← Chapters

အစစ်အမှန်ခန္ဓာကိုယ်....

Vol. 41 Ch. 568

အစစ်အမှန်ခန္ဓာကိုယ်....

Vol. 41 Ch. 568

လီလော့၏ဓားသွားပေါ်တွင် အနက်ရောင်အရည်များ စွန်းထင်းသွားခဲ့သည်။ ကံကောင်းသည်မှာ သူ၏လက်နက်သည် သာလွန်ကောင်းမွန်သော အရာဖြစ်ပြီး ဤညစ်ညမ်းမှုကို စွန့်ထုတ်နိုင်စွမ်းရှိသည်။

"အံ့သြစရာကောင်းလိုက်တဲ့ဓား!"

ဇူရွှမ်းနဲ့ ရင်ဆိုင်နေဆဲဖြစ်သော်လည်း စွန်းတရှန်ရဲ့ မျက်လုံးတွေဟာ စိတ်လှုပ်ရှားစွာ တောက်ပလာခဲ့သည်။

လီလော့၏ ဓားချက်က လျှပ်စီးတမျှမြန်ဆန်လွန်းပြီး ပစ်မှတ်ကို တိကျစွာခုတ်ပိုင်းနိုင်ခဲ့သည်။

စွန်းတရှန်၏ ရွှင်မြူးသော အော်ဟစ်သံကို ကြားသော်လည်း လီလော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

အဖွားအိုကို သုတ်သင်နိုင်ခဲ့သော်လည်း စိတ်ထင့်နေဆဲပင်......

"ဟမ့် ဒါဆိုလည်း နောက်တစ်ချက်ပေါ့ကွာ... !"

လီလော့ လှည့်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ခုတ်ပိုင်းဖို့ ကြိုးစားလိုက်သည်။

ဒါပေမယ့် သူလှည့်ကြည့်လိုက်တော့ နှစ်ခြမ်းကွဲနေတဲ့ အဖွားအိုပါးစပ်ကနေ ထူးထူးဆန်းဆန်း အသံတွေ ထွက်လာသည်။ ဤအခိုက်အတန့်တွင် အနက်ရောင် မြက်ပင်များကဲ့သို့ အပိုင်းအစများသည် အဖွားအို၏ ခန္ဓာကိုယ် ပေါက်ထွက် လာကာ မကြာမီတွင် ခေါင်းနှစ်ခြမ်းကို တွဲစပ်လိုက်လေသည်။

ဓားဒဏ်ရာက တစ်ခါမှမရှိခဲ့ဖူးသလို ပျောက်သွားခဲ့ပြီ......

တစ်ချိန်တည်းမှာပင် ကမ္ဘာခြားသက်ရှိက ထန်ဟူလူများကို နေရာတိုင်းတွင် စတင်ပစ်ခတ်ကာ အဆင့်နိမ့်ကမ္ဘာခြားသက်ရှိများကို လီလော့ဆီပို့ဆောင်လိုက်သည်။

အဆင့်နိမ့်ကမ္ဘာခြားသက်ရှိ ဒါဇင်ပေါင်းများစွာသည် အဆုံးမဲ့ ပျက်စီးခြင်း၏ ဒီရေကဲ့သို့ ဝိုင်းအုံလာကြသည်။

သို့သော်လည်း လီလော့သည် လှပသော လခြမ်းပုံသဏ္ဌာန်ရှိသော ဓားအလင်းလှိုင်းကို ထုတ်ဖော်ပြီး ၎င်းတို့ထဲမှ တဝက်လောက်ကိုသုတ်သင်လိုက်သည်။

ဤပတ်၀န်းကျင်မှလွတ်မြောက်ရန်အခွင့်အရေးကို အသုံးပြု၍ လီလော့သည် ပတ်ဝန်းကျင်ကို စတင်အကဲခတ်ခဲ့သည်။ တကယ်တော့၊ တချို့က စွန်းတရှန်နဲ့လုမင်တို့ဆီကိုလည်း ပြေးဝင်နေကြသည်။

