← Chapters

နတ်သားတော်၏ခရီးတစ်ခေါက်

Vol. 40 Ch. 601

နတ်သားတော်၏ခရီးတစ်ခေါက်

Vol. 40 Ch. 601

ရွှီချင်း၏ စကားမှာ အလွန်သဘာဝကျ၏။ ယင်းက အမိန့်မဟုတ်ပေ။ အထက်တန်းမျိုးနွယ်မှ အောက်တန်းမျိုးနွယ်သို့ ညွှန်ကြားချက်သာ ဖြစ်၏။

ခေါင်းဆောင်သည် အံ့ဩသွားသည်။ ရွှီချင်း၏ စကားက အထက်စီးနိုင်ပြီး သူက ဗိုလ်ချုပ်တစ်ဦးအလားပင်။

သူတို့ကို ဖိအားပေးသည့် ဝတ်ရုံနက်အစောင့်အရှောက်များ၏ လုပ်ဆောင်မှုများသည် ဗိုလ်ချုပ်တစ်ဦးထံမှ ဖြစ်သည်။ ရွှီချင်း ပြန်လည်တုံ့ပြန်သည့်အခါတွင်လည်း ဗိုလ်ချုပ်တစ်ဦးကဲ့သို့ပင် တုံ့ပြန်၏။

...

ရွှီချင်း၏ စကားဆုံးသည်နှင့် ဘေးပတ်ဝန်းကျင်ရှိ ဝတ်ရုံနက်အစောင့်အရှောက်များ၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားကြသည်။ လင်းယွမ်သုန်းသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး အသက်ရှုသံက ထိန်းချုပ်မရအောင် မြန်ဆန်လာသည်။

သူ၏ ကိုယ်တွင်းမှ သက်စောင့်မီးအိမ်သည် နတ်နန်းတော်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ချေ၏။ အကယ်၍ ယင်းကို ထုတ်ယူမည်ဆိုလျှင် အခြေခံအားဖြင့် သူ၏ နတ်နန်းတော်တစ်ခုက ဖျက်‌ဆီးခံရမည်ဖြစ်ပြီး သူအပြင်းအထန် ဒဏ်ရာရသွားလိမ့်ပေမည်။ အတိအကျဆိုရလျှင် ယင်းက သူ၏ ကျင့်ကြံခြင်းအခြေခံကို ပြန်လည်တည်ဆောက်၍ မရနိုင်တော့သည်အထိ ဒဏ်ဖြစ်စေနိုင်သည်။

အကယ်၍ တခြားအခြေအနေတစ်ခုတွင်သာ ထိုသို့ တောင်းဆိုခံရပါက သူသေကိုယ်သေ တိုက်ခိုက်ရမည့် အနေအထားဖြစ်သည်။

ငယ်စဉ်အရွယ်မှစ၍ လင်းယွမ်သုန်းသည် ဝတ်ရုံနက်အစောင့်အရှောက်တစ်ဦး မဖြစ်လာခင်နှင့် ဖြစ်လာပြီးချိန်တွင်လည်း ကောင်းကင်လက်ရွေးစင်တစ်ဦး ဖြစ်ခဲ့သည်။ သူ၏ အဖေသည် ရာထူးကြီးနှင့် ဩဇာအာဏာကို ချုပ်ကိုင်ထား၏။ သူ၏ ဗီဇပါရမီသည်လည်း အံ့ဩဖွယ်ကောင်းပြီး ဝတ်ရုံနက်အစောင့်အရှောက်များထဲ၌ သူသည် တည်တည်ငြိမ်ငြိမ် တိုးတတ်လာခဲ့သည်။

ထို့အပြင် သူ၏ ဒုတိယတန်းစားသရုပ်က သူ့အား သန့်စင်ရေလှိုင်းမျိုးနွယ်ထဲ၌ အထက်တန်းလွှာသွေးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်စေခဲ့သည်။ သူသည် လူအများ၏ အထက်မှာ အမြဲရှိခဲ့ပြီ သာလွန်မြင့်မြတ်သည်ဟု အမြဲခံစားမိခဲ့သည်။

