← Chapters

ဖုတုနဲ့ ကြိတ်မယ်

Vol. 19 Ch. 280

ဖုတုနဲ့ ကြိတ်မယ်

Vol. 19 Ch. 280

ချောင်းလျန်တစ်ယောက် ဂိမ်းကို ခပ်မြန်မြန်ပဲ အစက ပြန်စလိုက်ပြီး ဘုရားကျောင်းပျက်ကြီးထံသို့ ဦးတည်လိုက်ပါသည်။ အကြိမ်ရေ အနည်းငယ် သေဆုံးပြီးနောက်တွင် ဖုတုလက်နက်ကို အောင်မြင်စွာ ရရှိခဲ့ပါသည်။

သူ့လက်ထဲက တောက်ပနေသည့် တောင်ဝှေးကို ချောင်းလျန်ကြည့်လိုက်ပြီး အလွန်စိတ်အေးသွားသည်။

"တကယ်ကြီး လျှို့ဝှက်လက်နက်ရှိနေတာပါလား"

"၆ ကြိမ်တိတိ သေပြီးမှ ဒီလက်နက်ကိုရတာ။ ဘယ်သူက တွေးမိမှာလဲ"

"ဘုန်းတော်အိုကြီးလည်း အရမ်းအားနည်းတာကိုး။ အစုပြုံသင်္ချိုင်းက မွန်းစတားတွေထက်တောင် ပိုပြီး အားပျော့သေးတယ်။ အကာအကွယ်ဘာမှမရှိဘဲ လျှောက်သွားနေတဲ့ Group ထဲက ကစားသမားတွေကြောင့်သာ မဟုတ်ရင် အဲ့ဒါမျိုး ငါ့ဖာသာငါ စမ်းကြည့်မိမှာမဟုတ်ဘူး"

"ဒီလက်နက်က ရိုးရိုးတောင်ဝှေးရဲ့ ပိုအဆင့်မြင့်တဲ့ ဗားရှင်းလား"

"ဘာလဲဟ Damage ကြီးက ကြမ်းလှချည်လား"

ချောင်းလျန် ထိုတောက်ပနေသော တောင်ဝှေးကိုအသုံးပြုလျက် အသက်ဘားမြင့်မြင့်ရှိိသည့် မွန်းစတား စစ်သားတစ်ကောင်ကို တိုက်ခိုက်ကြည့်လိုက်ရာ တစ်ချက်တည်းနဲ့ မွန်းစတား ဒဏ်ရာရသွားခဲ့ပြီး မြေပေါ်ကို လဲကျသွားခဲ့ပါသည်။

၂ ချက်လောက်ချလိုက်သောအခါ မွန်းစတား ၏ အသက်ဘား လုံးဝ အပြောင်ဖြစ်သွားလေသည်။

တခြားလက်နက်တွေနဲ့သာဆို ထိုမွန်းစတားကို လေးငါးချက်လောက်ချမှ သေသွားမှန်း ချောင်းလျန်မှတ်မိသည်။ ဘာပဲဖြစ်ဖြစ် သူက ဂိမ်းကို ဒုတိယအကြိမ်ပြန်ကစားနေခြင်းဖြစ်ပြီး မွန်းစတားများ၏ Stats က အရင်တုန်းကထက် ပိုမြင့်နေပါသည်။

ဆိုလိုရင်းက ဒီတောင်ဝှေးကိုအသုံးပြုပြီး အားနည်းသည့် မွန်းစတားများကို တိုက်ခိုက်ပါက အာနိသင်က ပိုလို့တောင် ကောင်းနိုင်ပါသည်။ ထိုမွန်းစတားတွေကို ၁ ချက်တည်းနဲ့တောင် သတ်ပစ်လို့ရနိုင်သည်။

နှမြောစရာကောင်းတာက လက်နက်မှာ ဘယ်လို အထူးတိုက်ကွက်စကေးမှ မရှိပါ။ ၎င်း၏ တိုက်ကွက်စကေးများက မူလတောင်ဝှေးနဲ့ ဆင်တူပြီး ပြင်းထန်သည့် Damage များသာ လုပ်နိုင်သည်။ Damage ကမြင့်သော်လည်း မက်လောက်ဖွယ်တော့ မဟုတ်ပေ။

ဖုတု၏ တိုက်ကွက်စကေးက ဇာတ်ကောင် တောင်ဝှေးကို လေထဲတွင်မြှောက်လိုက်ပြီး ဗုဒ္ဓ၏အလင်းဖြင့် ဘေးပတ်လည်က ရန်သူများကို တိုက်ခိုက်နိုင်သည့် AOE damage ပေးနိုင်သည့် တိုက်ကွက်ဖြစ်လိမ့်မည်ဟု ချောင်းလျန် ထင်ခဲ့သည်။

