← Chapters

ငါ့မှာ ပိုက်ဆံရှာနိုင်တဲ့ အရည်အချင်းရှိတယ်

Vol. 37 Ch. 549

ငါ့မှာ ပိုက်ဆံရှာနိုင်တဲ့ အရည်အချင်းရှိတယ်

Vol. 37 Ch. 549

“ရှင် ကျွန်းတစ်ကျွန်း ဝယ်လိုက်တယ် ဟုတ်လား”

အိုးရန်ချင်း၏ အသံက မြင့်သွားပြီး စူးခနဲ ဖြစ်လာလေသည်။ သူမ အလွန်အမင်း ထိတ်လန့်နေသည့်ပုံပင်။

ရဲ့လင်းချန်က ကျွန်းတစ်ကျွန်း ဝယ်ချင်သည်ဟု ပြောသည်ကို သူမ ကြားခဲ့ဖူးသော်လည်း မဖြစ်နိုင်သော အကြံအစည်ဟု သူမ ထင်ခဲ့မိသည်။ သို့သော် ယခုအခါ၌ သူမ အလွန်အမင်း ထိတ်လန့်နေလေသည်။

*ဒါ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ၊ သူ ကျွန်းတစ်ကျွန်း ဝယ်ချင်တယ်လို့ ပြောခဲ့တုန်းက အတည်ကြီး ပြောခဲ့တာလား*

ကျွန်းတစ်ကျွန်း ဝယ်ရန် မည်မျှ ခက်ခဲသလဲ ဆိုသည်ကို သူမ အနည်းအကျဉ်း သိပါသည်။ ကျွန်းတစ်ကျွန်း ဝယ်နိုင်ရန် ပိုက်ဆံ များစွာ ရှိရန် မဆိုထားနှင့်၊ ပိုက်ဆံရှိသော လူအများစုပင် ကျွန်းတစ်ကျွန်းကို ဝယ်နိုင်စွမ်း မရှိပါ။ ထိပ်တန်း အချမ်းသာဆုံး စာရင်းဝင် ဆယ်ယောက်ထဲမှ လူများသာ ဝယ်နိုင်လောက်သည်။

*ရဲ့လင်းချန်က တကယ်ပဲ ဝယ်နိုင်စွမ်း ရှိတာလား*

“အင်း ငါ ကျွန်းတစ်ကျွန်း ဝယ်လိုက်တယ်လေ၊ အဲ့ဒါ အဲ့လောက် ထူးဆန်းလို့လား”

ရဲ့လင်းချန်က ပြုံးလိုက်ပြီး ဟန်လုပ်၍ တည်ငြိမ်နေသော လေသံဖြင့် ပြောလိုက်သည်။

သူ အနည်းငယ် ဟန်လုပ်ချင်နေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်းတစ်ကျွန်း၏ ပိုင်ရှင် ဖြစ်လာတော့မည် မဟုတ်ပါလား။ ယင်းက အိမ်တစ်လုံး၊ ကားတစ်စီး သို့မဟုတ် စံအိမ်တစ်ခု ဝယ်ချင်းထက်ပင် သာလွန်ပြီး အဆင့်ပင် မတူချေ။

*အဲ့ဒါ ထူးဆန်းလို့လားတဲ့၊ ရှင် ဘယ်လိုထင်လို့လဲ*

“မဟုတ်ဘူးလေ၊ ဒါပေမဲ့ အဲ့ဒါ တကယ်ပဲ ကျွန်းတစ်ကျွန်းလား၊ ရှင် ဘယ်လောက်နဲ့ ဝယ်လိုက်တာလဲ၊ အဲ့ဒါက ဘယ်လောက် ကြီးလဲ”

အိုးရန်ချင်း၏ အသံက အနည်းငယ် တုန်နေပြီး တအံ့တဩ မေးလိုက်သည်။

“၈.၂ စတုရန်း ကီလိုမီတာ၊ နှစ်ဘီလီယံကျော်လောက်”

“ဟင်”

