အန္တာရာယ်လမ်းသွယ်....
Vol. 41 Ch. 565
လေးဖွဲ့စလုံး သတိကြီးစွာဖြင့် ချီတက်နေကြသည်။
လီလော့နဲ့ ကျန်တဲ့သူတွေက သူတို့ရဲ့ တင်းကျပ်တဲ့ ပုံစံကို ထိန်းသိမ်းထားကြပြီး လမ်းတစ်လျှောက်တွင်အကြောက်တရားရောယှက်နေသော နိုးကြားမှုဖြင့် သူတို့ပတ်ဝန်းကျင်တွင်သွားလာနေသောမြို့သူမြို့သားများကို တိတ်တဆိတ်အကဲခတ်နေကြသည်။မည်သို့ပင်ဆိုစေ ဒီရုပ်ရည်သွင်ပြင်တွေက ဘယ်လောက်ပဲ အသက်ရှိသူနဲ့တူနေပါစေ၊ ပုံရိပ်ယောင်တွေမှန်း အားလုံးနားလည်ထားကြသည်။ထို့အပြင် ၎င်းတို့ထဲတွင် ကမ္ဘာခြားသက်ရှိများရှိနေနိုင်သည်။
မင်းသမီးနှင့်လျန်ကျုံးတို့က ရှေ့တန်းက နေရာယူထားကြပြီး ကုန်းရှန်ကျွင်းနှင့် ကျောက်ပိုင်လီတို့က နောက်တန်းတွင် လိုက်ပါခဲ့ကြသည်။ ၎င်းတို့သည် အဖွဲ့ထဲတွင် အသန်မာဆုံးသောသူများဖြစ်ကြပြီး အရေးကြုံပါက အားလုံးကိုကူညီပေးနိုင်သည်။
လီလော့၊ လုမင်၊ စွန်းတရှန် နှင့် ဇူရွှမ်း တို့လိုဆရာသခင်အဆင့်များက အလယ်တည့်တည့်တွင် နေရာယူထားသည်။
"ဒီလူတွေက တကယ်ပဲအတုတွေလား..? အနီးကပ်ကြည့်ဖို့ တစ်ယောက်လောက်ဖမ်းလိုက်ရမလား..."
စွန်းတရှန် သက်ပြင်းချရင်း အေးအေးလူလူသွားလာနေသူများကို စိုက်ကြည့်နေသည်။
ရိုင်းစိုင်းသော မျောက်ကလေးထံမှ ထွက်လာသော စကားလုံးများကို ကြားလိုက်ရတော့ လီလော့က... "သွားမရှုပ်နဲ့!"ဟု ဟန့်တားလိုက်သည်။
ဒီကောင် တကယ်ကို လက်ကမြင်းတဲ့ကောင်.... ထူးဆန်းတဲ့အခြေအနေမှာတောင် သူ ပျားအုံကို တုတ်နဲ့ထိုးချင်နေသေးတယ်...
"နင် သေချင်တိုင်း ငါတို့ကိုဆွဲမထည့်နဲ့....."
လုမင်က ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်သည်။
တစ်ဖက်တွင်မူ ဇူရွှမ်းသည် စွန်းတရှန်အနားမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ သူ့မှာ ဦးနှောက်ရှိသလားဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ သူ့အနားကို ဆွဲမချမိအောင် သတိထားနေဖို့က သတိရှိလိုက်တာ...
"ဟူးးး ဒီပုံရိပ်ယောင်တွေက ဒုက္ခပေးနိုင်တယ်ဆို ဒါတွေကိုအင်အားသုံးပြီးမြန်မြန်ရှင်းပစ်လိုက်တာအကောင်းဆုံးပဲ....."
စွန်းတရှန်၏စကားကြောင့် လူတိုင်း ခြောက်ကပ်စွာ ရယ်မောလိုက်ကြသည်။ တစ်ချိန်တည်းမှာပဲ စွန်းတရှန်ကို ပိုသတိထား စောင့်ကြည့်လာကြပြီး ပေါက်ကရထလုပ်လျှင် တုံ့ပြန်နိုင်ဖို့အသင့်ပြင်ထားလိုက်ကြသည်။
သူတို့စကားပြောနေစဉ် လူရှုပ်သောလမ်းများအတွင်းမှ ပိန်ပိန်ပါးပါးကလေးငယ်တစ်ဉီး ကျန်းချင်းအာ ရှေ့သို့ရောက်လာသည်။ အဝတ်စုတ်နဲ့ ပိန်ပိန်ကလေး သူတောင်းစားလေး၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဗလပွရှိနေသောကြောင့် သူ့ကိုမြင်ရင် ဘယ်သူမဆို သနားကြလိမ့်မည်။ ထိုကောင်လေးက ခွက်ပဲ့လေးကိုမြှောက်လိုက်ပြီး.....
