Review တွေ အကုန်ရောကုန်ပြီ
Vol. 19 Ch. 275
"ဒါဆို ငါဘာပြောရမလဲ။ ငါ ကြယ် ၁ ပွင့်ပဲ ပေးဖို့ ပြင်ထားပြီးသား"
"ငါတော့ အဆင်ပြေတယ်ထင်တာပဲ။ ဂိမ်းရဲ့ အစပိုင်း မွန်းစတား ၂ ကောင်က Damage မြင့်မြင့်တွေ ရှိတယ်။ ဒီတိုင်း ရှောင်ပြီး သတ်လိုက်ရုံပဲလေ အဲ့လောက်ရိုးရှင်းတာကို။ အဲ့ဒီအချက်တစ်ချက်ကြောင့်နဲ့ ဂိမ်းကို ကြယ် ၁ ပွင့်ပဲ ပေးမယ်ပေါ့။ မင်းရဲ့ အသုံးမကျတဲ့ စကေးကိုပဲ အပြစ်တင်လိုက်ပါလား"
“...”
"ယီးမို့ ငါ့ကို မေးခွန်းသင်္ကေတတွေ လာပို့နေတာလား ဟျောင့်။ ငါတို့မှာ Review သမား အတုအယောင်တွေရဲ့ ခံယူချက်ဆိုတာလည်း ရှိတယ်။ ငါတို့ပိုက်ဆံယူထားရင် အလုပ်ကို ကောင်းကောင်းလုပ်ရမှာပေါ့။ ဘော့စ်ရဲ့ ပိုက်ဆံကို ယူပြီး ဘာလို့ ဒီလောက် တာဝန်သိစိတ် မရှိရတာလဲ"
"ဟျောင့် မင်း အဲ့လောက် ရိုးသားဖြူစင်နေရင် ဘာလို့ Review သမားအတု လာလုပ်နေသေးလဲ။ မင်းက သူတောင်းစားလိုပဲ။ ဧကရာဇ် နန်းတော်ထဲက အရာရှိလို လုပ်နေတာတွေ ရပ်စမ်းပါ"
"အဲ့တာဆို မင်းလည်း သူတောင်းစားပဲ မဟုတ်ဘူးလား"
"မင်းအဲ့လောက်တော်နေရင် ဘာလို့ Review သမား အတုအဖြစ် လုပ်နေသေးလဲ။ တခြား ကီးဘုတ်ဖိုက်တာတွေလို တရားမျှတမှုအတွက် တိုက်ခိုက်လေ"
"ငါ့ဖာသာငါ အလုပ်လုပ်ပြီး မုန့်ဖိုးရှာတာ ဘာဖြစ်လဲကွာ။ အားတဲ့အချိန်တွေ ငါကီးဘုတ်ဖိုက်တာ မလုပ်ဘူးလို့ မင်းဘယ်လိုပြောနိုင်တာလဲ"
ဒီနှစ်ကောင် အင်အားအပြည့်နဲ့ စကားစစ်ဆင်နွှဲကြတော့မှာကို ဟူရှောင်း သတိထားမိိပြီး အမြန်တားလိုက်ရသည်။
"ဟုတ်ပြီ အချင်းချင်း စကားများမနေကြနဲ့တော့၊ မင်းတို့နှစ်ကောင်လုံးကို ၁ နာရီ စကားပြောခွင့် ပိတ်လိုက်ပြီ။ ငါတို့က ပရော်ဖက်ရှင်နယ်တွေကွ။ ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ယူကြ။ နားလည်လား"
"မင်းတို့ရဲ့ စိတ်ခံစားချက်ကို အလုပ်ဆီ သယ်မလာနဲ့။ ငါ့လို စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်အောင် လုပ်ကြ။ နားလည်လလား"
ဟူရှောင်းဆွံ့အမိပါသည်။
