လင်းဝမ်ကို လက်မြှောက်သွားစေမယ့် လုပ်ငန်းတစ်ခု
Vol. 19 Ch. 277
အောက်တိုဘာလ ၃ ရက်နေ့...
၃ ရက် ကုန်လွန်သွားခဲ့ပြီ။ ဖေးချမ့်တစ်ယောက် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်း၏ အခြေအနေကို သေသေချာချာ စောင့်ကြည့်နေသည်။ ဘာပဲဖြစ်ဖြစ် ဒီဂိမ်းကို သူ အများကြီး မျှော်လင့်ထားတာ မဟုတ်လား။ ဒီ့ထက်ပိုပြီးလွဲချော်သွားလို့ မဖြစ်တော့ပါ။
Netizen များ၏ ကောမန့်ကို အရင်ဆုံးဖတ်ကြည့်လိုက်၏။ အနှစ်ချုပ်အားဖြင့် ဖေးချမ့် မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေပါသည်။
ဂိမ်းက ဆက်တိုက်ဆိုသလို ဝေဖန်ခံနေရသည်။
ကစားသမားတွေက ပေါင်းစုံ ပြောဆိုနေကြသည်။ အထူးသဖြင့် တရားဝင် Weibo ပို့စ်၏ ကောမန့်အကန့်ထဲတွင်ဖြစ်သည်။ တရားဝင်ပလက်ဖောင်းပေါ်က ကစားသမားများစွာကလည်း ဂိမ်းကို အဆင့်သတ်မှတ်ချက် ကြယ် ၁ ပွင့်သာပေးကြပြီး မကောင်းတဲ့ ကောမန့်တွေချည်းသာ ချန်ခဲ့ကြသည်။
Forum တွေထဲမှာလည်း ပြင်းထန်သည့် အငြင်းပွားမှုများဖြစ်ပေါ်နေသည်။ ဂိမ်မာတွေကလည်း တော်တော်လေး အဖွဲ့ကွဲနေပုံရပါသည်။
လောလောဆယ် TPDb ဝက်ဘ်ဆိုက်ပေါ်တွင် ဂိမ်းနဲ့ပတ်သတ်သည့် ကောမန့်များစွာရှိနေပါသည်။ တကယ်ကစားသည့် ကတ်စတမ်မာများနဲ့ ယေဘုယျ Netizen များအပါအဝင်ဖြစ်ကြသည်။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းက TPDb မှာ အနှစ်ချုပ် အဆင့်သတ်မှတ်ချက် ၇.၂ ရရှိထား၏။ တကယ်ကစားသည့် ကတ်စတမ်မာတွေနဲ့ Netizen တွေက အဆင့်သတ်မှတ်ချက်ကို ဆွဲချနေမှန်း သိသာပါသည်။
အချိန်တိုလေးသာရှိသေးသည်။ ဂိမ်းမီဒီယာ အများစုက ဒီဂိမ်းကို နိုင်အောင် မဆော့နိုင်လောက်သေးပါ။ ထို့ကြောငာ့် မီဒီယာများ၏ ကောမန့်နဲ့ အဆင့်သတ်မှတ်ချက်များက မပေါ်လာသေးပေ။ ဖေးချမ့် ဂိမ်း၏ အနှစ်ချုပ်အခြေအနေကို အကဲခတ်လို့မရသေးပါ။
ဖေးချမ့် အလွန်အကြူး ယုံကြည်ချက်ပြည့်ဝနေခြင်းလည်း မရှိပေ။ ဘာပဲဖြစ်ဖြစ် ဂိမ်းမီဒီယာတွေက ဂိမ်းရဲ့ ခက်ခဲမှုကို ဂရုစိုက်မှာ မဟုတ်ပါ။ ထို့အစား ဂိမ်းရဲ့ အရည်အသွေး၊ အကြောင်းအရာ၊ ဒီဇိုင်းစသည်တို့အပေါ် မူတည်ပြီး ပိုလေးလေးနက်နက် အဆင့်သတ်မှတ်ပေးကြလိမ့်မည်။