သို့သော်လည်း ယနေ့တွင် သူသည် ခွေးတစ်ကောင်ပမာ ကြီးမားသော အရှက်ရမှုကို ခံစားရသည်။ အရေးကြီးဆုံးမှာ တဖက်လူက ထိုသို့အရှက်ခွဲခြင်းကို ထူးထူးခြားခြား ဘာမှမဟုတ်သကဲ့သို့ ရိုးရှင်းစွာ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်သုန်းသည် သန့်စင်ရေလှိုင်းမျိုးနွယ်၌ မည်သည့်အဆင့်အတန်းရှိပါစေ ယင်းက ကောင်းကင်နက်မျိုးနွယ်၏ ရှေ့တော်တွင် အချည်းနှီးသာ ဖြစ်၏။ အကယ်၍သာ ထိုသူက တော်ဝင်မိသားစုမှဆိုလျှင် သူစကားတချို့ ပြန်ပြောနိုင်လိမ့်မည်။ သို့မဟုတ်ဘဲ ထိုသူက တကယ်ပဲ နတ်သားတော်တစ်ပါးဆိုလျှင် တော်ဝင်မိသားစုသည်ပင် အချည်းနှီးဖြစ်ရပေမည်။

မည်သို့ဆိုစေ သန့်စင်ရေလှိုင်းမျိုးနွယ်သည် ကောင်းကင်နက်မျိုးနွယ်ပေါ်တွင် မှီခိုနေရပေသည်။ ၎င်းတို့ကြားမှ ဆက်ဆံရေးသည် တန်းတူမဟုတ် သခင်အစေခံ ဆက်ဆံရေးသာ ဖြစ်သည်။

ကျိုးရှင်းဝူ၏ အမူအရာသည်လည်း ပြောင်းလဲသွား၏။

သူသည် အစကတည်းက အေးစက်မှုကို မထိန်းထားနိုင်ပေ။ ဤအခိုက်အတန့်မှာ သူက မျက်မှောင်ကြုတ်၍ ရွှီချင်းကို ကြည့်သည်။ အတွေးပေါင်းများစွာက သူ၏ နှလုံးသားထဲမှာ ယှဉ်တွဲနေသည်။

အမှန်တော့ ပြည်ထောင်အရှင်၏ အမိန့်တော်ထဲမှာ ထိုကောင်းကင်နက်မျိုးနွယ်ဝင်နှစ်ဦးကို မြို့တော်သို့ပြန်ရန်အလို့ငှာ ဖိတ်ခေါ်ဖို့ မပါဝင်ပေ။ ယင်းကို သူ့ဘာသာ လုပ်ဆောင်ခြင်း ဖြစ်ပေသည်။

သို့သော်လည်း တဖက်လူက သူ့အား ထိုသို့‌ပြန်ပြောလိမ့်မည်ဟု မထင်ထားပေ။ ယင်းက မဖြေရှင်းနိုင်သော အခြေအနေသို့ ဖြစ်လာချေ၏။

သူ့အတွက် ညွှန်ကြားချက်ကိုလိုက်နာပြီး လင်းယွမ်သုန်း၏ သက်စောင့်မီးအိမ်ကို ထုတ်ယူရန်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။ အကယ်၍ သူလုပ်ခဲ့မည်ဆိုလျှင် နောက်နောင် ဝတ်ရုံနက်အစောင့်အရှောက်ထဲမှာ ခြေကုပ်တစ်နေရာရရန် သူ့အတွက် ခဲယဉ်းသွားလိမ့်မည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးကို အပြစ်လုပ်မိပေလိမ့်မည်။

အုပ်ချုပ်ရေးမှူးက ကောင်းကင်နက်မျိုးနွယ်ကို ဒေါသမထွက်ဝံ့သော်လည်း သူ့ကို အလွယ်လေး အပြစ်ပေးနိုင်သေးပေ၏။

သို့သော်လည်း အကယ်၍ သူက မနာခံဘူးဆိုလျှင် စောစောကထက် ပို၍မာထန်သော ဖိတ်ခေါ်မှုလုပ်ရန် အလွန်ခက်ခဲသော အခြေအနေဖြစ်လာပေလိမ့်မည်။

သူဒုက္ခရောက်ပြီဟု ခံစားရစဉ်မှာပဲ ရွှီချင်းက သူ့ကို အေးတိအေးစက် လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ငါပြောတာမကြားဘူးလား ”

ကျိုးရှင်းဝူ မျက်မှောင်ကြုတ်သွား၏။ သူ့ကို စိုက်ကြည့်နေကြသည့် ဝတ်ရုံနက်အစောင့်အရှောက်များ၏ အသက်ရှုသံသည် မြန်ဆန်လာကြသည်။

သူတို့သိသည်မှာ အကယ်၍ ခေါင်းဆောင်က လင်းယွမ်သုန်း၏ သက်စောင့်မီးအိမ်ကို တဖက်လူ၏ စကားကြောင့် တကယ်ထုတ်ယူလိုက်မည်ဆိုလျှင် သူတို့၏ အသက်က ကောင်းကင်နက်မျိုးနွယ်၏ လက်ထဲမှာဖြစ်သွားပေမည်။