တကယ်တော့ ဒါ မျိုးက ပုံမှန်ပဲဖြစ်ပါသည်။ Review သမား အတုများက Group တစ်ခုတည်းမှာ ရှိနေကြသော်လည်း အားလုံးက ပိုက်ဆံပေးပြီး ခိုင်းထားခြင်းသာဖြစ်သည်။ Group တစ်ခုတွင် လူ ရာချီပြီး ရှိသဖြင့် အကုန်လုံး အမြင်ချင်းတူဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ထို့အပြင် Review သမားအတုများအဖြစ် အလုပ်လုပ်နေကြသူများက ငွေလိုအပ်နေကြသူများသာ ဖြစ်သည်။ မပျော်ရွှင်ရသည့် ဘဝမျိုးရှိကြပြီး Netizen များကို လက်ထဲက ကီးဘုတ်နဲ့ တိုက်ခိုက်ရတာကို သဘောကျသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဒီလူတွေက 'အပြောအဆိုကြမ်းကြပြီး' အမြင်မတူတာ တစ်ခုခု ရှိလာတာနဲ့ သူများ မိသားစု မိတ်ဆွေတွေကိုပါ စကားထဲ ဆွဲထည့်ကြလိမ့်မည်။
ဒီအငြင်းပွားမှုကို မတော်တဆမှုအဖြစ် ဟူရှောင်း မသတ်မှတ်နိုင်ပေ။
အမာခံဝေဖန်ချက်များ UP မာစတာ၏ တောင်းဆိုချက်တွေက ထင်သလောက် မရိုးရှင်းမှန်း ခုမှ သိလိုက်ရသည်။
ဒါတွေအားလုံးထဲမှာ လိမ်ညာမှုတစ်ခုခုတော့ ရှိနေပါပြီ။
ဘော့စ်က Review သမားအတုများကို ဂိမ်းတစ်ခုကို ဘာမှမစဥ်းစားဘဲ ဝေဖန်ဖို့ သို့မဟုတ် ချီးကျူးဖို့ စကဲ့သို့ ရှင်းရှင်းလင်းလင်း လမ်းညွှန်ချက်ပေးလိုက်ပါက Review သမားအတုများမှာ အများကြီး ကန့်ကွက်စရာမရှိဘဲ အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်ပါလိမ့်မည်။
ဘယ်သူမှ ညွှန်ကြားချက်တွေကို အထွန့်တက်ကြမှာ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် Review သမားအတုတိုင်းက ပရော်ဖက်ရှင်နယ်များ ဖြစ်ကြသည်။
သို့သော်လည်း ဘော့စ်က သူတို့ကို ဘယ်လို ကောမန့်ရေးရမလဲဟု ရှင်းရှင်းလင်းလင်း ညွှန်ကြားချက် မပေးခဲ့ပါ။
ထို့ကြောင့်ပဲ Group ထဲမှာ ဆွေးနွေးမှုတွေ ပေါ်လာတာ ဖြစ်ပါသည်။ မတူညီသည့် အထင်အမြင်များ ပေါ်လာကာ အချင်းချင်း ပဋိပက္ခဖြစ်ပွားမှုများထံသို့ ဦးတည်သွားလေသည်။
Group စီမံသူပါ ဝင်ပါလိုက်ရပြီး ဒီလူတွေကို စကားထပ်ပြောလို့မရတော့အောင် ဘန်းလိုက်ရသည်။ ထို့အပြင် ရန်ဆက်ဖြစ်နေကြပါက သူတို့တွေကို Group ထဲက ထုတ်ပယ်ပြီး Review သမားများအဖြစ် ဘယ်တော့မှ ထပ်ပြီး မလုပ်ကိုင်နိုင်တော့အောင် တားမြစ်လိုက်မည်ဟု ခြိမ်းခြောက်လိုက်ရပါသည်။ ထိုအခါမှ သူတို့ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်သွားသည်။
