အံဖွယ်ကုန်းမြေ....
Vol. 41 Ch. 564
အဖွဲ့ရှစ်ဖွဲ့သည် ကျစ်လျစ်သောပုံစံဖြင့် ခရီးဆက်ခဲ့ကြပြီး ကျောက်သားမြို့တော် ရှေ့ရှိ ဂိတ်တံခါးဆီသို့ ဂရုတစိုက်ချဉ်းကပ်ခဲ့ကြသည်။
ဒီအချိန်မှာ တစ်စုံတစ်ယောက်က ကြိုတင်စောင့်ကြိုနေသလိုတံခါးတွေ ပွင့်သွားပြီး တဖြည်းဖြည်း ရွေ့လျားနေသောနက်မှောင်သော အဆောက်အဦများသည် မြင်သူတိုင်းကို ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်ကို ပေးစွမ်းသညအတွင်းပိုင်းဆီသို့ ဦးတည်သွားသော အလင်းရောင်မှိန်ပျပျကြောင့်သာ လမ်းများကိုဝိုးတဝါးမြင်နေရသည်။
သို့တိုင် မည်သူမျှ ရှေ့မတိုးတော့ပေ။ အားလုံးက ခေတ္တရပ်ကာမှောင်မိုက်နေသောမြို့ထဲကို ဂရုတစိုက် ကြည့်နေကြသည်။
ခြေတစ်လှမ်းစတင်ပြီးသည်နှင့် နောက်ပြန်မလှည့်နိုင်တော့ကြောင်း သူတို့ နားလည်ခဲ့ကြသည်။
စိတ်ထဲတွင် ကြောက်ရွံ့မှုများ တိုးပွားလာသော်လည်း ၎င်းတို့သည် သက်ဆိုင်ရာကောလိပ်များ၏ ခေါင်းဆောင်များပင် ဖြစ်သည်။ ထက်မြက်ထူးချွန်သူများဖြစ်သောကြောင့် အခွင့်ရေးကို လက်လွှတ်ခံကြမည်မဟုတ်ပေ။
အကြည့်ချင်းဖလှယ်ရင်း မင်းသမီး၊လန်လန်နှင့် ကုန်းရှန်ကျွင်းတို့သည် ၎င်းတို့၏အဖွဲ့များနှင့်အတူ ရှေ့သို့ ခြေတစ်လှမ်းတိုးရန် အစပြုခဲ့ကြသည်။
အမှောင်ထုက ၎င်းတို့ကို ဖုံးလွှမ်းသွားပြီးပတ်ဝန်းကျင်တွင် အေးစိမ့်သောလေထုလွှမ်းခြုံလာကာ ဖော်မပြနိုင်သော အသက်ရှူကြပ်သည့် ဖိအားမျိုးဆီသို့ ဦးတည်သွားစေသည်။
အလင်းရောင်မှိန်မှိန်စင်္ကြံတွင် မည်သူမျှ စကားမပြောကြသောကြောင့် ခြေသံခပ်တိုးတိုးကိုသာ ကြားနေရသည်။
သို့သော လမ်းဆုံးသို့ရောက်သောအခါတွင် မျက်လုံးကျိန်းလုမတတ် တောက်ပသော အလင်းတန်းများ လင်းထိန်သွားသည်။
သူတို့ရှေ့မှ မြင်ကွင်းကြောင့် အားလုံးသတိချပ်မိလိုက်ကြပြီး ထိတ်လန့်မှုကိုပါခံစားလိုက်ရသည်။
လမ်းများပေါ်တွင် မြို့သူမြို့သားများဉဒဟို သွားလာနေကြပြီး စျေးရောင်း စျေးဝယ်များဖြင့် စည်ကားသိုက်မြိုက်နေသည်။
ဤသည်မှာ ကျောက်သားမြို့တော်၏ ခမ်းနားမှုကို ပြသသည့် လှုပ်ရှားမှုများ ပြည့်နှက်နေသော ဈေးတန်းတစ်ခုဖြစ်သည်။
သို့သော်လည်း အဖွဲ့ဝင်များ၏ အကြည့်များသည် ဤအရာကို မြင်လိုက်ရသောအခါ ပို၍ ကြမ်းတမ်းခက်ထန်လာသည်။
သူတို့ရှေ့က မြင်ကွင်းက ကပ်ဘေးမတိုင်ခင်က မြို့အခြေနေဖြစ်လောက်သည်။
ဘယ်လိုဖြစ်နိုင်မှာလဲ.....