အိုးရန်ချင်း ပင့်သက်ရှိုက်မိသွားသည်။ သူမစိတ်ထဲတွင် ကိန်းဂဏန်းနှစ်ခုသာလျင် စိုးမိုးနေ၏။

ဈေးက များလွန်း၍ မဟုတ်ဘဲ အလွန် ဈေးသက်သာလွန်းနေ၍ ဖြစ်သည်။

*တော်တော် ဈေးသက်သာလွန်းတယ်*

“၈.၂ စတုရန်း ကီလိုမီတာကို နှစ်ဘီလီယံကျော်လေးပဲလား”

အိုးရန်ချင်း၏ အသံက အနည်းငယ် စိုးရိမ်သံ ပေါက်နေသည်။

“ရှင် လူလိမ်နဲ့ တွေ့နေတာတော့ မဟုတ်ဘူးမလား”

“ငါက အဲ့လောက် လွယ်လွယ် အရူးလုပ်ခံရမယ့်လူလား၊ ကောင်းပြီလေ၊ အရေးမပါတာတွေ မပြောတော့ဘူး၊ ငါ့ဆီ ပိုက်ဆံ လွှဲလိုက်”

ရဲ့လင်းချန် အမိန့်ပေးလိုက်သည်။

“ပြီးတော့ ပြင်ဆင်စရာရှိတာတွေလဲ ပြင်ထားလိုက်၊ ငါတို့ ကျွန်းဆီသွားပြီး ဌာနချုပ်ကို ဘယ်လို ဒီဇိုင်းဆွဲပြီး ဆောက်မလဲ ဆိုတာကို ကြည့်ဖို့ ရက်တစ်ရက် ရွေးထားလိုက်တော့”

အိုးရန်ချင်းသည် ထိတ်လန့်နေရာမှ သတိဝင်မလာသေးချေ။ သူမ၏ စိတ်က မာသော်လည်း သတင်းကြောင့် အလန့်တကြား ဖြစ်နေဆဲပင်။ ယင်းက အလွန် မဖြစ်နိုင်သဖြင့် သူမ မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်နေလေသည်။

ရဲ့လင်းချန်၏ ထူးခြားလှသော အရည်အချင်းများကို စဉ်းစားမိပြီးနောက် သူ၏ စကားများက ဖြစ်နိုင်သည်ဟု သူမ ခံစားမိပြီး သူ့အား ကြာကြာ မစောင့်ခိုင်းရဲတော့ချေ။ ပိုက်ဆံကို ရဲ့လင်းချန်၏ အကောင့်ထဲသို့ ချက်ချင်း လွှဲပေးလိုက်သည်။

*သူ ကျွန်းတစ်ကျွန်းကို တကယ် ဝယ်နိုင်တာဆိုရင် သူ့အတွက် ကံကောင်းတာပဲ*

ထို့နောက် ရဲ့လင်းချန်က ကျန်းယွင်ရှီနှင့် ရှောင်ဖေးဖေးတို့ထံသို့ ဖုန်းဆက်လိုက်သည်။ ရဲ့လင်းချန် ကျွန်းတစ်ကျွန်း ဝယ်လိုက်သည်ကို သိလိုက်ရပြီးနောက် သူမတို့သည် အိုးရန်ချင်းထက် ပို၍ စိတ်လှုပ်ရှားစွာ တုံ့ပြန်လာပြီး စိတ်လှုပ်ရှားလွန်း၍ ထအော်လုမတတ် ဖြစ်သွားခဲ့သည်။

ယင်းက အလွန် ထိတ်လန့်စရာ ကောင်းလှပေသည်။

လူတစ်ယောက်၏ အကြီးမားဆုံး အိပ်မက်က အိမ်ကြီးတစ်အိမ် ဝယ်၍ စံအိမ်ကြီးထဲ၌ နေထိုင်ခြင်းဟုဆိုလျင် လူတစ်ယောက် ဘယ်သောအခါမှ စိတ်မကူးနိုင်သော အိပ်မက်တစ်ခုလည်း ရှိပေသေးသည်။ ယင်းမှာ ကျွန်းတစ်ကျွန်းကို ဝယ်ယူခြင်း ဖြစ်သည်။

