← Chapters

အဖွက်တော်တဲ့ လက်နက်

Vol. 19 Ch. 279

အဖွက်တော်တဲ့ လက်နက်

Vol. 19 Ch. 279

"ဗီဒီယိုအသစ်တွေ ဘယ်တော့တင်မှာလဲ။ မစောင့်နိုင်တော့ဘူး..."

"အရမ်းကြီး ဖိအားမပေးပါနဲ့ဟ။ သူ လုပ်နေလောက်ပါပြီ။ ဆရာချောင်းက မင်းကိုလိမ်ဖူးလို့လား"

"မေးလိုက်တိုင်း လုပ်နေတယ် ဆိုတာချည်းပဲ။ ဟုတ်တာလည်း မဟုတ်ဘဲနဲ့။ ဆရာချောင်း ဂိမ်းကိုတောင် နိုင်အောင် ဆော့နိုင်ရဲ့လား ပြောဖို့ခက်တယ်နော်"

"မင်း ပရိတ်သတ်အစစ်ကော ဟုတ်ရဲ့လား။ အဲ့ဒီဂိမ်းကို စမ်းသပ်ဖို့အတွက် ဆရာချောင်းကို တရားဝင် ဖိတ်ကြားခဲ့တာ ကြာပြီလေ။ သူက နိုင်အောင် ကစားပြီးသားလို့ ပြောတယ်။ တာဝန်ရှိသူတွေနဲ့ ဂိမ်းအကြောင်းအရာတွေကို မပေါက်ကြားစေဖို့ ညှိထားလို့ ဒီလိုဖြစ်နေတာ။”

"လခွမ်း အဲ့ဂိမ်းအကြောင်းပြောရုံနဲ့ ဒေါသတွေပါ ထွက်တယ်ကွာ။ ငါကစားနေတာ ၄ ရက်လောက်ရှိပြီ။ ဒါပေမယ့် မရဏလောကသို့ အသွားလမ်းအဆင့်ကို မကျော်နိုင်သေးဘူး"

"မရဏလောကသို့ အသွားလမ်းမှာ တစ်နေတဲ့ ငါ့ညီအစ်ကို၊ ငါက မုန့်ပေါ်အဆင့်မှာ တစ်နေတာ။”

"မုန့်ပေါ်ကို သတ်ဖို့က နည်းနည်းလောက်ပဲ ကြိုးစားပြီး တိုက်ခိုက်ရုံမဟုတ်ဘူးလား။ အဲ့ဒီဘော့စ် နောက်ပိုင်းမှာ လာမယ့် တရားသူကြီးတွေကမှ တကယ်နိုင်ဖို့ခက်တဲ့ ကောင်တွေ။ မင်းနောင်တရသွားတဲ့အထိ မင်းကို ကြိတ်ကြလိမ့်မယ်"

ပရိတ်သတ်တွေက ဂိမ်းအကြောင်းအရာများနဲ့ ၎င်းတို့၏ အတွေ့အကြုံများကို ဆွေးနွေးနေကြသည်။

ဆရာချောင်း ပရိတ်သတ် Group ထဲက ဝန်းကျင် အခြေအနေက အတော်လေးကောင်းမွန်ပါသည်။ လူတွေက ဂိမ်း၏ ခက်ခဲမှုအဆင့်ကို အငြင်းမပွားကြပါ။

ဆရာချောင်း၏ ပရိတ်သတ်အများစုက ခက်တာကို ကြိုက်ကြသည့် ဂိမ်မာများဖြစ်နေတာကြောင့်လည်း ပါသည်။ ၎င်းတို့က တခြား သာမန်ဂိမ်မာတွေထက် အများကြီး ပိုစိတ်ရှည်ကြပါသည်။

"ဒီဂိမ်းက ငါ့လိုမျိုး အသုံးမကျတဲ့ ဂိမ်မာတွေအတွက် မဟုတ်ဘူးထင်ပါတယ်ကွာ။ မင်းတို့ကောင်တွေ ဂိမ်းထဲမှာ ဘယ်လောက်အောင်မြင်နေလဲဆိုတာ မြင်ပြီး တကယ် အားကျတယ်"