ရွှံနီပြည်နယ်တစ်ခုလုံးသည် ကပ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ကျောက်သားမြို့တော်လည်း အကောင်းတိုင်းကျန်ခဲ့ဖို့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပေ။
ထိုစဉ် မင်းသမီး၏ စကားသံထွက်ပေါ်လာသည်။
"ဒါက ပုံရိပ်ယောင်တွေမလား?"
လုမင်သည်လည်း လေးနက်သောအမူအရာရှိပြီး ထိတ်လန့်နေပုံရသည်။ သူမသည် ပုံရိပ်ယောင်ပဲ့တင်ထပ်သံကို ပိုင်ဆိုင်ထားသော်လည်း ထိုကဲ့သို့သော သက်ရှိသက်မဲ့များကို န်တီးရန် မည်သို့မသော စွမ်းအားမျိုး လိုအပ်ကြောင်း သူမ မပြောနိုင်ပေ။
ထို့အပြင်၊ ပုံရိပ်ယောင်လူသားများသည် စိတ်ခံစားမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး မျိုးစုံကို ပိုင်ဆိုင်ထားပုံရသည်။သူတို့သည် ကုန်ပစ္စည်းများကိုပင် ဖလှယ်နိုင်ကြသည်။
ဒါဟာ လုံးဝလက်တွေ့ကျပြီး မယုံနိုင်စရာကောင်းနေလေ၏။
မြို့တစ်မြို့စာ ပုံရိပ်ယောင်တွေဖန်တီးနိုင်တယ်ဆိုတော့..ဘယ်လောက်တောင်စွမ်းလိုက်သလဲ....
"ကျောက်သားမြို့တော်မှာရှိတဲ့ ကမ္ဘာခြားသက်ရှိတွေက လက်တဆုပ်စာလောက်ပဲရှိမယ်ထင်ထယ်၊ "
လန်လန် ထိုသို့ပြောနေစဉ် လုမင်၏ အထိတ်တလန့်ရေရွတ်သံက အားလုံးကို ဖမ်းစားလိုက်သည်။
"ဘာဖြစ်တာလဲ?" ကျောက်ပိုင်လီက မေးမြန်းလိုက်သည်။
"တစ်ခုခုကို ရှာတွေ့ခဲ့တာလား။"
လီလော့လည်း ချက်ချင်းပင် စကားစလိုက်သည်။ လုမင်သည် အဖွဲ့ထဲတွင် တစ်ဦးတည်းသော ပုံရိပ်ယောင်ပဲ့တင်ထပ်သံအသုံးပြုသူဖြစ်သည်။ သူမ၏ အထိတ်တလန့်ရေရွတ်သံက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟူသော အဓိပ္ပာယ်သက်ရောက်ဖွယ်ရှိသည်။
လုမင်က တုန်လှုပ်ခြောက်ခြားနေဟန်ဖြင့ တစ်နေရာဆီသို့ လက်ညိုးညွှန်ပြနေသည်။ အစပိုင်းတွင် မည်သူမျှ ထူးထူးခြားခြား မတွေ့ခဲ့ရသော်လည်း အနီးကပ် စစ်ဆေးကြည့်သောအခါတွင် အနည်းငယ်သော ပုံရိပ်ယောင်အချို့ မှိန်ဖျော့ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်ကြသည်။
"ဒီလို ပုံရိပ်ယောင်မျိုးမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းရည်ရှိရမယ်..... ငါတို့ ဒီမှာ အကြာကြီးရှိနေရင်၊ ငါတို့တွေလည်း ဒီပုံရိပ်ယောင်တွေနဲ့ တစ်သားတည်း ဖြစ်သွားလိမ့်မယ်.... နောက်ဆုံးမှာ ငါတို့ ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ပေမယ့် အဆုံးသတ်ကောင်းနိုင်မှာမဟုတ်ဘူး...... "
လုမင်က အားလုံးသိအောင် ရှင်းပြလိုကိသည်။
ဤရှင်းလင်းချက်ကြောင့် အားလုံးငယ်ထိပ်ပေါ်မိုးကြိုးပစ်ချလိုက်သလိုခံစားနေကြရသည်။ ကောင်းကင်ပုလဲအဆင့်ရောက်နေသော လန်လန်၊မင်းသမီးနှင့်ကုန်းရှန်ကျွင်းတို့သာ ဘာမှမဖြစ်သော်လည်း ကျင်းထန်ရှု၊လုမင်နှင့် လီလော့တို့လို ဆရာသခင်အဆင့်များ၏ ဝတ်ရုံများကပုံရိပ်ယောင်အဖြစ်အနည်းငယ်ပြောင်းလဲနေကြပြီ.....
