ပထမဆုံးနှင်းရည်စက်....
Vol. 41 Ch. 570
သန့်စင်ရေးအတားအဆီးသည် လမ်းနှစ်လမ်းခန့်အကွာလောက်ထိသာ ပျံ့နှံ့သွားခဲ့သည်။ အနီအနားမှ သန့်စင်ရေးအစီအရင်များကို ပြန်လည်အသက်သွင်းသောအခါတွင် ၎င်းသည် အနည်းငယ်ပို၍ ချဲ့ထွင်နိုင်သော်လည်း၊ ယခုအချိန်တွင် လမ်းနှစ်လမ်းစာအကွာအဝေးမှာ ၎င်း၏ကန့်သတ်ချက်ဖြစ်သည်။ ကျောက်သားမြို့တော် တစ်ခုလုံးကို ပြန်လည်ရယူရန်အတွက် ၎င်းတို့၏မစ်ရှင်၏ ပထမဆုံးခြေလှမ်းဖြစ်သည်။
လီလော့ သန့်စင်ရေးအတားအဆီး၏အစွန်းကို အနီးကပ်ကြည့်လိုက်သည်။ အနက်ရောင် မြူခိုးများက ၎င်း၏ နယ်နိမိတ်များကို ဆန့်ကျင်လျက် ရှိသည်။ အနက်ရောင်မြူခိုးများက အလင်းအတားအဆီးကို ပိုမိုချဲ့ထွင်ရန် ကန့်သတ်ထားရုံသာမက စားသုံးရန်လည်း တားမြစ်ထားသည်။
"အချိန်ကြာလာတာနဲ့အမျှ သန့်စင်ရေးအစီအရင်က ပိုကျုံ့သွားပုံရတယ်... ဒီနှုန်းနဲ့ဆိုရင် သိပ်မကြာခင်မှာ ပုံရိပ်ယောင်အစီအရင်က သန့်စင်ရေးအစီအရင်ကို ဖယ်ထုတ်သွားနိုင်တယ်..." ဟု လုမင်က စိုးရိမ်စွာဖြင့် ပြောသည်။
လီလော့ ခေါင်းညိတ်လိုက်သည်။
"တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ပုံရိပ်ယောင်အစီအရင်ပဲ.... ငါတို့ အဲဒီအထဲမှာ သန့်စင်ထားတဲ့ ဧရိယာတစ်ခုကို တည်ဆောက်ခဲ့ပြီးပြီ.....အခု ပြင်ပကအရာတွေကို ဖယ်ရှားဖို့ ကြိုးစားနေတယ်...
အခုအချိန်အထိတော့ ငါတို့မှာ သန့်စင်ရေးအတားအဆီးတစ်ခုပဲ ရှိပါသေးတယ်.... ဒီလောက်လေးနဲ့ ထိထိရောက်ရောက် လုပ်နိုင်မှာ မဟုတ်ဘူး......”
"ကောင်းပြီ.... ငါတို့က ပထမဆုံး နှင်းရည်စက်ကိုနေရာချနိုင်ခဲ့ပြီ"
"အခု ဘာဆက်လုပ်မှာလဲ?"
ဇူရွှမ်းက ခပ်ဖျော့ဖျော့ပင် မေးလိုက်သည်။
လီလော့က အနီးနားရှိ ပြင်းထန်သော တိုက်ပွဲကို ကြည့်လိုက်သည်။
"ငါတို့ခဏစောင့်ရမယ်..အသင်းခေါင်းဆောင်တွေရောက်လာမှ ငါတို့ ဆက်ပြီးလှုပ်ရှားနိုင်မှာ....."