ဟူရှောင်းက အားလုံးရဲ့ ကောမန့်တွေကို လိုက်ဖတ်ကြည့်လိုက်သောအခါ အများစုက ဂိမ်းကိုဝေဖန်နေကြမှန်း မြင်လိုက်ရသည်။ လူအများစုတွင် အရည်အသွေးနိမ့် ဟာ့ဒ်ဝဲများရှိသဖြင့် ဂိမ်းကို ဆိုးဆိုးရွားရွား ထစ်နေစေသည်။ ထို့ကြောင့် ဂိမ်းကစားနေစဥ် ရသက စုတ်ပြတ်နေပါက ၎င်းတို့၏ ဂိမ်းအပေါ် ပထမဆုံး အထင်အမြင်က ဆိုးရွားလိမ့်မည်။ တခြားသူတွေကတော့ ဟူရှောင်းနဲ့ တူပါသည်။ ဟာ့ဒ်ဝဲပြဿနာ မရှိသော်လည်း ဂိမ်းထဲကို ဝင်ဝင်ပြီး သိပ်မကြာခင်မှာပဲ သားရဲကောင်များ၏ နှိပ်စက်မှုကိုခံခဲ့ရသည်။ အမှန်ပင်။ သူတို့ကလည်း ဂိမ်းကို သဘောမကျကြပေ။
သိုသော်လည်း Group ထဲက လူအနည်းစုက ဂိမ်းကို အဆင်ပြေသည်ဟု ထင်နေကြဆဲဖြစ်သည်။
ရုပ်ထွက်များက မဆိုးပါ။ လှုပ်ရှားမှုများကလည်း ချောမွေ့သည်။ သူတို့ တိုက်ကွက်တစ်ခု တိုက်လိုက်ရသောအခါ အားရကျေနပ်ဖို့ကောင်းပါသည်။ ဂိမ်းအစပိုင်းက မွန်းစတားများက သူတို့ကို သတ်နိုင်သော်လည်း ပိုသတိထားကာ ရှောင်လိုက်ရုံ ဖြစ်သည်။ သူတို့ ထိုမွန်းစတားများကို သတ်နိုင်ပါသည်။
ထိုလူနည်းစု၏ ဂိမ်းအပေါ် ပထမဆုံးအထင်အမြင်က ကောင်းကြသည်။ ထို့ကြောင့်ပဲ လူအများစုနဲ့ ယှဥ်လျှင် အလွန်ခြားနားသည့် ကောမန့်များ ရှိနေကြခြင်း ဖြစ်ပါသည်။
ဖြစ်သင့်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုစိန်ခေါ်မှုမျိုးကို သဘောကျသည့် ကစားသမားတစ်စုကတေ့ ဘယ်လို ဂိမ်း Group ထဲမှာမဆို ရှိနေတတ်တာပဲ မဟုတ်လား။
Review သမားအတုများ၏ Group ထဲတွင် အင်တာနက်စွဲလမ်းပြီး အင်တာနက်ကဖေးတွေမှာ ဂိမ်းကစားရတာ အသားကျနေသည့် လူငယ်တချို့ရှိပါသည်။ သူတို့ရဲ့ ဂိမ်းအတွေ့အကြုံက ကျယ်ပြန့်သည်။ သူတို့ ဒီလိုဂိမ်းမျိုးနဲ့ ကြုံလာရသည့်အခါ ပထမဆုံး တုန့်ပြန်ချက်က ကွန်ပျူတာကို ဒေါသဖြင့် ရိုက်ခွဲဖို့မဟုတ်ဘဲ စိန်ခေါ်မှုကို လက်ခံဖို့ ဖြစ်ပါသည်။
ဒါတွေက လူနည်းစုသာဖြစ်သော်လည်း မတူညီသည့် အမြင်ကို ကိုယ်စားပြုနေသည်။
ဟူရှောင်း ခေတ္တစဥ်းစားကြည့်လိုက်ပြီး အားလုံး တူညီသည့်ကောက်ချက်ချဖို့တော့ မဖြစ်နိုင်မှန်း သိလိုက်ပါသည်။ သို့သော်လည်း ဒီလိုဖြစ်လာဖို့လည်း မလိုပါ။
ဘော့စ်က အားလုံးကို ပထမဆုံးအထင်အမြင်အပေါ်မှာသာ မူတည်ပြီး ကောမန့်ရေးခိုင်းခဲ့တာ မဟုတ်လား။ ကောမန့် အကောင်းအဆိုး လိုချင်သည်ဟူ၍ အတိအကျ ပြောမသွားပါ။