"အားနည်းတဲ့လူတွေကို ပိုပြီးမြန်မြန်ထိခိုက်ပုံရတယ်....."
မင်းသမီးက မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။
ဤသည်မှာ သတင်းကောင်းတစ်ခုမဟုတ်ခဲ့ပေ။ မြောက်ပိုင်းပင်လယ်ကောလိပ်အဖွဲ့သည် ဆရာသခင်အဆင့်မရှိသော တစ်ခုတည်းသောအဖွဲ့ဖြစ်သည်။
အကယ်၍ ဤပုံရိပ်ယောင်က ဆရာသခင်အဆင့်များကို ဆိုးရွားစွာ ထိခိုက်ပါက ၎င်းတို့၏ ကောလိပ်များနှင့် ၎င်းတို့၏ အမှတ်များအတွက်အန္တရာယ်ရှိလာနိုင်သည်။
ကုန်းရှန်ကျွင်းက...
"ဒါဆို အမြန်ဆုံးနည်းနဲ့ ဒီအစီအရင်ကိုဖြတ်ကျော်ရမယ့်ပုံပဲ....ဒီအစီအရင်က အစွမ်းထက်တယ် ဆိုပေမယ့် ဖြတ်ကျော်ဖို့ ကျိန်းသေပေါက်နည်းလမ်းရှိမှာပါ.... အရိုးရှင်းဆုံးနည်းလမ်းက ကျောက်သားမြို့တော်ရဲ့ သန့်စင်ရေးအစီအရင်ကို အသက်သွင်းဖို့ပဲ.....ဒါဆို ရွှံနီပြည်နယ်က သန့်စင်ပြီးသားမြို့တွေနဲ့ ချိတ်ဆက်သွားပြီး ပြည်နယ်တစ်ခုလုံးသန့်စင်သွားလိမ့်မယ်...."
ဤသို့ အကြံပြုလိုက်သူမှာ လန်လန်ဖြစ်သည်။
"အဲဒါပြီးသွားရင်တော့ ပုံရိပ်ယောင်အစီအရင်ဿိ ဖောက်ဖျက်ဖို့ ပြဿနာမရှိလောက်တော့ဘူး....."
အခြားလူများကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။ ဒါဟာ ကောင်းတဲ့အချက်ဖြစ်ပြီး လူတိုင်းဝိုင်းဝန်းလုပ်ဆောင်နိုင်တဲ့ ထင်ရှားတဲ့ အစီအစဉ်တစ်ခုဆိုလည်း မမှားနိုင်ပေ။
ထိုအချိန်တွင် မင်းသမီးက....
"ကောင်းကင်ဘုံကပ်ဘေးအဆင့်တွေက ငါတို့ကို ဒီအတိုင်းထိုင်ကြည့်နေမှာတဲ့လား...."
"ဒီကောင်တွေပေါ်လာတာနဲ့ တခါတည်းသတ်ပစ်လိုက်ရုံပေါ့....ငါတို့သာအတူပူးပေါင်းရင် ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို ကောင်းကောင်းဖိနှိပ်ထားနိုင်တယ် ...ဒီကောင်သေသွားရင် အစီအရင်လည်းပျောက်သွားလိမ့်မယ်...."