လုမင်သည် ကျောက်သားမြို့တော်ထဲသို့ နက်နဲစွာ လှည့်ကြည့်လိုက်သည်။ မသန့်ရှင်းသောနေရာများတွင် လူအများအပြား လမ်းတလျှောက် အပြန်ပြန်အလှန်လှန် သွားလာကြပြီး ပုံမှန်အခြေအနေသည် အလွန်အသက်ဝင်နေသဖြင့် သံသယဖြစ်ရန် ခက်ခဲသည်။ သို့သော်လည်း အတားအဆီးအတွင်းရှိအုတ်ကျိုးများနှင့် စုတ်ပြတ်နေသော အင်္ဂတေများကို ပြန်ကြည့်သောအခါတွင် ဆန့်ကျင်ဘက်များက ပို၍ကြောက်စရာကောင်းသည်။
သူတို့လေးယောက်သည် သဘာဝကပ်ဘေးအဆင့်ပင်မဟုတ်သည့် အနီရောင်တိုက်စားသူနှင့် ကြုံတွေ့ရသော်လည်း ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့ကြသည်။
ပေါ်လာသမျှကို ကိုင်တွယ်ဖြေရှင်းရန် အမှန်တကယ် အဆင်သင့်ဖြစ်နေကြရဲ့လား.....
ဤမြို့သည် ဆရာသခင်အဆင့်များအတွက် အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်မှာ သေချာပါသည်။
ထို့ကြောင့် ၎င်းတို့ကို ကာကွယ်ရန် သန်မာသော အထောက် အကူများ လိုအပ်နေပါသည်။
သူတို့လေးယောက် ကျိုးပဲ့နေသောတံတိုင်းပေါ်ကနေ သန့်စင်ရေးအစီအရင်အပြင်ဘက်ကိုကြည့်နေခဲ့ကြသည်။
ထိုစဉ် လီလော့သည် အန္တရာယ်ရှိသော တည်ရှိနေခြင်းကို သတိပြုမိပြီး သေချာကြာ့်လိုက်တော့ သဘာဝကပ်ဘေးအဆင့်ကမ္ဘာခြားသက်ရှိနှစ်ကောင်ချဉ်းကပ်လာနေသည်ကိုမြင်လိုက်ရသည်။
၎င်းတို့သည် သန့်စင်ရေးအတားအဆီးကိုမဆိုင်းမတွဘဲ ဖြတ်ကျော်လိုက်သဖြင့် တန်ရာတန်ကြေးပေးဆပ်လိုက်ရရှာသည်။ ထိုဒေသသို့ ဝင်ရောက်လာသောအခါတွင် ၎င်းတို့၏ အမှောင်စွမ်းအင်များ ဝါးမျိုးခံရပြီး၎င်းတို့ကို ကြီးစွာသော ဝေဒနာကို ဖြစ်စေခဲ့သည်။
ရင်တထိတ်ထိတ်နဲ့ အော်ဟစ်နေပေမယ့် သူတို့ ဖြတ်လျှောက်နေကြဆဲပင်.... သန့်စင်ရေးအတားအဆီးအတွင်း ခြေလှမ်းတိုင်းက သူတို့ကို ပြင်းပြင်းထန်ထန် နာကျင်စေသော်လည်း သူတို့သည် ကျောင်းသားများ၏ တည်နေရာဆီသို့ စိတ်ပိုင်းဖြတ်မှုဖြင့် ဆက်လက်ရွေ့လျားခဲ့သည်။
"သူတို့က သန့်စင်တဲ့ နှင်းရည်စက်ကို ဖျက်ဆီးဖို့ လာနေတာ.!"
လုမင် အော်ဟစ်လိုက်သည်။
စွန်းတရှန် မျက်မှောင်ကြုတ်လိုက်သည်။
"သန့်စင်ရေးအတားအဆီးက ကမ္ဘာခြားသက်ရှိတွေဝင်မလာနိူင်အောင် တားထားနိူင်တယ်...... ပုံမှန်တိုင်းဆို ဒီကောင်တွေ ရူးရူးမိုက်မိုက် တိုးဝင်လာမှာမဟုတ်ဘူး...."