ဂိမ်းမီဒီယာတွေက ဂိမ်းကို အရည်အသွေးတစ်ခုတည်းနဲ့တင် အဆင့်မြင့်မြင့်ပေးနိုင်လောက်သည်။ ထိုအခါ TPDb ပေါ်က အဆင့်သတ်မှတ်ချက်လည်း မြင့်သွားပါလိမ့်မည်။
သို့သော်လည်း ဘာပဲဖြစ်ဖြစ် သာမန် ကစားသမားတွေကြားထဲမှာတော့ ဂိမ်း၏ ဂုဏ်သတင်းက တော်တော်လေး ဆိုးရွားနေသည့်ပုံစံပင်။ ဒါကလည်း ဖေးချမ့်မျှော်လင့်ထားသည့်အတိုင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
TPDb က အဆင့်သတ်မှတ်ချက် မြင့်မြင့်ပေးလည်း အရေးမကြီးပါ။ အရေးကြီးတာက ဂိမ်းအမြတ်မရဖို့ဖြစ်ပါသည်။
ဖေးချမ့် ငွေပြန်အမ်းခိုင်းသည့် ကစားသမား အရေအတွက်ကို ကြည့်လိုက်သည်။ ၃၀ ရာခိုင်နှုန်းတောင် မရှိပါ။ အတော်လေး စိတ်ပျက်သွားရသည်။
ဒါဘာ သဘောလဲ။ မင်းတို့ကောင်တွေကို ပြန်အပ်ဖို့ သေချာပြောထားရဲ့သားနဲ့ ၃၀ ရာခိုင်နှုန်းတောင် မပြည့်ပါလား။
အစုအပြုံသင်္ချိုင်းက မွန်းစတားလေးတွေရယ်၊ ဓားမကိုင်ထားတဲ့ လက်ရွေးစင်မွန်းစတားကြီးရယ်၊ သေသွားတိုင်း ပေါ်လာတဲ့ သင်္ချိုင်းစာတွေရယ်၊ နောက်ဆုံးမိနစ်မှာ ပေါ်လာတဲ့ သတိပေးစာရယ် အကုန်လုံးကို ခံနိုင်ရည်ရှိကြတာလား။
မဖြစ်နိုင်တာ။
ထို့အပြင် ဒီ ၃၀ ရာခိုင်နှုန်းဆိုတာကလည်း ဂိမ်းကို ကြော်ငြာနဲ့ မားကတ်တင်း အာနိသင်များကြောင့် စမ်းကစားကြည့်ကြသူများသာ ပါဝင်သည်။
လူများစွာက ထန်းတာ့၏ ရွှေဂုဏ်သတင်းကြောင့် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို စမ်းကစားကြည့်ကြခြင်းဖြစ်သည်။ အနှိပ်စက်ခံရတာကို မုန်းတီးသည့် ဂိမ်မာတွေကတောင် ဂိမ်းကို မှားယွင်းပြီး ကစားကြည့်ကြသေးသည်။ သူတို့ ဂိမ်းထဲမှာ အနှိပ်စက်ခံနေရတာကို နားလည်လိုက်ရပြီးနောက် ပထမဆုံး တုန့်ပြန်ချက်က ငွေပြန်အမ်းခိုင်းဖို့ဖြစ်ပါသည်။
သို့သော်လည်း ဂိမ်းကို တကယ်ငွေပြန်အမ်းခိုင်းသည့် ကစားသမားက ၃၀ ရာခိုင်နှုန်းအောက် နည်းနေသည်။ ဖေးချမ့် ဒီဂဏန်းကို အလွန်အမင်း စိတ်ကျေနပ်မှုမရှိပေ။
အမှန်ပင်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်းကောင်းလည်း ဖေးချမ့် မစဥ်းစားနိုင်ပါ။
သူ ရက်စက်နိုင်သလောက်လည်း ရက်စက်ခဲ့ပြီးပါပြီ။ ဂိမ်းကို ငွေပြန်မအမ်းခိုင်းတဲ့လူတွေကလည်း ကိုယ့်စိတ်နဲ့ ကိုယ်ကြောင့် ဖြစ်နိုင်ပါသည်။ ဖေးချမ့် သူတို့ခေါင်းကို သေနတ်နဲ့ ရွယ်ပြီး အတင်းပြန်အမ်းခိုင်းလို့ မရပါ။ အခြေအနေကိုသာ ဆက်စောင့်ကြည့်နေဖို့ ရှိပါတော့သည်။