သို့သော်လည်း ထိုတိုက်ကွက်မျိုး ဘာမှ မရှိပေ။

ဒီရှုထောင့်က ကြည့်ရင်တော့ ဖုတု၏ ကြီးကျယ်မှုက အဖြူအနက်မမြဲခြင်းနတ်များကို အနိုင်ယူပြီး ရလာသည့် လွမ်းဆွေးခြင်းတွယ်အပ်နဲ့တောင် ယှဥ်ကြည့်လို့မရပါ။

လွမ်းဆွေးခြင်းတွယ်အပ်က အဖြူအနက်မမြဲခြင်း နတ်များကို နှိမ်နင်းပြီး ရလာသည့် လက်နက် ဖြစ်သည်။ ကစားသမားအသစ်တွေက အလွယ်တကူရဖို့ နည်းလမ်း မရှိနိုင်ပါ။

သို့သော်လည်း လွမ်းဆွေးခြင်းတွယ်အပ်ကတောင် ဖုတုလက်နက်လောက် တိုက်ပွဲတွေမှာ အာနိသင် မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဖုတုလက်နက်၏ အခြေခံ Damage က လွမ်းဆွေးခြင်းတွယ်အပ်ထက်ပိုပြီး မြင့်မားသောကြောင့် ဖြစ်ပါသည်။

ဖုတုကို အသုံးပြုပြီး မွန်းစတာတချို့ကို တိုက်ခိုက်ဖို့ အသုံးပြုပြီးနောက် ဒီလက်နက်ကြီးက ရှုံးနိမ့်ဖို့တောင် မဖြစ်နိုင်သလောက်ရှိမှန်း ချောင်းလျန် သိလိုက်ရပါသည်။

ဖုတုလက်နက်၏ အခြေခံတိုက်ကွက်များက အသုံးပြုဖို့ မလွယ်ကူသော်လည်း တခြားလက်နက်တွေလိုပဲ ခုန်တိုက်ကွက်များ၊ အပြေးတိုက်ကွက်များနဲ့ တွဲပြီး သုံးနိုင်သည်။ ထိုအခါ လက်နက်က၏ တိုက်ခိုက်မှု အမြန်နှုန်းကို အတော်လေး တိုးတက်သွားစေ၏။ ချောင်းလျန်လို အတွေ့အကြုံရင့်သည့် ကစားသမားများ၏ လက်ထဲမှာတော့ ဒီလက်နက်က Bug တစ်ခုလိုတောင် ဖြစ်နေပါသည်။

၎င်း၏ တိုက်ခိုက်မှုအကွာအဝေးက အတော်ဝေးဝေးရောက်ပြီး တိုက်ခိုက်မှုအမြန်နှုန်းကလည််း မြန်ဆန်သည်။။ ထို့အပြင် ရူးလောက်စရာ Damage မျိုးနဲ့ အားကောင်းသည့် ခံနိုင်ရည်ကျစေသော အာနိသင်များလည်း ရှိသည်။ ထိုအခါ မွန်းစတားများကို တစ်ချက်တည်းနဲ့ မြေပေါ်မှာ ရပ်တန့်သွားအောင် လုပ်နိုင်ပါသည်။

ဓားနဲ့ ဓားမြှောင်တွေကို အသုံးပြုသည့် မွန်းစတားများက ကစားသမားအနားကို ကပ်လို့တောင် မရတော့ပါ။ တောင်ဝှေး၏ တာဝေးတိုက်ခိုက်မှုကြောင့် မြေပေါ် ချက်ချင်းလဲကျသွားကြလိမ့်မည်။ တစ်ဖက်သက် အနိုင်ကျင့်နေသလိုတောင် ဖြစ်နေပါသည်။

မြက်ခက်များကို ကိုင်ဆောင်ထားသည့် မွန်းစတာများကတော့ ၎င်းတို့၏ တိုက်ခိုက်မှုအကွာအဝေးက ကစားသမားနဲ့ ဆင်တူသော်လည်း ၎င်းတို့၏ တိုက်ကွက်ကို အလွယ်လေးရှောင်ရှားနိုင်သည်။ မွန်းစတား၏ တိုက်ခိုက်မှုကို ရှောင်ရှားပြီးနောက် နောက်တစ်ဖန် တစ်ဖက်သက် အနိုင်ကျင့်မှု ဖြစ်သွားပြန်ပါသည်။