ဒီလိုဆိုမှတော့ ဟူရှောင်း အားလုံးကို မန့်ချင်တဲ့အတိုင်းသာ မန့်ကြရန် ခွင့်ပြုပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။
ဟူရှောင်း စာရိုက်လိုက်သည်။
"ဟုတ်ပြီ စကားများမနေကြနဲ့တော့။ အလုပ်လုပ်စရာရှိတာလုပ်ကြ။ ကြယ် ၁ ပွင့်ပေးချင်ရင်လည်း ပေးလိုက်ကြ။ ကြယ် ၅ ပွင့် ပေးချင်ရင်လည်း ပေးလိုက်ကြ"
"ငါတို့အကုန်လုံးက ဒီမှာ ပရော်ဖက်ရှင်နယ်တွေချည်းပဲ။ မင်းတို့မှာ ကိုယ်ရေးကိုယ်တာ ရန်ငြှိုးရှိရင် Forum တွေမှာ ကိုယ့်ကီးဘုတ်နဲ့ကိုယ်ပဲ သွားရှင်းကြ။ ဒီ Group ထဲမှာ လာပြီး အငြင်းပွားမနေနဲ့။ မင်းတို့ကို Forum ထဲမှာ စာရိုက်ရင် ပိုက်ဆံပေးတယ်ဆိုပေမယ့် ဒီမှာ လာရန်ဖြစ်ရင်တော့ စကားပြောလို့ မရတော့အောင် အဘန်းခံရမယ်"
Group ထဲက လူတိုင်း စဥ်းစားကြည့်လိုက်ပြီး ဟူရှောင်းပြောတာ မှန်ကန်မှန်း နားလည်သွားကြသည်။
ဒီ Group ထဲမှာ အငြင်းပွားလို့ ဘာရမှာလဲ။ အလုပ်လုပ်ဖို့ အချိန်ကျပြီ။
ဂိမ်းကို သဘောမကျသည့် Review သမား အတုအယောင်များက ကြယ် ၁ ပွင့်သာ ပေးကြသည်။ ဂိမ်းကို စိတ်ပျက်သည့်ကောမန့်များ ရေးကြပြီး တခြားသူတွေကို မထောက်ခံပေးခဲ့ပါ။ ထို့နောက် ငွေပြန်ယူပြီး ဂိမ်းကို ကွန်ပျူတာထဲက ပြန်ဖျက်လိုက်ပါသည်။
ဂိမ်းကို စိတ်ဝင်စားကြသူတွေကတော့ ကြယ် ၅ ပွင့်ပေးပြီး ကောမန့်ကောင်းများ ရေးကြသည်။ ထို့နောက် ပြောလို့ရမည့် ကောင်းကွက် တချို့ကို ထုတ်ပြောခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ဘာမှမစဥ်းစားဘဲ ဝေဖန်၊ ချီးကျူးသည့်နေရာမှာ ပရော်ဖက်ရှင်နယ်တွေပဲ မဟုတ်ပါလား။
သူတို့ စကားလုံးသုံးတာ တော်ကြသည်။ တကယ်တော့ ရိုးရိုးသာမန် ပျင်းဖို့ကောင်းသည့် ကောမန့်များကို ရေးရမှာကို ပိုပြီးအခက်တွေ့ကြသူများ ဖြစ်သည်။
ထို့အပြင် သူတို့အလုပ်က ကောမန့်ရေးရုံပဲ မဟုတ်ပေ။
လူတိုင်းကို ယွမ် ၃၀၀ - ၄၀၀ ပေးထားသည်။ သူတို့ ကောမန့်တစ်ကြောင်း ရေးလိုက်ရုံနဲ့ ထိုပမာဏကို မရနိုင်ပါ။
အားလုံးကို တာဝန်များ ပေးထားကြ၏။ သူတို့ တရားဝင်ပလက်ဖောင်း၊ Weibo၊ Forum တို့ပေါ်မှာ Review များရေး၊ ပို့စ်များရေး၊ ကောမန့်များရေးရမည်။ တခြားရေပန်းစား ပို့စ်တွေအောက်မှာလည်း ကောမန့်ရေးရမည်။ တခြားသူတွေရဲ့ ကောမန့်နဲ့ ပို့စ်တွေကိုလည်း Like လုပ်ကာ Share လုပ်ပေးရမည်။
