← Chapters

အဖွဲ့လိုက်လုပ်ဆောင်မှု....

Vol. 41 Ch. 563

အဖွဲ့လိုက်လုပ်ဆောင်မှု....

Vol. 41 Ch. 563

မရေမတွက်နိုင်သော အရိပ်များ တောအုပ်ထဲမှ ထွက်ပေါ်လာကြသည်။

ထိုလူများထဲတွင် ရင်းနှီးနေသောသူ အချို့ကိုပါတွေ့လိုက်ရသည်။

လန်လန်၊ကုန်းရှန်ကျွင်းနှင့် မိုးကြိုးတောင်တန်းတွင် မဟာမိတ်ပြုခဲ့ဖူးသည် သုံးဖွဲ့အပြင် စွန်းတရှန်တို့အဖွဲ့လည်းပါသည်။

၎င်းတို့သည် အမှတ်ပေးဇယားတွင် အမှတ်အများဆုံးရရှိသည့်အသင်းများဖြစ်ပြီး ပြိုင်ဘက်ကင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မင်းသမီး၏ အချက်ပြမှုကိုတွေ့ပြီး မကြာမီ ကျောက်သားမြို့တော်သို့ ရောက်ရှိလာခဲ့ကြသည်။

"မင်းသမီး... ငါတို့ပြန်တွေ့ကြပြီ"

လန်လန်သည် မျက်နှာပေါ်တွင် သိမ်မွေ့သော အပြုံးတစ်ခုကို ထိန်းထားကာ နီညိုရောင် မြို့တော်၏ နံရံများကိုသံသယစိတ်ဖြင့် စူးစူးစိုက်စိုက် ကြည့်နေမိသည်။

"ကျောက်သားမြို့တော်က ထူးထူးခြားခြား သန့်ရှင်းနေပုံရတယ်...မင်းတို့တွေ အထဲ မဝင်ခင် စောင့်ဖို့ ရွေးချယ်ခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး "

ကျန်အဖွဲ့များသည် နောက်ဆုံး ရည်မှန်းချက်နှင့် ပတ်သက်၍ ၎င်းတို့၏ ကိုယ်ပိုင်သုံးသပ်ချက်များကို သေချာစွာပြန်စစ်ဆေးနေလေ၏။

ဤနေရာတွင် အောင်နိုင်ခဲ့သော မည်သည့်အဖွဲ့မဆို ထိပ်ဆုံးသို့ရောက်ရှိပေလိမ့်မည်။ ထို့ကြောင့် သူတို့ရှေ့မှ မြင်ကွင်းသည် အံ့အားသင့်မည့်အစား ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုတို့ကို တိုးပွားစေသည်။

မင်းသမီးက ရောက်လာကြသူတွေကို စိုက်ကြည့်ကာ....

"ကျောက်သားမြို့တော်ရဲ့ အန္တရာယ်က အရင်က မြင်ဖူးသမျှကို ကျော်လွန်နေပြီ.... ဘယ်အသင်းကမှ အဲ့ဒါကို လက်ဝါးကြီးအုပ်ထားလို့ မရဘူး.... ဒါကြောင့် ငါတို့ရဲ့ မတူညီမှုတွေကို ယာယီဖယ်ထားပြီး အတူပူးပေါင်းသင့်တယ်...."

ကျန်သူများကလည်း ထိုအချက်ကို လေးလေးနက်နက် တွေးတောမိကြပြီး သူမ၏ အဆိုပြုချက်ကို မည်သူမျှ ပြတ်ပြတ်သားသား ငြင်းဆိုခြင်း မရှိပေ။ ကျောက်သားမြို့တောကို သန့်စင်ဖို့ အလွန်အန္တရာယ်များကြောင်း လူတိုင်းနားလည်ခဲ့ကြသည်။မြို့ထဲတွင်ရှိနေသော ကမ္ဘာခြားသက်ရှိသည် လန်လန်တို့ထက်ပင်အဆင့်မြင့်နေနိုင်သည်။

လန်လန်က သူ့အတွေးများကို ရှင်းမပြမီ လေးလေးနက်နက် စဉ်းစားနေခဲ့သေးသည်။

"ဒီကိုလာတဲ့လမ်းမှာ မြို့ငယ်လေးတစ်မြို့ကို ဖြတ်လျှောက်လာရင်း ထူးဆန်းတဲ့အရာတစ်ခုကို သတိပြုမိလိုက်တယ်..... မြို့ထဲမှာ ကမ္ဘာခြားသက်ရှိတစ်ကောင်မှမရှိဘဲ ရှင်းလင်းနေတယ်...."