ကစားသမားက စကေးကောင်းကောင်းတွေကိုတောင် ပိုင်ဆိုင်ထားဖို့ မလိုပါ။ ဖုတုလက်နက်ကို ဆက်တိုက် အသုံးပြုလိုက်ရုံနဲ့ တိုက်ပွဲကို အဆုံးသတ်နိုင်သည်။

သူ့လက်ထဲက အလွန်စွမ်းအားကြီးသည့် လက်နက်ကိုကြည့်ရင်း ချောင်းလျန် ပြောစရာစကားမဲ့သွားပါသည်။

“ဒီလောက်ကြမ်းတဲ့လက်နက်ရှိမှန်းသာ သိခဲ့ရင် ဂိမ်းထဲမှာ ဒီလောက်နာကျင်ခံစား နှိပ်စက်ခံခဲ့ရပါ့မလား”

ဂိမ်းကို စတင်ကတည်းတုန်းက သူ့ရဲ့နာကျင်စရာ ခရီးလမ်းကို ချောင်းလျန် ပြန်မှတ်မိသွားပါသည်။ ဂိမ်းထဲမှာ ဆိုးဆိုးရွားရွား လက်နက်ဖြင့် ဖြည်းဖြည်းချင်း အဆင့်တက်အောင် ကြိုးစားပြီး မွန်းစတားအသေးစားလေးတွေကိုတွေ့တိုင်းလည်း ချက်ချင်းသေသွားနိုင်သဖြင့် အမြဲတမ်း ဂရုစိုက်ခဲ့ရသည်။

အခုကကော…

သူ့ကို လွှမ်းမိုးလေ့ရှိသည့် မွန်းစတားများအားလုံးကို အလွယ်တကူ သတ်နိုင်နေပါပြီ။

သူ့ပရိတ်သတ် Chat Group ကိုပြန်ကြည့်လိုက်သည်။ အထဲမှာ ဗြောင်းဆန်နေကြလေသည်။

“လခွမ်း ငါလည်း အဲ့လက်နက်ရသွားပြီကွ ဘာမှ ဂရုမစိုက်ဘဲ အဲ့ဒီကို အရောက်သွားနိုင်ရင် ဘုန်းတော်အိုကြီးနားမှာ သေတာနဲ့ လက်နက်ကို ရနိုင်တယ်”

“ဒီလက်နက်က တော်တော်ကြမ်းပါလား။ ဒီ မွန်းစတားတွေကို အသေဆော်ဖို့ အရမ်းလွယ်လွန်းသွားပြီမလား”

“ကြမ်းလွန်းတယ်။ ဒါတရားဝင်ထုတ်ထားတဲ့ Hack လိုမျိုးလား”

“မြန်မြန်ဟေ့ ဒါကို ရှာဖွေတွေ့ရှိခဲ့တဲ့ကောင် Forum ပေါ်မှာ ပို့စ်မြန်မြန်တင်လိုက် မင်းက ဒီလက်နက်ကို ပထမဆုံးရှာတွေ့ခဲ့တဲ့လူပဲ”

“လခွမ်း ငါဘုန်းတော်အိုကြီးကို သတ်လိုက်မိပြီ။ ငါဘာလုပ်လို့ရတော့မှာလဲ။ ဗုဒ္ဓပုတီးစေ့တွေကိုတောင် သုံးပြီးသွားပြီ”

“ဂိမ်းကို အစက ပြန်ကစားလိုက်ကွာ။ အကြာကြီး ပြန်မဆော့ရပါဘူး”

“ဖုတုကလက်နက်က အကြမ်းဆုံးလက်နက်လို့ တရားဝင်ကြေညာလိုက်ပြီ ဘယ်လက်နက်မှ ယှဉ်လို့ မရတော့ဘူး”

Fourm ပေါ်မှာ လျှို့ဝှက်လက်နက်အကြောင်း ပို့စ်တင်နေကြသည့် လူတွေအများကြီး ရှိနေပါပြီ။ ဒါက သေချာပေါက် အလွန်ကြီးမားသည့် ရှာဖွေတွေ့ရှိမှုကြီး တစ်ခုပင်။