"အစ်မ၊ စားစရာလေးများပါရင် စွန့်ကြဲခဲ့ပါ.... ..."
အဖွဲ့သားများ ရပ်တန့်သွားပြီး သူတို့ရှေ့မှ မြင်ကွင်းကို စူးစူးစိုက်စိုက်ကြည့်နေသည်။
ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများက သူမရှေ့တွင် မြင်နေရသည့် မြင်ကွင်းကို ဆက်လက် စောင့်ကြည့်နေပြီး....
"ဗိုက်ဆာနေတာလား?"
သူမသည် စိတ်မပူဘဲ ကျောက်စိမ်းလက်ကို မြှောက်ကာ ကလေးငယ်၏ခေါင်းပေါ် တင်လိုက်သည်။
ထိုအချိန်တွင် ကလေး၏မျက်လုံးများ ပြူးကျယ်လာပြီး သူ့မျက်လုံးအိမ်များမှအလင်းတန်းများ ထွက်လာသည်။
ခဏအကြာတွင် တောက်ပသော အလင်းတန်းများ ပွင့်ထွက်လာပြီး ကျန်းချင်းအာ၏ အလင်းစွမ်းအားများက သူတောင်းစားလေးကို လွင့်စင်သွားစေခဲ့သည်။
ဝုန်းးးးး
သူတောင်းစားလေးသည် လမ်းတစ်လျှောက်ရှိ ဈေးသည်များနှင့်ဆိုင်ခန်းများအားလုံးကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် အိမ်တစ်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ရုတ်တရက်ဆန်သောလှုပ်ရှားမှုကြောင့် နေရာတိုင်းတွင် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။
အဖွဲ့သားများက ကျန်းချင်းအာကို အံ့သြစွာ ကြည့်နေသည်။ သူမ၏ လျှပ်စီးတမျှ မြန်ဆန်သောလှုပ်ရှားမှုကို မည်သူမျှနားမလည်နိုင်ကြပေ။
ကလေးကို ညင်သာစွာ ပုတ်လိုက်သောအခါ သူမသည် နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်ပုံရသည်။ အမှန်တော့၊ သူတို့ကသာ အငိုက်မိခဲ့ကြခြင်းဖြစ်သည်။
"လီလော့၊ မင်းရဲ့ရည်းစားက တကယ်ကို ခြောက်ပြစ်ကင်းသဲလဲစင် သူရဲကောင်းတစ်ယောက်ပါ... သူမက လူသတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ်...မင်း ကံကောင်းလိုက်တာကွာ!"
စွန်းတရှန် စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချလိုက်သည်။
လီလော့သည် ပြိုကျနေသောအိမ်ကိုသာ အာရုံစိုက်နေပြီး စွန်တရှန်ကို လျစ်လျူရှုခဲ့သည်။
ထိုစဉ် အပျက်အစီးများအတွင်းမှ စူးစူးဝါးဝါးအော်သံများ လွင့်ပျံလာကာ
ပိန်လှီသော သူတောင်းစားကလေးကလေး တရွေ့ရွေ့တိုးထွက်လာသည်။ သူတောင်းစားလေး၏ ခန္ဓာကိုယ်မှာပုပ်ဟောင်သောအနံများထွက်ပေါ်နေပြီးညခြေချောင်းများကလည်း ပင့်ကူခြေထောက်များအဖြစ်ပြောင်းလဲနေပြီဖြစ်သည်။
သူ့ပါးစပ်က နားရွက်ထိရောက်အောင်ပြန့်ကားနေပြီး သူ ပြုံးပြလိုက်သောအခါတွင် ပါးစပ်မှ အစွယ်များ အနက်ရောင် တံတွေးများ ထွက်လာသည်ကို တွေ့လိုက်ရသည်။
အခုတော့ သူတောင်းစားလေးက ကျန်းချင်းအာကို အဆိပ်ပြင်းတဲ့ အကြည့်နဲ့ စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ကျန်းချင်းအာသည် ဤပြောင်းလဲမှုကြောင့် လုံးလုံးလျားလျား စိတ်ပျက်သွားခဲ့ပြီး.....
