လန်လန်တို့အဖွဲ့ နောက်ဆုတ်လိုက်ရပြီ.....
Vol. 41 Ch. 561
အံ့အားသင့်စရာ တိုက်ပွဲသည် လီလော့၏စကားသံကြောင့် ရပ်ဆဲသွားခဲ့သည်။လန်လန်၏နောက်ကွယ်မှကိုယ်ပွားသည်လည်း ခေတ္တ ရပ်တန့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းထျန်ရှုသည် လီလော့၏လက်ထဲတွင် ဓားစာခံဖြစ်နေသောကြောင့်ပင်.....
ကျင်းထန်ရှုကို ဖယ်ထုတ်လိုက်မည်ဆိုပါက၊ သူတို့အဖွဲ့သည် ဤအဆင့်သုံးမြို့ကို သိမ်းပိုက်ခြင်းမှ ရရှိနိုင်သည့်ပမာဏထက် ပိုများသောပမာဏကို ဆုံးရှုံးရမည်ဟု စည်းမျဉ်းများက ပြဋ္ဌာန်းထားသည်။
အောင်ပွဲသို့သွားရာလမ်းသည် ကုန်းတက်တစ်ခုဖြစ်ပြီး ဆုံးရှုံးသွားသောအမှတ်များကို ပြန်လည်ရယူခြင်းသည် လွယ်ကူသောလုပ်ဆောင်မှုမဟုတ်ပေ။
ဤသို့စဉ်းစားလိုက်သောအခါ လန်လန်၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားသလို ခံစားလိုက်ရသည်။ ဒီလို မတရားစည်းမျဥ်းတွေက အဆုံးမသတ်နိုင်လောက်အောင် စိတ်ပျက်စရာကောင်းလွန်းလှသည်။
အနေအေးသော လန်လန်သည်ပင် ဤအခြေအနေအတွက် သက်ပြင်းချလိုက်မိသည်။ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ထိန်းပြီး လီလော့ကိုအေးစက်သောအကြည့်ဖြင့်စိုက်ကြည့်နေ၏။
ကျင်းထန်ရှု လျင်မြန်စွာ အနိုင်ပိုင်းခံရသည်မှာ အံ့သြစရာပင်......
လုဂျင်းစီသာ ကံဆိုးသူဖြစ်ခဲ့လျှင် ဒီလောက် အံ့သြလိမ့်မည်မဟုတ်ပေ။ ဤအရာအားလုံးသည် တွေးထင်ထားသည်နှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပြီး ခွန်အားကွာခြားချက်က ဒီလောက်ကြီးကြီးမားမား မဖြစ်သင့်ပေ။
"လီလော့ တော်တယ်...!"
မင်းသမီးက ချီးကျူးလိုက်သည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်ကို မြင်တွေ့ရပြီး ထိုရလဒ်ကို သူမလည်း မမျှော်လင့်ထားခဲ့မိပေ။
သူမသည် ဉာဏ်အလင်းကောလိပ်၏ သုံးကြိမ်ဉီးညွတ်ခြင်းကို တွန်းလှန်ရန် တန်ဖိုးကြီးမားစွာပေးဆပ်နေရသည်။ ကံကောင်းစွာနဲ့ပဲ လီလော့က ကံကောင်းခြင်းများကိုဆောင်ကျဉ်းလာခဲ့ပြီ....
အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီး အခု ကျင်းထန်ရှုဟာ သူတို့လက်ထဲမှာ ရှိနေတာကြောင့် လန်လန်ကို အကြပ်ရိုက်စေခဲ့သည်။
"ဒီတိုက်ပွဲမှာ ငါတို့ဘက်က အသာစီးရနေပုံပဲ လန်လန်"
မင်းသမီး၏ အပြုံးများက တောက်ပနေသည်။
"ငါတို့ အမှတ်တွေရဖို့သာ တိုက်ပွဲဝင်နေတာ မင်းနားလည်ထားရမယ်.... ငါတို့က အရာအားလုံးကို တကယ်တန်းညှိကြည့်မယ်ဆို ငါတို့ကြားမှာ ကွာခြားမှု သိပ်မရှိဘူး"
လန်လန်အား နောက်ပြန်ဆုတ်ရန် နည်းလမ်းပေးလိုသော ရည်ရွယ်ချက်ဖြင့် သူမက စကားလမ်းကြောင်း ခင်းပေးနေသည်။ အသေးအမွှားကိစ္စအတွက် ခင်မင်ရင်းနှီး၊မှုဟန်ဆောင်မှုအားလုံးကို ဖြိုဖျက်ရန်မလိုအပ်ပေ။
လန်လန်က အေးဆေးတည်ငြိမ်စွာဖြင့်.....
"မင်းတို့အဖွဲ့က ငါ့ရဲ့ အကြီးကျယ်ဆုံးပြိုင်ဘက်လို့ယူဆလို့ရတယ်.... ငါတို့က မင်းကို ဒီမှာပဲ ရှင်းပစ်ခဲ့မယ်ဆိုရင် ဒါဟာ တကယ်ကောင်းတာပဲပေါ့....."
ရန်စသောစကားများနှင့်အတူ သူသည် တိုက်ပွဲဝင်ရန် အသင့်ရှိနေခဲ့ပြီး သူ့နောက်ကွယ်မှ ရုပ်ပွားတော်သည်လည်း ကောင်းကင်ကို အပြည့်အ၀ ဖုံးလွှမ်းသွားခဲ့သည်။ သူ့ဘက်က ယ အခြေအနေမှန်ကို အလွန်ဂရုတစိုက် စဉ်းစားနေသည်မှာ ထင်ရှားပါသည်။
အံ့သြစရာကောင်းတာက သူရရှိခဲ့တဲ့ တုံ့ပြန်မှုက အေးစက်တဲ့ နှာမှုတ်သံနှင့် မင်းသမီးရဲ့ အေးစက်တဲ့အမူအရာများသာပင်.... သူမသည် ကျောက်စိမ်းလှံတံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထား၏.....
"ဒါဆို နင့်ရဲ့ သုံးကြိမ်ဉီးညွတ်ခြင်းကို စလိုက်တော့.....နင့်ကိုတန်ဖိုးကြီးကြီးမားမားပေးဆပ်ခိုင်းဖို့ ငါဒီနေရာကိုရောက်နေတာ....."
လန်လန်၏ အကြည့်များ ကျဉ်းမြောင်းသွားကာ သူ့လက်ချောင်းထိပ်များသည် နာရီလက်တံပုံသဏ္ဍာန်အတိုင်း ရွေ့လျားသွားသည်။
တစ်ချိန်တည်းမှာပင် သူ့နောက်မှ ကိုယ်ပွားထဲမှ ကြောက်မက်ဖွယ်ရာ ဖိအားများ ထွက်ပေါ်လာသည်။
ဝုန်းးးးး
ပေါက်ကွဲအားအထွတ်အထိပ်သို့ ရောက်သည်နှင့်အမျှ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားရသည်။ ထိုပေါက်ကွဲသံကြီးကြောင့် သနားစရာကောင်းတဲ့ အရိပ်တစ်ခုက နောက်သို့ လွင့်စင်သွားလေ၏။
ယခင်က ပြန့်ပြူးနေသောမြေသားလမ်းသည် ယခုအခါ သန့်ရှင်းသပ်ရပ်စွာ နှစ်ပိုင်းကွဲသွားခဲ့ပြီ.....