သို့သော် ရဲ့လင်းချန်က ထိုအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။

မကြာခင်မှာပင် မိန်းကလေး နှစ်ယောက်လုံးက ဘာမှမပြောဘဲ ပိုက်ဆံ လွှဲလာကြသည်။

ပိုက်ဆံနှင့်ဆိုလျင် ကိစ္စများက ပိုမို၍ လွယ်ကူသွားသည်။ ရဲ့လင်းချန်နှင့် အဆင့်အတန်းနှင့် ရာထူးရှိသူ ဖြစ်သောကြောင့် လုပ်ငန်းစဉ်က အလွန် မရှုပ်ထွေးပါ။ သူ လုပ်စရာဟူ၍ အချို့သော အထူး လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရခြင်းသာ ရှိသည်။ ပိုက်ဆံ ပေး၍ လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်ပြီးနောက် ကျွန်းသည် သူ၏ အမည်ပေါက် ဖြစ်လာပေသည်။

“လခွမ်း မင်း ဘယ်လောက်တောင် ချမ်းသာတာလဲ”

လင်းအောင် မယုံနိုင် ဖြစ်နေ၏။ ရဲ့လင်းချန်က ချမ်းသာမည်ဟု သူ ခန့်မှန်းမိသော်လည်း ထိုမျှ ချမ်းသာလိမ့်မည်ဟု သူ ထင်မထားမိပါ။

ပမာဏသည် ယွမ် နှစ်ဆယ် မဟုတ်ဘဲ နှစ်ဘီလီယံ ကျော်သည် မဟုတ်ပါတကား။

စစ်သည်တော်ဌာနမှ အခြားသူများသည်လည်း သူ့အား မျက်လုံး ကျွတ်ကျမတတ် ပြူးကြည့်နေကြသည်။

လူချမ်းသာတစ်ယောက်ကို လူတိုင်း အလွန် အားကျမိလောက်ပါသည်။

သူ၏ အမြင့်တန်းအဆင့် ကြီးကြပ်သူ ရာထူးနှင့်အတူ ကျွန်းအမည်ပေါက် ပိုင်ရှင်အဖြစ် လက်ခံပြီးနောက် သူသည် အိမ်သို့ အထုပ်အပိုးနှင့် ပြန်သွားနိုင်ပြီဟု ဆိုရပေမည်။ ရဲ့လင်းချန်သည် ယင်းအတွက် အလွန်အမင်း ကျေနပ် အားရနေ၏။

“ဒါနဲ့ ကြီးကြပ်သူရဲ့၊ မင်း ငါတို့ရဲ့ သိုင်းရုပ်သံဇာတ်လမ်းတွဲ ရိုက်ဖို့ ယုံကြည်ချက် ရှိလား”

ချင်ပိုင်ချွမ်းက လေးနက်သော အသံဖြင့် မေးလာသည်။

“မိတ်ဆွေလေးရဲ့၊ ဒီကိစ္စက သိပ်အရေးကြီးတယ်၊ ဒါ လူတွေရဲ့ စိတ်ဓာတ်နဲ့ ပတ်သက်နေတာ၊ ပေါ့တီးပေါ့ပျက် ဖြစ်လို့ မရဘူး”

လင်းထျန်းရှုံးကလည်း ဝင်ပြောသည်။

“ဒီနှစ်တွေအတွင်းမှာ သိုင်းရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကားတွေ အများကြီး ရှိခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒါတွေက လူတွေရဲ့ ပြစ်တင်ဝေဖန်တာတွေကို ခံခဲ့ရတယ်၊ သူတို့ရဲ့ လူထု ကျော်ကြားမှုက အရမ်း မကောင်းသလို လူငယ် အဆိုတော်တွေ အများကြီး ပေါ်လာတာက မကောင်းဘူး”