ဖေးချမ့်က ဂိမ်းကို ဒီ့လက်လူတွေ ငွေပြန်အမ်းခိုင်းဖို့ မျှော်လင့်ထားသော်လည်း တခြား ဂိမ်းတွေနဲ့ ယှဥ်ကြည့်ပါက ၃၀ ရာခိုင်နှုန်းဆိုတာ တော်တော်လေးများနေပါပြီ။ ထို့အပြင် လူပေါင်းများစွာက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းကို ဝေဖန်နေကြသည်။ အခြေအနေက တော်တော် အလားအလာ ကောင်းနေပါသည်။
ဖေးချမ့် အိုင်လီကျွန်းဘက်ကို လှည့်ကာ ရှာကြည့်လိုက်သည်။
တချို့တွေက ဗီဒီယိုဝက်ဘ်ဆိုက်ပေါ်တွင် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်း၏ ဗီဒီယိုများကို တင်နေကြပါပြီ။ သို့သော်လည်း ဂိမ်းတစ်ခုလုံးကို ပြီးအောင် ကစားထားပြီးသား Walkthrough မျိုးကိုတော့ မတွေ့ရသေးပါ။ လောလောဆယ် လူအများစုက သူတို့ ဂိမ်းထဲ အဆင့်တက်နေပုံကို မှတ်တမ်းတင်ထားကြသည်။
ထို့ကြောင့်လည်း ဗီဒီယိုများများစားစား မရှိတာဖြစ်ပြီး တင်ထားပြီးသား ဗီဒီယိုတွေကလည်း သိပ်ရေပန်းမစားတာဖြစ်ပါသည်။
ဖေးချမ့် ဒီရလဒ်ကိုလည်း ကြိုတွေးထားပြီးသားဖြစ်သည်။
ဆရာချောင်း Walkthrough ဗီဒီယိုမတင်သေးသရွေ့ သူမျှော်လင့်ချက် ဆက်ထားလို့ ရပါသေးသည်။
ဒီလူသစ်လေးတွေက အရှုံးပေးပြီး ကယ်တင်ခြင်း ခံစေ ဂိမ်းကို နားလည်လာဖို့ဆိုရင် ၁ ပတ်လောက် အချိန်ယူရလိမ့်မည်။ ဆရာချောင်းကလည်း တစ်ပတ်လောက်ကြာမှ ဗီဒီယိုတင်ခွင့်ရှိတာ ဖြစ်ပါသည်။
ထိုအချိန်လောက်ဆို အခက်ကြိုက်ပြီး အမာခံပရိတ်သတ်တွေသာ ဂိမ်းကို ဆက်ကစားနေလောက်မည်ဟု ဖေးချမ့် ခန့်မှန်းမိသည်။ သူတို့ကို Walkthrough တစ်ခုပေးလိုက်လို့ ဘာမှ မထိခိုက်နိုင်ပါ။ လက်လျှော့ထားပြီးသား ကစားသမားတွေလည်း ပြန်မလာနိုင်တော့ပါ။
"အင်း... စမှတ်ကတော့ ကောင်းတဲ့ပုံပဲ။ ဒီတိုင်းပဲ ဆက်သွားပါစေကွာ"
ဖေးချမ့် ကွန်ပျူတာကို ပိတ်လိုက်ပြီး ထွက်လာခဲ့ပါသည်။
တနင်္ဂနွေနေ့ဖြစ်သဖြင့် လင်းချန်ကို မင်ယွမ်စားဖိုဆောင်တွင် ဧည့်ခံဖို့ စီစဥ်ထား၏။
ယင်းယုက အလုပ်များသူဖြစ်သဖြင့် ကျင်းကျိုးမှ ပြန်တောင် ပြန်သွားပါပြီ။ လင်းချန်ကတော့ အလွန်အားလပ်ချိန်များသည်။ ထို့အပြင် နှစ်ယောက်စလုံးက ကုမ္ပဏီမတူသဖြင့် အလုပ်ဝန်လည်း မတူကြပါ။
မင်ယွမ်စားဖိုဆောင်တွင်...