လီလော့ ခေါင်းညိတ်လိုက်သည်။
“မငြင်းနိုင်တဲ့ အင်အားတစ်ခုက တွန်းအားပေးနေလို့ပဲ......”
အားလုံးစိတ်ဓာတ်ကျကုန်ကြသည်။ ကျောက်သားမြို့တော်တွင်၊ အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်ဟူ၍ သံသယရှိသူ တစ်ဦးတည်းသာ ရှိနိုင်သည်။
ဆိုလိုချင်တာက သူတို့ရဲ့ ပထမဆုံးအောင်မြင်မှုကို သတိထားမိသွားကြပြီ.....
"ငါတို့ဘာလုပ်ရမလဲ... ပြန်ဆုတ်ကြမလား... သဘာဝကပ်ဘေးအဆင့် နှစ်ကောင်ကို ငါတို့ မကိုင်တွယ်နိုင်ဘူး..."
ဇူရွှမ်း၏အကြံပြုချက်ကိုမည်သူမျှအပြစ်မပြောခဲ့ကြပေ။
"သန့်စင်ရေး နှင်းရည်စက်ကိုနေရာချဖို့အများကြီး ဖြတ်သန်းခဲ့ရတယ်.... ဒီလိုမျိုးလွယ်လွယ် ထွက်ပြေးလို့ဖြစ်မလား...မင်းက အမှိုက်ပဲ"
စွန်းတရှန် မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့က သဘာဝကပ်ဘေးအဆင့် တွေဖြစ်နိုင်တယ်၊ ဒါပေမယ့် နှစ်ကောင်စလုံးက အတားအဆီးကြောင့် အားနည်းနေတယ်.. အတူတူကြိုးစားကြမယ်ဆို ငါတို့ရဲ့အသင်းဖော်တွေရောက်လာတဲ့အထိ အချိန်ဆွဲထားနိုင်မှာပါ" ဟု လုမင် က ကမ်းလှမ်းခဲ့သည်။
သူတို့၏ ပြိုင်ဘက်များ အလွန်အန္တရာယ်များကြောင်း သူမသိသော်လည်း မတိုက်ခိုက်ရသေးဘဲ သန့်စင်သောနှင်းရည်စက်ကို စွန့်လွှတ်လိုစိတ်မရှိခဲ့ပေ။
လီလော့ ခဏတာမျှ တိတ်တဆိတ် စဉ်းစားခဲ့သည်။
"သေချာပြင်ဆင်ထားကြပါ.... ငါတို့က အချိန်ဆွဲဖို့ပဲတိုက်ခိုက်ကြမှာ...ထိပ်တိုက်ရင်ဆိုင်မှာဟုတ်ဘူး....နှင်းရည်စက်ကိုအပျက်စီးမခံနဲ့......."
လုမင်နှင့် စွန်းတရှန်က ခေါင်းညိတ်လိုက်ပြီး လီလော့၏ ထက်မြက်သော အစီအစဥ်ကို သဘောကျစွာ လက်ခံလိုက်သည်။
ဇူရွှမ်းကတော့ မကျေမနပ်ဖြစ်နေသည်။ သူသည် ဤနေရာတွင် ကြယ်နှစ်ပွင့်ကျောင်းသားဖြစ်သော်လည်း မည်သူမျှ သူ့စကားကို နားမထောင်ခဲ့ကြပေ။
ဒီ ပထမနှစ်လေးတွေဟာ စီနီယာကို ဘယ်လိုလေးစားရမလဲဆိုတာ တကယ်မသိကြဘူးပဲ....