ကျိုးရှင်းဝူကိုကြည့်နေသော လင်းယွမ်သုန်း၏ မျက်လုံးသည်လည်း ရဲရဲနီလာသည်။

" အရှင်နတ်သားတော် "

စကားသံ‌ပေါ်ထွက်လာသည်နှင့် ထွဋ်ခေါင်နိုင်ငံဘုရင်သည် အလျှင်အမြန် ရောက်ချလာသည်။ သူက ရွှီချင်းကို ရိုသေစွာ ဦးညွတ်ပြီး ကျိုးရှင်းဝူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူ့အတွက် ကောင်းကင်နက်မျိုးနွယ်၏ နတ်သားတော်သည် အစစ်အမှန်ဖြစ်သည်။ မည်သို့ဖြစ်စေ အစစ်အမှန်ဖြစ်ရမည်။

သို့မှသာ သူ၏ သားက ကောင်းချီးပေးခံရပြီး ပထမတန်းစားသရုပ်သို့ မြင့်တတ်သွားလိမ့်မည်။ သို့ဖြစ်၍ မည်သို့ဖြစ်စေ ဤကိစ္စသည် ကောင်းကင်နက်ဘုံကျောင်း ကောက်ချက်မချခင်အထိ အမှန်ဖြစ်ရမည်။

" အရှင်နတ်သားတော်... ဒီကောင်လေးရဲ့ ကိုယ်ထဲမှာ တည်ရှိနေပြီးတဲ့ သက်စောင့်မီး‌အိမ်က ညစ်ညမ်းပါတယ်... ဒါပေမဲ့ ကောင်းကင်လေတိုင်းပြည်မှာ မပေးအပ်ရသေးတဲ့ သက်စောင့်မီးအိမ်တွေရှိပါတယ်.. ကျုပ်တို့ တခြားဟာနဲ့ လဲလှယ်ရင်ရော ဘယ်လိုလဲ "

ကျိုးရှင်းဝူသည် ချက်ချင်း ခေါင်းညိတ်ပြီး ရွှီချင်းထံသို့ လက်သီးဆုပ်၍ ဂါရဝပြုသည်။

“ အရှင်... ကျွန်တော် အခုပဲ အထက်လူကြီးတွေကို ဆက်သွယ်လိုက်ပါ့မယ်... အရှင် ကောင်းကင်လေတိုင်းပြည်ထဲ ခြေ‌ချတဲ့အခါ သက်စောင့်မီးအိမ်တစ်ခုကို လက်ဆောင်ပဏ္ဍာအဖြစ် ပေးပါမယ် "

ရွှီချင်းသည် အမူအရာလုံးဝကင်းမဲ့၏။ သို့သော်လည်း ထိုသို့ သူပြုမူလေ ဂုဏ်အသရေလေထုကို ပို၍ထုတ်လွှတ်လေ ဖြစ်သည်။

ခေါင်းဆောင်၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့တွသွားပြီး အသံမှာ တိုးဝင်သွားသည်။

“ ရဲတင်းလိုက်တာ... ငါ့မျိုးနွယ်ရဲ့ နတ်သားတော်ကို ဘာမဟုတ်တဲ့ သက်စောင့်မီးအိမ်တစ်ခုလောက်နဲ့ နေရာရွှေ့စေချင်လို့ရမလား "

ရွှီချင်းသည် အတွင်းကျိတ် ချီးမွမ်းလိုက်သည်။ ခေါင်းဆောင်၏ စကားကြောင့် ကောင်းကင်လေတိုင်းပြည်သို့ ဦးတည်သွားမည့် အယူအဆက မသိမသာ ပြောင်းလဲသွားသည်။

ယင်းကို ထွဋ်ခေါင်နိုင်ငံဘုရင်ကြားသည့်အခါ ကျိုးရှင်းဝူထံသို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်မချမ်းသာမှုက အတိုင်းသား ပေါ်လွင်နေ၏။

ကျိုးရှင်းဝူသည် တိတ်တခိုး သက်ပြင်းချလိုက်လေသည်။ အကယ်၍ သူသာ လင်းယွမ်သုန်း၏ သက်စောင့်မီးအိမ်ကို မထုတ်ယူဘူးဆိုလျှင် တဖက်လူကို ကောင်းကင်လေတိုင်းပြည်သို့ အတင်းအကျပ်ဖိတ်ခေါ်ရန် မဖြစ်နိုင်တော့မှန်း သိ၏။