ဖေးချမ့်က ပျော်ပျော်ကြီး ဂဏန်းခြေထောက် ကိုက်နေသည်။ သူ တော်တော်လေး စိတ်ရွှင်နေပါသည်။ လင်းချန်လည်း ပျော်ပျော်ရွှင်ရွှင် စားသောက်ကာ အစားအစာများကို မရပ်မနား ချီးမွမ်းနေသည်။
သူတို့ စားသောက်နေရင်း လင်းဝမ်အကြောင်းကို စပြောလာကြပါသည်။
"ဘော့စ်ဖေး အရင်တစ်ခေါက် ပြောထားတဲ့ ကိစ္စကို စဥ်းစားပြီးပြီလား"
"အရမ်းကြီး ပြီးပြည့်စုံနေတဲ့ အစီအစဥ်မျိုး မလိုပါဘူး။ ခုချိန်ထိ တွေးထားသမျှကို ကျွန်တော့်ကို ပြောပြလိုက်။ ကျွန်တော်တို့ အတူတူ အစီအစဥ်ချလို့ရတာပေါ့"
လင်းချန်က ဒီကိစ္စကို အများကြီး အာရုံစိုက်ထားပါသည်။ သူ့အဖေက သူ့ကို တော်တော် ဖိအားပေးနေမှန်းလည်း သိသာပါသည်။ လင်းဝမ်ကို တတ်နိုင်သမျှ အမြန််ဆုံး ပြန်ခေါ်ရမည်။ ထိုအခါမှ သူ စိတ်အေးလက်အေး နေနိုင်ပါလိမ့်မည်။
ဖေးချမ့် ခေတ္တစဥ်းစားကြည့်လိုက်ပြီး ပြောလိုက်၏။ "လုပ်ငန်းတိုးချဲ့ဖို့ အမည်ခံပြီး သူ့ကို တခြားတစ်နေရာရာကို လွှဲပြောင်းပေးမလားလို့ စဥ်းစားနေတာ"
လင်းချန်က ရပ်တန့်သွားသည်။ "သူ့ကို ဂိမ်းလောကထဲမှာ ဆက်မထားတော့ဘူးလား"
ဖေးချမ့်က ခေါင်းငြိမ့်၏။ "ဟုတ်တယ်။ သူ့ကို ဂိမ်းတွေ ဆက်မဖန်တီးခိုင်းတော့ဘူး။ ဆက်ခွင့်ပြုထားရင် စွန့်စားရမှာ အရမ်းအန္တရာယ်များလွန်းတယ်"
"သူက ရှန်းယန်ဂိမ်းရဲ့ ဝန်ထမ်းတွေကိုဦးဆောင်ပြီး ဒီလောက်အောင်မြင်တဲ့ဂိမ်းတစ်ခု ထုတ်လုပ်နိုင်ခဲ့တာ။ ဝန်ထမ်းတွေရဲ့ အားတက်ကြွမှုနဲ့ လုပ်ဆောင်ချက်တွေကော၊ ရှန်းယန်ဂိမ်းအပေါ် အပြင်လူတွေရဲ့အမြင်တွေကော ထိပ်ဆုံးမှာ ရောက်နေတယ်။ သူ့ကို နောက်ထပ် ဂိမ်းတစ်ခု ဖန်တီးခွင့်ပေးလိုက်မယ်ဆိုရင် နောက်ဂိမ်းလည်း အောင်မြင်သွားနိုင်ခြေ တော်တော်မြင့်တယ်"
"နောက်ထပ် အောင်မြင်တဲ့ ဂိမ်းကို ထပ်ထုတ်လိုက်နိုင်ရင် အခြေအနေကို ပြန်အဖတ်ဆည်ဖို့က ခက်သွားမယ်"
လင်းချန်က ဒါကိုတော့ လေးလေးနက်နက် ထောက်ခံပါသည်။ "ဟုတ်တယ်။ ယုတ္တိရှိတယ်"
လင်းဝမ်က ဂိမ်းတစ်ခုသာ ထုတ်လုပ်ရသေးသည်။ ဒါတောင် မိသားစုကို ဝံ့ကြွားပြနေပါပြီ။ နောက်ထပ် အောင်မြင်တဲ့ ဂိမ်းတစ်ခုကိုသာ ထုတ်လိုက်နိုင်ပါက မိုးပေါ် မြောက်တက်သွားနိုင်လောက်သည်။
သူတို့ ဒီလိုဖြစ်ခွင့်ပေးလို့မရပါ။
"ဒါပေမယ့် ပြဿနာတစ်ခုခုတော့ ရှိတဲ့ပုံပဲ ဘော့စ်ဖေး။” လင်းချန် တွန့်ဆုတ်သွားရသည်။