ဒီဇိုင်းအဖွဲ့များစွာက လျှို့ဝှက်ဇာတ်လမ်းများ၊ လျှို့ဝှက်လက်နက်များ၊ Easter Eggs များနဲ့ တခြား အံ့အားသင့်ဖွယ်များကို အကြောင်းအရင်း မျိုးစုံကြောင့် ဂိမ်းထဲမှာ ထည့်သွင်းထားတတ်ကြသည်။ အများအားဖြင့်တော့ ကစားသမားတွေကို Surprise လုပ်ဖို့ဖြစ်ပြီး တချို့ကတော့ ဂိမ်းရဲ့ ဇာတ်လမ်းဇာတ်သွားနဲ့ ဂိမ်းကမ္ဘာကို ထပ်မံတိုးချဲ့ဖို့အတွက်ဖြစ်သည်။

Surprise အမျိုးအစားများစွာအနက် လျှို့ဝှက်လက်နက်များက သေချာပေါက် လူပြောအများဆုံး အကြောင်းအရာများ ဖြစ်ကြသည်။

အဘယ့်ကြောင့်ဆိုသော် Surprise အမျိုးအစား အများစုက ဂိမ်းကစားမှုအပေါ် သက်ရောက်မှု မရှိသောကြောင့် ဖြစ်၏။ ၎င်းတို့ကို ရှာဖွေတွေ့ရှိဖို့ကလည်း မခက်လှပါ။ ကစားသမား အရေအတွက် လုံလုံလောက်လောက် ရှိရုံနဲ့ ထို Surprise များကို အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်ပါသည်။

သို့သော်လည်း ဖုတုလက်နက်ကတော့ ခြားနား၏။ ရူးလောက်စရာ Stats များဖြင့် လျှို့ဝှက်လက်နက်တစ်ခု ဖြစ်သည်။ ကစားသမားများ၏ ဂိမ်းရသကို လုံးဝ ပြောင်းလဲပစ်နိုင်သည်။

ထို့အပြင် လက်နက်ကိုလည်း အလွန်ပိရိစွာ ဝှက်ထားခဲ့၏။ ထို့ကြောင့် ပိုပြီးဆွေးနွေးစရာတွေ ဖြစ်လာပါသည်။

သိပ်မကြာခင်မှာပဲ ဒီပို့စ်က Forum ပေါ်မှာ ရေပန်းစားသွားခဲ့လေသည်။ ကစားသမားများစွာကလည်း ထိုပို့စ်ကို ပြန်တင်ပေးကြကာ အချိန်တိုအတွင်း သတင်းများ ပြန့်နှံ့သွားခဲ့ပါသည်။

… … …

ထိုအချိန်တွင် ဖေးချမ့်တစ်ယောက်ကတော့ ဂိမ်းရဲ့ ငွေပြန်အမ်းနှုန်းကိုသာ စိုက်ကြည့်နေသည်။ သူ ခုလေးတင် ငှားရမ်းခဲ့သည့် Review သမားအတုများကို စောင့်ကြည့်နေခြင်းဖြစ်သည်။

ပို့စ်တစ်ခုကိုတော့ သူအလွန်သဘောကျမိပါသည်။ ထို Review သမားအတုကို ထိုပို့စ်အတွက် ဘောနပ်စ်တောင် ပေးချင်သွား၏။

ပို့စ်ခေါင်းစဥ်က : ဂိမ်းဖန််တီးသူတွေရဲ့ ထောင်ချောက်ထဲ မမိစေနဲ့။ ချက်ချင်း ငွေပြန်အမ်းခိုင်းမှဖြစ်မယ်

“ဒီဇိုင်းအဖွဲ့က ကစားသမားတွေဘာတွေစဥ်းစားနေလဲဆိုတာ လေးလေးနက်နက်နားလည်ထားတယ်။ ငွေပြန်အမ်းခွင့် ကာလကိုလည်း တမင်သက်သက် အချိန်တိုးထားတာ။ အပေါ်ယံက ကြည့်ရင်တော့ သဘောကောင်းတဲ့ပုံ ထင်ရပေမယ့် တကယ်တမ်း လုံးဝ လူလိမ်ကောင်တွေပဲ”

“ငွေပြန်အမ်းခွင့် အချိန်ကာလကို တိုးလိုက်တာက ကစားသမားတွေ ဂိမ်းကို ကစားမိတဲ့ အချိန်ကိုလည်း ပိုတိုးသွားစေတယ်။ အဲ့တာက ဂိမ်းထဲက စိတ်ပျက်စရာ အတွေ့အကြုံကို မင်းတို့အသားကျသွားအောင် အတင်းအကျပ်လုပ်တဲ့ နည်းလမ်းတစ်ခုပဲ”