သို့မဟုတ်ဘဲ အကယ်၍ သူက ဆက်ပြီး အတင်းဖိအားပေး ဖိတ်ခေါ်နေမည်ဆိုလျှင် ကောင်းကင်နက်မျိုးနွယ်ကို လျစ်လျူရှုသလို ဖြစ်သွားပေမည်။ ထို့အပြင် သူ၏ အရှေ့မှ ထွဋ်ခေါင်နိုင်ငံဘုရင်သည် ထိုသို့လုပ်ဆောင်ရန် သူ့ကို လုံးဝခွင့်ပြုလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း မည်သို့ကြောင့် ဤလူနှစ်ယောက်က ကောင်းကင်လေတိုင်းပြည်သို့ သွားရောက်ရန် ငြင်းဆန်ရကြောင်း သူသံသယဝင်မိသည်။ ထိုသံသယက သိချင်စိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်လည်း ယင်းက အထက်လူကြီးများ ဆုံးဖြတ်ရမည့်အရာဖြစ်ပြီး သူဝင်ရောက်စွက်ဖက်နိုင်သည့်အရာမဟုတ်ကြောင်း သေချာနားလည်၏။ တဖက်လူ၏ သရုပ်က အတုဖြစ်လျှင်ကောင်း၏။ ထိုသို့မဟုတ်ဘဲ အစစ်ဖြစ်နေမည်ဆိုလျှင် သူဝင်ရောက်စွက်ဖက်လိုက်ပါက အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ပေ။

သို့ဖြစ်၍ သူက ဦးနှိမ့်လိုက်ပြီး အရိုအသေပေးသည်။

“ ကျွန်တော် လျစ်လျူမရှုရဲပါဘူး... သက်စောင့်မီးအိမ်ကိစ္စကို အထက်မြို့တော်ဆီ ချက်ချင်း သတင်းပို့လိုက်ပါမယ် ”

ရွှီချင်းသည် လင်းယွမ်သုန်းကို တစ်ချက်ကြည့်ပြီး ခေါင်းခါသည်။

“ ငါ့မှာ သက်စောင့်မီးအိမ်တွေ အများကြီးရှိတယ်... မင်းတို့သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ဟာမျိုး မရှားဘူး... ဒါပေမဲ့ ဒီရုပ်ထွင်းကျောက်ပြာသက်စောင့်မီးအိမ်က အနည်းငယ် ထူးခြားတယ်... အဲ့ဒါကို ငါလိုချင်တယ် ”

ရွှီချင်း၏ စကားဆုံးသည်နှင့် လင်းယွမ်သုန်း၏ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ဒုက္ခရောက်သော အမူအရာဖြစ်ပေါ်လာသည်။ သူက မခံမရပ်နိုင်ဖြစ်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။ သူ၏ စိတ်ထဲမှာ စိုးရိမ်သောက၊ ဒေါသနှင့် အခြားသော စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသော်လည်း ယင်းတို့ကို ငြင်းဆန်နိုင်ခြင်းမရှိသလို ဖွင့်ထုတ်နိုင်စွမ်းလည်း မသာချေ။

အကယ်၍ သူက တစ်စုံတစ်ခု ပြောဆိုလိုက်မည်ဆိုလျှင် မလေးစားရာရောက်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်ထား၏။ ထိုအခါကျလျှင် ယင်းက သူ၏ သက်စောင့်မီးအိမ်ကို ဆုံးရှုံးရုံမျှနှင့် လုံလောက်လိမ့်မည်မဟုတ်ချေ။

အထက်မျိုးနွယ်ထံမှ အရှက်ကွဲခံရခြင်းက သူ၏ နှလုံးသားထဲမှာ အဆိပ်မီးတောက်အလား ပြည့်နှက်နေ၏။

ကျိုးရှင်းဝူသည်လည်း မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အမူအရာသည် တဖြည်းဖြည်း မည်းမှောင်လာသည်။

ခေါင်းဆောင်သည် တံတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီး သူ့ဘာသာ တွေးတောလိုက်သည်။

‘ ရွှီချင်း... မင်းတော့ ရူးလွန်းသွားပြီ... မင်းသူ့ကို ဒီလိုဆက်ပြီး ဖိအားပေးနေမယ်ဆိုရင် တဖက်အုပ်စု တကယ်လှုပ်ရှားတဲ့အခါ ငါတို့တော့ သွားပြီ ’

‘ ကျန်းစန်းပြောတာ မှန်တယ်... ဒီချင်းလေးက ငါ့ထက်တောင် ပိုရူးတယ် ’

