သကြားစိမ်ဇီးသီးတုတ်ထိုး(ထန်ဟူလူ)....
Vol. 41 Ch. 566
[TN/ ထန်ဟူလူ...တရုတ်ကားတွေထဲမှာပါတဲ့ ဇီးသီးသကြားစိမ်တုတ်ထိုး.....]
ပြင်းထန်သော တိုက်ပွဲကြောင့် ဖြတ်သန်းလာရာလမ်းတစ်လျှောက်တွင် အန္တာရာယ်မကြုံခဲ့ဘဲ ပုံရိပ်ယောင်လူသားများသာ အေးအေစလူလူသွားလာစည်ကားနေသည်။
လီလော့၊ လုမင်၊ စွန်းတရှန် နှင့် ဇူရွှမ်းတို့အလျင်အမြန် ရှေ့သို့ ပြေးသွားကြသည်။
သူတို့နောက်တွင်၊ တောက်ပသော ပဲ့တင်ထပ်သ့စွမ်းအင်များက ဧရိယာအတွင်းရှိ အဆောက်အဦများကို ဆက်လက် ပြိုကျပျက်စီးစေသော်လည်း ပုံရိပ်ယောင် လူများကတော့ ဘာမှမဖြစ်သလို အေးဆေးတည်ငြိမ်နေကြဆဲပင်....
သို့သော်လည်း နှင်းစက်များကိုနေရာချဖို့က ပထမဉီးစားပေးဖြစ်နေသောကြောင့် ဒါတွေကို ဂရုမစိုက်နိုင်သေးပေ။
သူတို့ရောက်သည်နှင့် ဧရိယာကို သန့်စင်စေမည့် နှင်းစက်ကို အမြန်နရာချထားရမည်။ သန့်စင်ခြင်းလုပ်ငန်းစဉ်က ပြီးပြည့်စုံဉီးမည်မဟုတ်သော်လည်း ၎င်းတို့သွားနေသည့်လမ်းတစ်လျှောက်မှ အန္တရာယ်များကို လျှော့ချနိုင်မည်ဖြစ်သည်။
"ကျောက်သားမြို့တော်က တကယ့်ကို အန္တရာယ်များတဲ့ နေရာပဲ ...ငါတို့မှာ အစက လူတွေ အများကြီးရှိပေမယ့် အခု လေးယောက်ပဲကျန်တော့တယ်..."
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ကြီးမားသော ကမ္ဘာခြားသက်ရှိတစ်ကောင် သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။
"အသန်မာဆုံး ကမ္ဘာခြားသက်ရှိတွေကို
အသင်းခေါင်းဆောင်တွေ တိုက်ခိုက်နေတာမို့ငါတို့ လုံခြုံသင့်တယ် မဟုတ်လား"
ဇူရွှမ်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။
စွန်းတရှန်ကတော့ တိုက်ခိုက်ချင်စိတ်အပြည့်ဖြင့် သံမဏိတုတ်တံကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီ၊ သူတို့ ပေါ်လာဖို့ မစောင့်နိုင်တော့ဘူး ....ဒါကြောင့် သူတို့ကို ပျော့ဖတ်ဖြစ်အောင် နာနာရိုက်ပေးရမယ်...."
ဒါကိုကြားတော့ လီလော့ နှုတ်ခမ်းမဲ့လိုက်မိသည်။ စွန်းတရှန်သည် ချင်ဇူလုနှင့်တူသည်။ သူ့စိတ်ထဲတွင် တစ်ခုတည်းသော အရာမှာ တိုက်ပွဲဖြစ်သည်။ သားရဲ ပဲ့တင်ထပ်သံ အသုံးပြုသူများ အားလုံးသည် သားရဲများကဲ့သို့ပင်လား။ သူ၏ တတိယ ပဲ့တင်ထပ်သံသည် နဂါးပဲ့တင်ထပ်သဲ ဖြစ်နိုင်ကြောင်း သတိရသောအခါတွင် အနည်းငယ် တုန်လှုပ်သွားသည်။
သူသည်လည်း တိုက်ခိုက်ဖို့ကလွဲရင်ဘာမျှမသိသောသူအဖြစ်ပြောင်းလဲသွားမည်လား....
ထိုစဉ်.....
"ထန်ဟူလူတွေရမယ်....အရသာရှိပြီး ချိုမြိန်တဲ့ ထန်ဟူလူတွေရမယ်...!"