သို့သော်လည်း ရွေးချယ်စရာမရှိခဲ့ပေ။
သူတို့လေးယောက်ဟာ ပဲ့တင်ထပ်သံစွမ်းအားတွေကို မြှင့်တင်ပြီး ကမ္ဘာခြားသက်ရှိနှစ်ကောင်ကိုရင်ဆိုင်ဖို့ အသင့်ပြင်ထားကြသည်။
လီလော့သည် ကျန်းစဲ့ယွီရှန်းဓားကို အားပြုကာ ပဲ့တင်ထပ်သံနှစ်ခုမှ စွမ်းအားများကို ပေါင်းစပ်ထားသည်။
ကမ္ဘာခြားသက်ရှိနှစ်ကောင် ဆက်လက် ချဉ်းကပ်လာသဖြင့် ၎င်းတို့၏ပုံသဏ္ဍာန်ကို
ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီဖြစ်သည်။
ပုံပျက်ပန်းပျက် ဆိုးဝါးလှသော ကမ္ဘာခြားသက်ရှိနှစ်ကောင်ကလည်း လီလော့တို့ကိုစိုက်ကြည့်နေသည်။
ကမ္ဘာခြားသက်ရှိနှစ်ကောင်က ဖိအားများသည့် တုန်လှုပ်ဖွယ်အော်သံများထုတ်လွှတ်ပြီး အရှိန်မြှင့်ကာ ရှေ့တိုးလာကြသည်။
ပုပ်စော်နံတဲ့ အနံ့အသက်က လေထဲမှာ လှိုင်လှိုင်ထနေတာကြောင့် နီးကပ်လာပြီမှန်းသိနိုင်သည်။
သူတို့လေးယောက်ကို ကမ္ဘာခြားသက်ရှိနှစ်ကောင်ခုန်အုပ်ခါနီးတွင် ကောင်းကင်ပေါ်မှ တောက်ပနေသောအလင်းတန်းများကရောက်လာပြီး ထိုနှစ်ကောင်ကိုမြေပေါ်တွင်စံမှိုရိုက်ခံထားရသလို ပြားဝပ်စေခဲ့သည်။
အူးးးးအူးးးးးး
လက်သည်းများအလင်းမီးတောက်များ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး အန္တရာယ်မရှိသော အနက်ရောင် အမှုန်အမွှားများအဖြစ်သို့ လောင်ကျွမ်းသွားလေတော့သည်။
ကယ်တင်ရှင် ရောက်လာပြီးစက္ကန့်ပိုင်းအတွင်း သဘာဝကပ်ဘေးအဆင့်နှစ်ကောင် ကိစ္စချောသွားလေပြီ......
ကျောင်းသားလေးယောက်က ထိုမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့်ကြည့်နေကြသည်။
ခဏအကြာတွင် ပိန်ပိန်ပါးပါး ပုံရိပ်လေးတခု သူတို့အနားသို့ ပေါ့ပါးစွာ ဆင်းသက်လာကာ နူးညံ့စွာ လွင့်မျောနေသော ရှည်လျားသော ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်ကို တွေ့လိုက်ရသည်။ လုမင်သည်ပင် မိန်းမချင်းငေးကြည့်နေခဲ့မိသည်။
"ချင်းအာ!"
လီလော့က ဝမ်းသာအားရ အော်လိုက်သည်။
ဟုတ်ပါတယ်၊ သူ့အုပ်ထိန်းသူ ကျန်းချင်းအာကလွဲရင် ဘယ်သူဖြစ်နိူင်မလဲ......
ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများက သူ့ကို အပေါ်အောက် ငုံ့ကြည့်ပြီး အန္တာရယ်ကင်းကြောင်း အတည်ပြုနိုင်မှသာ ပြုံးနိုင်ရှာတော့သည်။
"ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ....."
သန့်စင်ခြင်းအတားအဆီးကို အသက်သွင်းနိူင်သည်ဆိုကတည်းက လီလော့တို့အောင်မြင်ခဲ့ကြောင်းထင်ရှားနေသည်။
"သူငယ်ချင်းတွေကြောင့်ပါ.... အထူးသဖြင့် စီနီယာ ဇူရွှမ်းရဲ့ ကျေးဇူးတွေကြောင့်သာအောင်မြင်ခဲ့တာပါ..."