"အာ့ဝမ်ရဲ့ အိပ်မက်က အမြဲတမ်း ဂိမ်းတွေကို ထုတ်လုပ်ဖို့ပဲ ဖြစ်ခဲ့တာ။ သူ့ကို လုပ်ငန်းတိုးချဲ့တဲ့သဘောနဲ့ တခြားတစ်နေရာရာကို ရွှေ့ပြောင်းပေးလိုက်ရင် သူပျော်ပါ့မလား"
ဖေးချမ့်က ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြန်ဖြေလိုက်ပါသည်။
"ဟုတ်တာပေါ့ အရမ်းကြီးသိသာအောင် လုပ်လို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ပြီးတော့လည်း လင်းဝမ်က ဂိမ်းတွေ ဖန်တီးတာ ရပ်ဖို့ကို သဘောတူမှာ မဟုတ်ဘူးလေ"
"အဲ့လိုဆိုရင် ရှန်းယန်ဂိမ်းကို ဆက်ပြီး တာဝန်ယူလျက်သား တခြား လုပ်ငန်းတစ်ခုကိုပါ တာဝန်ပေးလိုက်မယ်။ အဲ့တာဆို ပြဿနာ ပြေလည်မသွားဘူးလား"
"နှစ်ဖက်စလုံးမှာ လုပ်စရာတွေက အရမ်းများလွန်းလိ့ သူ အာရုံတွေ လွဲလာမယ်။ အဲ့တာဆို သူကျရှုံးနိုင်ချေ ပိုမြင့်သွားပြီ" လင်းချန်၏ မျက်လုံးများ တောက်ပသွားသည်။
"အင်း အဲ့အကြံမဆိုးဘူး"
"ဒါပေမယ့် ဘော့စ်ဖေးက ဘာလုပ်ငန်းကို စီစဥ်ထားတာလဲ။ သူ့ကို ဘယ်လိုအကြောင်းပြချက်မျိုး ပေးမှာလဲ။ ကျွန်တော်တို့ အသေးစိတ်ကျကျ စီစဥ်သင့်တယ်လို့တော့ ထင်တယ်။ အာ့ဝမ်က အရမ်းထက်မြက်တာ။ သူ့ကို သံသယဝင်အောင် လုပ်လို့ မဖြစ်ဘူးနော်"
ဖေးချမ့်က ခေါင်းငြိမ့်သည်။ "အမှန်ပဲ။ ကျွန်တော် စဥ်းစားထားတာ တချို့ရှိပေမယ့် ဆုံးဖြတ်ချက်တော့ မချရသေးဘူး"
လင်းချန်က အလွန်စိတ်ဝင်စားသွားပုံပင်။
"ဒါဆို ကျွန်တော့်ကို ပြောပြကြည့်လေ"
ဖေးချမ့်က ဆူရှီတစ်ခုကို ယူလိုက်ပြီး ပြောလိုက်ပါသည်။ "ကျွန်တော်စဥ်းစားထားတာ ဒီလိုဗျာ။ ပထမဆုံး လင်းဝမ်ကို ရှန်းယန်ဂိမ်းရဲ့ ဒါရိုက်တာ အနေနဲ့ ဆက်ထားမယ်။ သူ့ကို နောက်ဂိမ်းတစ်ခုအတွက်လည်း တာဝန်ပေးရမယ်။ အနည်းဆုံးတော့ အပေါ်ယံပေါ့"
"သူ့ကို ဂိမ်းနဲ့ ပတ်သတ်တဲ့ တာဝန်တွေ မပေးတော့ရင် အရမ်း သိသာလွန်းသွားမယ်။ သူ သံသယဝင်လာပြီး စိတ်ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်"
"အဲ့ဒီဖောင်ဒေးရှင်းအပေါ် အခြေခံပြီး သူ့ကို နောက်ထပ် တာဝန်တစ်ခု ပေးလိုက်မယ်"
"ဒီတာဝန်အသစ်ကလည်း ဂိမ်းနဲ့ ဆက်နွယ်မှုရှိရမယ်။ ပြီးရင် လုပ်ငန်းတိုးချဲ့ဖို့အတွက် သူ့ကို ကျွန်တော့်ရဲ့ အစီအစဥ်တွေ ရှင်းပြလို့ ရပြီ။ ဒီနယ်ပယ်က ကျွန်တော်တို့ဂိမ်းတွေကို ဖန်တီးဖို့အတွက် အဆင်ပြေတဲ့နယ်ပယ်ဖြစ်လို့ အဲ့လိုအဲ့လို နယ်ပယ်တွေထဲချဲ့ထွင်မယ်လို့ ပြောလို့ရတယ်"