ထိုစကားကြောင့် လူတိုင်းအံ့သြကုန်ကြသည်။

"နင်တို့လည်း အဲ့လိုမျိုးကြုံခဲ့တာလား..ငါတို့ လုခဲ့ကြတဲ့ အဆင့်သုံးမြို့ကလည်း အဲ့လိုပဲ "

မင်းသမီး၏အမူအရာက တင်းမာခက်ထန်နေသည်။

"ငါတို့လည်း အလားတူ အခြေအနေမျိုး ကြုံခဲ့ရတယ်" ဟု ကုန်းရှန်ကျွင်းက ခြောက်ကပ်စွာ မှတ်ချက်ပေးသည်။

အခြားအဖွဲ့ခေါင်းဆောင်များအားလုံးကလည်း အံ့သြတကြီးခေါင်းညိတ်လိုက်ကြသည်။ ကျောက်သားမြို့တော်၏ ကီလိုမီတာ ရာဂဏန်းအကွာအဝေးတွင် ကမ္ဘာခြားသက်ရှိများအားလုံး ပျောက်ကွယ်သွားပုံရသည်။

"ဒါဆို ကမ္ဘာခြားသက်ရှိ အားလုံး ကျောက်သားမြို့တော်ထဲမှာ စုဝေးနေကြပြီလား..."

လီလော့ ထိုအတွေးကြောင့် အလွန်အမင်းထိတ်လန့်နေမိသည်။

လူတိုင်း တိတ်ဆိတ်ငြိမ်သက်စွာအညစ်အကြေးကင်းမဲ့သော ကျောက်သားမြို့တော်ကို တစ်ချက်ကြည့်လိုက်မိသည်။ အေးစက်မှုတစ်ခု ခံစားရနိုင်ပြီး လီလော့၏ ထင်မြင်ယူဆချက်သာ မှန်ကန်ပါက၊ ၎င်းတို့ရှေ့မှမြို့သည် သားရဲတွင်းတစ်ခုဖြစ်နေနိုင်သည်။

မင်းသမီးက လေးနက်စွာ ပြန်ဖြင့်

"ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး..... နင်ပြောသလိုပဲ တကယ်ဖြစ်ရင် ကျောက်သားမြို့တော်မှာ နားမလည်နိုင်လောက်အောင် အားကောင်းတဲ့ ကမ္ဘာခြားသက်ရှိတစ်ကောင်ရှိနေနိုင်တယ်....အတော် အားကောင်းမှသာ မြို့ရဲ့ ကီလိုမီတာ ရာဂဏန်းအတွင်းက ကမ္ဘာခြားသက်ရှိတွေအားလုံးကို အဲဒီမြို့ထဲကို ဆွဲဆောင်နိုင်မှာ...."

"ဆိုလိုတာက ကမ္ဘာခြားသက်ရှိတွေ ငါတို့ရှိနေတာကို သတိပြုမိပြီး သူတို့အချင်းအချင်းပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြပြီထင်တယ်...."

ကျန်းချင်းအာက အဓိကအချက်ကိုဖောက်ထွင်းမြင်နေသည့်နှယ် မှတ်ချက်ပေးလိုက်သည်။

ထိုစကားကြောင့် ကျန်သူများမျက်နှာပျက်ကုန်ကြသည်။

"ဒါ့အပြင် ငါ့မှာပြောစရာတစ်ခုရှိတယ်....ရွှံနီ ပြည်နယ်မှာရှိတဲ့ မြို့တွေကို သန့်ရှင်းရေးလုပ်နေတုန်း အနက်ရောင်သူရဲကောင်းနဲ့ ကြုံဖူးကြလား..."