လီလော့ လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ လက်ရှိတိုးဝင်လာနေသော အဆင့်နိမ့်များက တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း ၎င်း၏စွမ်းရည်များမှာ အမှန်တကယ်ပင် ခေါင်းကိုက်စေနိုင်သည်။

လီလော့ ဓားကို ကိုင်ဆောင်ကာ အဖွားအိုကို နောက်တစ်ကြိမ် ထပ်လိုက်ရန် ဆုံးဖြတ်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်သည် ခဏတာမျှ ရုတ်တရက် တောင့်တင်းသွားခဲ့သည်။ သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ တိုးတိုးတိတ်တိတ် အသံကို ကြားလိုက်ရပြီး ခဏတဖြုတ် သတိလက်လွတ်ဖြစ်သွားခဲ့သည်။

တုံ့ဆိုင်းနေသော ဤစက္ကန့်ပိုင်းလေးတွင်၊ အမှောင်စွမ်းအင်များ သူ့အပေါ် သက်ရောက်လာသည်။

တည်တည်ငြိမ်ငြိမ်ဖြင့် အရပ်ရပ်မှ တိုးဝင်လာသောအဆင့်နိမ့်များကို ဆက်လက် သတ်ဖြတ်ခဲ့သည်။

အဆင့်နိမ့်များ တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားသော်လည်း ဤခံစားချက်သည် ရပ်တန့်မနေဘဲ ဆက်လက်ကြီးထွားလာသည်။ အော်ဟစ်သံများ အားကောင်းလာသည်ကို ခံစားလိုက်ရပြီး သူ့အသိစိတ်လည်း ထိခိုက်လာသည်။

ဒီအချိန်မှာ သူဘာတွေဖြစ်နေတာလဲ ယောင်ဝါးဝါး သဘောပေါက်သွားခဲ့သည်။

"မင်းတို့နှစ်ယောက် သတိထား! မင်းတို့သတ်တာ များလေလေ မင်းတို့ရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်တဲ့အမှောင်စွမ်းအင်တွေ ပိုအားကောင်းလေလေပဲ!"

လီလော့က မှုန်ဝါးသော အကြည့်ဖြင့် အော်လိုက်သည်။

လုမင်နှင့် စွန်းတရှန်တို့သည် ထိုသတိပေးသံကြောင့် ထိတ်လန့်သွားပြီး ၎င်းတို့၏ နည်းဗျူဟာများကို ချက်ချင်းပြောင်းလဲလိုက်သည်။

ကံမကောင်းစွာနဲ့ပဲ ဇူရွှမ်းက ဒါကိုအခွင့်ကောင်းယူပြီး နှစ်ယောက်သားကို ဆက်တိုက်ဖိနှိပ်လေတော့သည်။

"ဒါဆို ဖြေရှင်းချက်ရှာ! မဟုတ်ရင် ငါတို့အားလုံး အလောင်းတွေဖြစ်ကုန်လိမ့်မယ်!"

လုမင်က ကမန်းကတန်း ထအော်လိုက်သည်။

အခြေအနေသည် မထင်မှတ်ဘဲ ရှုပ်ထွေးပွေလီသော နည်းလမ်းများဖြင့် ပြောင်းလဲနေသည်။ အမှောင်စွမ်းအင်များကြောင့် လမ်းသွားလမ်းလာများ အသွင်ပြောင်းသွားသော်လည်း ၎င်းတို့သည် အားနည်းနေသေးသောကြောင့် များစွာမစဉ်းစားခဲ့ကြပေ။ သို့သော် နောက်ဆုံးတွင် ၎င်းတို့သည် အချည်းနှီးဟုထင်ရသော်လည်း အဖွားအိုက ဤလူ့လှိုင်းလုံးနည်းပရိယာယ်ကို အဘယ်ကြောင့် ဆက်လက်အသုံးပြုနေရကြောင်းကို နောက်ဆုံးတွင် နားလည်ခဲ့ကြသည်။

များများသတ်လေလေ၊ ဆိုးဆိုးရွားရွား ထိခိုက်လေလေပင်......