လူတိုင်းနှလုံးခုန်သံမြန်နေစဉ် ရွှီချင်းသည် လင်းယွမ်သုန်းဆီသို့ လျှောက်သွားသည်။

ရွှီချင်းအနားကပ်လာသည်နှင့်အမျှ ကောင်းကင်နက်မျိုးနွယ်၏ အမည်နာမကို ကိုယ်စားပြုသော ဖိအားသည် သန့်စင်ရေလှိုင်းမျိုးနွယ်မှ ကျင့်ကြံသူတိုင်း၏ နှလုံးသားထဲမှာ တစ်ဟုန်ထိုး မြင့်တတ်လာသည်။

ရွှီချင်း လင်းယွမ်သုန်းဆီသို့ လျှောက်သွားသည်ကိုမြင်သောအခါ အေးစက်စက် အလင်းက ကျိုးရှင်းဝူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းမှာ သူ၏ စိတ်ထဲသို့ အတွေးတချို့ အစပျိုးဝင်ရောက်လာသည်။

လင်းယွမ်သုန်း၏ နဖူးသည် ချွေးစေးဖြင့် စိုရွှဲနေပြီး ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေလေရာ ကြီးမားသော စိုးရိမ်သောက၊ စိတ်ဒုက္ခနှင့် ဒေါသကို ထုတ်ဖော်ပြနေ၏။ ထိုစိတ်ခံစားချက်များ သူ့အပေါ် လွှမ်းမိုးခြိမ်းခြောက်လာပြီး စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားစဉ်အခိုက် သူ၏ အရှေ့မှာ မတ်တတ်ရပ်နေသော ရွှီချင်းက ရုတ်ချည်း ပြုံးလိုက်သည်။

ထိုအပြုံးသည် ဤနေရာတစ်ဝိုက်ရှိ ဖိနှိပ်မှုအားလုံးကို ချက်ချင်း လွင့်ပျယ်သွားစေသည်။

ရွှီချင်းသည် ပြုံးပြီးနောက် လင်းယွမ်သုန်း၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး ပြောသည်။

“ မကြောက်စမ်းပါနဲ့ကွာ... ငါက နောက်နေတာ ”

လင်းယွမ်သုန်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး မှင်တတ်သွား၏။

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး ပြုံးသည်။ ထို့နောက် သူက အနောက်သို့လှည့်ပြီး အဝေးမှ အင်မော်တယ်အူခွေသစ်ပင်များ နေရာဆီသို့ လျှောက်သွားသည်။

ခေါင်းဆောင်သည် မျက်တောင်ခတ်ပြီးနောက် ချက်ချင်း အနောက်မှ လိုက်သွားသည်။ ချင်းချိုးနှင့် နင်ယန်မှာမူ ဤဖြစ်ရပ်ကို သူတို့၏ မျက်စိဖြင့် ကိုယ်တွေ့မြင်ရပြီးနောက် ရူးကြောင်သွား၏။ ထို့နောက် သူတို့သည် အလျှင်အမြန် အနောက်မှ လိုက်သွားကြသည်။

လမ်းပိတ်ထားကြသည့် ဝတ်ရုံနက်အစောင့်အရှောက်များမှာမူ ဘေးသို့ဖယ်၍ အလိုအလျောက် လမ်းဖွင့်ပေးလိုက်ကြပြီး ရွှီချင်းကို ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည်။

ရွှီချင်းအဝေးရောက်သွားသည်ကို မြင်သောအခါ ဝတ်ရုံနက်အစောင့်အရှောက်များသည် အကြည့်ချင်းဖလှယ်ပြီး အသီးသီး သက်ပြင်းချလိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ ရှုပ်ထွေးသော အမူအရာရှိ၏။

အထူးသဖြင့် အသက်ရှူနေသေးသော လင်းယွမ်သုန်းအတွက်ဆိုလျှင် ပို၍မှန်လိမ့်မည်။ ရွှီချင်းအပေါ်ထားသော သူ၏ မကောင်းသော စိတ်ခံစားချက်များက ဆန့်ကျင်ဘက်အနေနှင့် ကျေးဇူးတင်မှုအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားလေသည်။

