← Chapters

အခွံလွတ်မြို့တော်....

Vol. 41 Ch. 562

အခွံလွတ်မြို့တော်....

Vol. 41 Ch. 562

စူးစူးရဲရဲ အကြည့်များ ဆုတ်ခွာသွားပြီးနောက် မင်းသမီးသည် သူမ၏ အကြည့်ကို ရုတ်သိမ်းကာ လီလော့ကို ပြုံးပြပြီး ချီးကျူးခဲ့သည်။

"နောက်တစ်ကြိမ် ဒီတိုက်ပွဲကို အောင်မြင်အောင် နင် အများကြီး ပံ့ပိုးပေးခဲ့တယ်....နင်သာကျင်းထန်ရှုငို အချိန်မီ ဖမ်းမမိခဲ့ရင် လန်လန်ကိုခုခံဖို့ ငါအတော် ရုန်းကန်ရလိမ့်မယ်...."

လီလော့ ပခုံးတွန့်လိုက်ပြီး....

"မင်းသမီးက အရမ်းတင့်ရဲတာပဲ...မင်းသမီးက ကျွန်တော်တို့အဖွဲ့ရဲ့ခေါင်းဆောင်လေ...မနိုင်လောက်ဘူးထင်ရင် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပါလား....မင်းသမီးသာထုတ်ပယ်ခံရရင် ကျွန်တော်တို့ နလန်ထူနိုင်မှာမဟုတ်ဘူး...."

ပွင့်ပွင့်လင်းလင်းပြောရလျှင် မင်းသမီးသည် အစကတည်းက ဉာဏ်အလင်းကောလိပ်၏ သုံးကြိမ်ဉီးညွတ်ခြင်းကို တွန်းလှန်ရန် ကြံစည်ခဲ့သည်။ အဲဒါက ကလေးကစားစရာမဟုတ်သလို သူတို့ဘက်က အမှားအယွင်းတစ်ခုခုလုပ်မိခဲ့ရင် ဖယ်ရှားပစ်ရလိမ့်မည်။

အကယ်၍ အဖွဲ့ခေါင်းဆောင်ကို ဖယ်ထုတ်လိုက်လျှင် အမှတ်များစွာဆုံးရှုံးရလိမ့်မည်။

ထိုစကားကိုကြားသောအခါ သူမ လီလော့ ကို စိုက်ကြည့်နေပြီး....

" သူတို့ဘက်က သုံးကြိမ်ဉီးညွတ်ခြင်းကို စနေပြီလေ...ငါ ဘယ်လိုလုပ်ရမလဲ.... ဒီမင်းသမီးက ကြောက်နေမယ်ထင်လား....လာလိုက်စမ်းပါ...နှစ်ခါပြန်ရင်ဆိုင်ပစ်လိုက်မယ်...."

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး မာနကြီးတဲ့ မင်းသမီးလေးနဲ့ ရင်ဆိုင်ရတဲ့အခါ လီလော့လည်း ဘာမှဆက်မပြောနိုင်တော့ပေ။

"မြို့ထဲသွားရအောင်"

ကျန်းချင်းအာ နှိုးဆော်လိုက်သည့်အခါမင်းသမီး၏အကြည့်သည် ယုတ်ညံ့သော အဆင့်သုံးမြို့ဘက်သို့ လှည့်သွားသည်။

"ဒီမြို့ကို သန့်စင်ပြီးတာနဲ့ ရွှံနီ ပြည်နယ်တစ်ခုလုံးမှာ ကိုင်တွယ်ဖြေရှင်းရမယ့် တစ်ခုတည်းသော ပြဿနာက ကျောက်သားမြို့တော်တစ်ခုပဲကျန်လိမ့်မယ်.... အောင်နိုင်သူကို အဲ့ဒီမှာပဲ ဆုံးဖြတ်ကြလိမ့်မယ်.... "

လီလော့ သက်ပြင်းချလိုက်မိသည်။ ၎င်းတို့သည် အမှတ်ပေါင်း သောင်းနှင့်ချီ၍ ဦးဆောင်နေသော်လည်း ကျောက်သားမြို့တော်၏ သန့်စင်မှုသည် အမှတ်ငါးသိန်းနီးပါး ပေးစွမ်းနိူင်သည်။ကျောက်သားမြို့တော်ကို သန့်စင်နိုင်သည့် ဘယ်အသင်းမဆို ထိပ်ဆုံးနေရာကို တိုက်ရိုက်တက်နိုင်မှာ သေချာသလောက်ပင်......