"အစာစားပြီးပြီလား"
သူတောင်းစားလေး ဒေါသအမျက်ထွက်နေလေပြီ။ သူ့အောက်ပိုင်းမှ ပင့်ကူကိုယ်ထည်မှာလည်း သွေးစွန်းနေပြီး သူမ၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရနေသေးသည်။ ကျန်းချင်းအာရရှိခဲ့သည့် တစ်ခုတည်းသော တုံ့ပြန်မှုသည် စူးစူးဝါးဝါးအော်သံဖြစ်သည်။
ဝုန်းးးးးး
အရပ်လေးမျက်နှာလုံးရှိ အိမ်များတိုက်ရိုက်ပြိုကျလာပြီး လှုပ်ရှားမှုများ ရုတ်တရက် များပြားလာသည်။ အားကောင်းသော မှောင်စွမ်းအင်များက ကောင်းကင်နှင့် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားကာ ခြိမ်းချောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
"ကျောက်သားမြို့တော် အနီးတဝိုက်က ကမ္ဘာခြားသက်ရှိတွေ ဒီမှာ စုဝေးနေကြပုံပဲ"
မင်းသမီးက သူမ၏ ကျောက်စိမ်းလှံကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်သော ပဲ့တင်ထပ်သ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ တောက်ပသော ကောင်းကင်ပုလဲခုနစ်လုံး သူ့ပတ်ဝန်းကျင်တွင် လွင့်မျောကာ ရုပ်လုံးပေါ်လာပြီး များပြားလှသော သဘာဝစွမ်းအင်များကို ဝါးမြိုသွားတော့သည်။
" လျန်ကျုံး၊ ဒီနေရာကို နင်တာဝန်ယူထားပေးလို့ ရမလား"
မင်းသမီးသည် လူစုခွဲရန် မတူညီသောနေရာများကို လျင်မြန်စွာ သတ်မှတ်ပေးခဲ့သည်။
"ကိစ္စမရှိဘူး၊ မြန်မြန်သွားပြီး သန့်စင်တဲ့နှင်းရည်ကို သွားထားလိုက်တော့ ..."
လျန်ကျုံး ပြုံးလိုက်ပြီး သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ် ကြီးမားသန်မာလာပြီး ကြီးမားသောနွားတစ်ကောင်ပုံသဏ္ဍာန် ပဲ့တင်ထပ်သံ စွမ်းအားများအကန့်အသတ်မရှိထွက်ပေါ်လာသည်။
တစ်ချက်တည်းဖြင့် သူ၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိကြောင့် မြေပြင်တစ်ခုလုံး ကွဲကြေသွားကာ လီလော့ကိုပင် ထိတ်လန့်သွားစေသည်။
လျန်ကျုံးကို ပံ့ပိုးပေးသူ သုံးဦးသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာခြားသက်ရှိများကို ချက်ချင်းတိုက်ခိုက်လိုက်ကြသည်။
လျန်ကျုံးတို့ ကမ္ဘာခြားသက်ရှိများကို တိုက်ခိုက်နေစဉ် မင်းသမီး၏ အမိန့်သံထွက်လာသည်။
"မြန်မြန်ထွက်သွားပြီး ပထမဆုံအမှတ်ကို သွားကြရအောင်... ပြီးတာနဲ့ သူတို့ အမီလိုက်ကြလိမ့်မယ်....."