“မစိုးရိမ်ပါနဲ့၊ နာမည်ကြီးမယ်လို့ ကျွန်တော် အာမခံပါတယ်”

ရဲ့လင်းချန် ပြုံးလိုက်သည်။ ယင်းက သူ့အတွက် အခက်အခဲ မရှိပါ။

“ရုပ်သံဇာတ်လမ်းတွဲက ကြည့်ရှုသူနှုန်း ဘယ်လောက် ရမယ်လို့ မှန်းထားလဲ”

ချင်ပိုင်ချွမ်းသည် တစ်ခဏမျှ အံ့ဩသွားပြီးမှ ပြုံးလိုက်သည်။

“မင်း နှစ်ရာခိုင်နှုန်း ကျော်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား”

ရဲ့လင်းချန် ခေါင်းခါ၍ လက်သုံးချောင် ထောင်ပြလိုက်သည်။

“သုံး”

“သုံးရာခိုင်နှုန်း ကျော်နိုင်မယ်လို့ ကျွန်တော် အာမခံတယ်”

“သုံး ဟုတ်လား”

ချင်ပိုင်ချွမ်း အံ့ဩသွားသလို လင်းထျန်ရှုံးနှင့် အခြားသူများအားလုံးသည်လည်း အံ့ဩသွားကြသည်။

ဤသို့သော အာမခံချက်က ကြီးမားလွန်းလှသည်။ ရဲ့လင်းချန်၏ အကျင့်စရိုက်ကိုသာ လူတိုင်း သိမထားလျင် သွေးနားထင်ရောက်လွန်းသည်ဟု သေချာပေါက် တွေးမိလောက်သည်။

လင်းအောင် ခါးသက်စွာ ပြုံး၍ ခေါင်းခါလိုက်မိသည်။

*ညီလေးရဲ့က လူကောင်း တစ်ယောက်ပါ၊ ဒါပေမဲ့ သူ့ပြဿနာက အမြဲတမ်း အရမ်း လေလုံးထွားတာပဲ*

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအတွက် အမြင့်ဆုံး ကြည့်ရှုသူနှုန်းမှာ သုံးရာခိုင်နှုန်းကျော်ရုံမျှသာ ရှိသည်။

စစ်ပွဲအမျိုးအစားအတွက် ပရိသတ်က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းထက် ပို၍ နည်းသည်။ လူငယ်များ၊ အထူးသဖြင့် အမျိုးသမီးများသည် စစ်နှင့် ပတ်သက်သော ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ရှုခဲသဖြင့် အလွန် ခက်ခဲပေသည်။

“ဘယ်သူ သိမှာလဲ၊ ကျွန်တော် လေးရာခိုင်နှုန်းတောင် ရချင်ရမှာပေါ့”

ရဲ့လင်းချန် ပခုံးတွန့်လိုက်သည်။

လူတိုင်း အနည်းငယ် ဆွံ့အသွားပြီး ချင်ပိုင်ချွမ်း မနေနိုင်ဘဲ ပြောလိုက်သည်။

“မင်း ကြည့်ရှုသူနှုန်းကို သုံးရာခိုင်နှုန်း ရောက်အောင် လုပ်နိုင်ပြီးတော့ နာမည်ကြီးအောင် လုပ်ပေးနိုင်ရင် ကျွန်းပေါ်က ဆောက်လုပ်ရေးအတွက် အကူအညီပေးနိုင်မယ့် သူတစ်ယောက်နဲ့ ငါ မင်းကို မိတ်ဆက်ပေးမယ်”

ရဲ့လင်းချန်၏ အကြည့်များက လေးနက်လာသည်။

သူသည် ဒီဇိုင်းကို ကျွမ်းကျင်သော်လည်း သူ့အတွက် သူ၏ ကိုယ်ပိုင်အိမ်ကို ဆောက်လုပ်ရန် မဖြစ်နိုင်ပေ။ အုတ်ခဲများကို သူ မမနိုင်ပါ။ ထိုသို့ ကာယအား လိုသော ကိစ္စများအတွက် သူ့မှာ အချိန် မရှိပေ။