လီလော့ ခပ်ရွဲ့ရွဲ့ ပြုံးပြနေသဖြင့် ဇူရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။
"စီနီယာကျန်း.. တခြားအဖွဲ့ခေါင်းဆောင်တွေ ဘယ်လိုနေလဲ" လုမင်က မေးသည်။
"ပြဿနာမရှိပါဘူး.... သူတို့ဒီကို မကြာခင်ရောက်လာမှာပါ..."
"ငါတို့ ဒီနှုန်းနဲ့ ရှေ့ဆက်နိုင်ရင် နည်းနည်းတော့ နှေးသွားလိမ့်မယ်.... ဒါပေမယ့် သန့်စင်ရေးအတားအဆီးတွေကို ဆက်ပြီးအသက်သွင်းနိုင်မယ်ထင်တယ်"
သန့်စင်ရေးအတားအဆီးတွေကို ပိုမိုအသက်သွင်းခြင်းသည် ကြီးကျယ်သော ပုံရိပ်ယောင်အစီအရင်ကို ဖယ်ရှားရန် ၎င်းတို့၏ ဗျူဟာဖြစ်သည်။
ကျန်းချင်းအာက....
"ကောင်းကင်ဘုံကပ်ဘေးအဆင့်တွေက ငါတို့ကိုတိုက်ခိုက်ဖို့ ဒီအခွင့်အရေးကို ဘာကြောင့် အသုံးမပြုခဲ့တာလဲဆိုတာ ငါသိချင်တယ်......"
လီလော့ ခေါင်းညိတ်လိုက်သည်။ဤအချက်က တွေးရခက်သောအချက်ဖြစ်ခဲ့သည်။ ကောင်းကင်ဘုံကပ်ဘေးအဆင့်သာ မကြာသေးမီက ပေါ်လာခဲ့ပါက၊ ဆိုးရွားစွာ ဒုက္ခရောက်နေပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ပထမဆုံး မစ်ရှင်ကို ပြီးမြောက်အောင်မြင်ခဲ့သည်။
သူတို့ငါးယောက်က ဆက်လျှောက်ခဲ့ကြပြီး ကျန်းချင်းအာက သူတို့ကို အကာအကွယ်ပေးတာကြောင့် သူတို့အားလုံး ပိုလုံခြုံတယ်လို့ ခံစားခဲ့ရပြီး အရှိန်မြန်မြန်ခရီးဆက်ခဲ့ကြသည်။
နာရီဝက်ကြာသောအခါ......
အခြားအဖွဲ့၀င်များသည်လည်း ၎င်းတို့၏ အခြားပြိုင်ဘက်များကို အပြီးသတ်ကာ စုဝေးရာနေရာကို အမြန်ရောက်ကြသည်။
ထို့ကြောင့် သူတို့၏ ပထမခြေလှမ်းသည် ကောင်းမွန်စွာဖြင့် အမှန်တကယ် ပြီးမြောက်ခဲ့သည်
...
ကျောင်းသားအုပ်စု အလုပ်များနေချိန်မှာတော့ သူတို့ကို ကြက်သွေးရောင်ဗိုလ်ချုပ်က အမြင့်တစ်နေရာကနေ စောင့်ကြည့်နေသည်။ သူသည် ပုံရိပ်ယောင်အလွှာများကိုဖြတ်ကျော်ကာ ကျောက်သားမြို့တော်အလယခဗဟိုကို လှည့်ကြည့်လိုက်သည်။
သူက လှောင်ရယ်လိုက်ပြီး.....
"ပညာရေးအဖွဲ့ချုပ်ရဲ့ ချစ်လှစွာသော ကျောင်းသားလေးတွေ..... မင်းတို့ကို ဒီလိုမျိုး အခွင့်အရေးကောင်းတွေ ပေးခဲ့တဲ့အတွက် ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်....."