"ကျွန်တော် စဥ်းစားနေတဲ့ နယ်ပယ်တွေက တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ငန်းနဲ့ ဆဲလ်ဖုန်း ထုတ်လုပ်မှုလုပ်ငန်းတွေပဲ"
လင်းဖန်က သက်ပြင်းချလိုက်မိပါသည်။ "တော်လိုက်တာဗျာ”
ဖေးချမ့်တွင် ရှင်းရှင်းလင်းလင်း အစီအစဥ်တစ်ခုရှိပါသည်။ တိုက်ရိုက်ထုတ်လွှင့်မှု သို့မဟုတ် ဆဲလ်ဖုန်းထုတ်လုပ်မှု နယ်ပယ်များက သူတို့ဂိမ်းကို ကြော်ငြာဖို့အတွက် ပိုပြီး အကူအညီဖြစ်နိုင်သည်ဟု လင်းဝမ်ကို သူပြောနိုင်သည်။ ထိုနယ်ပယ်များအတွက် သူမကို တာဝန်ယူခိုင်းလိုက်မည်။
ဒီလိုသာဆို လင်းဝမ်က လုပ်ငန်း ၂ ခုအတွက် တာဝန်ရှိသူဖြစ်လာမည်။ တိုက်ရိုက်ထုတ်လွှင့်မှုကိုကော ဂိမ်းဖန်တီးမှုကိုကော နှစ်ခုစလုံးကို ဆောင်ရွက်ဖို့အတွက် အားအင် လုံလုံလောက်လောက် မရှိနိုင်ပါ။ ဒီလိုဆို ကျရှုံးနိုင်ချေလည်း အများကြီး ပိုတိုးမြင့်သွားနိုင်ပါသည်။
လင်းဝမ်က အလွန်မာနကြီးသည့် လူတစ်ယောက်ဖြစ်မှန််း လင်းချန်သိပါသည်။ ဘော့စ်ဖေး သူမကို တာဝန်ပေးရင်တော့ အောင်မြင်နိုင်ဖို့ ခက်ခဲနေရင်တောင် သူမ လက်ခံပါလိမ့်မည်။ ဒီထပ်တိုး တာဝန်များကို ငြင်းဆန်မှာ မဟုတ်ပါ။
ဒီလိုဆို အောင်မြင်ဖို့ သေချာနေပြီမဟုတ်လား။
လင်းချန် ဝမ်းသာသွားပါသည်။ "ဘော့စ်ဖေး ဘယ်လုပ်ငန်းကို ပိုအဆင်ပြေမယ်လို့ ထင်လဲ။ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းလား ဆဲလ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းလား။
ဖေးချမ့် ခေတ္တ စဥ်းစားလိုက်သည်။
"ဆဲလ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းက ပိုကောင်းမယ်ထင်တယ်"
ဖေးချမ့် တခြားလုပ်ငန်းများကို မစဥ်းစားပါ။
ဥပမာ ကားအငှားလုပ်ငန်းလို လုပ်ငန်းမျိုးတွေက အရှုံးပေါ်မှာ သေချာပါသည်။ သို့သော် ဂိမ်းလောကနဲ့ ဆက်နွယ်မှု မရှိသဖြင့် လင်းဝမ်ကို ဒီလို လုပ်ငန်းမျိုးကို ဦးဆောင်ခိုင်းလို့မရပေ။ ဖေးချမ့်လည်း ယုတ္တိရှိသည့် ဆင်ခြေမျိုး ပေးနိုင်မှာ မဟုတ်ပါ။
တစ်ဖက်မှာတော့ ဆဲလ်ဖုန်း ထုတ်လုပ်မှု လုပ်ငန်းနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းများထဲ ဝင်ရောက်ခြင်းဖြင့် လုပ်ငန်းချဲ့ထွင်သည်ဟု အကြောင်းပြချက်ပေးလို့ရသည်။