အဲဒီနောက်မှာတော့ သူမက ဦးဆောင်ပြီး အပြင်ကို ပြေးသွားကာ နောက်က လိုက်လာသည့် ကမ္ဘာခြားသက်ရှိများကို ဖောက်ထွက်သွားခဲ့သည်။
ပင့်ကူတပိူင်းသူတောင်းစားသည် ဆုတ်ခွာသွားသော ကျန်းချင်းအာဆီသို့ အဆိပ်ပြင်းစွာ တစ်ချက်ကြည့်လိုက်သည်။ သူမ ထွက်ပြေးတော့မည်ကို မြင်လိုက်ရသဖြင့် အော်ဟစ်လိုက်ပြန်သည်။
ဝုန်းးးးး
သို့သော် ကျန်းချင်းအာကို ဖမ်းမမိခင် ဧရာမတူကြီးတစ်လက်ကျဆင်းလာပြီး ၎င်း၏ဦးခေါင်းကို ဖရဲသီးသဖွယ် ကွဲအက်သွားခဲ့သည်။ သူတောင်းစားလေး၏ခန္ဓာကိုယ်ထဲမှာ အနက်ရောင်အငွေ့များထွက်ပေါ်လာပြီး အမှောင်ထုထဲသို့တိုးဝင်သွားလေ၏။
"အမှိုက်ကောင်လေး...ငါမင်းကိုအဆုံးသတ်ပေးမယ်.... !"
လျန်ကျုံးလက်ဝှေ့ယမ်းလိုက်သောအခါ အနက်ရောင်တူကြီး သူ့လက်ထဲသို့ပြန်ရောက်လာသည်။ သူ့တန်ဖိုးကြီး လက်နက်ကြီးကို ယမ်းခါရင်း စွန်းထင်းနေတဲ့ အနက်ရောင် အရည်တွေဖယ်ထုတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
လက်တုံ့ပြန်သည့်အနေဖြင့် အနက်ရောင်အရည်များကို ချက်ခြင်းထုတ်ရန် ပါးစပ်ကိုဖွင့်လိုက်ရာ သူတောင်းစားလေးသည် နာကျင်စွာအော်လိုက်သည်။ လျန်ကျုံးဆီသို့ တဟုန်ထိုး ရွေ့လျားလာရင်း တိုးတိုးတိတ်တိတ်အော်ဟစ်ငြီးငြူနေပြန်သည်။
လျန်ကျုံး ထပ်မှတ်ထုတ်ဖော်လိုက်သည့်စွမ်းအားက မြေပြင်ကိုပင် သိမ့်သိမ့်တုန်သွားစေခဲ့သည်။
လီလော့နှင့်ကျန်သူများသည်မင်းသမီး၏နောက်သို့ အနီးကပ်လိုက်လာခဲ့ကြပြီး နှင်းရည်ထားရှိရမည့် ပထမဆုံးနေရာသို့ အမြန်ရောက်ရှိလာကြသည်။
သူတို့သည် မြို့၏ အမျိုးမျိုးသော နေရာများတွင် ပဲ့တင်ထပ်သံစွမ်းအင်များ ထွက်ပေါ်လာသည်ကို ခံစားရနိုင်ပြီး အခြားအုပ်စုသည်လည်း ကမ္ဘာခြားသက်ရှိများနှင့် ကြုံတွေ့ခဲ့ရကြောင်း ထင်ရှားနေသည်။
ကောင်းကင်ဘုံကပ်ဘေးအဆင့်များသည် ၎င်းတို့အား နွေးထွေးစွာကြိုဆိုရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသကဲ့သို့ အုံလိုက်ကျင်းလိုက်ထွက်ပေါ်လာကြပြီ.....
