သတ်!!!
Vol. 41 Ch. 569
အနီရောင်မျက်လုံး ထွက်လာတဲ့အခါ သူမှန်းဆထားတာမှန်မှန်း လီလော့နားလည်လိုက်သည်။
အဖွားအို၏ အစစ်အမှန်ခန္ဓာကိုယ်သည် သူမလက်ထဲတွင် ကိုင်ဆောင်ထားသော ထန်ဟူလူဖြစ်နေခဲ့သည်။
ဒုတ်......
လီလော့သည် ရက်စက်ကြမ်းကြုတ်ပြီး နီရဲနေသော မျက်လုံးများကို ပြင်းပြင်းထန်ထန် ခုတ်ထစ်လိုက်သည်။
ဒီတစ်ခါတော့ အဖွားအိုကြီးရဲ့ မျက်နှာမှာ သွေးလိုင်းများနှင့် စိုးရိမ်ပူပန်မှု အရိပ်အယောင်တွေ ရောထွေးနေခဲ့သည်။သွေးလိုင်းများက ပျော့ပျောင်းသော မျက်နှာပြင်ပေါ်မှ ပျံတက်သွားက ခုတ်ပိုင်းနေသော ဓားကို ကုတ်ခြစ်ထားရန် သွေးစွန်းနေသော လက်တစ်ချောင်းကို ဖန်တီးလိုက်သည်။
ထိပ်တိုက်တွေ့ကြသော်လည်း သွေးစွန်း လက်ဖဝါးက အဆက်မပြတ် ခံနိုင်ရည်ရှိသည်။ ဓားဖြင့်တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိသောကြောင့် အနက်ရောင်မြွေနှင့်တူသော စွမ်းအားများ ထွက်ပေါ်လာသည်။
တစ်ချက်တည်းနဲ့ ဖြတ်တောက်ဖို့ကျရှုံးခဲ့သည်။
အဖွားအိုက အန္တရာယ်ကို ခံစားသိရှိခဲ့ပြီး အနီရောင်မျက်လုံးကို တိုက်ခိုက်ဖို့ ခွင့်မပြုတော့ကြောင်း ထင်ရှားနေသည်။
"မင်း ဘာမှ မကြောက်ဘူးလို့ ငါထင်ခဲ့တာ"
လီလော့က ခပ်ထေ့ထေ့လှောင်ပြောင်လိုက်ပြီး ဓားကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
"မြင့်မြတ်သော ဆင်နတ်ဘုရားစွမ်းအား..ပထမအလွှာ....!"
သူ့လက်မောင်းရှိ သွေးကြောများထဲမှစွမ်းအားများ ပေါက်ထွက်လာသည်။
"မိုးကြိုးနတ်ဘုရား.....!"
မပြီးသေးပေ။ လီလော့သည် သူ၏ ကြွက်သားများ၊ အရွတ်များနှင့် အရိုးများပေါ်တွင် လျှပ်စီးစွမ်းအင်များကိုစီးဆင်းစေကာ မိုးကြိုးနတ်ဘုရားစွမ်းရည်ကို အသက်သွင်းခဲ့သည်။
"မြင့်မြတ်သော ဆင်နတ်ဘုရားစွမ်းအား.. ဒုတိယအလွှာ... !"
လီလော့ မာန်သွင်းလိုက်သောအခါ ဆင်နတိဘုရားတစ်ပါး၏ ရက်စက်ကြမ်းကြုတ်သော စွမ်းအားက သူ့အား ဖြည့်ဆီးပေးနေသည်။
"...ချိုးဖျက်လိုက်စမ်း....!"
လီလော့သည် စွမ်းအား အားလုံးကို ဓားဆီသို့ ရွှေ့ပြောင်းလိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
ခရက်........