လန်လန်သည် ခန်းမအဆင့်ပြိုင်ပွဲတွင် အသန်မာဆုံး ကျောင်းသားဘွဲ့ရထားသူပီပီ ဂုဏ်ယူမှုနှင့် ယုံကြည်မှုကို ရှင်းရှင်းလင်းလင်း သရုပ်ပြခဲ့ပြီး အခြားအရာများကို လျစ်လျူရှုထားသည်။ သို့မဟုတ် ရန်သူကိုကြောက်ရွံ့ခြင်းသည် လက်ရှိအခြေနေအတွက် မည်သို့မျှ မကောင်းနိူင်ကြောင်း သဘောပေါက်နေသောကြောင့်လည်းဖြစ်နိုင်သည်။
သေခြင်းရှင်ခြင်း တိုက်ပွဲကို မည်သို့မျှရှောင်လွှဲနိုင်မည်မဟုတ်ပေ။
"စီနီယာလန် ပြောတာ မှန်တယ်.... ဘာပဲဖြစ်ဖြစ်၊ ငါတို့ရဲ့တာဝန်က သန့်စင်ရေးအစီအရင်ကို ထူထောင်ဖို့ပဲလေ.... "
ကုန်းရှန်ကျွင်းက ခပ်အေးအေးပြုံးကာ လန်လန့်အား ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
မင်းသမီးက ခေါင်းညိတ်သဘောတူလိုက်ပြီး....
"သန့်စင်မှုပြီးမြောက်ဖို့က အရေးကြီးဆုံးကိစ္စတစ်ခုပါ... ဒါပေမယ့် အမှောင်ထဲမှာ ငါတို့ကို ချိန်ရွယ်ထားတဲ့ဓားတွေရှိနေသလိုခံစားနေရတယ်.... လေးယောက်သင်းကို တစ်ဖွဲ့ဖွဲ့ပြီး သန့်စင်ရေးအစီအရင်အတွက် အမြန်လှုပ်ရှားမှဖြစ်မယ်....."
လီလော့ကလည်း အလားတူ ကောက်ချက်မချမီ သူမ၏ စကားများကို သေချာဆင်ခြင်တွေးတောနေခဲ့သည်။ ဒါဟာ သေချာပေါက် သတိထားရမယ့် ချဉ်းကပ်မှုတစ်ခုပင်... အဖွဲ့လေးဖွဲ့သည် ကြီးကျယ်ခမ်းနားသော အစီအရင်ကို ဖန်တီးရမည်ဖြစ်ပြီး ထိုအဖွဲ့များကို ကောင်းကင်ပုလဲအဆင့်လေးယောက်က ဉီးဆောင်မည်ဖြစ်သောကြောင့် အသင်းများ၏ ရှင်သန်နိုင်မှုကို သေချာစေနိုင်သည်။
"မင်းသမီးရဲ့ အကြံပြုချက်က ကောင်းပါတယ်.... ငါတို့တွေ တာဝန်ပြီးမြောက်ဖို့ တစ်ယောက်တည်း မလှုပ်ရှားသင့်ဘူး.... ဘယ်အဖွဲ့ရဲ့ ဆုံးရှုံးမှုကိုမှ ငါတို့ သည်းမခံနိုင်မှာမဟုတ်ဘူး..."
ချင်ယွဲ့ကလာ်း အစီအစဉ်ကို ထောက်ခံခဲ့သည်။
ကျန်တဲ့သူတွေကလည်း သဘောတူပြီး ဤအခြေအနေကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။ မည်သို့ပင်ဆိုစေ မြင်နေရသော ပုံရိပ်ယောင်အစီအရင်က ကောင်းကင်ဘုံကပ်ဘေး၏တည်ရှိမှုကို ဖုံးကွယ်ထားပုံရသည်။
"အသင်းတစ်သင်းချင်းစီမှာ ဘယ်သူတွေပါမလဲဆိုတာ ဆုံးဖြတ်ဖို့ မဲနှိုက်ကြရအောင်..... ဒါက ပိုတရားမျှတပါလိမ့်မယ်..."
မင်းသမီးက သူမ၏အိတ်ဆောင်စက်လုံးထဲမှ ကျောက်စိမ်းအပ်ရှစ်ချောင်းကို ထုတ်ယူလိုက်သည်။
"အပ်ရှစ်ချောင်း.... အတိုလေးချောင်း၊ အရှည်လေးချောင်း..."
အဖွဲ့ခေါင်းဆောင်တိုင်း ရှေ့တက်လာပြီး အပ်တစ်ချောင်းစီဆွဲယူလိုက်ကြသည်။
မင်းသမီး၏အပ်က အရှည်ဖြစ်သည်။
လီလော့က လုမင်နှင့်စွန်းတရှန်ဆီသို့ လှမ်းကြည့်ပြီး....