ထိုကျေးဇူးတရားထဲမှာ ရွှီချင်းအပေါ် ချစ်ကြောက်ရိုသေမှုလည်း ပါ၏။

တကယ့်ဆရာကြီးဆိုတာ ဘာလဲ... ။

ဆရာကြီးဟူသော စကားလုံးနှင့်ပတ်သက်ပြီး လူတိုင်းမှာ မတူကွဲပြားသော အဓိပ္ပာယ်ဖွင့်ဆိုမှုများ ရှိကြသည်။ သို့သော်လည်း နေ့တစ်နေ့၏ အဆုံးသတ်မှာ သူတို့၏ ပျော်ရွှင်မှု၊ ဒေါသဖြစ်မှုအတွက်နှင့် သင်၏ ခံစားချက်များကို သက်ရောက်မှုရှိစေနိုင်သည့် ပုဂ္ဂိုလ်ကြီးများ ရှိကြသည်။ အကယ်၍ သူတို့စိတ်ကောင်းဝင်နေလျှင် သင်သက်သာရာရမည်။ အကယ်၍ သူတို့ဒေါသထွက်နေလျှင် သင်ကြောက်ရွံ့ရမည်။ သူတို့က သူ၏ ခံစားချက်များနှင့် သေခြင်းရှင်ခြင်းကို စကားလုံးတစ်လုံးဖြင့် အဆုံးအဖြတ်ပေးနိုင်၏။

၎င်းသည် တကယ့်ဆရာကြီးဖြစ်၏။

ရွှီချင်း၏ ထွက်ခွာသွားမှုကို ကြည့်နေကြသော ဝတ်ရုံနက်အစောင့်အရှောက်များသည် သူတို့ဘိုးဘေးများ မှာကြားထားဖူးသည့် ကောင်းကင်နက်မျိုးနွယ်၏ ဂုဏ်သိက္ခာကို မဆန့်ကျင့်နိုင်ကြောင်း စကားကို ပြန်အမှတ်ရလာကြသည်။

ဤမတိုင်ခင် ထိုအကြောင်းများကို သူတို့သိပြီးသားဖြစ်သော်လည်း ယင်းကို ကိုယ်တွေ့ကြုံလိုက်ရခြင်းက ခြားနား၏။

မည်သို့ဖြစ်စေ ကောင်းကင်နက်ဘုံကျောင်းသည် အလွန်ဩဇာကြီးမားပြီး ယင်းနှင့်ဆက်သွယ်ရန် သူတို့ ဘုံကျောင်းဆီသို့ မသွားနိုင်ကြပေ။

သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်းကိုကြည့်နေသည့် သူတို့၏ မျက်လုံးထဲမှာ လင်းယွမ်သုန်းနည်းတူ ချစ်ကြောက်ရိုသေမှုဖြင့် ပြည့်နှက်နေ၏။

အဝေးမှ ရွှီချင်း၏ အသံသည် ထပ်မံပျံ့လွင့်လာသည်။

“ ကျိုးရှင်းဝူ... ငါ ဒီနေ့နေမဝင်ခင် သက်စောင့်မီးအိမ်တစ်ခုကို မြင်ချင်တယ်... ပြီးတော့ မင်းတို့ကောင်တွေ ဘာကိုစောင့်နေကြတာလဲ... ငါ့နောက်လိုက်ပြီး အင်မော်တယ်အူခွေသစ်ပင်တွေဆီ သွားမယ်... ထွဋ်ခေါင်နိုင်ငံဘုရင်... မင်းလည်း လိုက်လာသင့်တယ် ”

ထွဋ်ခေါင်နိုင်ငံဘုရင်သည် အလျင်စလို သဘောတူသည်။ ရွှီချင်း၏ ကောင်းကင်နက်မျိုးနွယ်ဝင်ဟူသော သရုပ်ကို အလွန်အမင်း သူယုံကြည်သည်။  သူ့သား၏ အနာဂတ်ဘဝတောက်ပမှုက ယင်းပေါ်မှာမူတည်နေသဖြင့် ယုံကြည်မှကိုဖြစ်ပေမည်။

ယင်းကို ရွှီချင်း နားလည်သည်။ ယင်းမှာ ယခင်က သူ မူယဲ့ကို မည်သည့်အတွက်ကြောင့် ကောင်းချီးပေးခဲ့လဲဆိုသည့် လျှို့ဝှက်အကြောင်းပြချက်လည်း ဖြစ်သည်။ တစ်ခါတစ်ရံ အတူရွှေထီးဆောင်းခြင်းဟူသည့် အရှုံးအမြတ်သည် သာမန်လူများကို ဆန္ဒအလျောက် မျက်ကန်းဖြစ်စေရန် ပြုလုပ်နိုင်ပေ၏။

“ ကျွန်တော်တို့ အမိန့်တော်ကို လေးစားပါတယ် ”

ကျိုးရှင်းဝူသည်လည်း ဦးညွတ်လိုက်သည်။ ဤကိစ္စနှင့်ပတ်သက်၍ သူ့မှာ ဖိအားများများ မရှိပေ။ သူက တဆင့်အကြောင်းကြားပေးရန်သာ လိုအပ်သည်။ သက်စောင့်မီးအိမ်ကို ပေးခြင်း မပေးခြင်းက အထက်လူကြီးများ၏ ဆုံးဖြတ်ချက်သာ ဖြစ်၏။