ဆူညံသံများ အတွင်းမှ စူးစူးရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက တစ်စုံတစ်ယောက်က သူ့နားကပ်၍ တိုးတိုးလေးပြောနေသကဲ့သို့ လီလော့ကို ကျောရိုးတစ်လျှောက်စိမ့်တက်သွားစေသည်။
ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ကျန်တဲ့ သုံးယောက်က သူ့လိုပဲ ထပ်တူထပ်မျှ ထိတ်လန့်သွားပုံရတာကို သတိထားမိလိုက်သည်။
"ငါတို့ ပိုသတိထားဖို့လိုတယ်"
လီလော့က သူတို့ကို သတိပေးလိုက်သည်။
သူတို့ မဆိုင်းမတွဘဲ ရှေ့သို့ ဆက်လက်ရွေ့လျားနေသော်လည်း လူစုမကွဲစေဖို့သတိထားနေရသည်။ မိနစ်အနည်းငယ်ကြာတော့ သူတို့ရှေ့က လူအုပ်ကြီး ရုတ်တရက် လူစုကွဲသွားပြီး ထန်ဟူလူရောင်းနေသူတစ်ယောက်သာ ထီးထီးကြီးကျန်နေခဲ့သည်။
အနီးကပ်စစ်ဆေးကြည့်တော့ မည်းနက်နေသော သွားများကိုလှစ်ဟာပြကာ ပြုံးရယ်နေသော အဖွားအိုတစ်ယောက်ကိုမြင်လိုက်ရသည်။
"ထန်ဟူလူတွေရမယ်....ထန်ဟူလူချိုချိုလေးတွေရမယ်... အရသာရှိပြီး ချိုမြိန်တယ်....."
လေးယောက်လုံးသည် ပဲ့တင်ထပ်သံစွမ်းအားများကို စုစည်းရန် တွန့်ဆုတ်မနေဘဲ ထိုအဖွားအိုကို တိုက်ရိုက်ဖယ်ရှားပစ်ရန် စီစဉ်လိုက်ကြသည်။
သူတို့ရဲ့ တိုက်ခိုက်မှုကို စတင်လိုက်ချိန်မှာတော့ အဖွားရဲ့ တကြော်ကြော်အော်သံကြောင့်သူတို့၏ ပဲ့တင်ထပ်သံ စွမ်းအားများပင် ပျောက်ကွယ်သွားခဲ့သည်။
လေးယောက်သား ကြောင်အသွားပြီး ဆွဲဆောင်မှုပြင်းလွန်းသော အဖွားအို၏လက်ထဲက ထန်ဟူလူများကို ငေးကြည့်နေမိသည်။
အဖွားအိုက ပြုံးပြီး တယောက်ချင်းစီအတွက် တုတ်ထိုးတစ်ချောင်းစီ ခွဲဝေပေးနေသည်။
လီလော့ကလည်းတုတ်ထိုးတစ်ချောင်းကို ယူဖို့ပြင်လိုက်သည်။ သူ့အမူအရာက ရုန်းကန်နေရသလို ထူးဆန်းနေသည်။ ဤအရသာရှိသော သရေစာမှ ယူဆောင်လာသော အရသာရှိသော ချိုမြိန်မှုကို သူတကယ် မြည်းစမ်းချင်မိသည်။
တစ်ချိန်တည်းမှာပင် သူ့စိတ်အတွင်းမှ အော်သံခပ်တိုးတိုးထွက်ပေါ်လာပြီး ဤသွေးဆောင်မှုကို ခံနိုင်ရည်ရှိသော အရိပ်အမြွက်လေးတစ်ခုကို မွေးဖွားပေးလိုက်ပါသည်။
သူ၏ အတွင်းစိတ်က ဆက်လက် ခုခံနေချိန်တွင် ထန်ဟူလုတုတ်ထိုးက သူ့ပါးစပ်ထဲသို့ တိတ်တဆိတ် ရွေ့လျားလာခဲ့သည်။
ထိုအချိန်တွင် သူသည် မုန့်ကို ကိုက်စားလိုက်ရာ အေးစက်သော အသက်ရှုသံက သူ့လက်ကောက်ဝတ်မှ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ ချက်ခြင်းပင် လန့်သွားသည်။
ထိုသို့ဖြစ်လာရခြင်း၏အရင်းမြစ်သည်
မိုးကြိုးတောင်တန်းတွင် ကျန်းချင်းအာပေးထားသော အလွန်ကံကောင်းသွားသော ရတနာအလင်းဖြစ်သည်။
ကံမကောင်းစွာပဲ ထိုရတနာသည် ချက်ချင်းဆိုသလို ကွဲအက်သွားကာ သူ့ကို ကြည်လင်ပြတ်သားသော ခံစားချက်ကို ပြန်လည်ရရှိစေသည့် အလင်းပဲ့တင်ထပ်သဲ စွမ်းအင်ကြိုးမျှင်အနည်းငယ်ကို ပို့လွှတ်လိုက်သည်။
မူးဝေခြင်းမှ နိုးထလာသော လီလော့သည် လက်ထဲက ထန်ဟူလူကိုကြည့်လိုက်ပြီး အလွန်ထိတ်လန့်သွားသည်။
အနက်ရောင်အရည်များ ရွှဲစိုနေသော ရွံရှာဖွယ်မျက်လုံးများကို တုန်လှုပ်စွာဖြင့် ချက်ချင်းလွှတ်ပစ်လိုက်သည်။
အခြေနေကို ကောင်းကောင်းသိလိုက်ရတော့ လုမင်နဲ့ ကျန်တဲ့သူတွေဘက်ကို အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ သူတို့အားလုံး ဗလာအကြည့်တွေကို ထန်ဟူလုကို ကိုက်စားနေကြသည်။
"ထကြတော့....!"