ဘော့စ်က သူတို့ကို ငွေတွေအများကြီး ပုံပေးထားတာပဲမဟုတ်လား။ သူတို့ စာအုပ်ထဲက နည်းလမ်းမှန်သမျှကို ထုတ်သုံးရပါမည်။
ထို့ကြောင့် ပို့စ်နဲ့ ကောမန့်ရေးထားပြီးသား Review သမားအတုများက သက်ဆိုင်ရာ Link များကို Chat Group ထဲ စတင်ချပေးသည်။ "ကျေးဇူးပြုပြီး ငါ့အတွက် ဒီကောမန့်ကို Like လုပ်ပေးကြစမ်းပါ ညီအစ်ကိုတို့"
"ဒီကောမန့်ကို ကော်ပီပေ့စ်လုပ်လို့ရတယ်။ လိုအပ်တဲ့ညီအစ်ကိုတွေလည်း အညွှန်းအနေနဲ့ သုံးလို့ရတယ်"
"ညီအစ်ကိုတို့ ဒါငါ့ Weibo ပို့စ်။ Share ပေးကြပါဦး"
"အိုင်လီကျွန်းပေါ်က ဂိမ်မာတစ်ယောက်က ဂိမ်းကို ဝေဖန်ဖို့ ဗီဒီယိုတင်ထားတယ်ထင်တယ်။ ဒိဂိမ်းကို ဝေဖန်ချင်တဲ့ ညီအစ်ကိုတွေအကုန်လုံး အဲ့ဒီဗီဒီယိုကို တတ်နိုင်သလောက် Like and Share လုပ်ပေးကြပါ။ ပင်မ စာမျက်နှာပေါ် ရောက်သွားတဲ့အထိ ကြိုးစားပေးကြပါ။”
"ဒီမှာ ဂိမ်းကို ချီးကျူးထားတဲ့ ပို့စ်တစ်ခု တွေ့တယ်။ အားပေးချင်တဲ့ ညီအစ်ကိုတွေ အဲ့ပို့စ်ကို သွားအားပေးလိုက်ကြ"
Review သမားအတုများက ၎င်းတို့၏ တာဝန်များကို အပြည့်အဝ ထမ်းဆောင်နေကြသည်။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းပို့စ်များကို ပလက်ဖောင်းပေါင်းစုံတွင် ဆက်တိုက် Share နေကြပါသည်။ Group တစ်ခုက ကောမန့်အဆိုးများကို ဆက်တိုက် မန့်နေပြီး နောက် Group တစ်ခုကတော့ Review ဝက်ဘ်ဆိုက်တိုင်းတွင် ဂိမ်းကို ကြယ် ၅ ပွင့် ဆက်တိုက်ပေးနေခဲ့ပါသည်။
Group ထဲက ရန်ပွဲကို တခြား ဝက်ဘ်ဆိုက်တွေနဲ့ Forum တွေဆီကို ယူဆောင်သွားလိုက်ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်ပြတ်သားမှုနဲ့ ခံနိုင်ရည်ရှိမှုတို့ကို တိုးမြှင့်နေကြသည်။ ရန်ပွဲများက ပြင်းထန်လွန်းသဖြင့် ဘယ်ဘက်မှ အနိုင်ရနေသည့်ပုံမပေါ်သေးပါ။
ထိုအခြေအနေအားလုံးကို အကဲခတ်ရင်း ဟူရှောင်းတစ်ယောက် ခေါင်းကို လက်ဖြင့် အုပ်လိုက်မိပါသည်။ ဘာကြောင့်မှန်းမသိဘဲ တစ်ခုခု လွဲနေသလို ခံစားနေရ၏။
"ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးတာ ပထမဆုံးပဲကွာ။ ဆန့်ကျင်ဘက် ၂ ဖွဲ့ကနေ Review သမား အတု တစ် Group တည်းကို ငှားထားသလိုမျိုးကြီး ဖြစ်နေပြီ..."