"ဘာမှ မဖြစ်ပါဘူး။ မင်းကစားတဲ့ပုံစံပေါ် မူတည်တာ။ နာကျင်မှုကနေလည်း သာယာမှုကို ရှာလို့ရတာပဲ။ ငါလည်း စကေးမရှိတဲ့ ဂိမ်မာပါပဲ။ မွန်းစတားတွေလက်ကနေ လွတ်အောင် ပြေးပြီး ဗုဒ္ဓရုပ်ပွားတော်တွေဆီကိုပဲ သွားနေတာ။ ဘယ်နေရာထိ သွားနိုင်မလဲ မြင်ချင်လို့လေ"

"လာနောက်နေတာလား။ ဂိမ်းကိို သေချာတောင် မအောင်ဖူးဘဲနဲ့ Speed-run ကစားဖို့ ပြင်နေပြီလား"

"Speed-run မလို့ မဟုတ်ပါဘူးကွာ။။ ဒီတိုင်း အပျော်သဘော ကစားတာပါ။ မွန်းစတား အသေးစားလေးတွေကိုတောင် ငါမသတ်နိုင်သေးဘူး ဟားဟားဟား"

ဂိမ်းထဲမှာ အဆင့်တက်ဖို့အတွက် နည်းလမ်းပေါင်းစုံ စမ်းသပ်ကစားကြသည့် စိတ်ရှည်ရှည် ကစားသမားတချို့တောင် ရှိပါသည်။

ချောင်းလျန်က Group ထဲသို့ မက်ဆေ့ တစ်စောင်ပို့ပေးလိုက်သည်။ "ဂိမ်းကို ကစားနေတုန်း ဇာတ်လမ်းရဲ့ အသေးစိတ်တွေကိုလည်း သတိထားပြီး ကြည့်ကြ။ ကုန်ကြမ်းကောင်းကောင်းတွေ့ရင် ငါ့ဗီဒီယိုထဲ ထည့်ပေးမယ်"

ဝါရင့် Content ဖန်တီးသူတစ်ယောက်အနေဖြင့် အရေအတွက်က ခွန်အားကိုအဆုံးအဖြတ် ပေးသည်ဟု ချောင်းလျန်ယုံကြည်သည်။

ဂိမ်းက အကြောင်းအရာအားဖြင့် အလွန် ကြွယ်ဝသည်။ အကုန်လုံးကို သူတစ်ယောက်တည်း မဖော်ထုတ်နိုင်ပါ။ တစ်ခါတစ်လေ တချို့ အသုံးမကျသည့် Netizen တွေကတောင် အထောက်အကူ ပြုနိုင်ပါသေးသည်။

"အစ်ကိုကြီးချောင်း မင်းရဲ့ ဗီဒီယိုတွေအတွက် သူများကို လာခိုင်းပြန်ပြီလား"

"မင်းခိုင်းတာ လူမှားနေပြီ။ ငါတို့က အစုအပြုံသင်္ချိုင်းက မွန်းစတား အသေးစားလေးတွေ နှိပ်စက်တာတောင် ခံနေရတုန်းပဲ။ မင်းအတွက် ဇာတ်လမ်းအသေးစိတ် မှတ်တမ်းတင်ပေးဖို့ အချိန်ရှိပါ့မလား"

"... ဒီဂိမ်းမှာ တရားဝင် ဝတ္ထုရှိတယ်မလား။ သွားဖတ်ကြည့်လိုက်လေ"

ဆရာချောင်း ရပ်တန့်သွား၏။ တရားဝင်ဝတ္ထု ဟုတ်လား။ ငါ ဘာလို့ အရင်က မကြားဖူးတာလဲ။

သူ အမြန်ပြန်မေးလိုက်မိသည်။

"ဘယ်က တရားဝင်ဝတ္ထုလဲ။ ထုတ်ထားတဲ့သူတွေက အတူတူပဲတော့ မဟုတ်လောက်ပါဘူးနော်"

သူ့မိတ်ဆွေများထံမှ ပြန်စာ အမြန်ရောက်လာသည်။ "တရားဝင်ဝတ္ထုတစ်ပုဒ်လို့ ငါတော့ ထင်တာပဲ။ www.zhongdian.com မှာ သွားဖတ်ကြည့်လို့ရတယ်"

"TPDb အကြောင်းကော သိလား။ ထန်းတာ့ရဲ့ ထုန်ကုန် အဆင့်သတ်မှတ်ချက်တွေအတွက် ဝက်ဘ်ဆိုက် ထောင်ထားတာထင်တယ်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်လည်း အဲ့ဝက်ဘ်ဆိုက်ပေါ်မှာ ရှိတယ်။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေအတွက် ဝတ္ထုက ပင်မစာမျက်နှာပေါ်မှာ ရှိတယ်။ တရားဝင်ဝတ္ထုမဟုတ်လို့ ဘာဖြစ်ရမှာလဲ"