ဒီလုပ်ငန်းနှစ်ခုစလုံးကို စတင်ဖို့ အရင်းအနှီးကလည်း အတော်လေး မြင့်မားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုများအတွက် Bandwitdth က တစ်ကြိမ်ကို လူ ၂ သန်း ကျော်နီးပါး ဝင်ဆံ့ရမည်။ ဆိုလိုရင်းက တစ်လကို Bandwidth တစ်ခုတည်းအတွက်နဲ့ ယွမ် သန်း ၄၀ သုံးစွဲရမည့်သဘော ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် တိုက်ရိုက်ထုတ်လွှင့်မှုဆိုတာ ဂိမ်းလောကနဲ့ခြားနားသည်။ ဒေတာ ပမာဏ ကြီးကြီးမားမား ကူးပြောင်းဖို့ မလိုအပ်သဖြင့် ဝက်ဘ်ဆိုက်ဂိမ်းများ၏ Bandwidth အတွက် ဒီလောက်ငွေတွေ အများကြီး သုံးလို့ မရပါ။ ထို့ကြောင့် ဒီလုပ်ငန်းနှစ်ခုက လုံးဝ ခြားနားသည့် အဆင့်များတွင် ရှိနေကြသည်။
အဓိက တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းများက တစ်ကြိမ်ကို လူပေါင်း ၆ သန်းမှ ၁၀ သန်းလောက်အထိ ဝင်ဆံ့နိုင်သည်။ သူတို့က Bandwidth အတွက်နဲ့ ယွမ် သန်းရာနဲ့ချီပြီး သုံးကြပါသည်။
အမှန်ပင်။ ဖေးချမ့်ကတော့ စျေးပိုပေါသည့် နည်းလမ်းဖြင့် Bandwidth အတွက် ငွေအသုံးနည်းအောင် နည်းလမ်းတစ်ခုသုံးလို့ရပါသည်။ သို့သော်လည်း ကုန်ကျစရိတ်ကို ချွေတာဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ စဦးရင်းနှီးမြှုပ်နှံမှုအတွက် အနည်းဆု့း ယွမ် သန်း ၃၀ မှ ၄၀ အထိ ပြင်ဆင်ထားဖို့ လိုအပ်သည်။
ထိုပမာဏအောက်နည်းစွာ ပြင်ဆင်ထားပါက ဘာမှထုတ်လုပ်နိုင်မှာ မဟုတ်ဘဲ ငွေစာရင်းရှင်းချိန်ကိုတောင် နှောင့်နှေးသွားစေနိုင်သည်။ ဒီလိုဆို သေချာပေါက် ကြီးကြီးမားမား ဆုံးရှုံးသွားပါလိမ့်မည်။
ဆဲလ်ဖုန်းထုတ်လုပ်မှုကတော့ ယွမ် ၁၀ သန်းမှ သန်း ၂၀ အထိ ရင်းနှီးမြှုပ်နှံနိုင်သည်။ ရှောင်းမီလို ဖုန်းဘရန်းတွေကလည်း စတင်ဖို့အတွက် ၁၀ သန်းလောက်သာ ကုန်ကျခဲ့သည်။
ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုများက လက်ရှိစျေးကွက်ထဲ ရေပန်းစားမှု မရှိသေးပေ။ ဖွဲ့ဖြိုးဆဲ လုပ်ငန်းဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။ ဆဲလ်ဖုန်း စျေးကွက်ကလည်း အရင်တုန်းကထက် ပိုပြီး မြန်ဆန်စွာ ဖွံ့ဖြိုးနေသည်။ ဖွံ့ဖြိုးဆဲ လုပ်ငန်းဖြစ်သ်ည်ဟု သတ်မှတ်နိုင်သည်။