"ဝိုးးး ငါတို့ပြန်ဆုံကြပြန်ပြီ.... ငါတို့အတူတူအလုပ်လုပ်ကြရအောင်!"
လုမင်က နှုတ်ခမ်းစူလိုက်ပြီး...
"ဒီလောက် အန္တာရာယ်များတဲ့အခြေနေမှာ ငါတို့လိုဆရာသခင်အဆင့်က ဘာများကူညီနိုင်မှာလဲ...မသေရင်ကံကောင်း"....
စွန်းတရှန်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
"ဒါဆို ငါတို့က ဘာလုပ်နေရမှာလဲ...နင်တို့လို ပျော့ညံတဲ့မိန်းမတွေက စစ်မရောက်ခင်တည်းကမျှားကုန်နေပြီ.... နောက်မှ အန္တရာယ်နဲ့ရင်ဆိုင်ရရင် ထောင့်တစ်နေရာမှာ ပုန်းနေနိုင်တယ်.... တကယ့်ဆရာသခင်အဆင့်က ဘယ်လိုပုံစံလဲဆိုတာ နင်သိအောင်ပြပေးမယ်..... “
"အားနည်းတဲ့မိန်းမ?"
လုမင်က စွန်းတရှန်ကို စိုက်ကြည့်ရင်း ဒေါသထွက်နေလေ၏။
"မျောက်စုတ်မျောက်နာ...နင်အရိုက်ခံချင်နေပြီလား ....."
"ငါက မိန်းမတွေနဲ့ ရန်မဖြစ်ဘူး.... လီလော့နဲ့တိုက်ခိုက်ရမယ်ဆိုရင်တော့ စိတိဝင်စားတယ်....."
"နင်က ကျင်းထန်ရှုကိုတောင် အနိုင်မယူနိုင်ဘဲ သူ့ကို စိန်ခေါ်ချင်တာလား...နင် ဉီးနှောက်မကောင်းတော့ဘူးလား....."
"ဟေ့..မကြိုးစားကြည့်ရသေးလဲ ရလဒ်ရကိုဘယ်လိုသိနိုင်မှာလဲ..."
နှစ်ယောက်သား စကားများရန်ဖြစ်နေကြစဉ် အခြားအသင်းခေါင်းဆောင်များက အဖွဲ့များကို စုစည်းကာ လုပ်ငန်းစဖို့ပြင်နေကြသည်။
"သွားကြရအောင်..."
လီလော့က ရန်ဖြစ်နေသော လုမင်တို့ကိုအချက်ပြလိုက်ပြီး အဖွဲ့သားများအလယ်တွင်နေရာယူလိုက်သည်။သူတို့သုံးဉီးက အဖွဲ့ထဲတွင်အားအနည်းဆုံးဖြစ်သောကြောင့် အန္တာရာယ်ကင်းအောင်အခုလိုနေရာယူရခြင်းဖြစ်သည်။
အားလုံးနေရာယူပြီးတာနဲ့ မင်းသမီးက အဖွဲ့တစ်ခုလုံးကို စူးစူးဝါးဝါး တစ်ချက်ကြည့်လိုက်သည်။ သူမ၏ လှပသောအသွင်အပြင်သည် ရှေ့တွင်လုပ်ရမည့်အလုပ်အတွက် လေးလံသောဝန်ထုပ်ဝန်ပိုးကြောင့် တင်းမယခက်ထန်နေသည်။
သို့သော် သူမသည် စကားများများမပြောဘဲ အခြားအဖွဲ့ခေါင်းဆောင် သုံးဦးကို ခေါင်းညိတ်အချက်ပြလိုက်လေသည်။
"သွားကြမယ်...!"
သူမ၏ နူးညံ့သိမ်မွေ့သော စကားလုံးများသည် လူတိုင်း၏ နားထဲသို့ စူးစူးရဲရဲ နစ်မြုပ်သွားခဲ့သည်။ အဖွဲ့ ၈ ဖွဲ့ကို အုပ်စုကြီးနှစ်စုခွဲပြီး လမ်းကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာခဲ့ကြသည်။ တခဏကြာတွင် အဖွဲ့ရှစ်ဖွဲ့စလုံး အမှောင်ထုထဲတွင်ပျောက်ကွယ်သွားကြလေသည်။