"ဒါပေမယ့် အရေးမကြီးပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါဘော့စ်ရဲ့ တောင်းဆိုချက်အတိုင်း လုပ်ပေးပြီးပြီပဲ"
"ဒါပေမယ့် ဂိမ်းထဲက ကောမန့်တွေက တစ်ခုခုတော့ လွဲနေသလိုပဲ။ အစွန်းနှစ်ဖက်ကို ရောက်လွန်းနေတယ်"
သိချင်စိတ်ဖြင့် ဟူရှောင်းတစ်ယောက် အွန်လိုင်းပေါ်က အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်း၏ တခြား ကောမန့်များကို ရှာဖတ်ကြည့်လိုက်ပါသည်။
ကောမန့်တွေက တကယ်ပဲ အလွန် ကွဲပြားခြားနားနေကြသည်။ ကြယ် ၅ ပွင့် နဲ့ ကြယ် ၁ ပွင့် အဆင့်သတ်မှတ်ချက်တွေချည်းပဲ အလွန် များပြားနေပါသည်။
အမှန်ပင်။ ဒါက Review သမားအတုတွေ မီးလောင်ရာ လေပင့်ထားတာကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။ သို့သော်လည်း Review သမား အတုများ၏ လွှမ်းမိုးမှုကို လျှော့ချကြည့်လိုက်ရင်တောင် ဂိမ်းအပေါ် ဂိမ်မာတွေရဲ့ အမြင်က တော်တော်လေး ကွဲပြားနေမှန်း ဟူရှောင်း ပြောနိုင်ပါသည်။
ဂိမ်းဖန်တီးသူများကို ဆဲဆိုနေကြသူများက တူညီသည့် အကြောင်းအရင်း ၂ ခုကြောင့်ပဲ ဆဲဆိုနေကြခြင်း ဖြစ်သည်။ ဂိမ်းက မြင့်မားသည့် ဟာ့ဒ်ဝဲလိုအပ်ချက်များ ရှိခြင်းနဲ့ ခက်ခဲလွန်းခြင်းတို့ ဖြစ်ပါသည်။
ဂိမ်မာများစွာက ဂိမ်းအစပိုင်းမှာတင် မွန်းစတား အသေးစားလေးများကို တိုက်ခိုက်ရင်း ၁၀ ကြိမ်မက သေနေရတာကို အထွန့်တက်ကြသည်။ စနစ်ဒီဇိုင်း တစ်ခုခုမှားယွင်းနေသည်ဟု ပြောဆိုကြပါသည်။
တချို့က အော်ပရေးရှင်းဝန်ထမ်းများကို ဆဲဆိုကြပြီး တချို့ကတော့ အစီစဥ်ဆွဲသူများကို ဆဲဆိုနေကြပါသည်။ အနှစ်ချုပ်အားဖြင့် စနစ်ဒီဇိုင်နာတွေက ဂဏန်းတစ်ခုခုထဲမှာ သုညတစ်လုံး ပိုထည့်လိုက်သလားဟု လူအများစု ထင်ချင်စရာပဲ ဖြစ်ပါသည်။
"သည်းမခံနိုင်တော့ဘူးကွာ။ ဂိမ်းက သောက်ရမ်း ခက်လွန်းတယ်။ ကစားလို့တောင် မရဘူး။ နောက်ပိုင်း စနစ်က သာမန်အဆင့်တွေနဲ့ ကစားလို့ရအောင် ချိန်ညှိပေးမှာလားဆိုတာ တစ်ယောက်ယောက် ပြောကြပါဦး။ သူတို့ ချိန်ညှိပေးမယ်ဆိုရင်တော့ ငါငွေပြန်မအမ်းခိုင်းဘူး"
ကောမန့်များစွာကလည်း ထိုနည်းလည်းကောင်း ဆိုကြသည်။
စာမျက်နှာတစ်ခုတည်း မဟုတ်ကြသော်လည်း ဂိမ်မာတွေက အလွန်ဒေါသထွက်နေသည့်ပုံစံတော့ မပေါ်ပါ။ အဘယ့်ကြောင့်ဆိုသော် ၅ နာရီအတွင်း ဂိမ်းကို ပြန်အပ်လို့ရသောကြောင့်ဖြစ်ပါသည်။