ချောင်းလျန် စိတ်ဝင်စားစွာဖြင့် လျှာသပ်လိုက်မိသည်။

အဲ့လိုဟာမျိုးရှိနေတာလား။ ဒီအစုတ်ပလုတ် Netizen တွေက အင်တာနက်ပေါ်မှာ တစ်နည်းမဟုတ်တစ်နည်းတော့ အမြဲတမ်းရှိနေကြပါလား။

ချောင်းလျန် ခပ်မြန်မြန်ပဲ ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်ပြီး တကယ်ဖြစ်ရှိနေကြောင်း မြင်လိုက်ရပါသည်။

အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို ပင်မစာမျက်နှာပေါ်မှာ ထောက်ခံချက်ပေးထားသည်။

အပေါ်ယံစစ်ဆေးကြည့်လိုက်သောအခါ ဂိမ်းနဲ့ တန်းတူနီးပါး စံနှုန်းမြင့် အကြောင်းအရာများ ဝတ္ထုထဲမှာ ပါနေကြောင်း မြင်လိုက်ရသည်။ လူသစ်ရွာထဲက ဘုန်းတော်အိုကြီးနဲ့ ပညာသင်ကဲ့သို့ ဇာတ်ကောင်တွေတောင် ပါသေးသည်။

သို့သော်လည်း ဝတ္ထု၏ ဇာတ်လမ်းက အပြတ်ပြတ်အစစ ဖြစ်နေသလိုပင်။ ဝတ္ထုဟု ခေါ်မည့်အစား ဂိမ်းအတွက် သီးသန့်ထုတ်ထားသည့် ဇာတ်လမ်းဒီဇိုင်းဟုခေါ်တာ ပိုမှန်လိမ့်မည်ဟု ချောင်းလျန် တွေးမိသည်။

ဝတ္ထုက မတည်မငြိမ်ဖြစ်နေကာ အပိုင်းတွေလည်း ဆက်မတင်ပါ။ ထို့ကြောင့် ချောင်းလျန်တစ်ယောက် ချောချောမွေ့မွေ့ မဖတ်နိုင်ခဲ့ပါ။

သို့သော်လည်း သူ ဝမ်းသာသွားပါသည်။

ဒါက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း၏ တရားဝင် ဝတ္ထုဖြစ်ကြောင်း သက်သေပင်ဖြစ်သည်။

ဒီလိုသာဆို သူမသေချာခဲ့သည့် ဂိမ်းထဲက ဇာတ်လမ်းအပိုင်းအစများကို အတည်ပြုလို့ရပါပြီ။

"ကျေးဇူးပဲ ညီအစ်ကိုရာ။ မင်းအကူအညီအများကြီး ဖြစ်ပါတယ်"

ချောင်းလျန်က လက်သီးဆုပ်ပုံစံ အီမိုတီကွန် တစ်ခုကို Chat ထဲပို့လိုက်ပြီး ဝင်းဒိုးကို လျှပ်စီးလိုအလျှင်ဖြင့် ပိတ်လိုက်ပါသည်။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်း၏ တရားဝင်ဝတ္ထုကို စတင်ပြီး ဖတ်ရှုကြည့်လိုက်သည်။

ပထမပိုင်းကို ဇူလိုင်လတွင် တင်ထား၏။ ပထမဆုံးကောမန့်ကလည်း ဇူလိုင်လအဆုံးတွင် ရေးသားထားသည်။

ထိုအချက်ကြောင့် ဒီဝတ္ထုက ဂိမ်းရဲ့တရားဝင် ဝတ္ထုဖြစ်မှန်း ချောင်းလျန်၏ ယုံကြည်ချက် ပိုခိုင်မာသွားသည်။ အဘယ့်ကြောင့်ဆိုသော် အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း၏ ဖန်တီးမှုက ဇူလိုင်လတွင် စတင်ခဲ့သောကြောင့် ဖြစ်သည်။

ဘယ်စာရေးဆရာကမှ ထန်းတာ့နဲ့ အိုင်ဒီယာတူပြီး ဒီစာအုပ်ကို ထုတ်လုပ်ဖို့ မတွေးနိုင်ပါ။ မဖြစ်နိုင်သလောက် ရှိပါသည်။