သို့သော်လည်း သူသည် ကောင်းကင်နက်မျိုးနွယ်၏ လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး သက်ပြင်းချလိုက်သည်။

သူက ကျောက်စိမ်းပြားကိုထုတ်၍ အမှာစကား ချန်ရစ်၏။ ထို့နောက် ယင်းကို သူ၏ လက်အောက်ငယ်သားတစ်ဦးထံ လွှဲပြောင်းပေးပြီး ထိုသူကို တည်နေရာပြောင်းရွှေ့ခြင်းဖြင့် ကောင်းကင်လေတိုင်းပြည်သို့ ပြန်စေသည်။ သူက ဝတ်ရုံနက်အစောင့်အရှောက်များကို ဦးဆောင်၍ ရွှီချင်းနှင့် တခြားသုံးယောက်နောက်သို့ အမှီလိုက်သည်။ သူတို့ထဲမှ လင်းယွမ်သုန်းသည် ရွှီချင်းကို ကာကွယ်ရန် ပို၍အလုပ်ကြိုးစားပြီး သတိကြီးစွာထား၏။

ခေါင်းဆောင်သည် စိတ်လှုပ်ရှားနေ၏။ ရံဖန်ရံခါ သူက ဘေးပတ်ပတ်လည်မှ ဝတ်ရုံနက်အစောင့်အရှောက်များထံ လှမ်းကြည့်ပြီး တည်ငြိမ်စွာရှိသော ရွှီချင်းကို ကြည့်သည်။ သူ အလွန်အမင်း စိတ်လှုပ်ရှားသည်။ ဤခရီးက အလွန်ကျေနပ်ဖွယ်ကောင်းသည်ဟု သူခံစားမိသည်။ ဓားကိုင်တစ်ဦးအနေနှင့် ဝတ်ရုံနက်အစောင့်အရှောက်များကို သူတို့အား စောင့်ကြပ်စေပြီး လမ်းကြောင်းဖွင့်စေသည်။

အင်မော်တယ်အူခွေသစ်ပင်များ၏ အတွင်းပိုင်းထဲမှ နောက်ဆက်တွဲ အတားအဆီးတချို့သည် ဖြတ်ကျော်ရလွယ်ကူ၏။ သို့သော်လည်း ပထမအတားအဆီးပြီးနောက်တွင် လွန်စွာအန္တရာယ်ကြီးပေသည်။ ဝတ်ရုံနက်အစောင့်အရှောက်များ လမ်းရှင်းပေးမှုကြောင့် အားလုံးက အများကြီး ပိုမိုလွယ်ကူလာသည်။

ထိုသို့ဖြင့် သူတို့အုပ်စုသည် အင်မော်တယ်အူခွေသစ်ပင်များရှိရာ တောတွင်းထဲသို့ တဖြည်းဖြည်း ချည်းကပ်ရောက်လာသည်။ ထိုနေရာသည် ယခင်နှင့်မတူတော့ပေ။ ဤအခိုက်အတန့်မှာ သစ်သီးအားလုံး ရင့်မှည့်နေပြီး ပွင့်နေသော မျက်လုံးများသဖွယ် ထင်ရ၏။ နေအလင်းရောင်အောက်မှာ ထိုမျက်လုံးများက အနက်ရောင်အလင်း ထုတ်လွှတ်နေပြီး ချည်းကပ်လာသော လူတိုင်းကို အေးစက်စွာ စိုက်ကြည့်နေသကဲ့သို့ပင်။

အဝေးတွင် ညိုနက်နက် ဧရာမသစ်ပင်ကြီးဆယ်ပင်သည် မိုးကောင်ကင်သို့ ဟိုရောက်သည်ရောက် ထိုးထွက်နေကြပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ လွန်စွာပြင်းထန်သော ဖိနှိပ်မှုသည်လည်း ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာသည်။ သစ်ပင်ကြီးများနှင့် နှိုင်းယှဉ်လျှင် မြေပြင်ပေါ်မှ လူများသည် ပုရွက်ဆိတ်များကဲ့သို့ပင်။

ဤအင်မော်တယ်အူခွေသစ်ပင်များတွင် လူတိုင်း၏ ချီနှင့်သွေးကို သက်ရောက်မှုရှိစေသည့် အံ့မခန်းအရှိန်အဝါတစ်ခုရှိပြီး အသိစိတ် နှောင့်ယှက်ခံရလိမ့်မည်။ ယင်းတို့နား နီးကပ်လာသည့်လူတိုင်းကို ကြောက်ရွံ့မှုအား ခံစားရစေမည်။

