← Chapters

အယောင်ဆောင်သမား....

Vol. 41 Ch. 567

အယောင်ဆောင်သမား....

Vol. 41 Ch. 567

ဇူရွှမ်းက ထန်ဟူလုကို တမြုံ့မြုံဝါးရင်း တုန်တုန်ယင်ယင်နှင့် သူတို့သုံးဉီးကို လှည့်ကြည့်နေသည်။

"ဇူရွှမ်း!"

လီလော့က ဇူရွှမ်းကို လက်ရှိအခြေနေမှ အခြေအနေမှ နှိုးဆွဖို့ ကြိုးစားရင်း အော်ဟစ်လိုက်သည်။

သို့သော် ဇူရွှမ်းက ထိုလှုံ့ဆော်မှုများကို ရှင်းရှင်းလင်းလင်း မတုံ့ပြန်နိုင်ခဲ့ပေ။ သူ့မျက်လုံးများမှ အဖြူရောင်များ ပျောက်ကွယ်သွားကာ မျက်ဝန်းနှစ်ဖက်စလုံးမည်းနက်နေပြီ.....

ထိုအချိန်တွင် ထူထပ်သော အမှောင်စွမ်းအင်များ သူ့ခန္ဓာကိုယ်မှ ထွက်လာတော့သည်။

သူလည်းပဲ အမှောင်စွမ်းအင်တိုက်စားခံလိုက်ရချေပြီ.....

"ကံဆိုးလိုက်တဲ့ကောင်က ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကြယ်နှစ်ပွင့်ခန်းမ ကိုယ်စားလှယ်ပဲ...မင်းတို့ရဲ့ကောလိပ်အဆင့်က တော်တော်စိတ်မကောင်းစရာပဲ..."

စွန်းတရှန် မှတ်ချက်ပေးလိုက်ခြင်းဖြစ်သည်။ အခြေအနေက ပိုရှုပ်ထွေးလာပြီး ဒုက္ခတွေ အမှန်တကယ် တိုးပွားလာခဲ့ပြီ.....

"စီနီယာဇူရွှမ်းက သတ္တိရှိပုံမပေါ်ဘူး။"

လုမင်က အခြေအနေတွေကို မှတ်ချက်ပေးရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူတို့ရှေ့ရှိ ကမ္ဘာခြားသက်ရှိတွင် လှည့်စားနိုင်သော စွမ်းရည်မျိုး ရှိသည်မှာ သေချာပါသည်။ သူတို့အားလုံး ခြုံခိုတိုက်ခိုက်ခဲ့ရသော်လည်း လီလော့၏ အချိန်မီ သတိပေးမှုကြောင့် ဤအခြေအနေမှ လွတ်မြောက်နိုင်ခဲ့သည်။ လီလော့၏ တိုက်တွန်းချက်ကို ကြားသိသော်လည်း ဇူရွှမ်းသည် လှည့်စားခြင်းမှ ရုန်းမထွက်နိုင်ခဲ့ပေ။

ဇူရွှမ်းသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့်ခွန်အားကို ပိုင်ဆိုင်ထားပြီး လုမင်နှင့်စွန်းတရှန်တို့ထက် တစ်ဆင့်မြင့်သော်လည်း ထန်ဟူလုကိုစားသုံးခဲ့သည်။

ဤအချင်းအရာသည် သူ၏ ပဲ့တင်ထပ်သံ စွမ်းအားနှင့် ဘာမှမဆိုင်ဘဲ ပျော့ညံ့သော ဆန္ဒကြောင့်သာအခုလိုဖြစ်ခဲ့ရခြင်းပင်...

လီလော့ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။

ကြယ်နှစ်ပွင့်ခန်းမ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ရက်နဲ့ဒီလောက်လေးတောင်စိတ်မခိုင်ဘူးလား....တကယ့်ကို ရှက်စရာကောင်းလိုက်တာ......