“ဂိမ်းက ငွေပြန်အမ်းခွင့် ကန့်သတ်ချက် အချိန်ကို နီးလာရင် မင်းတို့ကို ရွံသွားအောင် လုပ်ဖို့ စာတန်းတချို့ ပေါ်လာလိမ့်မယ်… ပြီးတော့ အမြဲတမ်းပေါ်ပေါ်လာတဲ့ သင်္ချိုင်းစာတွေကော… ဒါတွေအားလုံးရဲ့ ရည်ရွယ်ချက်က ကစားသမားတွေအပေါ်မှာ ပြောင်းပြန်စိတ်ပညာသုံးဖို့အတွက်ချည်းပဲ”

“အဲ့ဒီပြောင်းပြန်စိတ်ပညာထဲ မိသွားတာနဲ့ သူတို့ထောင်ချောက်ထဲ ရောက်သွားပြီပဲ မင်းတို့ ဂိမ်းကို ပြန်ပြီး ငွေမအမ်းခိုင်းချင်တော့ရင် ဒီဇိုင်းအဖွဲ့ရဲ့ ထောင်ချောက်ထဲ မိသွားပြီပဲ”

“စဥ်းစားကြည့်လိုက်စမ်းပါ။ မင်းတို့ သွေးဆူသွားတဲ့အတွက်ကြောင့်နဲ့ ယွမ် ၁၀၀ လောက် ဖြုန်းတီးလိုက်သလိုဖြစ်သွားမယ်။ ဘာလို့ အဲ့လိုလုပ်ကြမှာာလဲ။ အဲ့ဒီ ယွမ် ၁၀၀ နဲ့ တခြားအကျိုးရှိတာ တစ်ခုခုလုပ်လို့ရတာပဲ။ ဘာလို့ ဒီလောက် စိတ်ဆင်းရဲရတဲ့ ဂိမ်းရသမျိုးကို ခံစားကြမှာလဲ”

“အဲ့တာကြောင့် အားလုံး သေသေချာချာ ဂိမ်းကို ပြန်အပ်ပြီး ငွေပြန်တောင်းကြဖို့ တိုက်တွန်းချင်တယ်။ ဒီဇိုင်းအဖွဲ့ရဲ့ အရူးလုပ်တာကို မခံကြနဲ့”

ထိုပို့စ်ကို မြင်လိုက်တာနဲ့ ဖေးချမ့် အကြွင်းမဲ့ သဘောကျသွားသည်။

ကောင်းလိုက်တဲ့စာသား…

အဲ့ဒီကကောင် ငါ့ကို ဖုန်းနံပါတ်ပေးစမ်းပါ။ မင်းကအရမ်း ပါရမီရှိတာပဲ။ Review သမား အတုလုပ်နေတာ မင်းပါရမီကို ဖြုန်းတီးရာ ကျတယ် ဖေးချမ့် တွေးလိုက်ပါသည်။

ဒီပို့စ်က ဖေးချမ့်အတွက် အလိုအပ်နေဆုံးအရာ ဖြစ်သည်။

ထိုပို့စ်၏ ကောမန့်အပိုင်းတွင် အငြင်းပွားဖွယ်များစွာ ရှိနေပြီး တချို့က ပို့စ်ပိုင်ရှင်ကို ဆဲဆိုနေကြသော်လည်း ဒီပို့စ် ရေပန်းစားသွားတာ သိသာပါသည်။ ဖေးချမ့်အတွက် ငွေပြန်အမ်းမှုတွေ အများကြီး တိုးမြင့်သွားအောင် ကူညီပေးခဲ့သည်။

ထိုပို့စ်က ဂိမ်းကို ဝေဖန်နေသည့် တစ်ခုတည်းသော ပို့စ် မဟုတ်ပေ။ Review သမား အတုများစွာက Weibo ပေါ်တွင်၊ Forum များစွာပေါ်တွင်၊ ဂိမ်း Chat Group များစွာတွင်လည်း ထိုအကြောင်းကို ပြောနေကြသည်။ ဂိမ်းထဲမှာ ဒီလောက် စိတ်ညစ်ခံစရာ မလိုတဲ့အကြောင်းကို အလေးထား ပြောဆိုနေကြပါသည်။

သူ့ပိုက်ဆံတွေ သုံးလိုက်ရတာ အလွန်တန်သည်ဟုသာ ဖေးချမ့် တွေးမိတော့သည်။

တချို့ Review သမား အတုတွေကတော့ လမ်းမှားကို ရောက်ပြီး အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို ချီးကျူးနေကြသည်။ ထို့ကြောင့် ဖေးချမ့်အတွက် ပြဿနာနည်းနည်းတော့ တက်ပါသည်။ သို့သော်လည်း ယေဘုယျအားဖြင့်တော့ အခြေအနေတွေက သူ့ဘက်မှာ ရှိနေပါသည်။