ချင်ပိုင်ချွမ်းက ပြုံးလိုက်သည်။

“ဟားဟား ဗိသုကာ ပညာရှင်ရဲ့ မျိုးရိုးနာမည်က ဟောင်တဲ့”

“ဆရာဟောင်လား”

ရဲ့လင်းချန်၏ မျက်လုံးများ ဝင်းပသွားသည်။ ဗိသုကာပညာကို သူ လေ့လာခဲ့ဖူးသဖြင့် ဆရာဟောင်၏ နာမည်ကို သူ သိနေသည်က မဆန်းပါ။

တရုတ်နိုင်ငံ၏ အခြေခံ အဆောက်အအုံပညာမှာ ကမ္ဘာပေါ်တွင် ကျော်ကြားပြီး သူတို့သည် တစ်နှစ်ထဲနှင့် တံတားများစွာကို ဆောက်နိုင်ပြီး အခြားနိုင်ငံများမှာ တံတားတစ်စင်းဆောက်ရန် နှစ်အချို့ ကြာကြသည်။ ထို့အပြင် အိမ်များ၊ မြေအောက် မီးရထားများ စသော အရာများတွင်လည်း အခြားနိုင်ငံများထက် သာပေသည်။

ဆရာဟောင်သည် တရုတ်နိုင်ငံ၏ အခြေခံ အဆောက်အအုံ၏ ဆရာသခင် ဖြစ်သည်။ သူ တစ်ယောက်တည်း ဒီဇိုင်း ဆွဲခဲ့သော တံတားများက ဆယ်စင်းမကပေ။

နာမည်ကြီး တံတားများဖြစ်သော ထုံကျင်းတံတားနှင့် ထုံကျန့်တံတားနှင့် မြို့တော်၏ တိုက်ခန်းတွဲများနှင့် ဟောင်ကောင်၏ နိုင်ငံတကာ ဘဏ္ဍာရေး စင်တာတို့မှာလည်း သူ ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။

သို့သော် သူသည် နယ်ပယ်ထဲမှ အနားယူပြီး ဘဝကို အေးအေးဆေးဆေး နေရန် ပြင်ဆင်နေသည်ဟူသော ကောလာဟလများ ရှိနေသည်။

သူ့အား အနားယူနေရာမှ ထွက်လာအောင် လုပ်နိုင်သည့်သူက ချင်ပိုင်ချွမ်းကဲ့သို့သော လူသာ ဖြစ်နိုင်လောက်သည်။

“အဲ့ဒါ တကယ်လား”

ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်သည်။

*ငါ ဒါကို လုပ်မယ်ဆိုရင် အကောင်းဆုံး ဖြစ်အောင် လုပ်မယ်*

ဤသည်မှာ ရဲ့လင်းချန်၏ အတွေးဖြစ်သည်။

သူသည် ကျွန်း၏ အခြေခံ အဆောက်အဆုံ ဆောက်လုပ်ရာ၌ ပေါ့ပေါ့တန်တန် မဖြစ်ချင်ပါ။ ကျွန်းတစ်ကျွန်း ဖြစ်သောကြောင့် အဆောက်အဦးတစ်လုံး သို့မဟုတ် အိမ်တစ်လုံး ဆောက်လုပ်သည်နှင့် မတူပေ။ ထူးချွန်သော ဗိသုကာ ပညာရှင်တစ်ယောက်အား လိုအပ်ပေသည်။

“ဟားဟား ငါက မင်းကို လိမ်မလားကွ”

“ကောင်းပြီလေ”

ရဲ့လင်းချန် အားပါးတရ ပြုံးလိုက်သည်။

“ကျွန်တော် ဒီတာဝန်ကို လက်ခံတယ်”