"ဟိုအဖွားကြီး ဘယ်မှာလဲ"

လုမင် လှည့်ကြည့်လိုက်တော့ ထူးဆန်းတဲ့အဖွားအို ပျောက်ကွယ်သွားတာကို သတိထားမိလိုက်သည်။

"ကိုယ်ယောင်ဖျောက်နေပြီထင်တယ်..."

လီလော့၏ပုံစံက အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။

"ဒါပေမယ့် အဖွားကြီးက ကောင်းကင်ဘုံကပ်ဘေးအဆင့်ထက်နိမ့်မယ်ဆို ငါတို့သူ့ကိုရှင်းနိုင်မှာပါ....."

"ဒါပေမယ့် ဟိုကောင်ကြောင့် ငါတို့ဒုက္ခများတော့မယ့်ပုံပဲ....."

စွန်းတရှန်က စိတ်လှုပ်ရှားစွာ လှံကို ဆွဲကိုင်လိုက်ပြီး ဇူရွှမ်းကို စေ့စေ့ကြည့်နေသည်။

တစ်ဖက်တွင်မူ ချစ်လှစွာသော ဇူရွှမ်းသည် သူ့အရေပြားအောက်တွင် ပိုးကောင်များ တွားသွားနေပုံရပြီး၊ အနက်ရောင်မျက်လုံးများဖြင့် ၎င်းတို့သုံးဦးကို စိုက်ကြည့်လာသောအခါတွင် သူ၏အသွင်အပြင်မှာ ပို၍ပင် ကြောက်မက်ဖွယ်ဖြစ်နေသည်။

မျက်စိတစ်မှိတ်အတွင်း ငါးညှီနံလှိိုင်လှိုင်ထနေသော အနက်ရောင်အရိပ်တခု လုမင်ဆီသို့ တိုးဝင်လာသည်။

လုမင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်မှာ အံ့သြစရာပင်။ သူမ၏လျှပ်စီးစွမ်းအားသည် တိုက်ခိုက်မှုကို ရှောင်လွှဲကာ မီတာဆယ်ချီအကွာကို ပစ်လွှတ်လိုက်သည်။

"စိတ်မကောင်းပါဘူး.စီနီယာ..!"

စွန်းတရှန်သည် ပဲ့တင်ထပ်သံစွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကာ အော်ဟစ်လိုက်သည်။ မျောက်ဝံတစ်ကောင် သူ့နောက်မှာ ပေါ်လာပြီး သူ့တောင်ဝှေးကို တောက်ပြောင်တဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေနဲ့ ဝန်းရံထားပြီး သနားခြင်းမရှိဘဲ ဇူရွှမ်း၏ ဦးခေါင်းဆီသို့ အပြင်းအထန် ရိုက်ချလိုက်ရာ လေဟာနယ်ကိုပင်လှိုင်းထသွားစေခဲ့သည်။

ဇူရွှမ်းသည် မည်းနက်နေသော လက်ဖဝါးကို မြှောက်လိုက်ပြီး သူ့လက်သည်းများ ချွန်ထက်လာပြီး နီရဲလာကာ တုံ့ပြန်လိုက်သည်။ သူ့လက်သီးတွေကို ဆုပ်ထားရင်း စွန်းတရှန် ရဲ့ ရိုက်ချက်ကို တိုက်ရိုက် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။

ဝုန်းးးးးး

ကျယ်လောင်သော ပေါက်ကွဲသံများထွက်ပေါ်လာသည်။ ဇူရွှမ်း ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်ရပြီးနောက် စွန်းတရှန်သည်လည်း လက်နှစ်ဖက်စလုံး တုန်တုန်ယင်ယင်နှင့် ထုံကျင်နေသည်။

“အိုး၊ သူ့ရဲ့ကြံ့ခိုင်မှု သိသိသာသာ တိုးလာပုံရတယ်…”

ဇူရွှမ်းက အနက်ရောင်မျက်လုံးများနှင့် စွန်းတရှန်ကို စူးစိုက်ကြည့်နေသည်။ထို့နောက် သူ၏ ထက်မြက်သော လက်သည်းများကို ဝှေ့ယမ်းရင်း စွန်းတရှန်ဆီသို့ တိုးဝင်လာကာ တိုက်ခိုက်မှုများစွာကို စတင်လိုက်သည်။

ဝှစ်.....