မင်းသမီးက အားလုံးကိုမေးခွန်းထုတ်လိုက်သည်။

"အနက်ရောင်သူရဲကောင်းလား...? ငါတို့တွေ့ခဲ့တယ်..."

ထိုသို့ပြောသောသူက စွန်းတရှန်တို့ ကောလိပ်မှ လျန်ကျုံးဆိုသည့် ခန္ဓာကိုယ်ခပ်ထွားထွား ကျောင်းသားဖြစ်သည်။

စွန်းတရှန်တို့ ကောလိပ်မှာကျောင်းသားများက သားရဲပဲ့တင်ထပ်သံ အသုံးပြုသူများဖြစ်သောကြောင့် ခန္ဓာကိုယ်ထွားကျိုင်းကြသည်။

"အဲ့ဒီ့အနက်ရောင်သူရဲကောင်းက မြေနတ်ဆိုးခန္ဓာအဆင့်ရှိမယ်ထင်တယ်....သူက ကမ္ဘာခြားသက်ရှိတွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်ပေးနေတာ.. ငါတို့ သူ့ကို ရှာတွေ့ပြီး သူ့ခေါင်းကို တစ်ချက်တည်းနဲ့ ကြေမွသွားအောင် ကြိတ်ပစ်လိုက်တယ်"

လျန်ကျုံးက ဖြူဖွေးသောသွားများပေါ်အောင်ရယ်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောပြနေသည်။

သို့သော် ကျန်သောအဖွဲ့များကတော့ အနက်ရောင်သူရဲကောင်းများနှင့် မတွေ့ခဲ့ရပေ။

"ငါတို့တွေ မင်းသမီးနှင့်အတူ မိုးကြိုးတောင်ပေါ်မှာ မစ်ရှင်လုပ်နေတုန်း အနက်ရောင်သူရဲကောင်းနဲ့ကြုံခဲ့သေးတယ်.... "

ကျောက်ပိုင်လီသည်လည်းမင်းသမီး၏မေးခွန်းကို အတည်ပြုရန် ကြုံခဲ့ရသမျှ ဖောက်သည်ချလိုက်သည်။

ထိုအချိန်တွင် ကုန်းရှန်ကျွင်းက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး....

"ဒါဆို ကျုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို လျော့ပါးအောင်လုပ်ဖို့ ရွှံနီပြည်နယ်က မြို့တွေထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတချို့ ရှိနေတယ်ဆိုတဲ့ သဘောလား......"

"အနက်ရောင်သူရဲကောင်းတွေအားလုံးက မြေနတ်ဆိုးခန္ဓာအဆင့်လောက်ပဲမို့ သိပ်ကြီးကြီးမားမား မခြိမ်းခြောက်နိုင်ဘူး.... ဒါပေမယ့် တန်ဖိုးကြီးတဲ့ အချက်အလက်တချို့ကို ရထားတယ်.... ဒီထက်တောင် အားကောင်းတဲ့ ဗိုလ်ချုပ်အဆင့်တစ်ယောက် ရှိနေသေးတယ်....ကြက်သွေးရောင် ဗိုလ်ချူပ်နဲ့ ငါတို့ တိုက်ရိုက်မကြုံဖူးပေမယ့် ကောင်းကင်ပုလဲအဆင့်ထက် ပိုမြင့်နိုင်တယ်....."

"ကြက်သွေးရောင် ဗိုလ်ချုပ်?"

အခုမှ ရောက်လာတဲ့ အဖွဲ့တွေ ပိုလိုတောင့် ထိတ်လန့်နေကြ၏။ အကယ်၍ ဤအချက်အလက်သာမှန်ပါက၊ ကျောက်သားမြို့တော်သည် မည်သည့်အဖွဲ့မှ တစ်ယောက်တည်း ဖြေရှင်း၍မရသော နောက်ဆုံးပန်တိုင်ဖြစ်နေပြီ.....