ငွေပြန်အမ်းနှုန်းက အများကြီးတော့ တက်မသွားပါ။ ကြည့်ရသလောက်တော့ ၃၅ ရာခိုင်နှုန်းလောက် ပြည့်မှီဖို့တော့ မဖြစ်နိုင်သလောက် ရှိပါသည်။

သို့သော်လည်း ဒီလိုမျိုး ငွေပြန်အမ်းနှုန်း တည်ငြိမ်နေပြီဆိုတာနဲ့တင် သူ့အတွက် သတင်းကောင်း ဖြစ်နေပါပြီ။

အရှုံးပေးပြီး ကယ်တင်ခြင်း ခံစေ ဂိမ်း၏ သတင်းပေါင်းများစွာက အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေပြီဖြစ်သဖြင့် ဒီဂိမ်းက စိတ်ဆင်းရဲဖို့ ကောင်းတယ်ဆိုတာ ကစားသမားသစ်တွေလည်း သိကုန်ကြပါပြီ။ ဂိမ်းအတွက် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင် ပြင်ဆင်ထားခဲ့ကြသည်။ ထိုအခါ ငွေပြန်အမ်းခွင့် တောင်းဆိုနှုန်းက လျော့ကျသွားခဲ့ပါသည်။

သို့သော်လည်း Review သမားအတုများ၏ ဆက်တိုက် အားထုတ်ကြိုးပမ်းမှုကြောင့် ငွေပြန်အမ်းခွင့် တောင်းဆိုနှုန်းက ပြန်လည် တည်ငြိမ်လာသည်။ ဒါ သတင်းကောင်းဆိုတာ သိသာပါသည်။

App Store က ဂိမ်းကို ဖြုတ်ချဖို့တော့ ဖေးချမ့် မမျှော်လင့်တော့ပါ။ အချိန်အကြာကြီး စောင့်နေခဲ့သော်လည် သတိပေးချက်လေးတောင် မရခဲ့ပေ။ ဆိုလိုရင်းက App Store ကလည်း ဂိမ်းကို ဆက်တင်ထားဖို့ ဆုံးဖြတ်ထားသည့် သဘောပင်။

ဘယ်လိုပဲဖြစ်ဖြစ် ငွေပြန်အမ်းခွင့် တောင်းဆိုမှုများ ပိုတက်လာလေလေ ရတဲ့ ဒေါ်လာအနည်းငယ် လျော့နည်းသွားလေလေဖြစ်သည်။ ကုသိုလ် ကောင်းမှု လုပ်နေတာလို့တောင် ပြောလို့ရပါသည်။

“ဟမ်… ထူးဆန်းလိုက်တာ”

“လွန်ခဲ့တဲ့ တစ်နာရီအတွင်း ငွေပြန်အမ်းခွင့် တောင်းဆိုနှုန်းက ဘာလို့ ထပ်ကျသွားတာလဲ။ Review သမားအတုတွေ ကိုယ့်အလုပ်ကိုယ် မလုပ်ကြဘူးလား။ သူတို့ကို ငွေထပ်ပေးရဦးမှာလား”

ဖေးချမ့် အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့ပါသည်။ သိပ်မကြာသေးခင်ကမှ သူတို့ကို ငွေရှင်းပေးခဲ့တာ မဟုတ်ပါလား။

Forum အကြီးစားများထဲကို ဝင်လိုက်ပြီး လူထုရဲ့အမြင်တွေ ပြောင်းလဲမှုများရှိနေသလား စစ်ဆေးဖို့ ကြံစည်လိုက်သည်။

သို့သော် Forum တစ်ခုကို ဝင်လိုက်တာနဲ့ ရေပန်းစား ပို့်စ်တစ်ခုကို တန်းမြင်လိုက်ရသည်။

“ဂိမ်းထဲမှာ လျှို့ဝှက် လက်နက်တစ်ခုကို ရှာတွေ့သွားပြီ။ ဖုတုလက်နက်က သောက်ရမ်း ကြမ်းတယ်ကွာ”

“ဘာ”

ဖေးချမ့် ကိုယ်ထဲက သွေးတွေတောင် ပြောင်းပြန် စီးသွားသလို ခံစားလိုက်ရ၏။ နှလုံးဖောက်တော့မလိုတောင် ဖြစ်သွားပါသည်။