လုမင် ချက်ချင်းလှုပ်ရှားလိုက်သည်။ သူမ ခန္ဓာကိုယ်ကနေ ပုံရိပ်ယောင်သုံးခုခွဲထွက်လာကာ ၎င်းတို့အားလုံးရှေ့တွင် လျှပ်စီးလက်သွားကာ လေထုကိုခွဲခြမ်းသွားစေသည့် လျှပ်စီးဓားလမ်းကြောင်းသုံးခုကို ဖန်တီးပေးသည်။ ကိုယ်ပွားအားလုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဇူရွှမ်းဆီသို့ ဦးတည်သွားကြသည်။

ဇွိ..ဇွိ...

လုမင်၏ တိုက်ခိုက်မှုများက ဇူရွှမ်း၏အရေပြားကို ထိုးဖောက်ဝင်ရောက်လာသော်လည်း ထွက်လာသည့်အရာမှာ သွေးမဟုတ်ဘဲ အနက်ရောင် အရည်များဖြစ်နေသည်။

စွန်းတရှန်ကလည်း တွေဝေမနေဘဲ အခွင့်အရေးကိုအမိအရဖမ်းယူခဲ့သည်။

"မျောက်ဘုရင်ရဲ့ ရိုက်ချက်သုံးချက်- တောင်များကို ရွေ့လျားစေသော တိုက်ခိုက်မှု...."

နှစ်ယောက်သား အစွမ်းကုန် တွန်းထိုးလိုက်ကြပြီး ဇူရွှမ်း၏ ပြင်းထန်သော လှုပ်ရှားမှုများကို ခုခံလိုက်ကြသည်။ သူတို့သည် ဇူရွှမ်း ထက် အနည်းငယ်အားနည်းသော်လည်း ၎င်းတို့သည် သာမန်လူများမဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့နှစ်ဦး၏ ပေါင်းစပ်တိုက်ခိုက်မှုသည် အမှောင်စွမ်းအားကြောင့် ပိုမိုသန်မာလာသော ဇူရွှမ်းကိုပင် နှိမ်နင်းနိုင်ခဲ့သည်။

လီလော့ တိုက်ပွဲတွင်ဝင်မပါခဲ့ပေ။ အဲ့ဒီအစားပတ်ဝန်းကျင်ကိုအကဲခတ်ရင်း အဖွားအိုကို ခက်ခက်ခဲခဲ ရှာဖွေနေခဲ့သည်။ စစ်မှန်သောပြိုင်ဘက်သည် အမှောင်စွမ်းအင်တိုက်စားခံထားရသောဇူရွှမ်း မဟုတ်ဘဲ အမှောင်ထဲတွင်ပုန်းအောင်းနေသူသာပင်......

လုမင်နှင့်စွန်းတရှန်တို့၏ ပေါင်းစပ်အားထုတ်မှုကို အနိုင်မယူနိုင်သောကြောင့် ကမ္ဘာခြားသက်ရှိများ မကြာမီ ပြန်လည်ပေါ်လာမည်ဟု သူယုံကြည်ခဲ့သည်။

သူ့မျှော်လင့်ထားသည့်အတိုင်း ကမ္ဘာခြားသက်ရှိ၏အရိပ်အမြွက်ကို ဇူရွှမ်း၏တိုက်ပွဲအနီးတွင် မြင်တွေ့နိုင်သည်။