ထိုအချိန်တွင်....

"ထန်ဟူလူတွေ!"

နောက်ဆုံးတွင် သူသည် ပြသာနာအရင်းအမြစ်ကိုရှာတွေ့ခဲ့လေပြီ။ ဤအခြေအနေမှ လွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ အဖွားအိုကို သတ်ပစ်ရန် နည်းလမ်းဖြစ်သည်... သို့သော် ပိုမိုအားကောင်းလာသောကြောင့် ၎င်းကို မသတ်နိုင်ပေ။

လီလော့ မတူညီသော အတွေးများနှင့် ဖြစ်နိုင်ခြေများကို တွက်ချက်ပြီးနောက် ရုတ်တရက် သူ့မျက်လုံးတွေထဲမှာ အလင်းရောင်တစ်ခုပေါ်လာခဲ့သည်။

အဖွားအိုကို ရှာတွေ့သောအခါတွင်၊ သူသည် ယခင်ကဲ့သို့ တူညီသောလှည့်ကွက်ကို အသုံးပြုကာ မိုးကြိုးနတ်ဘုရားစွမ်းရည်ကို ထုတ်လွှင့်ပြီး အရှိန်ဖြင့် အကွာအဝေးကို ချက်ချင်း ချုံ့ပစ်လိုက်သည်။

သူသည် ရှေ့သို့ ပြေးသွားစဉ် အသွင်ပြောင်းနေသော လမ်းသွားလမ်းလာများကို သုတ်သင်ခဲ့သေးသည်။ နောက်ဆုံးတွင် အဖွားအို၏ လည်ချောင်းကို တိုက်ရိုက်လှီးဖြတ်လိုက်သည်။

ဓားအလင်း ဖြတ်ကျော်သွားကာ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ပိုင်းခြားထားသည်။ ဦးခေါင်းက မြေပြင်ကို မထိခင်လေးမှာပဲ၊ လည်ပင်းကနေ အရင်ကလို တူညီတဲ့ အနက်ရောင် မြက်ပင်တွေ ပေါက်စပြုလာပြီး ပြတ်နေတဲ့ ဦးခေါင်းကို အမြန်ပြန်တွဲစပ်နေသည်။

လီလော့ တုံ့ဆိုင်းမနေဘဲ အဖွားအို၏ခန္ဓာကိုယ်ကို အသားနုတ်နုတ်စင်းသလို ဓားဖြင့်ထိုးစိုက်လိုက်သည်။

တခဏအတွင်းမှာပင် ကမ္ဘာခြားသက်ရှိ၏ ခန္ဓာကိုယ်သည် အပေါက်ဗလပွနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေချေပြီ......

ဒါပေမယ့် ဒါဟာအချည်းနှီးသာပင်.... ကမ္ဘာခြားသက်ရှိက လီလော့ကိုပင် ပြုံးပြကာ သူ၏ အနက်ရောင် သွားများကို ထုတ်ဖော်ပြသကာ သူ၏ အချည်းနှီးသော ကြိုးစားမှုများကို လှောင်ပြောင်နေပုံရသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင် မြက်ပင်များသည် ခန္ဓာကိုယ်အနှံ့ စတင်ဖွဲ့စည်းခဲ့ပြီး ယခင်က ကြုံတွေ့ခဲ့ရသော ထိခိုက်မှုများအားလုံးကို ပြန်လည်ကောင်းမွန်သွားစေခဲ့သည်။

၎င်း၏အသက်စွမ်းအားသည် ပေါင်းပင်ကဲ့သို့ ဇွဲနပဲကြီးလှပြီး လီလော့သည်ပင် သူ၏ကြိုးစားအားထုတ်မှုမှာ အကျိုးမရှိဟု ခံစားလာရသည်။