ဤအချိန်တွင် ဒီရေလှိုင်းများသဖွယ် တလိမ့်လိမ့်တက်လာသော ကမ္ဘာခြားသက်ရှိများနှင့်ရင်ဆိုင်နေရသောကြောင့် တောင်မင်းကိုမြောက်မင်းမကယ်နိုင်ဖြစ်နေခဲ့သည်။
ဆယ်မိနစ်အတွင်းမှာပဲ မင်းသမီး၊ ကျန်းချင်းအာနဲ့ ဆရာသခင်အဆင့်လေးယောက်သာကျန်ရှိတော့သည်။
“နောက်ထပ်လမ်းတစ်လမ်းပဲရှိတော့ ငါတို့ရောက်သင့်နေပြီ”
မင်းသမီးက သူတို့ရဲ့လက်ရှိအနေအထားကို မှတ်သားပြီးနောက် အလေးအနက်ပြောလိုက်သည်။
သို့သော် အစီအစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ သူမ၏ခြေလှမ်းများ တဖြည်းဖြည်း နှေးကွေးလာပြီး သူမ၏ ဖီးနစ်သဏ္ဍာန် မျက်လုံးများက ရှေ့ကို စူးစိုက်ကြည့်နေသည်။
သူတို့ရှေ့က လမ်းဆုံတစ်ခုမှာ အပြာရောင်ကျောက်သားစားပွဲတစ်ခုရှိနေပြီး ပိန်ပိန်ပါးပါး လူတစ်ယောက် ထိုင်နေသည်။ စိတ်ဝင်စားစရာကောင်းတာက သူ့အမူအရာက လစ်လပ်နေပြီး သူ့အကြည့်တွေက ခံစားချက်မဲ့နေသည်။
သူလည်း အဖွဲ့ကို သတိထားမိပြီး မင်းသမီးကို စိုက်ကြည့်ဖို့ ခေါင်းမော့လိုက်သည်။
ထိုအချိန်တွင် သူ၏မျက်ခုံးကြားတွင် သွေးလိုင်းတစ်ခုပေါ်လာပြီး မရေမတွက်နိုင်သော သွားများ ထိုအက်ကြောင်းမှ ပေါက်ထွက်ကာ ၎င်းပတ်ပတ်လည်ရှိ အသားများကိုဝါးမြိုသွားသည်။
အသွေးအသား လုံလောက်စွာ စားသုံးပြီးနောက် အက်ကွဲကြောင်းထဲမှ အဖြူရောင် လက်ဖဝါးကြီး ထွက်လာသည်။
ခန္ဓာကိုယ်တစ်ခုတည်းတွင် ကမ္ဘာခြားသက်ရှိနှစ်ကောင် အတူရှိနေပုံရသည်။
ထိုနေရာတွင် အမှောင်စွမ်းအင်တိုက်စားမှုများ ကျိန်းသေပေါက်ပြန့်လွင့်နေသည်။
မင်းသမီးသည် ထိုကမ္ဘာခြားသက်ရှိနှစ်ကောင်၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိကို ခံစားသိရှိနိုင်ပြီး ထိတ်လန့်စွာ မျက်မှောင်ကြုတ်နေလေသည်။
သူမက ကျန်းချင်းအာဘက်သို့လှည့်လိုက်ပြီး.... "ချင်းအာ... ငါမင်းရဲ့အကူအညီလိုလိမ့်မယ်"
ကျန်းချင်းအာက ခေါင်းညိတ်လိုက်ပြီး လီလော့တို့ လေးယောက်ကို လှည့်ကြည့်ကာ.....
"နင်တို့က သန့်စင်ရေး နှင်းရည်ကို နောက်လမ်းမှာ ဖြန့်ထားလိုက်တော့..... ဒီကောင်ကို ငါတို့ထိန်းထားမှာမို့ အန္တရာယ်သိပ်ရှိမှာမဟုတ်ဘူး...ဘာပဲဖြစ်ဖြစ် သတိထားကြ....."
လီလော့က ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။ မရေမတွက်နိုင်သော ကောင်းကင်ဘုံကပ်ဘေးအဆင့်များရှိနေသောကြောင့် တလမ်းလုံး အန္တရာယ်များဖြင့်ပြည့်နှက်နေသည်။
သို့သော်လည်း အခြေအနေက နောက်ဆုတ်ရန် ခွင့်မပြုသောကြောင့် အံကြိတ်ကာ ရှေ့ဆက်တိုးရတော့မည်။
"သွားကြမယ်!"
ဦးဆောင်သူနှင့်အတူ... သိသိသာသာသေးငယ်သော အုပ်စုသည် အလွန်လျင်မြန်စွာ ရှေ့သို့ ရွေ့လျားသွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ မင်းသမီးနှင့် ကျန်းချင်းအာတို့သည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကို အရှိန်အဟုန်ပြင်းပြင်းထုတ်ဖော်လိုက်ကြသည်။
ပြင်းထန်သောစွမ်းအားများကြောင့် တလမ်းလုံးက အဆောက်အဦတွေ ပြိုကျပျက်စီးနေသည်။
လီလော့နှင့် သူငယ်ချင်းများသည် လွတ်မြောက်ရန် အခွင့်အရေးကို ရယူခဲ့ကြပြီး အရေးကြီးသော ဆုံမှတ်ဆီသို့ အလျင်စလို ပြေးခဲ့ကြသည်။