အဖွားအိုက လူစုလူဝေးကြားတွင် ပေါ်လာပြီး ထန်ဟူလူများကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ အနက်ရောင် အသက်မဲ့မျက်လုံးများဖြင့် လီလော့ကို တိုက်ရိုက်ကြည့်ရှုနေသည်။

ထိုအချိန်တွင် သူမသည် တုတ်ထိုးတစ်ချောင်းကို ဖြုတ်ယူကာ သက်ဖြင့် ပွတ်သပ်လိုက်သည်။

မရေမတွက်နိုင်သော ပုံရိပ်ယောင်လူသားများ သွားလာနေကြသော လူရှုပ်သောလမ်းကြားတွင် ထန်ဟူလူတုတ်ထိုးများအလိုလိုကျဆင်းလာသည်။ မူလက ထိုသူများက ၎င်းတို့၏နေ့စဉ်လှုပ်ရှားမှုများကိုသာ အာရုံစိုက်ခဲ့ကြပြီး လီလော့တို့အဖွဲ့၏တိုက်ပွဲကို လုံးဝဂရုမစိုက်ပေ။

သို့သော်၊ လမ်းအလယ်၌ ထန်ဟူလူများရောက်လာသောအခါ လမ်းသွားလမ်းလာများက ၎င်းတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ထန်ဟူလူများကို စိုက်ကြည့်နေပြီး ၎င်းကို စားသုံးလိုသော ဆန္ဒများ မျက်လုံးများထဲတွင်တောက်ပလာသည်။

တချို့က ချက်ချင်းပင် ထန်ဟူလူများကိုစားသောက်လိုက်ကြသည်။

ထိုအခါ လမ်းသွားလမ်းလာများက ရုတ်တရက်အမှောင်စွမ်းအင်များကို ထူထဲစွာ ထုတ်လွှတ်လိုက်ကြသည်။ သူတို့ တဖြည်းဖြည်း အသွင်ကူးပြောင်းနေရင်း လီလော့ကို အဆိပ်ပြင်းစွာ စိုက်ကြည့်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အသံများ ထွက်ပေါ်လာပြီး လီလော့ကို ထနိဟူလူသဖွယ်သဘောထားကာ အငမ်းမရစားသောက်ဖို့ ပြေးလာနေကြသည်။

တယောက်ပြီးတယောက် အော်ဟစ်ပြီး လီလော့ဆီသို့ ခုန်ဝင်လာသည်။

ကျန်းစဲ့ယွီရှန်းဓားကို ထုတ်ယူနေစဉ် လီလော့၏ မျက်နှာ ဖြူဖျော့သွားခဲ့သည်။သို့သော်လည်း ပဲ့တင်ထပ်သံနှစ်ခုကို အသက်သွင်းကာ အစွမ်းကုန် ပြန်တိုက်ခိုက်ခဲ့သည်။

ဓါးသည် လေထဲသို့ တိုးဝင်ကာ မြေပြင်ကို စိုစွတ်စေပြီး စိုစွတ်နေသော တံတိုင်းတစ်ခု ဖန်တီးလိုက်သည်။

ယင်းနောက် သူသည် ရွှံ့အိုင်တခု ဖန်တီးရန် မြေပဲ့တင်ထပ်သံ စွမ်းအားကို အသုံးပြု၍ မြေပြင်ကိုဆောင့်နင်းလိုက်သည်။ ရိုင်းစိုင်းသော လမ်းသွားလမ်းလာများ သူ့ထောင်ချောက်ထဲသို့ မသိလိုက်ဘဲ နစ်မြုပ်သွားကာ ရွှံအိုင်ထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေကြသည်။

လီလော့ တုံ့ဆိုင်းမနေဘဲ လက်စွဲတော်ဓားဖြင့် ရွှံအိုင်ထဲမှ ကမ္ဘာခြားသက်ရှိများကို ခုတ်ပိုင်းလိုက်လေ၏။