ဤမြင်ကွင်းသည် လန်လန်ကို နောက်ထပ် အံ့သြသွားစေခဲ့သည်။ ရွံ့တောထဲတွင် ရုပ်ပျက်ဆင်းပျက်လဲကျနေသူမှာ လုဂျင်းစီဖြစ်နေသည်။
တစ်ချိန်တည်းမှာပင်၊ တောက်ပသော နတ်သည်းက သူ့လက်မောင်းကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာကာ သနားစရာကောင်းသော အော်ဟစ်သံနှင့် သနားစရာကောင်းသော အမူအရာတို့ကို ဖြစ်ပေါ်စေခဲ့သည်။
"စီနီယာလန်...ဆုံးဖြတ်ချက် မြန်မြန်ချပါ.... ပိုမြန်လေ ပိုကောင်းလေပဲ...."
ကျန်းချင်းအာက လုဂျင်းစီ၏နံဘေးသို့ ဆင်းသက်လာပြီး သူမ၏ လေးလံသော ဓားဖြင့် သူ့ခေါင်းပေါ် ဖိလိုက်ရာ ချက်ချင်းပင် ပါးစပ်ပိတ်သွားစေသည်။
လုဂျင်းစီလည်း အပြတ်အသတ်ဖိနှိပ်ခံနေရပြီ.....
လုဂျင်းစီကို ကျန်းချင်းအာ နှစ်ကြိမ်ရိုက်ခဲ့နိုင်သည်။
ထို့အပြင်၊ ကျန်းချင်းအာသည် ၎င်း၏ တည်ရှိမှုကို မုန်းတီးပြီး သူမ၏ ခွန်အားကို ထိန်ချန်မထားဘဲ ရက်စက်စွာနှိမ်နင်းခဲ့သည်။
လန်လန်၏ ပါးစပ်မှ နောက်ထပ် သက်ပြင်းချသံ ထွက်ပေါ်လာပြန်သည်။
သူ့အသင်းဖော် နှစ်ယောက်စလုံးကို ဖမ်းထားပြီး ဖယ်ထုတ်လိုက်ရင် ရမှတ်တစ်ဝက်လောက် ဆုံးရှုံးသွားလိမ့်မည်။ ဒါက သူ မတတ်နိုင်တဲ့ ဒဏ်ကြေး ဖြစ်နေပြီး ပထမနေရာကို ရဖို့ မျှော်လင့်ချက်မရှိနိုင်တော့ပေ။
အဆင့်သုံးမြို့တစ်မြို့အတွက် အများကြီးစွန့်စားခြင်းသည် ထက်မြက်သည့်ဆုံးဖြတ်ချက်မဟုတ်ပေ။ မင်းသမီးကို ဆက်လက်တိုက်ခိုက်ဖို့လည်းမဖြစ်နိုင်တော့ချေ။
ထို့ကြောင့် သူဆုံးဖြတ်လိုက်သည်။ သူသည် ကိုယ်ပွားကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ကိုချက်ချင်းပင် ဆုတ်ယုတ်သွားစေခဲ့သည်။
"ကောင်းပြီ....မင်းအနိုင်ရသွားပြီ.... မင်းမှာ တကယ်ကောင်းတဲ့ အသင်းဖော်နှစ်ယောက်ရှိတယ်"
လန်လန်၏လေသံက ကူကယ်ရာမဲ့နေလေ၏။
"အိုး? နောက်ဆုံးတော့ နင် နားလည်သွားပြီပေါ့....?တကယ်ဆို တကယ့်အစစ်အမှန် ပြိုင်ပွဲက ကျောက်သားမြို့တော်ရောက်မှစမှာ.... အဲ့အခုကျရင် ငါတို့တွေအတူပူးပေါင်းသင့်ရင်ပူးပေါင်းရမှာပါ...."