သို့သော် အန္တာရာယ်များလှသောကျောက်သားမြို့တော်ကိုသန့်စင်ရာတွင် မည်သည့်အဖွဲ့မျှ အမှတ်များကို လက်ဝါးကြီးအုပ်ထားနိုင်မည်မဟုတ်ပေ။

အတွေးကိုယ်စီဖြင့် အမှောင်စွမ်းအင်တိုက်စားမှုများနှင့် ပြည့်နှက်နေသော မြို့ထဲသို့ ချီတက်ခဲ့ကြသည်။

မြို့ထဲကိုဝင်လိုက်သည်နှင့် အလွန်စိတ်မငြိမ်မသက်ဖြစ်ပြီး ထူးဆန်းသောအရာတစ်ခုကို သတိပြုမိလိုက်ကြသည်။

တစ်မြို့လုံး ဟာလာဟင်းလင်းဖြစ်နေပြီး ကမ္ဘာခြားသက်ရှိတစ်ကောင်မျှ မတွေ့ရပေ။

ယင်းကြောင့် ၎င်းတို့သုံးဦး ထိတ်လန့်သွားကာ ဆက်လက်စုံစမ်းရန် လူစုခွဲခဲ့ကြသည်။ နာရီဝက်အကြာတွင် မြို့လယ်တွင် ပြန်လည်စုရုံးခဲ့ကြသည်။

"ကမ္ဘာခြားသက်ရှိတွေ ဘယ်မှာလဲ"

လီလော့ မနေနိုင်တော့ဘဲ မေးလိုက်သည်။ မင်းသမီးနှင့် ကျန်းချင်းအာတို့သည်လည်း အလားတူ စိတ်ရှုပ်နေကြပြီး....

"ငါတို့တိုက်ပွဲကြောင့် သူတို့ ကြောက်လန့်နေကြပြီလား"

"မဟုတ်ဘူး... တိုက်ပွဲဖြစ်နေတုန်းကတောင် ဒီနေရာမှာ ဘာလှုပ်ရှားမှုမှမရှိခဲ့ဘူး...."

ကျန်းချင်းအာက ထိတ်လန့်စွာ မျက်ခုံးပင့်လိုက်သည်။

“မြို့ထဲမှာ အမှောင်စွမ်းအင်တွေ အရမ်းပျံ့နှံ့နေတယ်… ဒါက ကမ္ဘာခြားသက်ရှိတွေ အများကြီးရှိနေတယ်လို့ ညွှန်ပြနေတယ်.... ပတ်ပတ်လည်ကို ကြည့်လိုက်ရင် ခြံဝင်းနဲ့ အဆောက်အဦးတွေအကုန်လုံး သံချေးတက်နေတဲ့ အရိပ်အယောင်တွေ တွေ့နိုင်တယ်.... “

"ဒါဆို သူတို့အားလုံး ဘယ်သွားကြတာလဲ" လီလော့လည်း အလားတူ စိတ်ရှုပ်သွားသည်။ လန်လန်ကို ခက်ခက်ခဲခဲ ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သော်လည်း ဗလာကျင်းနေသောမြို့ကိုသာဆုလာဘ်အဖြစ်ရရှိခဲ့သည်။

ကျန်းချင်းအာက သူမရှေ့မှ မြင်ကွင်းကြောင့် လုံးဝကို ထိတ်လန့်သွားကြောင်း ညွှန်ပြရင်း ခေါင်းယမ်းလိုက်သည်။

"ထားလိုက်တော့....မြို့ကိုလွယ်လွယ်သန့်စင်နိုင်တယ်လို့ပဲသဘောထားလိုက်တော့....."

မင်းသမီး၏အပြောကို လီလော့နှင့်ကျန်းချင်းအာတို့မငြင်းနိုင်ခဲ့ပေ။

၎င်းတို့၏ ရည်ရွယ်ချက်မှာ သန့်စင်ရေးအတားအဆီးကို ထူထောင်ရန်ဖြစ်သောကြောင့် ထွေထွေထူးထူး စဉ်းစားနေစရာ မလိုအပ်တော့ပေ။ အဆင့်သုံးမြို့ကို သန့်စင်ခြင်းအတွက် အမှတ်များရရှိမည်ဖြစ်သည်။

သူတို့သုံးယောက် မြို့အနှံ့ သန့်စင်ရေး ပတ်လမ်းများ တပ်ဆင်ခြင်း ပြီးစီးသွားပြီး နှစ်နာရီအတွင်း သန့်စင်သော အလင်းရောင်တိုင်များ ကောင်းကင်ယံသို့ ထိုးထွက်လာသည်။