ဂိမ်းက ထွက်ထားတာလည်း မကြာသေးပေ။ သူတို့ ၅ နာရီပြည့်ဖို့က အကြာကြီးလိုပါသေးသည်။ ဂိမ်းကို စမ်းကစားကြည့်ပြီးနောက် အရည်အသွေးက ကောင်းလွန်းသည်ဟု လူများစွာ သိသွားကြပါသည်။ ရုပ်ထွက်အရကော၊ လှုပ်ရှားမှုများအရကော၊ ထိရိုက်မှုအရကော၊ ပန်းချီရင်းမြစ်စသည်တို့ အရပါ ဂိမ်းက ကောင်းမွန်လွန်းသည်။
ဟာ့ဒ်ဝဲ ကန့်သတ်ချက်တွေကိုချိန်ညှိဖို့ သူတို့ နည်းလမ်း တစ်ခုခုရှာလို့ရပါသည်။
သို့သော်လည်း ဂိမ်းက ပုံမှန်မဟုတ်လောက်အောင် ခက်ခဲလွန်းသည်။ ဂိမ်းဖန်တီးသူတွေက လိုအပ်သည့် ချိန်ညှိမှုများ လုပ်ဖို့သာ သူတို့ မျှော်လင့်ရတော့သည်။ ဂိမ်းထဲမှာ အတော်လေး ဆိုးရွားသည့် Bug ရှိနေသည်ဟု ထင်ကြသူတွေလည်း အလွန်များပြားပါသည်။ ထိုအကြောင်းအရင်းကြောင့်ပဲ သူတို့ အလောတကြီး ငွေပြန်မအမ်းခိုင်းကြပေ။ ထို့အစား တရားဝင် ပလက်ဖောင်းက ထုတ်ပြန်ချက်ကိုသာ စောင့်နေကြပါသည်။
ကစားသမားတွေကို အလွယ်လေး သတ်နိုင်နေသည့် မွန်းစတားအသေးစား Bug ကိုအထက်လူကြီးတွေက ပြင်ဖို့ သဘောတူလျှင် သူတို့ ဂိမ်ကို ဆက်ကစားကြမည်ဖြစ်သည်။
သို့သော်လည်း ခဏလောက်ကြာတော့ ဂိမ်း၏ Weibo တရားဝင် Page တွင် ပို့စ်တစ်ခု တက်လာခဲ့သည်။
"လေးစားရပါသော ကစားသမားတို့။ ဂိမ်းကို မထုတ်ခင်က တာဝန်ရှိသူတွေမှ စမ်းသပ်ထားပြီးသား ဖြစ်ပြီး ခက်ခဲမှုအဆင့်ကလည်း မှန်ကန်ပါတယ်။ ဂိမ်းကို ပျက်စေတဲ့ Bug တွေလည်း မရှိပါဘူး။ ခက်ခဲမှုအဆင့်နဲ့ ပတ်သက်တဲ့ ချိန်ညှိမှုတွေ ဘာမှ ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒါက ဂိမ်မာတိုင်း ဂိမ်းရသ အပြည့်အဝ ရစေို့အတွက် ရည်ရွယ်ချက်ကြောင့်ပါ"
မိနစ်ပိုင်းအတွင်း ထို Weibo ပို့စ်ကို Forum ပေါင်းစုံနဲ့ ဂိမ်း Chat Group များစွာထဲသို့ Share လာကြသည်။ ကောမန့်တွေလည်း Weibo ပို့စ်အောက်မှာ ပိုပိုပြီး ပေါ်လာကြပါသည်။
"ငါဖြည်းဖြည်းချင်း မေးခွန်းသင်္ကေတ ရိုက်နေပြီ"
"တာဝန်ရှိသူတွေက ဘာလုပ်နေကြတာလဲ။ ဒါက စမ်းသပ်ထားပြီးသား 'မှန်ကန်တဲ့ ခက်ခဲမှုအဆင့်' ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟ"