ကျောက်သားမြို့တော်တွင် အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်များရှိနေနိုင်သည့်အပြင် ကြက်သွေးရောင်ဗိုလ်ချုပ်လည်းရှိနေသောကြောင့် မဖြစ်မနေပူးပေါင်းရမည်သာ...ထို့ကြောင့် မင်းသမီးက လန်လန်နှင့်အခင်အမင်မပျက်အောင် ထိန်းသိမ်းနေရခြင်းဖြစ်သည်။
"ဖြစ်ကောင်းဖြစ်နိုင်တယ်.... "
ခေါင်းကို ခါယမ်းလိုက်ပြီး လန်လန်သည် လီလော့နှင့်ကျန်းချင်းအာဆီသို့ လှမ်းကြည့်လိုက်သည်။
"မိတ်ဆွေတို့ ငါ့သူငယ်ချင်းနှစ်ယောက်ကိုခွင့်လွှတ်ပေးနိူင်မလား...."
ကျန်းချင်းအာက လုဂျင်းစီ၏လက်မောင်းထဲထိုးစိုက်ထားသော ဓားကိုလှည့်လိုက်သဖြင့် လုဂျင်းစီမျက်ရည်လည်ရွဲဖြင့် တောင်းပန်နေရှာသည်။
"ညီမချင်းအာ.... ငါတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါ့အပေါ် ဒီပဲ့တင်ထပ်သံပညာရပ်ကို မသုံးပါနဲ့တော့...."
ကျန်းချင်းအာက သူ့ကို ခဏလောက် စိုက်ကြည့်နေပြီး သွေးအေးစွာဖြင့်....
" ငါတို့က ရန်သူတွေပဲ ဘာလို့ လျှော့ပေးရမှာလဲ..... "
လုဂျင်းစီက ခါးသီးသော အပြုံးဖြင့် ဆက်၍ တောင်းပန်သည်။
"ညီမချင်းအာ...မင်းလူမှားနေပြီ.... မင်းငါ့ကို ဒေါသ ထွက်စရာ မလိုဘူး! အဲဒီ ဆိုးရွားတဲ့ ကောလာဟလတွေ အားလုံးက ကျင်းထန်ရှုဆီက ထွက်လာတာပါ....မင်းသူ့ကိုတကယ်စိတ်ဆိုးတယ်ဆို ဘာလို့ သူ့ကိုသွားမရိုက်တာလဲ....."
ကျန်းချင်းအာက ခေါင်းခါလိုက်ပြီး....
"သူက ငါ အာရုံစိုက်ဖို့ မထိုက်တန်ဘူး...."
ထို့နောက် သူမသည် လုဂျင်းစီ၏နံဘေးမှ အေးအေးဆေးဆေး လှည့်ထွက်လာခဲ့လိုက်သည်။
တစ်ဖက်တွင်မူ.....
လီလော့သည် စိတ်ဝိညာဉ်ကင်းမဲ့ပုံရသောကျင်းထန်ရှုကို စိုက်ကြည့်ရင်း ချိန်ရွယ်ထားသောဓားကိုပြန်ရုတ်သိမ်းလိုက်သည်။ဤတိုက်ပွဲကြောင့် ကျင်းထန်ရှု အဖြစ်မှန်ကိုလက်မခံနိုင်ဘဲ အတော်ရှော့ရသွားပုံရသည်။
ဤတိုက်ပွဲမစမီတွင်၊ ကျင်းထန်ရှုသည် လီလော့၏ယခင်အောင်ပွဲကို ကံကောင်းခြင်းအဖြစ်သာ အခိုင်အမာယုံကြည်ခဲ့သည်။ သို့သော်လည်း လီလော့သည် ယခုအချိန်တွင် သူ့ကိုအလွယ်တကူအနိုင်ယူနိုင်သော မွန်းစတားအဖြစ် ပြောင်းလဲသွားခဲ့သည်။ မာနကြီးလွန်းလှသည့် ကျင်းထန်ရှုအဖို့ မည်သို့မျှလင်ခံနိုင်စရာအကြောင်းမရှိပေ။
"မင်းစိတ်မပူပါနဲ့... ရိုးရိုးသားသားပြောရရင် နောက်ဆုံးထိုးနှက်ချက်မှာ ငါ ခွန်အာအပြည့်မသုံးထားဘူး.... ငါတို့ကြားက ကွာဟချက်က ဒီထက် ပိုကြီးနေတယ်"
လီလော့ အနာပေါ်ဆားသိပ်နေပြီ.....