"ဒီရောနှောအဆင့်ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က အသင်းအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ သေချာနေပြီ..... အတိအကျပြောရရင်၊ အဖွဲ့တွေကို တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုမရအောင် တားမြစ်တဲ့စည်းမျဉ်းတွေမရှိဘူး"

ဤပြောဆိုချက်သည် လူများစွာကို ခေါင်းညိတ်သဘောတူစေခဲ့သည်။ ဆိုလိုသည့်သဘောက မိုးကြိုးတောင်တန်း မစ်ရှင်လို ပူးပေါင်းလုပ်ဆောင်ရပေမည်။

အကယ်၍ ကျောင်းသားများကို အချင်းချင်း နှိမ်နှင်းရန် ရည်ရွယ်ချက်ရှိလျှင် အဖွဲ့များကြား အမှတ်များ ခိုးယူခြင်းကို ခွင့်ပြုမည့် စည်းကမ်းချက်တစ်ခု ရှိလိမ့်မည် ။ ဒါက မလွဲမသွေ မုန်းတီးမှုတွေနဲ့ ရန်ပွဲတွေ ဖန်တီးလာလိမ့်မည်။

ဗဟိုကျောင်းသားသမဂ္ဂက ကျောင်းသားများကို အချင်းချင်းစည်းရုံးစေချင်သည်။

သို့သော် ရောနှောအဆင့်ပြိုင်ပွဲသည် ယခင်ကကဲ့သို့ ရိုးရှင်းသောပြိုင်ပွဲမဟုတ်ပေ။ မဟူရာလေပြင်း အင်ပါယာ၏ ဘေးဆိုးကို ဖြေရှင်းခြင်းသည် ပြိုင်ပွဲ၏အဓိကရည်ရွယ်ချက်ဖြစ်ပြီး ရင်ဆိုင်ရမည့် ရန်သူများက ကျောင်းသားအချင်းချင်းမဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်သော ကမ္ဘာခြားသက်ရှိများသာပင်.....

လန်လန်က အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်ပြီး....

"ငါတို့ဘက်က လက်တွဲလုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲစရာ မရှိပါဘူး။ ဒါ့အပြင် ကျောက်သားမြို့တော်ကို သန့်ရှင်းအောင် မလုပ်နိုင်ရင် ရောနှော အဆင့်ပြိုင်ပွဲတစ်ခုလုံးကို ရှုံးနိမ့်သွားတဲ့သဘောပဲမဟုတ်လား...."

ထိုစကားကြောင့် အားလုံးတိတ်ဆိတ်ကုန်ကြသည်။

ကျောက်သားမြို့တော်ထဲကို အပြေးအလွှားဝင်ရောက်ဖို့ ကြိုးစားခြင်းသည် ရူးရူးမိုက်မိုင် သတ်သေခြင်းပင်.....

လီလော့ ဤစကားကိုကြားလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ အကောင်းဆုံးအဖွဲ့များ အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်လျှင် ၎င်းတို့၏ စွမ်းအားက အမှန်တကယ်ပင် ကြောက်စရာကောင်းပေလိမ့်မည်။ ထိုစွမ်းအားမျိုးသည် အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့် အတန်းအစားကိုပင်ဖိနှိပ်နိုင်လိမ့်မည်။

လီလော့က ကျောင်းသားများကို စူးစူးစိုက်စိုက်ကြည့်ရင်း အကြမ်းဖျင်း

ရေတွက်လိုက်တော့ အားလုံးပေါင်း ရှစ်ဖွဲ့ရှိနေသည်။ ထိုရှစ်ဖွဲ့ထဲမှ အဖွဲ့နှစ်ဖွဲ့စီသည် ကြယ်တာယာခရီးရှည်ကောလိပ်နှင့် ဉာဏ်အလင်းကောလိပ်တို့နှင့် သက်ဆိုင်သည် မြင့်မြတ်သောအဖွဲ့အစည်းကောလိပ်တွင် စွန်းတရှန်နှင့် လျန်ကျုံးတို့ရှိနေပြီး