လီလော့က ပဲ့တင်ထပ်သံစွမ်းအားတွေသုံးပြီး အော်ဟစ်ကာ အားလုံးကို လှုပ်နှိုးလိုက်လေသည်။သတိပြန်ဝင်လာသောအခါ အားလုံး လီလော့လိုပင် ကြောက်လန့်တကြားဖြစ်ကုန်ကြသည်။
သို့သော် တုတ်ထိုးတစ်ချောင်းစီရဲ့ ပထမဆုံး မျက်လုံးက သူတို့ရဲ့ ပါးစပ်ထဲကို စိမ့်ဝင်လုနီးပါး ဖြစ်နေပါပြီ....
“အားးးး”
လုမင်၏ အမူအရာ ဖြူဖျော့သွားပြီး အော်ဟစ်ကာ ထန်ဟူလူကို အမြန်ပစ်ချလိုက်သည်။
"ဟာကွာ...ဆိုးဝါးလိိုက်တာ..."
စွန်းတရှန်သည်လည်း ထန်ဟူလုကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သော တက်နင်းရင်း အော်ဟစ်လိုက်သည်။
သူ၏ရိုင်းစိုင်းသော ပဲ့တင်ထပ်သံစွမ်းအားကို သံမဏိတောင်ဝှေးသို့ ပေးပို့လိုက်သောကြောင့် သတ်ဖြတ်ချင်စိတ်များက ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။ အဲဒီနောက်မှာ ဆူညံသံတွေတောင် ကြားနိုင်လောက်အောင် အရှိန်အဟုန်ပြင်းပြင်းနဲ့ အဖွားအိုကို ရိုက်နှက်လိုက်လေသည်။
ဘန်းးးး
ပြန်ဆုတ်ဖို့ ကြိုးစားပေမယ့် ရိုရ်ချက်က မြန်လွန်းတာကြောင့် အဖွားအို ပြင်းပြင်းထန်ထန် ထိခိုက်မိသွားသည်။ ဒါပေမယ့် ထူးဆန်းတာက သူ့မျက်နှာပေါ်က ကြောက်စရာကောင်းတဲ့ အပြုံးကို ဖုံးကွယ်ထားလို့ မရပေ။
"ငါ့မုန့်တွေ အရသာရှိလား"
လီလော့၊လုမင်နှင့်စွန်းတရှန်တို့သည် ထိုစကားများကို ထပ်မံကြားရသောအခါ စိတ်ပျက်လက်ပျက် မျက်နှာမဲ့လိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် ခန္ဓာကိုယ်အနှံ့ ပဲ့တင်ထပ်သံစွမ်းအားများကို လျင်မြန်စွာ ဖြန့်ကျက်ကာ ပြင်ပလွှမ်းမိုးမှုများမှ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်သည်။
ဒီအချိန်မှာ သူတို့နောက်ကနေ တိုးညှင်းစွာဝါးစားနေတဲ့အသံကို ရုတ်တရက်ကြားလိုက်ရသဖြင့် အသံလာရာအရပ်ကို လှည့်ကြည့်လိုက်သည်။
သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံသြသွားခဲ့ရပြန်သည်။
မီတာများစွာအကွာအဝေးတွင် ဇူရွှမ်းတစ်ယောက် အသိစိတ်လွတ်နေသူတစ်ယောက်လို ထန်ဟုလူများကိုဝါးစားနေပြီး ပါးစပ်မှအနက်ရောင်အရည်များစီးကျနေသည်။