ဘာလဲဟ…။

ထိုပို့စ်ကို အမြန်နှိပ်ကာ ဖတ်ကြည့်လိုက်သည်။

ပို့စ်၏ ယေဘုယျ အကြောင်းအရာကတော့ အလွန်ရိုးရှင်းပါသည်။ ပို့စ်ပိုင်ရှင်က ဖုတုလက်နက်ကို ဘယ်နေရာမှာ တွေ့ခဲ့သည့်အကြောင်းကို ဖော်ပြထားသည်။ သူက စကေးအစုတ်နဲ့ ဂိမ်မာတစ်ယောက် ဖြစ်သည်။ မွန်းစတားတွေကို မသတ်ဘဲ ပတ်ပြေးရင်း ဗုဒ္ဓရုပ်ပွားတော် ခရီးနှင်အမှတ်များကို ရောက်နိုင်မလားဟု စမ်းသပ်ကြည့်ချင်ခဲ့သည့်လူဖြစ်သည်။ သို့သော်လည်း ဘုရားကျောင်းဟောင်းကြီးထဲသို့ မတော်တဆ ဝင်လိုက်မိပြီး ဘုန်းတော်အိုကြီး သတ်တာကို အကြိမ်ပေါင်းများစွာ ခံလိုက်ရပါသည်။

ထိုလက်နက်ကို ရရှိဖို့ ဘယ်လိုလုပ်ရမည်ဖြစ်ကြောင်း၊ ဖုတုလက်နက်၏ Screecshot ပုံနဲ့ လက်နက်၏ ခွန်အားတို့ကိုပါ အသေးစိတ်ရှင်းပြထားသေးသည်။

ပို့စ်အောက်မှာ ကောမန့်ပေါင်း ထောင်နဲ့ချီပြီး ရှိနေပါသည်။

“လခွမ်း တကယ်ကြီးဟ။ ဂိမ်းထဲမှာ တကယ်ကြီး လျှို့ဝှက်လက်နက်ပါတာပဲ”

“ငါလည်း ရသွားပြီ ကျေးဇူးပါ ပို့စ်ပိုင်ရှင်ရေ မင်းအတော်ဆုံးပဲ”

“ဒီလက်နက်က ဂိမ်းထဲမှာ တရားဝင်ထည့်ပေးထားတဲ့ Hack လိုပဲ။ ကြမ်းလွန်းပါတယ်ကွာ”

“ငါ့စကေးဘယ်လောက်စုတ်စုတ် မွန်းစတား တစ်ကောင်ကို တစ်ချက်တည်းနဲ့ သတ်နိုင်ပြီ”

“ငါတို့ဒီတိုင်း ဘာမှမစဥ်းစားဘဲ လိုက်သတ်လို့ရတဲ့ ဂိမ်းဖြစ်သွားပြီလား”

“ဟားဟားဟား ဒီလက်နက်ကတော့ ငါ့ကို ဂိမ်းထဲမှာ ဆက်ပြီး ခံနိုင်ရည်ရှိို့ အကြောင်းပြချက် ပေးလိုက်သလိုပဲ။ အစက ငွေပြန်တောင်းဖို့ စီစဥ်ထားပေမယ့် အခုတော့ အဆင့်တွေနိုင်နေပြီဟ”

“ဒီလက်နက်က ဂိမ်းထဲမှာ အတော်ကြမ်းလွန်းနေတယ်လေ။ ဂိမ်းက မျှတပါဦးမလား”

“ဂိမ်းက မျှတဖို့ ဘယ်မှာလိုလို့လဲ။ ငါတို့ နာကျင်ခံစားနေရတာကို ထုတ်လုပ်သူတွေက သိလို့ စကေးစုတ်တဲ့ ကစားသမားတွေ ဂိမ်းဆက်ကစားနိုင်အောင် တမင်သက်သက် လျှို့ဝှက်လက်နက်ကို ထည့်ပေးခဲ့တာလေ”

“အဲ့တာ ဒီဇိုင်းအဖွဲ့က ငါတို့အပေါ် စေတနာထား သက်ညှာတဲ့သဘောလား”

“ဒီဇိုင်နာတွေက တကယ့် လူကောင်းသူကောင်းတွေပါလား။ အရင်တုန်းက အမေနဲ့နှိုင်းပြီးတောင် ဆဲခဲ့မိတာ။ တောင်းပန်ပါတယ် ငါမှားပါပြီ”

ထိုပို့စ်က ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။ နှစ်သစ်ကူး အောင်ပွဲခံနေကြတာနဲ့တောင် တူနေပါသည်။