ထန်းတာ့ရဲ့ ဝန်ထမ်းတစ်ယောက်က ဒီဝတ္ထုကို ရေးသားခဲ့တာဖြစ်နိုင်သည်။

၅ မိနစ်လောက် ဖတ်ကြည့်ပြီးသွားသောအခါ ချောင်းလျန် မျက်မှောင်ကြုတ်သွား၏။ ဝတ္ထုက အရေးအသား ညံ့ဖျင်းလို့ မဟုတ်ပါ။ ကောမန့်တွေက ရွံဖို့ကောင်းနေသောကြောင့် ဖြစ်သည်။

မုန်းတီးရေးသမားတွေ များလွန်းသည်ဟုသာ ဆိုနိုင်ပါသည်။ ပထမအပိုင်းမှာတင် အခြေအနေ တော်တော်ဆိုးရွားနေပါပြီ။

အပိုင်း ၂ နဲ့ အပိုင်း ၃ တို့ အခြေအနေကတော့ သိသိသာသာပိုကောင်းလာသည်။ အဘယ့်ကြောင့်ဆိုသော် ဖတ်ရှုသူအများစု ထွက်သွားကြသောကြောင့်ပင်။

"ဘာတွေရေးနေတာလဲ"

"စာရေးဆရာက ကိုယ့်ဖာသာကိုယ်ဖတ်ဖို့ ရေးနေတာလာား။ တောက်ဆစ်ဆန်ချက်"

"ဒီစာအုပ်က ဘာလို့ ဝက်ဘ်ဆိုက်ရဲ့ ပင်မ စာမျက်နှာမှာ ရှိနေသေးတာလဲ။ ဆွေမျိုးတော်လို့လား"

"ဒီဝတ္ထုက ဘာအကြောင်းမှန်းတောင် မသိဘူး။ ငါ့စာအုပ်ထဲမှာတော့ အနုတ် အဆင့်သတ်မှတ်ချက်ပဲရမယ်"

"ဟီးဟီး အဲ့တာကြောင့်လည်း ဒီဝက်ဘ်ဆိုက်က အခုထိ လူမသိသူမသိဖြစ်နေတာပေါ့။ ဝတ္ထုတွေက အခုထိ စုတ်ပျက်တုန်းပဲ။ ဒါတွေကို ဖတ်တဲ့လူတောင် ရှိပါ့မလား"

တခြားကောမန့်တွေကလည်း အပေါ်က ကောမန့်တွေအတိုင်းပင်။

ဒီကောမန့်တွေက အရှုံးပေးပြီးကယ်တင်ခြင်း ခံစေဂိမ်းမထွက်ခင် ရေးသားထားမှန်း သိသာပါသည်။ ဒီစာအုပ်ကို သာမန် အင်တာနက်ဝတ္ထုသဖွယ် လူအများစုက ဖတ်ရှုကြသဖြင့် သည်းမခံနိုင်စရာ ဖြစ်နေတာ သိသာပါသည်။

တစ်ဖက်မှာတော့ ချောင်းလျန်က ဝတ္ထုကို အတော်လေး စိတ်ပါဝင်စားမှုရှိနေ၏။ ဒီတရားဝင် ဝတ္ထုမှာ သူ့အတွက် အဖိုးမဖြတ်နိုင်သည့် အကြောင်းအရာများပါဝင်နေပါသည်။

သူ့ယူဆချက်အားလုံးကို ဝတ္ထုက အတည်ပြုပေးခြင်း သို့မဟုတ် ငြင်းဆန်ခြင်းများ ပြုလုပ်ပေးခဲ့သည်။ ဝတ္ထုထဲက အသေးစိတ် တချို့အကူအညီဖြင့် ဂိမ်းထဲမှာ တခြားအသေးစိတ်တွေကိုလည်း သူ ဖော်ထုတ်နိုင်ခဲ့ပါသည်။

"နောက်ထပ် လျစ်လျူရှုထားခံရတဲ့ လက်ရာတစ်ခုပါလား။ ဇာတ်လမ်းကလည်း မကောင်းဘူး။ အင်တာနက်ဝတ္ထုကောင်းတစ်ပုဒ်လည်း ဖြစ်မလာနိုင်ဘူး။ ဒါပေမယ့် ဂိမ်းကစားရင်း တန်းလန်း ဖတ်မယ်ဆိုရင် တခြား တစ်ခုခုအဖြစ် လုံးဝ ပြောင်းလဲသွားသလိုပဲ။