ကြည်လင်ပြတ်သားသော အသံတစ်ခုနှင့်အတူ ထောပတ်ကိုအပူပေးထားသောဓားဖြင့်လှီးဖြတ်သကဲ့သို့ ဓားသွားကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
သန့်ရှင်းပြီး အစွမ်းထက်သော ခုတ်ပိုင်းချက်က လေထဲတွင် လှိုင်းဂယက်ကဲ့သို့ ထွက်ပေါ်လာသည်။
ဓားသွားသည် ရည်ရွယ်ချက် ပြီးမြောက်ရန် ကျက်သရေရှိစွာ ရွေ့လျားသွားခဲ့သည်။
ရွှီးးးးးး
ပြင်းထန်စွာ အော်ဟစ်လိုက်သော အသံကြောင့် လီလော့ အံသြသွားသည်။
ထိုအသံသည် အဖွားအို၏ ပါးစပ်မှမဟုတ်ဘဲ ထန်ဟူလူတုတ်ထိုးဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အနက်ရောင် မြက်ပင်များ မှိန်ဖျော့လာသည်နှင့်အမျှ ကမ္ဘာခြားသက်ရှိ၏ပုံသဏ္ဍာန်အမှန်ကို မြင်လိုက်ရသည်။
ရွရွဲပုပ်ပွနေပြီး ခြေလက်များပေါက်နေသောအသားတုံး၏အလယ်တွင် အနီရောင်မျက်လုံးကြီးတစ်လုံးရှိနေသည်။ဤသည်မှာ လီလော့တို့ရင်ဆိုင်နေရသော ကမ္ဘာခြားသက်ရှိ၏ပုံသဏ္ဍာန်အစစ်အမှန်ဖြစ်သည်။
အဘွားအိုသည် မျက်လုံးပုံသဏ္ဍာန်အမှန်ကို ထုတ်ဖော်လိုက်သောအခါတွင် အနက်ရောင်အရည်များအဖြစ် အရည်ပျော်သွားသည်။
၎င်း၏ပုံပန်းသဏ္ဍာန်အရ ဤကမ္ဘာခြားသက်ရှိသည် အထူးတလည် အားကောင်းမည်မဟုတ်ကြောင်း ချက်ချင်းပြောနိုင်သည်။ ၎င်း၏ပုံစံအမှန်ကို ထုတ်ဖော်ပြသပြီးသည်နှင့် အနီရောင်တိုက်စားသူအဆင့်သာရှိသေးကြောင်းသတိပြုမိလိုက်သည်။
ထို့ကြောင့် ၎င်းက လီလော့ကို ထိခိုက်စေရန် အနည်းငယ်မျှသာ လုပ်ဆောင်နိုင်သည်ကိုထင်ရှားစေသည်။အနီရောင်မျက်လုံးက လီလော့ကို အဆိပ်ပြင်းသော အကြည့်ဖြင့် တချက်ကြည့်လိုက်ပြီး လက်ရန်းမှ ခုန်ဆင်းကာ ကြက်သွေးရောင် အလင်းတန်းတစ်ခုအဖြစ်တချိုးတည်းထွက်ပြေးလေတော့သည်။
"ပြေးချင်နေတာလား?"
လီလော့ ရယ်မောလိုက်သည်။ သိမ်းငှက်လေးကို သူ့နောက်ကျောကနေ ဆွဲထုတ်ပြီး မြှားတစ်ချောင်းကို အမှတ်အသားပြုပြီး ပစ်လွှတ်လိုက်သည်။
အီး!
ကမ္ဘာခြားသက်ရှိက အော်ဟစ်ပြီး လွတ်မြောက်ရန် ကြိုးစားခဲ့သည်။
လီလော့၏ မြှားချက် အနီရောင်မျက်လုံးကို ထိမှန်သွားသောအခါ အဆင့်နိမ့်များအားလုံး ကျောက်ရုပ်များသဖွယ်ဖြစ်ကုန်ကြသည်။
ဇူရွှမ်းသည်လည်း ထိုနည်း၎င်းပင်....
လုမင်နှင့်စွန်းတရှန်တို့ သက်ပြင်းချကာ လီလော့ကို ကြည့်လိုက်သည်။
"အဖွားကြီးရဲ့ ခန္ဓာကိုယ်အစစ်က ထန်ဟူလူမှန်း နင် ဘယ်လိုသိတာလဲ"
လုမင်က စိတ်ဝင်တစား မေးလိုက်သည်။
"သူက သဘာဝကပ်ဘေးအဆင့်တောင်မရောက်သေးတဲ့ အနီရောင်တိုက်စားသူပဲ.... ဒီလောက်အားနည်းတဲ့ကောင်ကို လွယ်လွယ်မတိုက်နိုင်ဘူးဆိုတော့ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်၊ ငါတို့ ရေလိုက်လွဲနေခဲ့တာ....."
လီလော့က ပေါ့ပေါ့ပါးပါးရှင်းပြနေရင်း လေးကို ကျောတွင်ပြန်လွယ်လိုက်သည်။
"တကယ်တော့ ခန္ဓာကိုယ်အစစ်က ဒီလောက်အဝေးကြီးမှာ မနေနိုင်ဘူး... စာရင်းမှာပါတဲ့ နောက်ထပ်သံသယရှိသူကတော့ ထန်ဟူလူပဲ....."