မြောက်ပိုင်းပင်လယ်ကောလိပ်တွင် ကြယ်နှစ်ပွင့်ခန်းမ၏အသန်မာဆုံးကျောင်းသား အောင်းပိုင်ရှိနေသည်။ မရင်းနှီးသောအဖွဲ့ဟူ၍ ရေခဲတောင်ကောလိပ်တစ်ခုသာရှိသည်။ထ်ိုကောလိပ်သည် မကြာသေးမီက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတွင် ထင်ပေါ်ကျော်ကြားလာခဲ့ပြီး အကောင်းဆုံးများထဲမှ တစ်ခုဖြစ်လာနိုင်ချေရှိသည်။

သူတို့၏အဖွဲ့ထံမှ အေးစိမ့်သောအော်ရာများ ထွက်ပေါ်နေပြီး ရေခဲပဲ့တင်ထပ်သံကို ရှင်းရှင်းလင်းလင်းပြသထားသည်။ကောလဟာလများအရ ထိုကျောင်းသားများထံတွင် အတူတကွပူးပေါင်းလိုက်ပါက ကမ္ဘာမြေကိုတုန်ဟီးစေနိုင်သောစွမ်းအားများ ထုတ်လွှတ်ပေးနိုင်သည့် နည်းစနစ်တခုရှိဝည်ဟုဆိုကြသည်။

၎င်းတို့သည် လက်ရှိ မျိုးဆက်တွင် အတောက်ပဆုံး ပါရမီရှင်များ ဖြစ်ကြသည်။

ယခုတော့ ဆုံးဖြတ်ချက်တစ်ခုချပြီးသည်နှင့် ကျောက်သားမြို့တော်ကို သတိကြီးကြီးနဲ့ ချဉ်းကပ်ဖို့တွက် အားလုံးအတူပူးပေါင်းလိုက်ကြလေပြီ.....

မြို့နားသို့ချဉ်းကပ်စဉ် လုမင်က လီလော့ ထံသို့ ချဉ်းကပ်လာပြီး

"နင် ကျင်းထန်ရှုကို တစ်ချက်တည်းနဲ့ တကယ် အမှောက်သိပ်နိုင်ခဲ့တာလား?"

အမြဲတမ်း နှိမ့်ချသော သူရဲကောင်းတစ်ဦးဖြစ်သောကြောင့် လီလော့က ပြုံးရုံသာပြုံးလိုက်ပြီး....

"ဟုတ်တယ်....ငါက ကြယ်တစ်ပွင့်ခန်းမမှာ အသန်မာဆုံးပဲလေ... ဒါနဲ့ ပတ်သက်ပြီး အံ့သြစရာ မရှိပါဘူး....."

မိုးကြိုးတောင်တန်းတွင် အကျိုးကျေးဇူးများ ရရှိပြီးနောက် လီလော့၏ ခွန်အားများ တိုးလာသည်မှာ ထင်ရှားသည်။

ကျင်းထန်ရှုကသာ ဤအကြောင်းကို သေချာပေါက် မကြားခဲ့ရသောကြောင့် တစ်ချက်တည်းနှင့်ထိုးနှက်ခံရကာ ရှုံးနိမ့်သွားခဲ့သည်။

နှစ်ယောက်သား ကျယ်လောင်စွာ မပြောကြသော်လည်း၊ အဖွဲ့များသည် အနီးကပ်စုရုံးနေကြသဖြင့် ၎င်းတို့၏ စကားဖလှယ်မှုကို ကြားနိုင်သောကြောင့် ကျင်းထန်ရှု မျက်နှာပျက်နေလေ၏။

ထိုအချိန်တွင် စွန်းတရှန်သည် ကျင်းထန်ရှု ကို အမီလိုက်ရန် အခွင့်ကောင်းယူကာ....

"ကျင်းထန်ရှု! မင်း ဘယ်လိုတောင်အသုံးမကျလိုက်လဲကွာ.... လီလော့က မင်းကို တစ်ချက်ရိုက်လိုက်ရုံပဲဟာ...ဒါလေးတောင် ခံနိုင်ရည်မရှိဘူးလား....."

ကျင်းထန်ရှုက စွန်းတရှန်၏ ရှုတ်ချသော စကားလုံးများကြောင့် အနည်းငယ် ဒေါသထွက်ကာ အေးစက်စွာ ထအော်လိုက်သည်။

"ထွက်သွားစမ်း!"

All Chapters