ထို့နောက် အလင်းတန်းများသည် ပို၍ထူထပ်သော အလင်းတန်းကြီးတစ်ခုအဖြစ် ရောယှက်ကာ နောက်ဆုံးတွင် မြို့တစ်ခုလုံးကို ၎င်း၏ သန့်စင်မှုစွမ်းအားများဖြင့် ဝန်းရံထားသည်။

တစ်ချိန်တည်းမှာပင် အမှောင်စွမ်းအင်များ ဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် တမြို့လုံးသန့်စင်သွားခဲ့သည်။

အခြေအနေတွေ သူ့အလိုလို ပြေလည်သွားတာကြောင့် သုံးယောက်သား အနည်းငယ် ထိတ်လန့်သွားသလို ခံစားနေရသည်။

"ငါတို့ အမှတ်တွေ တိုးလာပြီ.. ဒါပဲလား?"

အဆင့်သုံးမြို့ကို အခုလိုလွယ်လွယ်ကူကူ သန့်စင်နိုင်သဖြင့် မသိုးမသန့်ခံစားနေရသည်။ အမှန်ဆို အဆင့်သုံးမြို့တွင် ကောင်းကင်ဘုံကပ်ဘေးအဆင့်ရှိနိုင်ပြီး ခက်ခဲကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို မလွဲမသွေဆင်နွှဲရလိမ့်မည်။

သို့သော်လည်း လွယ်ကူစွာဖြင့် အမှတ်ငါးသောင်းရရှိခဲ့သည်။

"နောက်ထပ် လေးနာရီလောက် စောင့်ကြည့်ကြတာပေါ့... ဘာမှ မထူးခြားရင် ကျောက်သားမြို့တော် ဆီကို ငါတို့ သွားကြမယ်"

မင်းသမီး၏အဆိုပြုချက်ကိုကျန်နှစ်ယောက်က လက်ခံပြီး ခေါင်းညိတ်လိုက်သည်။

အချိန်ကုန်ဆုံးသွားသော်လည်း ကမ္ဘာခြားသက်ရှိများ၏ အရိပ်အယောင်မရှိဘဲ အမှောင်စွမ်းအင်များ တဖြည်းဖြည်းလျော့ပါးသွားသည်ကိုသာ မြင်နေရသည်။

ထို့နောက်တွင်၊ လီလော့တို့ တုံ့ဆိုင်းမနေတော့ဘဲ အဆင့်သုံးမြို့မှ ထွက်ခွာကာ နောက်ဆုံးစမ်းသပ်မှုဖြစ်သည့် ကျောက်သားမြို့တော်သို့ ဦးတည်ခဲ့ကြသည်။

စိတ်ဝင်စားစရာကောင်းတာက အနီးနားမြို့တွေမှာလည်း ဒီလိုထူးဆန်းတဲ့အခြေအနေမျိုး ဖြစ်နေတယ်ဆိုတာကို လီလော့တို့ မသိခဲ့ကြပေ။

ထိုမြို့ကြီးများအားလုံးသည် အတွင်း၌ အသက်ရှင်နေထိုင်သူ အရိပ်အယောင် မရှိဘဲ လုံး၀ဗလာဖြစ်နေသည်။

နောက်ဆုံးတွင် အခြားအဖွဲ့များအားလုံးသည် ၎င်းတို့၏ သန့်စင်ရေးအတားအဆီးများကို တပ်ဆင်ကာ ထွက်ခွာရန် ရွေးချယ်ခဲ့ကြပြီး နောက်ဆုံးပန်းတိုင်သို့ တိုက်ရိုက်သွားခဲ့ကြသည်။

ရက်အနည်းငယ်အကြာတွင်.....

သုံးယောက်သား ကုန်းမြင့်ပေါ်တွင် ရပ်နေပြီး သူတို့ရှေ့တွင် ပေါ်လာသော နီညိုရောင် တံတိုင်းကြီးကို ကြည့်ပြီး အမူအရာများ တဖြည်းဖြည်း ပိုလေးနက်လာသည်။

မြို့အတွင်းတွင် အမှောင်စွမ်းအင်များကို မတွေ့ရပေ။

ထိုမြို့သည် ကပ်ဘေးများကို တခါမှ မကြုံဖူးသလို ငြိမ်သက်အေးချမ်းနေသည်။

ခရီးတစ်လျှောက်လုံးတွင် ၎င်းတို့သည် အမှောင်စွမ်းအင်တိုက်စားမှု၏အရင်းမြစ်သည် ကျောက်သားမြို့တော်မှဉီးတည်လာသည်ဟု ကွဲကွဲပြားပြား ခံစားရနိုင်သည်။