လုမင်နှင့် စွန်းတရှန်တို့ နှစ်ဦးစလုံး လီလော့ ၏ခွဲခြမ်းစိတ်ဖြာမှုကြောင့် သဘောကျနှစ်ခြိုက်ခဲ့ကြသည်။ သူရှင်းပြလိုက်တာက ရိုးရှင်းပေမယ့် တိုက်ပွဲပြင်းထန်နေချိန်မှာ အခုလိုတွေးတောနိုင်ဖို့မလွယ်မှန်း နှစ်ယောက်စလုံး နားလည်ကြပါသည်။
“ကောင်းကျိုးမပေးတဲ့ သကြားလုံးတွေ....”
စွန်းတရှန် ကျိန်ဆဲလိုက်သည်။
"ဒီကောင်က သဘာဝကပ်ဘေးအဆင့်တောင်မဟုတ်ပေမယ့်၊ မြေကမ္ဘာကပ်ဘေးအဆင့်တွေထက်တောင် ငါတို့ကို ပိုဒုက္ခပေးခဲ့တာ သေချာတယ်......."
လုမင် ခေါင်းညိတ် သဘောတူလိုက်သည်။အဖွားအို၏ ခန္ဓာကိုယ်အစစ်ကို ရှာတွေ့ပြီးသည်နှင့် အရာရာလွယ်ကူအဆင်ပြေသွားခဲ့ပြီဖြစ်သည်။လီလော့သာ ၎င်း၏အားနည်းချက်ကို စောစောစီးစီး သတိမပြုမိခဲ့လျှင် အမှန်တကယ်ပင် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားပေမည်။
"ကျောက်သားမြို့တော်က အန္တရာယ်တွေနဲ့ ပြည့်နေတယ်"
ပိုသန်မာတဲ့အကောင်တွေကို သူတို့ရဲ့ သန်မာတဲ့အသင်းခေါင်းဆောင်တွေက ထိန်းထားသည့်တိုင် အခုထိလည်း သူတို့မှာအခက်အခဲရှိနေသေးသည်။ ကျောက်သားမြို့တော်တွင် ဆရာသခင်အဆင့်များအတွက် အမှန်တကယ်နေရာမရှိပေ။
ဝေါ့.....
သူတို့ စိတ်သက်သာရာရစွာ စကားပြောနေချိန်မှာ အနောက်ကနေ အသံတစ်သံထွက်လာသည်။ ဇူရွှမ်းသည် ဒူးပေါ်လက်ထောက်ပြီး အနံ့ဆိုးထွက်နေသော အမည်းရောင်အရည်ကို အန်ထုတ်နေသည်။
လီလော့နှင့်အခြားသူများသည် ဇူရွှမ်းကို ခုခံရန် ပြင်ဆင်ရင်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။
ဇူရွှမ်းသည် ပြင်းပြင်းထန်ထန် အော့အန်ပြီးသည်နှင့် ခဏအကြာတွင် ဖြူစင်သော မျက်နှာထားနှင့် လီလော့တို့ကိုမော့ကြည့်လိုက်သည်။
"ဇူရွှမ်း မင်း ပြန်ကောင်းလာပြီလား"
လီလော့ကလက်ထဲတွင် ဓားကိုဆုပ်ကိုင်ထားပြီးလှမ်းမေးလိုက်သည်။
"မင်းပြန်ကောင်းမလာသေးရင် ငါတို့မင်းရဲ့ဝိဉာဉ်မှန်ကို ချိုးပေးမယ်...ဒီနည်းလမ်းက မင်းအတွက်ရောငါတို့အတွက်ပါအဆင်ပြေတယ်ဆိုတာမင်းသိမှာပါ...."
လုမင်နှင့်စွန်းတရှန်တို့ လီလော့ ကို ခဏတာ စိုက်ကြည့်နေသည်။ လီလော့နှင့်ဇူရွှမ်းတို့ သူငယ်ချင်းကောင်းများမဟုတ်သည်မှာ ထင်ရှားသည်။
"ငါအဆင်ပြေပါတယ်ကွာ!"
ဇူရွှမ်း၏အသံက အားနည်းနေဆဲပင်.....
လီလော့ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
ဒါကိုမြင်တော့ ဇူရွှမ်း နဖူးကြောတွေထောင်လာသည်အထိ ဒေါသထွက်လာပြီး......
"လီလော့.....ဝက်လိုကောင်... မင်းငါ့ကို ဒုက္ခရောက်စေချင်နေတာလား....."