"ကစားသမားတိုင်း ဂိမ်းရသ အပြည့်အဝ ရစေဖို့တဲ့... (မှန်ပါပေတယ်)"
"တာဝန်ရှိသူတွေက မတော်တဆ အမှားလုပ်မိတယ်ထင်ထားတာ။ သူတို့ ရည်ရွယ်ချက် ရှိရှိ လုပ်ထားတာလား။”
"ဘာလဲဟ သင်္ချိုင်းစာဆိုတာ ဘာအဓိပ္ပာယ်လဲ တစ်ယောက်ယောက် ရှင်းပြကြပါဦး"
"ဘာချိန်ညှိမှုမှ မလုပ်တော့ဘူးဟုတ်လား။ သေချာရဲ့လား။ ဟင်းဟင်း။ ရောင်းအားတွေ ကျသွားရင် မင်းတို့ ဒီလို ဆက်ခေါင်းမာနေနိုင်ပါဦးမလား။ မင်းတို့ ကိုယ့်သေတွင်းကိုယ်တူးမယ့် အချိန်ကို ငါစောင့်နေမယ်"
"အသုံးမကျတဲ့ ကစားသမားတွေရဲ့ ကောမန့်ကိုဖတ်ပြီး ငါအူတက်နေပြီ။ မွန်းစတားလေးတွေကို ငါမနိုင်တာ တာဝန်ရှိသူတွေရဲ့ အပြစ်တဲ့လေ။ သူတို့ ဂိမ်းကို ခက်လွန်းအောင် လုပ်ထားတာ။ ငါတို့ရဲ့ အသုံးမကျတဲ့ စကေးကြောင့် မဟုတ်ဘူးတဲ့လား"
"တချို့ပြည်တွင်း ဂိမ်မာတွေက ဘာမှ ဦးနှောက်သုံးစရာမလိုဘဲ 'ဝင်ရောက်မည်' ဆိုတဲ့ ခလုတ်လေးကိုပဲ နှိပ်ဖို့ လိုတဲ့ ဝက်ဘ်ဆိုက်ဂိမ်းတွေနဲ့ပဲ တန်တယ်လို့ အဲ့တာကြောင့် ပြောကြတာ။ တာဝန်ရှိသူတွေက ဂိမ်းကို နည်းနည်းလေး ခက်ခဲအောင်လုပ်လိုက်တာနဲ့ ငိုကုန်ကြပြီး တာဝန်ရှိသူတွေကို ဂိမ်းရဲ့ ခက်ခဲမှုအဆင့် လျှော့ခိုင်းနေတယ်။ သူတို့ကို တစ်ချက်ခုတ် ၉၉၉ damage ထွက်အောင်ပဲ လုပ်ခိုင်းလိုက်ပါတော့လား"
"ဒီလိုဟာက ယီးမို့ 'နည်းနည်းလေး ပိုခက်တာ' ဖြစ်မလား"
"မင်းအသုံးမကျရင် ဒီဂိမ်းကို မကစားနဲ့လေ။ အချိန်တွေမဖြုန်းဘဲ ကိုယ့်ကိုယ်ကို အားပေးလိုက်ပါဦး"
"ဟျောင့် @%@%#"
မကြာမီ Weibo ပို့စ် ကောမန့်အကန့်မှာ တိုက်ပွဲတစ်ခု ပြင်းထန်လာပါသည်။
ထိုကောမန့်အကန့်ထဲမှာ သူ့ Review သမား အတုများ၏ အရိပ်အယောင်ကို ဟူရှောင်း မြင်မိသလိုလို ရှိသော်လည်း မသေချာပါ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ Review သမားအတုတွေလည်း အငြင်းပွားမှုထဲ ပါနေမှန်း ဟူရှောင်း ကောင်းကောင်း သိသည်။ တကယ်တော့ Like အများဆုံး ကောမန့်တွေက သူ့ဘော်ဒါအရင်းတွေ ရေးထားတာတောင် ဖြစ်နိုင်ပါသည်။
သို့သော်လည်း သူတို့ ဘယ်သူဘယ်ဝါမှန်း ဟူရှောင်း မပြောနိုင်တော့ပေ။
အဘယ့်ကြောင့်ဆိုသော် တခြားသူတွေရဲ့ ကောမန့်တွေကလည်း သူ့ Review သမားအတုတွေ မန့်မည့်ပုံစံမျိုးနဲ့ တူနေသောကြောင့်ပဲ ဖြစ်ပါသည်။