ရှန်းဟွာ၊ Pineapple၊ MSC နဲ့ တခြား ထုတ်လုပ်သူတွေက ပြိုင်ဘက်များကို စျေးကွက်ထဲက ကန်ထုတ်ဖို့ စတင်ကြိုးစားလာကြပြီ။ နောက်လာမည့် နှစ်အနည်းငယ်လောက်တွင် အသေးစား ဆဲလ်ဖုန်းထုတ်လုပ်သူများအတွက် ပိုပိုပြီးခက်ခဲလာနိုင်သည်။ ကျရှုံးမှာ သေချာသလောက်ရှိပါသည်။
ထို့အပြင် လင်းယုကလည်း ရှန်းဟွာ ဆဲလ်ဖုန်း လုပ်ငန်းကို တာဝန်ယူထားသူဖြစ်၏။ လင်းဝမ် ထုတ်လုပ်လိုက်သည့် ဖုန်းတိုင်းအတွက် ရှန််းဟွာက ပိုကောင်းသည့် ဖုန်းကို ထုတ်လုပ်နိုင်ပါသညည်။
လှလှပပ တိုက်ပွဲတစ်ခုတော့ ဖြစ်ပေါ်လာနိုင်မည် မဟုတ်လား။
လင်းချန်လည်း နားလည်သည်။ သူပျော်ပျော်ကြီး လက်ခုပ်တီးလိုက်ပြီး ပြောလိုက်၏။ "ဘော့စ်ဖေးရဲ့ အစီအစဥ်က ပြီးပြည့်စုံပြီး ချောမွေ့နေတာပဲ။ နောက်တစ်ခေါက် ထပ်ပြီး ကျေးဇူးကြွေး အကြီးကြီးတင်သွားပြန်ပြီဗျာ။ စိတ်မပူနဲ့ ဘော့စ်ဖေး။ ဘော့စ်ဖေး အခက်အခဲကြုံလာရင် ကျွန်တော်တို့ ပူးပေါင်းပြီး အတူတူကြိုးစားကြမယ် "
"ဟုတ်သား။ ဘော့စ်ဖေးရဲ့ ဂိမ်းအသစ်ရဲ့ ဂုစ်သတင်းက သိပ်မကောင်းဘူးလို့ ကြားတယ်။ အခြေအနေ ဘယ်လိုရှိလဲ။ ကောမန့်တွေကို ထိန်းချုပ်ဖို့ ဘယ်လိုတွေးထားလဲ။ ကြည့်ရတာ Weibo ပေါ်မှာလည်း ရေပန်းစားအကြောင်းအရာဖြစ်လာတဲ့ပုံပဲ။ ကျွန်တော် ကူညီပေးရမလား"
"စိတ်မပူပါနဲ ကျွန်တော် အဲ့က ဝန်ထမ်းတွေနဲ့ အရမ်းရင်းနှီးတယ်။ ဘော့စ်ဖေးသာ ထုတ်ပြောလိုက်။ ကျွန်တော် စနစ်တကျ တစ်ခုခုကို ဆောင်ရွက်ပေးမယ်"
လင်းချန်က ရှန်းဟွာ၏ ဖျော်ဖြေရေးလုပ်ငန်းကို တာဝန်ယူထားရသူဖြစ်သည်။ အခုက သူ့အတွက် အကျွမ်းတဝင်ရှိသည့် နယ်ပယ်ဖြစ်ပါသည်။
ဖေးချမ့်ကို ကျေးဇူးပြန်ဆပ်ပြီး သူလိုအပ်တာ ကူညီပေးချင်တာ ဖြစ်နိုင်ပါသည်။
သို့သော်လည်း ဖေးချမ့် ချက်ချင်းပဲ လက်မြှောက်လိုက်ပါသည်။ "ရပါတယ် ဘာမှမလုပ်နဲ့ ဒါတွေအကုန်လုံးက အစီအစဥ်အတိုင်း ဖြစ်နေတာပါ"
လင်းချန် သဘောပေါက်သွား၏။
"သြော် နားလည်ပါပြီ။ ဒါဆိုလည်း ကျွန်တော် ဝင်မပါတော့ဘူး။ ဘော့စ်ဖေး နောက်ကို တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို အသိပေးပါ။ ခင်ဗျားရဲ့ ပြဿနာက ကျွန်တော့် ပြဿနာပဲ။ ကျွန်တော် ကူညီပေးဖို့ လက်မတွန့်ပါဘူး။”