သို့ရာတွင် တစ်ဝက်တစ်ပျက် ခုတ်ထစ်ခြင်းခံရသော်လည်း ကမ္ဘာခြားသက်ရှိများက အသက်ရှင်လျက် ဆက်လက်ရုန်းကန်နေရဆဲဖြစ်သည်။ သို့သော်လည်း တခဏအတွင်း အနက်ရောင်အခိုးအငွေ့များအဖြစ် လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။

တူညီသောနည်းလမ်းဖြင့် အဆင့်နိမ့်ကမ္ဘာခြားသက်ရှိများကို တသုတ်ပြီးတသုတ်နှိမ်နင်းနေသော်လည်း ထိုအရာများက အဆုံးမရှိသောလှိုင်းလုံးများသဖွယ် ဆက်လက်တိုးပွားနေဆဲပင်....

ဤလူ့လှိုင်းလုံးဗျူဟာသည် လီလော့ကို လုံးဝခေါင်းကိုက်စေခဲ့သည်။ သိသိသာသာ မပြင်းထန်သော်လည်း အဖွားအို၏နည်းလမ်းများသည် အဆုံးမရှိသော ဒုက္ခဖြစ်ခဲ့သည်။

တစ်ဖက်တွင်၊ လုမင်နှင့် စွန်းတရှန်တို့က သူ့ကို မကူညီနိုင်ခဲ့ကြပေ။ ဇူရွှမ်းကို နှိမ်နှင်းခြင်းသည် ကြီးမားသော ပံ့ပိုးကူညီမှုတစ်ခု ဖြစ်နေခဲ့သည်။

"ခေါင်ထိအကုန်စားဆိုတဲ့အတိုင်း အဖွားကြီးကိုက အရင်းခံပဲ၊ ငါ သူ့ကို ကိုင်တွယ်နိုင်သရွေ့တော့ ပြဿနာက သူ့အလိုလို ပြေလည်သွားမှာပဲ..."

လီလော့ ထိုသို့တွေးမိသည်နှင့် လမ်းသွားလမ်းလာများကို သုတ်သင်ရင်း သူ့မျက်လုံးများက သူမကို ရှာဖွေရန် လှည့်ပတ်နေသည်။

မကြာမီတွင်၊ သူသည် အနီးနားရှိ လမ်းများပေါ်တွင် လှည့်ပတ်နေသော အဖွားအိုကို ရိပ်ကနဲ မြင်လိုက်ရသည်။

အချိန်တန်ပြီ......

ဝုန်းးးးးးးးး

သူ့ခန္ဓာကိုယ်တွင်းရှိ လျှပ်စီးကြောင်းသည် အသက်နှင့် အမျှ တောက်လောင်နေသည်။

ခန္ဓာကိုယ်အတွင်း၌ မိုးခြိမ်းသံများတဝုန်းဝုန်းပေါက်ကွဲနေပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အပြည့်အဝ မြှင့်တင်ပေးသည်။

တစ်ချက်ခုန်လိုက်သည်နှင့်လျှပ်စီးလက်သလို အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ကာ ပြုစားခံထားရသော လမ်းသွားလမ်းလာများကိုပင် တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

သူသည် ခြေလှမ်းအနည်းငယ်ဖြင့် အကွာအဝေးကို ဖြတ်ကျော်ပြီး အဖွားအိုရှေ့တွင် ပေါ်လာသည်။

သတ်ဖြတ်ရန်ရည်ရွယ်ချက် အပြည့်ဖြင့် အဖွားအိုကိုဓားဖြင့်ခုတ်ပိုင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ပစ်မှတ်ကို ကျော်ဖြတ်ကာ ခပ်ဝေးဝေးသို့ရောက်ရှိသွားခဲ့သည်။

ပြင်းထန်သောဓားချက်ကြောင့် လမ်းမပေါ်တွင် ဓားရာကျန်ရစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အဖွားအို၏ ဦးခေါင်းသည်လည်း နှစ်ခြမ်းကွဲသွားခဲ့သည်။

All Chapters