ထိုကဲ့သို့ ကြမ်းတမ်းသော စကားများကို ကြားလိုက်ရခြင်းကြောင့် ကျင်းထန်ရှု အံတင်းတင်းကြိတ်ကာ.....
"ဒီလောက်အချိန်အနည်းငယ်အတွင်းမှာ မင်း ဒီလောက်ထိသန်မာလာလိမ့်မယ်လို့ ထင်မထားဘုး.... နောက်တစ်ကြိမ် မင်းကို လွယ်လွယ်နဲ့ လွှတ်ထားမှာမဟုတ်ဘူး"
"ဟမ့်....ဒါဆို ပိုကြိုးစားပေါ့... မင်းရဲ့ကြိုးစားမှုက အနာဂတ်မှာ သေချာပေါက် အောင်မြင်မှာပါ"
လီလော့က ထိုသို့ပြောပြီးသည်နှင့် မင်းသမီးတို့ဆီ လှည့်ထွက်လာခဲ့လိုက်သည်။
ကျင်းထန်ရှုဆီမှာ နာကျည်းမှုတွေ ပြည့်နှက်နေပေမယ့်လည်း ရွေးချယ်စရာမရှိခဲ့ပေယ
တစ်ဖက်မှာတော့ လန်လန်က သူ့အသင်းဖော်တွေကို အပြစ်မတင်ဘဲ မင်းသမီးကို လေးလေးစားစား နှုတ်ဆက်ကာ အဆင့်သုံးမြို့အတွက် တိုက်ပွဲကို စွန့်လွှတ်လိုက်သည်။
မင်းသမီးသည် လန်လန်တို့ထွက်သွားသည်ကို အဝေးမှကြည့်ကာ သက်ပြင်းချလိုက်သည်။
အောင်ပွဲခံခဲ့သော်လည်း၊ သူမသည် အဆင့်သုံးမြို့သို့ တိုက်ရိုက်မ၀င်ရောက်ဘဲ တောထဲ၌ ပုန်းအောင်နေသော ခွေးရူးလိုအခွင့်ရေးသမားများကို ရင်ဆိုင်ရန် လှည့်သွားခဲ့သည်။
ယခုတော့ လန်လန်မရှိတော့သဖြင့် သူမသည် ထိုလူများ၏ ရည်ရွယ်ချက်များကို လွတ်လပ်စွာ စုံစမ်းနိုင်ခဲ့သည်။
အကယ်၍ သူတို့သာ တိုက်ပွဲဆင်နွှဲလိုလျှင် သူမဘက်ကလည်း ပျော်ပျော်ကြီး ဆန္ဒပြည့်ပေးဖို့အသင့်ပင်....
လန်လန် ဆုတ်ခွာသွားသည့်မြင်ကွင်းကြောင့် ကျန်အခွင့်အရေးသမားများသည် မင်းသမီးတိူ့အဖွဲ့ကို တိုက်ခိုက်ရန် ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ပြီး တိတ်တဆိတ် လူစုကွဲသွားကြသည်။
ကုန်းရှန်ကျွင်းကလည်း လူလုံးထွက်မပြဘဲ အခြားမြို့တစ်မြို့ဆီ ခရီးနှင်နေခဲ့သည်။
ထို့အပြင်၊ ဤမြို့များသည် လူတိုင်းစုဝေးရာ ကျောက်သားမြို့သို့ ဦးတည်သွားမည်ဖြစ်သည်။
အရာအားလုံးကို ကျောက်သားမြို့တော်၌ ဆုံးဖြတ်ပေးနိုင်လိမ့်မည်........