"ဒီဝက်ဘ်ဆိုက်ကိုကော ဘော့စ်ဖေး ထောင်ထားတာပဲလား"

"ထူးဆန်းလိုက်တာ။ ဘာလို့ ဘော့စ်ဖေးက သူ့လက်ရာကောင်းတွေအကုန်လုံးကို ပထမဆုံး ဆိုးရွားတဲ့ပုံစံတွေအနေနဲ့ပေါ်လာအောင် လုပ်လေ့ရှိတာပါလိမ့်။ တစ်မူထူးပေမယ့် ထူးဆန်းနေတဲ့ အလေ့အထများလား"

"ဒါမှမဟုတ် စိတ်ခံစားချက်အပြောင်းအလဲ မြန်တာတွေကို သူသဘောကျလို့လား။ သူ့ဂိမ်းနဲ့ ဝက်ဘ်ဆိုက်တွေ ဆိုးဆိုးရွားရွား ကျရှုံးနေပြီးမှ ထူးခြားတဲ့နည်းလမ်းတွေသုံးပြီး တကျော့ပြန်လာအောင် လုပ်တာကို အရသာတွေ့တာလား"

"မသိတော့ဘူး။ ဧကန္တ ပါရမီရှိတဲ့ စီးပွားရေး သမားတွေလည်း ဒီလိုပဲ လုပ်ကြတာ ထင်ပါတယ်။”

စာအုပ်ထဲမှာ အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတယ်။ ပြီးတေ့ ဇာတ်လမ်းကို အပိုင်းပိုင်း အပြတ်ပြတ်နဲ့ ရေးထားတာ။ တချို့အပိုင်းတွေဆို ဂိမ်းထဲမှာတောင် ပါမလာဘူး။

ထိုအချက်များကို ကြည့်ခြင်းအားဖြင့် ဒီဝတ္ထုကို လူတစ်စုက အတူတူ ရေးသားထားသည်ဟု ချောင်းလျန်ခန့်မှန်းမိသည်။ သို့သော်လည်း ဂိမ်းက သူတို့ရေးထားသမျှရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုပဲ အသုံးပြုခဲ့တာ ဖြစ်နိုင်သည်။ ကျန်တာတွေကို Easter Eggs သို့မဟုတ် မြင်ရခက်သော အသေးစိတ်များအဖြစ် ဂိမ်းထဲကို ထည့်သွင်းလိုက်တာဖြစ်နိုင်သည်။ တချို့အပိုင်းတွေဆို ဂိမ်းထဲမှာ လုံးဝတောင် ပါမလာပါ။

"ထူးဆန်းလိုက်တာ။ ဘုန်းတော်အိုကြီးနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ အများကြီးရေးထားတာပဲ"

ဘုန်းတော်အိုကြီးက တရားဝင်ဝတ္ထုထဲမှာလည်း အရေးပါသည့် ကဏ္ဍတစ်ခုက ပါဝင်မှန်း ချောင်းလျန် သတိထားလိုက်မိပါသည်။

ဂိမ်းအပေါ် သူ့နားလည်မှုအရဆို ဒီဂိမ်းကမ္ဘာထဲမှာ ဗုဒ္ဓမရှိပါ။ ဂိမ်းထဲ အခြေပြုထားသည့် သမိုင်းဝင် ပျက်သုဥ်းခြင်းခေတ်ကို ကိုယ်စားပြုသော ရုပ်တုပျက်များသာ ရှိသည်။

ဘော့စ်ဖေးက ဗုဒ္ဓကို ဂိမ်းထဲက တရုတ်ရိုးရာ သဘောသဘာဝ တစ်ခုအဖြစ် ရောနှောပြီး ထည့်သွင်းချင်ရုံသာ ဖြစ်လောက်သည်။

ခရီးတစ်လျှောက် Save အမှတ်များအဖြစ် အသုံးပြုနိုင်သည့် ဗုဒ္ဓရုပ်ပွားတော်များအပြင် ဗုဒ္ဓနဲ့သက်ဆိုင်သည့် ကျန်အကြောင်းအရာဆိုလို့ ရွာပြင်က ဘုရားကျောင်းပျက်ကြီးနဲ့ ထိုဘုရားကျောင်းထဲက ဘုန်းတော်အိုကြီးသာရှိသည်။

ဘုန်းတော်အိုကြီးက ဂိမ်းထဲမှာ အလွန်အားနည်းသည်။ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က အသတ်ခံရပြီး လက်နက် ပေးဖို့သာဖြစ်လိမ့်မည်ဟု ချောင်းလျန်ထင်ခဲ့၏။