ဒါတင်မကသေးဘဲ ကစားသမားများက အနုပညာဆန်ဆန်နဲ့ လျှို့ဝှက်လက်နက် Emoji များဖန်တီးလိုက်သည်အထိ ဖြစ်လာသည်။

တစ်စုံတစ်ယောက်က ဂိမ်းထဲက တိုက်ပွဲမြင်ကွင်း တစ်ခုကို Screenshot ရိုက်ထား၏။ ဇာတ်လိုက်က ဖုတုလက်နက်ကို လေထဲမြှောက်လိုက်ပြီး စုပြုံနေသည့် မွန်းစတား ၃ ကောင်စလုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်သည်။ ဓာတ်ပုံအောက်မှာလည်း စာကြောင်းတစ်ကြောင်းပါနေပါသေးသည်။

‘ဖုတု’နဲ့ ကြိတ်ပြီ။

‘မဟာဖုတု’၊ ‘ဖုတုသတိပေးချက်’၊ ‘တဖက်လူက စကားမပြောချင်ရင် ဖုတုနဲ့သာ ကြိတ်လိုက်’၊ ‘ဝိညာဥ်ဆက်အလံတွေ၊ လွမ်းဆွေးခြင်းတွယ်အပ်တွေ ဘာတွေ နားမလည်ဘူး၊ ငါဖုတုပဲသုံးတာ၊ တစ်ချက်ရိုက်ရင် ပွဲပြီးပြီ’... အစရှိသဖြင့် Meme များနှင့် သက်ဆိုင်သည့် Emoji တွေလည်း ပေါ်လာပါသည်။

ဖေးချမ့် ကိုယ့်နဖူးကိုကိုယ်သာ ဖြတ်ရိုက်လိုက်မိတော့သည်။

ငါ့လခွီး… သောက်စုတ်ပလုတ် Netizen တွေက Meme တွေ လုပ်တာ တော်တော်မြန်ကြပါလား။

ပို့စ်တင်ထားသည့်အချိန်ကို သူကြည့်လိုက်၏။ ၃ နာရီသာရှိသေးသော်လည်း ဒီ Netizen တွေက Emoji များစွာကို ထုတ်လုပ်ပြီးနေပါပြီ။

နေပါဦး။ အခု ပြဿနာက Emoji တွေမဟုတ်ဘူးဟ။

ဂိမ်း၏ ငွေပြန်အမ်းခွင့်တောင်းဆိုနှုန်း ဘာကြောင့် ရုတ်တရက်ကြီး ထိုးကျသွားရသလဲ ဖေးချမ့် ချက်ချင်း နားလည်သွားပါသည်။ ဂိမ်းအဆင့်တွေကို အောင်မြင်ဖို့ တရားဝင် ဖြတ်လမ်းနည်းကို သိသွားတဲ့လူတွေ ပိုပိုများလာတာကြောင့်ပင်။

ယခင်တုန်းက ကစားသမားအများစုမှာ လက်ရွေးစင် မွန်းစတားများကို တိုက်ခိုက်ဖို့ နည်းလမ်းဟူ၍ ရှိကြပါ။ သူတို့ ထပ်ခါထပ်ခါသာ သေကြရသည်။ ထို့ကြောင့် သူတို့ယုံကြည်မှုကို ရိုက်ချိုးခံရသလိုဖြစ်ကာ လူပေါင်းများစွာက ငွေပြန်အမ်းခိုင်းကြပါသည်။

သို့သော်လည်း ဖုတုလက်နက်နဲ့ ဂိမ်းထဲမှာ ရှင်သန်ဖို့ နည်းလမ်းတစ်ခုကို သူတို့ရှာတွေ့သွားကြသည်။

သူတိ့ ဂိမ်းရဲ့ အစောပိုင်းအဆင့်တွေမှာ ရှင်သန်နိုင်ပြီး ဘုန်းတော်အိုကြီး၏ ဘုရားကျောင်းဟောင်းကြီးထဲက ဖုတုလက်နက်ကို ရရှိပါက ဂိမ်းရဲ့ ခက်ခဲမှုအဆင့်လည်း အလွန်လျော့ကျသွားလိမ့်မည်။ သူတို့ ဂိမ်းကို နောက်တစ်ခေါက် ပျော်ပျော်ကြီး ကစားနိုင်ကြပါလိမ့်မည်။

“သွားပါပြီ မကောင်းတာတွေ ဖြစ်ကုန်ပြီ”

ဖေးချမ့် ခြေဖျားလက်ဖျားများ အေးစက်သွားသည်။ သူ့ကမ္ဘာကြီး တစ်စစီပြိုကွဲနေပါပြီ။

All Chapters