ထိုအချိန်တွင် လီလော့သည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ထိုအခါ ကမ္ဘာခြားသက်ရှိ၏ လက်မှေးမှိန်သွားကာ အနက်ရောင်အလင်းနှင့် ထူးဆန်းသော စွမ်းအင်များဖြင့် ဖုံးလွှမ်းထားသည့် ထန်ဟူလူချောင်းသည် လီလော့၏နဖူးဆီသို့ ပျံသန်းလာသည်။

လီလော့ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ဓားနှင့်ခုတ်ပိုင်းလိုက်သောအခါ ရှင်းလင်းပြတ်သားသော အသံတစ်ခု ကြားလိုက်ရသည်။

ထိုအသံကြောင့် အဆင့်နိမ့်များက အစွယ်နှင့် ခြေသည်းများဖြင့် သူ့ကို စတင်တိုက်ခိုက်ကြသည်။

ခန္ဓာကိုယ်တွင်းမှ လျှပ်စီးပန်းပဲဖိုအက်ကွဲသွားပြီး မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သောအသံနှင့်အတူ လျှပ်စီးတန်းများပေါက်ကွဲထွက်လာသည်။

ဝုန်းးးးးးး

အဆင့်နိမ့်များ တစ်ဖန် လွင့်စင်သွားကြသည်။

ဒါကို အခွင့်ကောင်းယူပြီး လီလော့ ထိုနေရာမှထွက်ပြေးခဲ့ရသည်။

"ဘယ်လိုအရူးတွေလဲကွာ....!"

စွန်းတရှန် စိတ်ပျက်လက်ပျက် အော်လိုက်သည်။ သူသည် လီလော့နှင့် အဖွားအို၏ တိုက်ပွဲကို မြင်တွေ့ခဲ့ပြီး အပိုင်းပိုင်း စုတ်ပြတ်သွားသော်လည်း ၎င်းသည် ပြန်လည် ရှင်သန်လာပြီး ဘာမှ မဖြစ်ခဲ့သလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ဒါက ရူးချင်စရာကောင်းလောက်ပေသည်။

ဇူရွှမ်းကို နှိမ်နှင်းရန် အကြွင်းမဲ့ အာရုံစိုက်လျက် နှုတ်ဆိတ်နေသဖြင့် လုမင်၏ အမူအရာ အေးစက်သွားသည်။ သို့သော်လည်း သူမ၏ မျက်လုံးများတွင် စိုးရိမ်မှု အရိပ်အယောင်ကို မြင်နိုင်သည်။

အခြေအနေသည် အဆိုးဆုံးသို့ ကူးပြောင်းနေခဲ့ပြီ.....

လီလော့သည် ၎င်းတို့၏စိုးရိမ်မှုများကို မဖြေရှင်းနိုင်သေးပေ။ ဤကဲ့သို့သော ဆက်တိုက်တိုက်ခိုက်မှုများကို ခံရပါက မြေကမ္ဘာကပ်ဘေးအဆင့်များပင် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။ သို့သော် အဖွားအိုက လုံးဝထူးဆန်းနေသည်။

ခန့်မှန်းကြည့်ရသလောက်ဆို အဖွားအို၏အထူးပြုစွမ်းရည်က ပြန်လည်ကုစားခြင်းဖြစ်နိုင်လောက်သည်။

ငါတခုခု လွဲနေတာများလား......

လီလော့ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသောအခါ အဖွားအိုကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ သူ့ရဲ့ တိုက်ခိုက်မှုဟာ လုံးဝကို ထိရောက်မှု မရှိခဲ့ပေ။

ဒါဟာ အစစ်အမှန်ခန္ဓာကိုယ်ကို မထိခိုက်သေးတာကြောင့်များလား.....ဒါပေမယ့်လည်း ခေါင်းအစခြေအဆုံး နုတ်နုတ်စင်းပြီးပြီပဲ.......