သို့သော် တရားဝင်ဝတ္ထုကို ဖတ်ကြည့်လိုက်သောအခါ ဒီဘုန်းတော်အိုကြီး၏ နောက်ကွယ်တွင် အလွန်ဝမ်းနည်ဖွယ်ကောင်းသော ဇာတ်လမ်းတစ်ခုရှိနေသည်။

ထို့အပြင် သူ့အသိစိတ်ကို ဆုံးရှုံးပြီးနောက် အလွန်စွမ်းအားကြီးလာ၏။ သူက အနိုင်မယူနိုင်သည့် လက်ရွေးစင် မွန်းစတား တစ်ကောင်ဖြစ်သင့်သည်။

ချောင်းလျန် သိသိသာသာ ခေါင်းရှုပ်သွားကာ ခေါင်းကုတ်လိုက်သည်။

"ဒီဇိုင်းအဖွဲ့က မှားထည့်ထားတာလား။ တရားဝင်ဝတ္ထုထဲက ဘုန်းတော်အိုကြီးက ဘာလို့ ခြားနားနေတာလဲ"

"သူသာ လက်ရွေးစင် မွန်းစတား တစ်ကောင်ဆို ပိုပြီး အဓိပ္ပာယ်ရှိမှာ"

"ဒီဘုန်းတော်အိုကြီးအတွက် သီးသန့် မော်ဒယ်တစ်ခုကိုတောင် ဆွဲထားပေးတာ။ အရမ်း ပိန်လှီပြီး အားနည်းတဲ့ပုံပေါက်ပေမယ့် သာမန် မွန်းစတားလေးတွေထက်တော့ ပိုပြီး မာတဲ့ပုံပါပဲ။ သူ့လှုပ်ရှားမှုတွေကိုတောင် အထူးတလည်ဖန်တီးထားပြီး အသေးစိတ်အရမ်းကျတာ..."

"ဒီလောက်ပျော့တဲ့ မွန်းစတား ဖြစ်သွားတာ ယုတ္တိမရှိသလိုပဲ"

ချောင်းလျန် ဂိမ်းထဲကို နောက်တစ်ခေါက် ဝင်လိုက်ပြန်သည်။ ဂိမ်းထွက်လာပြီးနောက် အကောင့်သစ်တစ်ကောင့်ကို သူဖွင့်ထားကာ ဒုတိယအကြိမ်တောင် ပြန်ကစားနေပါပြီ။ ယခု မြို့အနားကိုရောက်နေလေပြီ။

သူ ဘုန်းတော်အိုကြီးကို တွေ့သွား၏။ ဂိမ်းဖိုင်အသစ် Save လုပ်လိုက်ပြီး သူ့ကစားပုံ ကစားနည်းကို စတင် ချိန်ညှိလိုက်ပါသည်။

ဘုန်းတော်အိုကြီးကို နည်းလမ်းပေါင်းစုံနဲ့ နှိမ်နင်းကြည့်လိုက်သည်။

ဘုန်းတော်အိုကြီးကို ကျောင်းဆောင်ဟောင်းကြီးထဲမှ မျှားခေါ်ဖို့ ကြိုးစားသည်။

သူ သေသွားသည်။

သို့သော်လည်း ဘယ်လောက်ပဲကြိုးစားပါစေ ဘာအထူးဇာတ်လမ်းဇာတ်ကွက်မှ ပေါ်မလာပါ။

"ဒီဘုန်းတော်အိုကြီးကို မသတ်ရမှာများလား။ ဇာတ်လမ်းတိုးတက်မှုကို ဖွင့်ဖို့အတွက် အထူးပစ္စည်းတစ်ခုခုကို ရှာရမှာလား။”

ချောင်းလျန် နက်ရှိုင်းစွာ ဇဝေဇဝါဖြစ်သွားခဲ့သည်။ အချိန်အကြာကြီး ကြိုးစားကြည့်တာတောင် ဘာတိုးတက်မှုမှ မရှိသေးပါ။

ချောင်းလျန် နောက်တစ်ခေါက် သူများကို ခိုင်းဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ပရိတ်သတ် Group ထဲမှာ အကူအညီသွားတောင်းလိုက်ပါသည်။