“ အရှင်နတ်သားတော်... အင်မော်တယ်အူခွေသစ်သီးသီးတဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေအများကြီး ဖြစ်ပေါ်လာတတ်ပါတယ်... အရှင်ရဲ့ အဆင့်အတန်းက မြင့်မားပြီး တုနှိုင်းမဲ့ပါတယ်... ကျေးဇူးပြုပြီး အရှင့်ရဲ့ နတ်ခန္ဓာကိုယ်ကို ဂရုစိုက်ပြီး အတွင်းပိုင်းထဲကို မဝင်ပါနဲ့... တကယ်လို့ အရှင်တစ်ခုခု လိုချင်တယ်ဆိုရင် ကျွန်တော်နဲ့ ခေါင်းဆောင်ကျိုးရှင်းဝူက ရယူပေးဖို့ ကူညီပါမယ် ”

ရွှီချင်း၏ အနောက်မှ လိုက်ပါလာသော ထွဋ်ခေါင်နိုင်ငံဘုရင်သည် အင်မော်တယ်အူခွေသစ်ပင်များ၏ အတွင်းပိုင်းဆီသို့ သုန်မှုန်စွာ ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောသည်။

“ ဘယ်လိုထူးခြားဖြစ်စဉ်မျိုးလဲ... ငါ့ကိုပြောပြစမ်း ”

ရွှီချင်းသည် အဝေးသို့ တည်ငြိမ်စွာကြည့်ပြီး ပြောသည်။

ထွဋ်ခေါင်နိုင်ငံဘုရင်သည် ရွှီချင်း၏ သိချင်စိတ်ကို ကြားသောအခါ လက်သီးဆုပ်၍ ရိုသေစွာ ဖြေကြားသည်။

“ အရှင်နတ်သားတော်... ကျုပ်တို့ မြို့၃၆ခုရဲ့ မှတ်တမ်းတွေအရ... နှစ်တစ်ရာကြာတိုင်း အင်မော်တယ်အူခွေသစ်ပင်တွေမှာ တာအိုသစ်သီးတွေ ဖြစ်တည်တာနဲ့ အတွင်းပိုင်းထဲမှာ အချိန်နဲ့လေဟာနယ် မတည်ငြိမ်မှုတွေဖြစ်ပေါ်လာပါလိမ့်မယ် ”

“ အတွင်းထဲဝင်သွားတဲ့ လူအများစုဟာ အထဲမှာ လမ်းပျောက်ပြီး ပြန်ထွက်ဖို့ ခဲယဉ်းပါတယ်... ကံကောင်းထောက်မပြီး ပြန်ထွက်လာနိုင်တဲ့လူတွေက သူတို့တွေ မတူညီတဲ့ အချိန်နဲ့လေဟာနယ်ထဲကို ဝင်ရောက်သွားခဲ့တယ်လို့ ပြောကြပါတယ်... တချို့ဆို ကဒ်ဘေးအင်မော်တယ်တွေ အဆင့်တတ်တာကို သူတို့မျက်စိနဲ့ ကိုယ်တွေ့မြင်ခဲ့ရတယ်ဆိုပြီး အတိအလင်းပြောကြပါတယ် ”

ထွဋ်ခေါင်နိုင်ငံဘုရင်သည် ရိုသေလေးစားစွာ ပြောသည်။ မည်သို့ကြောင့် နတ်သားတော်က ဤအကြောင်းကို မသိရကြောင်း သူနားလည်နိုင်၏။ မည်သို့ဆိုစေ တခြားဒေသကြီးတွင် နေထိုင်သည့် ကောင်းကင်နက်မျိုးနွယ်အတွက်မူ သန့်စင်ရေလှိုင်းဒေသကြီး၏ အရှေ့ဖုန်းဆိုးဒေသငယ်သည် အစွန်အဖျားဧရိယာငယ် တစ်ခုမျှသာ ဖြစ်၏။

တဖက်လူသည် ဗဟုသုတကြွယ်ဝသော်လည်း ဤဒေသအကြောင်း အသေးစိတ်မသိခြင်းမှာ ကျိုးကြောင်းဆီလျော်၏။

“ အဲ့ဒါတင်မကသေးပါဘူး... အတွင်းပိုင်းထဲမှာ ကျိန်စာတွေရှိပါတယ်... ဗဟာနတ္ထိကျင့်ကြံသူတွေတောင် အဲ့ဒီထဲမှာ သေဆုံးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေရှိပါတယ် ”

ထွဋ်ခေါင်နိုင်ငံဘုရင်က စိုးရိမ်ပူပန်သော အမူအရာဖြင့် ပြောသည်။

All Chapters