ်ငွေ့ဗုံးတစ်ခုသာလျင် ဖြစ်မည် မဟုတ်ပါလော၊ မည့်သည် ဇီဝ သို့မဟုတ် ဓာတု လက်နက်ကမှ ထိုသို့ မပြင်းထန်ပေ။

“ဘာလို့လဲ၊ မင်းတို့ မယုံဘူးလား၊ တကယ်ကွ၊ အဲ့ဒါ ဘယ်လောက် နံလဲ မင်းတို့ တွေးကြည့်မိမှာတောင် မဟုတ်ဘူး၊ အဲ့ဒါက … “

“တော်စမ်း လျှိုချွမ်”

ချင်ပိုင်ချွမ်းက အေးစက်စွာ ဖြတ်ပြောသည်။

“အရင်ဆုံး၊ မင်း သတိမပို့ဘဲ တာဝန်ကနေ ထွက်သွားခဲ့တယ်၊ အခု မင်းက အဓိပ္ပာယ်မရှိတာတွေ ပြောနေပြီ၊ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်တဲ့စာ အခါတစ်သောင်း သွားရေးနေလိုက်၊ ပြီးရင် စစ်သည်တော်ဌာနကို သွားပြီး မင်းဘာသာမင်း အပြစ်ခံယူလိုက်တော့”

“ဆာ ကျွန်တော် …”

“မြန်မြန်သွားစမ်း”

ချင်ပိုင်ချွမ်းက စူးရှစွာ အော်ငေါက်လိုက်သည်။

“ဟုတ်ကဲ့”

စိတ်ညစ်နေသော လျှိုချွမ်က ချက်ချင်း ထွက်သွားလေသည်။

“ဟားဟား ငါတို့ ကြီးကြပ်သူရဲ့ရှေ့မှာ ငါတို့ ရှက်မိပါတယ်”

ချင်ပိုင်ချွမ်းက ရဲ့လင်းချန်ကို ချက်ချင်း ရှင်းပြသည်။

“သူက တစ်ခါတလေ မဟုတ်တာတွေ ပြောတတ်တယ်၊ စိတ်ထဲ မထားပါနဲ့”

ရဲ့လင်းချန် စစ်သည်တော်ဌာနသို့ ပထမဆုံး လာလည်သည့်အချိန်မှာပင် ဤသို့ ရှက်စရာကောင်းသော အဖြစ်မျိုးကို မြင်လိုက်ရသ◌ြဖင့် သူ ရှက်မိနေသည်။ ယင်းက စစ်သည်တော်ဌာနအတွက် သိက္ခာကျစရာပင်။ ရဲ့လင်းချန်က အကောင်းမမြင်တော့လျင် ဘယ်လိုလုပ်မည်နည်း။

ရဲ့လင်းချန်သည် နှာခေါင်းပွတ်နေပြီး လျှိုချွမ်က ခံရသူ ဖြစ်နေသည်ဟု ခံစားမိပြီး မနေသာဘဲ ပြောလိုက်သည်။

“နည်းပြချင်၊ သူက အမှန်အတိုင်း ပြောနေတယ်လို့ ကျွန်တော် ထင်တယ်”

“မဖြစ်နိုင်ဘူး”

ချင်ပိုင်ချွမ်းက ချက်ချင်း ခေါင်းခါသည်။

“ငါ ကြွားတာတော့ မဟုတ်ဘူး၊ ငါတို့ စစ်သည်တော်ဌာနက သန့်စင်ခန်းတွေအားလုံးက အဆင့်မြင့် နည်းပညာ သုံးထားတာကြီးပဲ၊ ဘိုထိုင်အိမ်သာခွက်တောင်မှ ကိုယ်ပိုင် သန့်ရှင်းရေးစနစ် ပါတယ်၊ အနံ့ မနံသလို တော်တော်လေး အနံ့အသက် ကောင်းတယ်”

“ဒါနဲ့ စကားမစပ်၊ မင်း အဲ့ကို မရောက်သေးဘူးလို့ ငါ ထင်တယ်၊ ငါ မင်းကို လိုက်ပြပါရစေ၊ အနံ့အသက် ကောင်းတဲ့အပြင် သုံးရတာလဲ တော်တော်လေး သက်တောင့်သက်သာ ရှိတယ်၊ မင်း စမ်းသုံးကြည့်ပါလား၊ နောက်ပိုင်း စစ်သည်တော်ဌာနကို မင်း မကြာမကြာ လာလည်ရင် ပိုကောင်းမယ်”

ရဲ့လင်းချန် ဆွံ့အနေလေသည်။

All Chapters