"ဟေး အားလုံးပဲ။ ကျောင်းဆောင်ဟောင်းကြီးထဲက ဘုန်းတော်အိုကြီးကိုအသုံးချပြီး လျှို့ဝှက် ဇာတ်လမ်းတစ်ခုခု ဘယ်လိုပွင့်အောင် လုပ်ရမလဲ သိကြလား။ စာအုပ်ထဲဲက နည်းလမ်းတိုင်းကို စမ်းကြည့်ကြကွာ။ ငါတစ်ခုခုလိုနေသလို ခံစားရလို့"

ချောင်းလျန်က အများကြီး မျှော်လင့်မထားပေ။ ဒီတိုင်း မေးခွန်းကို ပုံမှန်အတိုင်းသာ မေးလိုက်သည်။

"ဘုန်းတော်အိုကြီးလား သူ့ကို သတ်ပြီးတာ ကြာပေါ့"

"ငါလည်း သတ်ပြီးပြီ။ အရမ်းပျော့လွန်းလို့ ထိရုံနဲ့ သေသွားတယ်"

"ငါတော့ မရောက်သေးဘူး"

"စမ်းကြည့်လို့တော့ရပါတယ်။ ဒါပေမယ့် သတ်တောင် သတ်နိုင်ပါ့မလားမသိဘူး။ ငါ အဲ့ဒီနေရာရောက်ဖို့ ထွက်ပဲပြေးလာတာ။ ဘာလက်နက်ပစ္စည်းမှ ငါ့မှာ ပါမလာဘူး"

နောက်ဆုံးကောမန့်ရေးခဲ့သည့် သူ့မိတ်ဆွေကို ချောင်းလျန် အနည်းငယ် သဘောကျမိသည်။ သူက ဘာမွန်းစတားမှမသတ်ဘဲ ပတ်ပြေးရုံနဲ့ ဘယ်အဆင့်ထိရောက်နိုင်မလဲ ကြည့်မည်ဟု ပြောခဲ့သည့် ကစားသမားဖြစ်သည်။

ချောင်းလျန် အများကြီး မစဥ်းစားပေ။ ဘာပဲဖြစ်ဖြစ် တရားဝင်ဝတ္ထုမှားနေတာလည်း ဖြစ်နိုင်ပါသည်။ မဟုတ်ပါက လမ်းတစ်လျှောက် အမှားအယွင်းတစ်ခုခုဖြစ်ခဲ့တာဖြစ်နိုင်သည်။ ဖန်တီးသူတွေက ဂိမ်းစနစ်ကို ချိန်ညှိပြီး ဘုန်းတော်အိုကြီးကို လက်ရွေးစင် မွန်းစတား တစ်ကောင်အဖြစ်မှ လက်နက်ပုံးတစ်ပုံးထက် မပိုသည့် မွန်းစတားတစ်ကောင် အဖြစ် ပြောင်းလဲမိလိုက်တာဖြစ်နိုင်သည်။

မိနစ်အနည်းငယ်ကြာသောအခါ...

"အစ်ကိုကြီးချောင်း အစ်ကိုကြီးချောင်း ဒီလက်နက်ကို ကြည့်ပါဦး"

[ဓာတ်ပုံ] [ဓာတ်ပုံ] [ဓာတ်ပုံ]

ကစားသမားက စိတ်အလှုပ်ရှားလွန်ပြီး ဓာတ်ပုံကိုတောင် ၃ ခေါက် ပို့လိုက်မိသည်။

ပထမ ဓာတ်ပုံကို ဖွင့်ကြည့်လိုက်သောအခါ ချောင်းလျန် ကြက်သေသေသွားရပါသည်။

ရွှေရောင် တောင်ဝှေးကြီးပါလား။

ဒီတောင်ဝှေးကို အရင်က မြင်ဖူးသဖြင့် သူ ဇဝေဇဝါ ဖြစ်သွားရသည်။ သူ သုံးလည်း သုံးဖူးပါသည်။ မကောင်းပါ။ ထိခိုက်မှု အားနည်းပြီး သုံးရတာ အဆင်မပြေပါ။

သို့သော်လည်း ဘုန်းတော်ကြီးကို သတ်ပြီး ရလာသည့် တောင်ဝှေးက ဒီလို အရောင်တောက်မနေပါ။

သို့သော်လည်း ဒီတောင်ဝှေး ပတ်လည်မှာ ရွှေရောင် တောက်ပနေပါသည်။ မျက်စိကျစရာဖြစ်ပြီး ကစားသမား၏ နောက်ကျောတွင် ချိတ်ထားသည့်အခါ ကြောက်ဖို့လည်း ကောင်းပါသည်။ တခြားလက်နက်တွေနဲ့ သေချာပေါက် ခြားနားသည်။

နောက်ထပ် ဓာတ်ပုံ ၂ ပုံက လက်နက်၏ အမည်နဲ့ အညွှန်းတို့ဖြစ်သည်။

"ဖုတု..."