ထိုအချိန်တွင် လီလော့ ရုတ်တရက်ဉာဏ်အလင်းပွင့်သွားခဲ့သည်။

ကမ္ဘာခြားသက်ရှိတွေက ထူးခြားတဲ့အရာတွေမို့ သူမြင်နေရတာက အစစ်အမှန်ခန္ဓာကိုယ် ဟုတ်ရောဟုတ်ရဲ့လား.....ဒါဆို ခန္ဓာကိုယ်အစစ်ကဘယ်မှာလဲ....

နောက်ဆုံးတော့ သူနားလည်သွားပြီ!

သူသည် ကမ္ဘာခြားသက်ရှိအား ဦးခေါင်းမှ ခြေဖျားအထိ စိုက်ကြည့်ကာ နောက်ဆုံးတွင် ကမ္ဘာခြားသက်ရှိ၏လက်အတွင်းမှ အနက်ရောင်မြက်ပင်များ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားသော ထန်ဟူလူဆီ သူ့အာရုံများ ကျရောက်သွားသည်။

လီလော့ ခဏမျှ တိတ်ဆိတ်သွားသည်။

ဝုန်းးးးးး

ချက်ခြင်းပင် မြှားကဲ့သို့ ရှေ့သို့ ခုန်တက်လိုက်သည်။

သူ၏ပစ်မှတ်က အဖွားအိုကိုပင်.....

ဤတစ်ကြိမ်တွင် အဖွားအိုက ကိုယ်ယောင်ဖျောက်ရန် မကြိုးစားတော့ဘဲ လီလော့၏တိုက်ခိုက်မှုများကို အချည်းနှီးဖြစ်ပြီး အန္တရာယ်ကင်းသည်ဟု အခိုင်အမာယုံကြည်ခဲ့သည်။ ရှုံ့မဲ့နေသော မျက်နှာပေါ်တွင်ပင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။

လီလော့သည် လျှပ်စီးတမျှ မြန်ဆန်သောအရှိန်ဖြင့် သူမရှေ့တွင် ရှိနေသည်။

ကမ္ဘာခြားသက်ရှိ၏ လှောင်ပြောင်သော မျက်လုံးများကို လျစ်လျူရှုကာ၊ သူသည် ပဲ့တင်ထပ်သံနှစ်ခု၏ စွမ်းအားအပြည့်ကို ခံစားချက်မဲ့စွာ ထုတ်လွှင့်လိုက်သည်။

တောက်ပနေသောဓားအလင်းက အံ့မခန်း တောက်ပသော မြင်ကွင်းကို ဖန်တီးပေးသည်။

သူ၏ မုန်တိုင်းသဖွယ် တိုက်ခိုက်မှုများသည် အဖွားအိုခန္ဓာကိုယ်ကို ချိန်ရွယ်ထားပုံရသောကြောင့် သူမကို ပို၍ပင် လေးလေးနက်နက် ပြုံးသွားစေသည်။

တိုက်ခိုက်မှု ဆင်းသက်ခါနီးမှာ လီလော့က သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ထန်ဟူလူတုတ်ထိုးဆီ ဉီးတည်ချက်ပြောင်းလိုက်သည်။

အန္တာရယ် အငွေ့အသက်ကိုခံစားရသောကြောင့် အဖွားအိုက ထွက်ပြေးရန်ကြိုးပမ်းနေသည်။

သို့သော်လည်း လီလော့၏ဓားချက်က ပိုမြန်သည်။

ဓားအလင်းက လေဟာနယ်ကိုဖြတ်ကျော်ပြီး မြက်ပင်များရစ်ပတ်ထားသော ထန်ဟူလုတုတ်ချောင်းကို ပိုင်းဖြတ်သွားသောအခါ ထိုအထဲမှ နီရဲနေသောမျက်လုံးတစ်လုံးထွက်ကျလာသည်။

All Chapters