" ဇူရွှမ်း မင်းရဲ့ စွမ်းဆောင်ရည်က ဆိုးလိုက်တာ... မင်းစားလိုက်တဲ့ သကြားလုံးက မင်းကို ကူးစက်သွားစေတယ်ဆိုတာ မင်းသိလား....မင်း ငါတို့ကို ဘယ်လောက်ဒုက္ခပေးခဲ့လဲ မင်းသိလား....."
လီလော့သည် သကြားလုံး ခိုးသွားသော ကလေးနှင့် စကားပြောနေသော မိဘကဲ့သို့ သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့သည်။
"အေး... မင်းစားလိုက်တဲ့ သကြားလုံးက တစ်ကယ်တော့ ခြောက်ကပ်နေတဲ့မျက်လုံးကြီး..... ပုပ်ပွနေတဲ့ အရည်တွေပေကျံနေတဲ့
လူသေကောင်မျက်လုံးရဲ့အရသာက ဘယ်လိုနေလဲ......"
ဇူရွှမ်း၏ မျက်နှာသည် တမဟုတ်ချင်း အဖြူရောင်သို့ ပြောင်းသွားပြီး နောက်ကြိမ် အန်ချလိုက်ပြန်သည်။
လုမင် စကားမပြောနိုင်တော့ပေ။ လီလော့၏ထိုးနှက်ချက်က ပြင်းလွန်းလှသည်။
စွန်းတရှန်က ဇူရွှမ်းကို သနားစိတ်ဖြင့် ကြည့်သည်။ ဒီအဖြစ်အပျက်က ယောက်ျားလေးရဲ့ စိတ်ပိုင်းဆိုင်ရာမှာ နက်နဲတဲ့ အမာရွတ်တွေ ချန်ထားခဲ့နိုင်သည်မဟုတ်လော....
လီလော့ အရှက်မဲ့စွာ ပြုံးပြလိုက်သည်။ ဇူရွှမ်းသည် ကျောင်းတွင် သူ့အတွက် အခက်အခဲဖြစ်စေရန် အမြဲကြိုးစားခဲ့သည်။ သူ့ကို ပြန်ဆပ်ဖို့ အခွင့်အရေးပေးနေမှတော့လက်လွှတ်မခံနိုင်ပေ။
"လာ ၊ သွားကြရအောင်....ငါတို့ ပထမ နှင်းရည်စက်ကိုနေရာချဖို့ နီးနေပြီ....."
လုမင်နှင့် စွန်းတရှန်တို့က အနီးကပ်နောက်မှ လိုက်ကြပြီး ဇူရွှမ်းကတော့ သူတို့သုံးယောက်နောက်မှ အနည်းငယ် ယိမ်းထိုးကာ ယိုင်နဲ့နဲ့နှင့်လိုက်ပါလာခဲ့သည်။
လူလေးဦးသည် အတားအဆီးမဲ့ လမ်းမများပေါ်တွင် ဖြတ်လျှောက်လာကာ မိနစ်အနည်းငယ်အကြာတွင် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိခဲ့သည်။
လီလော့ အိမ်ခေါင်မိုးပေါ်သို့ ခပ်သွက်သွက် ခုန်တက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သည်။ မုန်တိုင်းများ ဝိုင်းရံနေသကဲ့သို့ ကြီးမားသော အတိုင်းအတာဖြင့် စွမ်းအင် အနှောင့်အယှက်များကို သူမြင်နိုင်သည်။
လီလော့ တုံ့ဆိုင်းမနေဘဲ သန့်စင်သော နှင်းရည်တစ်စက်ကို ချက်ချင်းထုတ်ယူကာ ထိုဒေသရှိ အစီအရင်ကို ပြန်လည်အသက်သွင်းလိုက်သည်။ သန့်စင်ရေးအတားအဆီးသည် ဧရိယာအနှံ့ ကျယ်ပြန့်လာသည်။
အစီအရင်ပျံ့နှံ့လာသည်နှင့်အမျှ အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို သတိပြုမိသည်။
လမ်းမပေါ်ရှိ လူအုပ်ကြီး မှုန်းဝါး ပျောက်ကွယ်သွားသည်။
ရှေးရိုးဆန်သော အဆောက်အဦများနှင့် ကောင်းမွန်စွာခင်းထားသော လမ်းများ ပျောက်ကွယ်သွားကာ အပျက်အစီးများနှင့် စုတ်ပြတ်သတ်နေသော ကျောက်တုံးများသာကျန်ရစ်ခဲ့သည်။
ဤသည်မှာ ကျောက်သားမြို့တော်၏ အဖြစ်မှန်ဖြစ်သည်။