သေချာတာကတော့ တိတ်ဆိတ်ပြီး ဖောက်ပြန်မှုမရှိပုံရသော ကျောက်သားမြို့တော်သည် ပို၍ပင် သံသယဖြစ်ဖွယ်ကောင်းနေသည်။

"ဒီမြို့က အရမ်းအန္တရာယ်များတယ်"

ကျန်းချင်းအာက သူတို့ရှေ့က ခမ်းနားထည်ဝါတဲ့ နံရံတွေကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ သူမ၏အဆင့်ကိုးအလင်းပဲ့တင်ထပ်သံသည် ထူးခြားသော အာရုံခံနိုင်စွမ်းကို ပေးစွမ်းခဲ့ပြီး ရှေ့တွင်ရှိမည့် အန္တရာယ်ရှိသော အခြေအနေများကို ညွှန်ပြနေသည်။

မြို့၏ အနက်ပိုင်းတွင် သားရဲတစ်ကောင် ချည်နှောင်ထားသလို ခံစားနေရပြီး ၎င်း၏ နယ်မြေအတွင်းသို့ဝင်ရောက်လာသော ကံဆိုးသူများကို ဝါးမျိုရန် အဆင်သင့် ဖြစ်နေသည့်နှယ်.......

"ဘယ်လိုလဲ.. ငါတို့ဝင်သွားမလား"

ကျန်းချင်းအာသည်ပင် အခြေအနေကို သတိထားပြီး ချဉ်းကပ်နေပြီး ဘေးဥပဒ်အန္တရာယ်များက ၎င်းတို့ကို စောင့်ကြိုနေကြောင်း ညွှန်ပြနေသည်။

မင်းသမီးက ကျန်းချင်းအာကို လေးလေးနက်နက် ကြည့်ပြီး....

"ကျောက်သားမြို့တော်က ငါတို့ရောက်ဖူးတဲ့ မြို့တွေနဲ့ လုံးဝ မတူဘူး.... မိုးကြိုးသစ်ပင်မှာ ငါတို့ ကြုံခဲ့ရတာထက် အများကြီး အန္တာရာယ် ပိုများနိုင်တယ်....ငါတို့ တဖွဲ့တည်းဝင်လို့မဖြစ်ဘူး...."

"ဒါကို ကျွန်တော်လည်း ထောက်ခံတယ်...ဆုံးဖြတ်ချက်မချခင် တခြားအဖွဲ့တွေကိုစောင့်ကြတာပေါ့....ပူးပေါင်းမယ့်သူတွေရှိရင် ရှိလာနိုင်လိမ့်မယ်...."

"ဒီမြို့မှာရှိတဲ့ ကမ္ဘာခြားသက်ရှိက အပြုံးမျက်နှာ နတ်ဆိုးထက် အားနည်းမှာမဟုတ်ဘူး...."

လီလော့က ကျန်းချင်းအာ၏မှတ်ချက်ကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

၎င်းတို့ရှေ့ရှိ အန္တရာယ်များကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်ခြင်းမရှိဘဲ၊ ဇွတ်တိုးဝင်သွားပါက သေခြင်းတရားကသာ သူတို့ကိုစောင့်ကြိုနေလိမ့်မည်။

ကျန်နှစ်ယောက်မှာ တခြားထင်မြင်ယူဆချက်မရှိသောကြောင့် မင်းသမီးသည် သူမ၏ဝိညာဉ်မှန်ကိုထုတ်ကာ ပဲ့တင်ထပ်သံစွမ်းအားအကူအညီဖြင့် ကောင်းကင်သို့အလင်းတန်းတစ်ခုထုတ်လွှတ်လိုက်သည်။ ဝိညာဉ်မှန်ကိုကိုင်ဆောင်သူတိုင်းက ဤနိမိတ်လက္ခဏာကို ရိပ်မိနိုင်မည်ဖြစ်ပြီး အခြားအဖွဲ့များကို အချက်ပြလိုက်ခြင်းဖြစ်သည်။

ထို့နောက် သုံးယောက်သား ထိုင်ပြီး ငြိမ်သက်စွာ စောင့်နေကြသည်မှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။

နောက်ဆုံးတွင်၊ ၎င်းတို့၏ပတ်ဝန်းကျင်ရှိ တောအုပ်ဆီသို့ လှမ်းကြည့်သောအခါတွင် လှုပ်ရှားမှုအရိပ်အမြွက်အချို့ကို အာရုံခံမိလိုက်သည်။

မရေမတွက်နိုင်သော လူရိပ်များ သစ်တောထဲမှ ထွက်ပေါ်လာပြီး လီလော့တို့ အဖွဲ့ရှေ့တွင် တဖြည်းဖြည်း စုဝေးလာကြသည်။

All Chapters