ထို့နောက် သူ ဆက်ပြောလိုက်သည်။

“ဒီဇာတ်လမ်းတွဲအတွက် ပါဝင်မယ့်သူတွေကိုတော့ ကျွန်တော် စစ်သည်တော်ဌာနထဲက ရွေးချင်တယ်၊ ဒါမှ တိုက်ပွဲထဲက ခံစားချက်တွေက ပီပြင်မှာ၊ တိုက်ခိုက်တဲ့အခန်းတွေကလည်း ပိုစိတ်လှုပ်ရှားဖို့ ကောင်းလာမယ်”

“ရတယ်လေ၊ ပါချင်တဲ့ ဘယ်သူမဆို နာမည်စာရင်းပေးလိုက်”

ချင်ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။ သို့သော် စစ်သည်တော်များက ငြိမ်နေ၏။

သူတို့သည် အနုပညာရှင် ဖြစ်ရသည်ကို အနည်းငယ် မကြိုက်ပေ။ အဘယ်ကြောင့်ဆိုသော် လူအများအတွက် သူတို့က မျောက်နှင့်တူနေလိမ့်မည်ဟု ခံစားနေရသောကြောင့်ပင်။ ထို့အပြင် သူတို့သည် အနုပညာရှင်များကို မနှစ်မြို့ကြချေ။ အကြောင်းမှာ အနုပညာရှင်များက ဟန်ဆောင်လွန်းပြီး ယောက်ျားမပီသဟု ထင်ကြသော ကြောင့်ပင်။

“ကျစ် … ငါ သရုပ်မဆောင်ဘူး၊ ဒါ ဆိုးလွန်းတယ်”

လင်းအောင်က နှုတ်ခမ်းကို မဲ့ပြသည်။

“ငါလည်း မသွားဘူး၊ အဖွဲ့နဲ့အတူတူ တိုက်ခိုက်ပြီး ရန်သူတွေကို သတ်တာက ငါ့အတွက် အဆင်ပြေတယ်၊ ဒါပေမဲ့ သရုပ်ဆောင်ဖို့ ပြောရင်တော့ ငါ တကယ် မလုပ်နိုင်ဘူး”

“လူရှေ့ မျက်နှာပြရတာက ဘာထူးလို့လဲ”

ရဲ့လင်းချန်က သူတို့ကို ကြည့်၍ ပြုံးလိုက်သည်။

“ရိုက်ကူးရေးမှာ ပါသရွေ့ မင်းတို့ကို စီအဆင့် သရုပ်ဆောင်တွေ ရတဲ့ လစာမျိုး ပေးမယ်၊ ခေါင်းဆောင် ဖြစ်လာမယ် ဆိုရင်တော့ အေအဆင့် သရုပ်ဆောင်တွေ ရတဲ့အတိုင်း ပေးမယ်”

စစ်သည်တော်များက မဲ့ရွဲ့နေကြသည်။

“ဒီအေအဆင့်၊ စီအဆင့်ဆိုတာတွေက ဘာတွေလဲ၊ ငါတို့ကို ပိုက်ဆံနဲ့သုံးပြီး ဆွယ်နိုင်မယ် မထင်နဲ့၊ ငါတို့က အဲ့လို လူစားမျိုး မဟုတ်ဘူး”

“ဪ ငါ ပြောဖို့မေ့နေတာ၊ အပိုင်းတစ်ပိုင်းအတွက် စီအဆင့် သရုပ်ဆောင်တွေရဲ့ လစာက တစ်သိန်း ပြီးတော့ အေအဆင့် သရုပ်ဆောင်အတွက်က ရှစ်သိန်းလေ”

ရဲ့လင်းချန်က ဆက်ပြောသည်။

“ငါ စာရင်းပေးမယ်”

“အမှန်အတိုင်း ပြောရရင် သရုပ်ဆောင်ဖြစ်ဖို့က ကလေးကတည်းက ငါ့အိပ်မက်ပဲ”

“ပိုက်ဆံကြောင့် ဘာကြောင့်က အရေးမကြီးပါဘူး၊ အဓိကက ငါ သရုပ်ဆောင်တာကို သဘောကျလို့ပဲ”

…

All Chapters