"ဗုဒ္ဓအဆို 'လူသားတိုင်းကို ဖြစ်တည်စေသည့် ခန္ဓာ ၅ ခုက ဘာတန်ဖိုးမှမရှိပါ။ ဒီအသိပညာက နာကျင်မှုနဲ့ ပူပင်မှုတို့ထံမှသာ ရနိုင်သည်"

ချောင်းလျန် မှင်သက်သွားမိသော်လည်း ဝမ်းသာသွားပါသည်။ တကယ်ကြီး လျှို့ဝှက် ဇာတ်လမ်းတစ်ခုရှိနေတာလားဟ။

သူ အမြန် ပြန်မေးလိုက်သည်။ "မင်းဘယ်လိုရသွားတာလဲ"

ကစားသမားက ပြန်ဖြေလိုက်သည်။

"ကျွန်တော်လည်း မသေချာဘူး ကျွန်တော် အဲ့ဒီအနားက ဗုဒ္ဓရုပ်ပွားတော်တစ်ခုကို ဖွင့်ဖို့အတွက် ထွက်ပြေးလာတာ။ ပြီးတော့ အထဲဝင်ပြီး စစ်ကြည့်ဖို့ တွေးမိတယ်။ ကျွန်တော့်မှာ ဘာလက်နက်ပစ္စည်းမှ မပါဘူးလေ။ အဲ့တာကြောင့် ဘုန်းတော်အိုကြီးကို မသတ်နိုင်ဘူး။ သူနဲ့တွေ့တိုင်း ကျွန်တော် အသတ်ခံရတာချည်းပဲ ကျွန်တော် အကြိမ်တော်တော်များများသေသွားတော့ ဘုန်းတော်အိုကြီးက NPC တစ်ယောက်ဖြစ်သွားတယ် သူ့ဆီသွားပြီး စကားပြောကြည့်လိုက်တော့ စကားတွေ အများကြီးပြောပြီး ဒီလက်နက်ပေးလိုက်တာပဲ"

"လခွမ်း ဒီလက်နက်က အရမ်းမိုက်တာပဲ"

ချောင်းလျန်တစ်ယောက် သူ့ပျော်ရွှင်မှုကို စကားဖြင့်တောင် ဖော်ပြလို့မရတော့ပါ။

သို့သော်လည်း အရင်ကထက်ပင် ပိုပြီး စိတ်ရှုပ်သွားရသည်။ "ဘာလို့လဲ။ ငါ့ကျတော့ ဘာလို့အဲ့လိုမဖြစ်တာလဲ။ ငါလည်း ခဏခဏ သေပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းမျိုး မမြင်ခဲ့ပါဘူး။ ဒုတိယအကြိမ် ဂိမ်းကို ကစားတာကြောင့်လား။ အဲ့တာကြောင့် ဒီလျှို့ဝှက် ဇာတ်လမ်းကို မမြင်နိုင်တာလား။"

ကစားသမားက စာပြန်လိုက်သည်။ "ထင်တာပဲ"

ချောင်းလျန် ချက်ချင်းဆိုသလို အားတက်သွားသည်။

ဒါအရေးကြီး သတင်းတစ်ပုဒ်ဖြစ်ပါသည်။

ဂိမ်းထဲမှာ ဒီလို ဆန်းကြယ်တဲ့လက်နက်တစ်လက်ကို ဖွက်ထားတာလား။ ငါ ဖိုင်အသစ်ဖွင့်ကြည့်ပြီး ပထမအချီမှာ သေကြည့်လိုက်ဦးမယ်။

ဒီလက်နက်ရဖို့ ကြိုးစားခဲ့ရသည့် ခရီးစဥ်တစ်လျှောက်လုံးကို ပြန်တွေးမိပြီး ချောင်းလျန် ခံစားသွားခဲ့ရသည်။

ဒီလက်နက်ကို ဖွက်ထားတာ အတော်ပီပြင်ပါသည်။ ဒီဇိုင်နာက ဂိမ်မာတွေရှာမတွေ့အောင် ရည်ရွယ်ချက်ရှိရှိ ဖွက်ထားသလိုပင်။

All Chapters